< תְהִלִּים 47 >
לַמְנַצֵּ֬חַ ׀ לִבְנֵי־קֹ֬רַח מִזְמֹֽור׃ כָּֽל־הָ֭עַמִּים תִּקְעוּ־כָ֑ף הָרִ֥יעוּ לֵ֝אלֹהִ֗ים בְּקֹ֣ול רִנָּֽה׃ | 1 |
၁လူမျိုးအပေါင်းတို့၊ရွှင်လန်းစွာလက်ခုပ်တီး ကြလော့။ အသံကျယ်စွာသီချင်းဆို၍ထာဝရဘုရား အား ထောမနာပြုကြလော့။
כִּֽי־יְהוָ֣ה עֶלְיֹ֣ון נֹורָ֑א מֶ֥לֶךְ גָּ֝דֹול עַל־כָּל־הָאָֽרֶץ׃ | 2 |
၂အမြင့်မြတ်ဆုံးဖြစ်တော်မူသောထာဝရဘုရား သည် ကြောက်မက်ဖွယ်ကောင်းပေ၏။ ကိုယ်တော်သည်ကမ္ဘာတစ်ဝန်းလုံးကို အစိုးရတော်မူသောဘုရင်မင်းမြတ်ဖြစ်တော် မူ၏။
יַדְבֵּ֣ר עַמִּ֣ים תַּחְתֵּ֑ינוּ וּ֝לְאֻמִּ֗ים תַּ֣חַת רַגְלֵֽינוּ׃ | 3 |
၃ကိုယ်တော်သည်ငါတို့အားလူမျိုးတကာတို့ကို အနိုင်ရစေ၍ တိုင်းနိုင်ငံတို့ကိုအုပ်စိုးစေတော်မူ၏။
יִבְחַר־לָ֥נוּ אֶת־נַחֲלָתֵ֑נוּ אֶ֥ת גְּאֹ֨ון יַעֲקֹ֖ב אֲשֶׁר־אָהֵ֣ב סֶֽלָה׃ | 4 |
၄ကိုယ်တော်သည်ငါတို့နေထိုင်ရာပြည်ကို ရွေးချယ်ပေးတော်မူ၏။ ထိုပြည်ကားကိုယ်တော်ချစ်မြတ်နိုးတော်မူ သော လူစုတော်ပိုင်ဆိုင်၍ဂုဏ်ယူဝါကြွားစရာဖြစ် ပေသည်။
עָלָ֣ה אֱ֭לֹהִים בִּתְרוּעָ֑ה יְ֝הֹוָ֗ה בְּקֹ֣ול שֹׁופָֽר׃ | 5 |
၅ဘုရားသခင်သည်မိမိ၏ရာဇပလ္လင်တော်သို့ တက်ကြွတော်မူ၏။ ထာဝရဘုရားတက်ကြွတော်မူသောအခါ ရွှင်လန်းဝမ်းမြောက်စွာကြွေးကြော်သည့်အသံ များနှင့် တံပိုးခရာမှုတ်သံများကိုကြားရကြ၏။
זַמְּר֣וּ אֱלֹהִ֣ים זַמֵּ֑רוּ זַמְּר֖וּ לְמַלְכֵּ֣נוּ זַמֵּֽרוּ׃ | 6 |
၆ဘုရားသခင်အားထောမနာပြုကြလော့။ ငါတို့ဘုရင်အားချီးမွမ်းသီချင်းဆိုကြလော့။
כִּ֤י מֶ֖לֶךְ כָּל־הָאָ֥רֶץ אֱלֹהִ֗ים זַמְּר֥וּ מַשְׂכִּֽיל׃ | 7 |
၇ဘုရားသခင်သည်ကမ္ဘာတစ်ဝန်းလုံး၏ဘုရင် ဖြစ်တော်မူ၏။ သီချင်းများဖြင့်ကိုယ်တော်အားထောမနာပြု ကြလော့။
מָלַ֣ךְ אֱ֭לֹהִים עַל־גֹּויִ֑ם אֱ֝לֹהִ֗ים יָשַׁ֤ב ׀ עַל־כִּסֵּ֬א קָדְשֹֽׁו׃ | 8 |
၈ဘုရားသခင်သည်သန့်ရှင်းမြင့်မြတ်သော ရာဇပလ္လင်တော်ပေါ်တွင်ထိုင်တော်မူ၏။ တိုင်းနိုင်ငံအပေါင်းကိုအုပ်စိုးတော်မူ၏။
נְדִ֘יבֵ֤י עַמִּ֨ים ׀ נֶאֱסָ֗פוּ עַם֮ אֱלֹהֵ֪י אַבְרָ֫הָ֥ם כִּ֣י לֵֽ֭אלֹהִים מָֽגִנֵּי־אֶ֗רֶץ מְאֹ֣ד נַעֲלָֽה׃ | 9 |
၉တိုင်းနိုင်ငံတို့ကိုအုပ်စိုးသည့်မင်းတို့သည် လာ၍ အာဗြဟံကိုးကွယ်သောထာဝရဘုရား၏ လူစုတော်နှင့်အတူစုဝေးကြကုန်၏။ ကိုယ်တော်သည်လောကစစ်တပ်ရှိသမျှတို့ ထက် တန်ခိုးကြီးတော်မူ၏။ ကိုယ်တော်သည်တန်ခိုးအကြီးဆုံးဘုရင် ဖြစ်တော်မူပါ၏။