< תְהִלִּים 22 >
לַ֭מְנַצֵּחַ עַל־אַיֶּ֥לֶת הַשַּׁ֗חַר מִזְמֹ֥ור לְדָוִֽד׃ אֵלִ֣י אֵ֭לִי לָמָ֣ה עֲזַבְתָּ֑נִי רָחֹ֥וק מִֽ֝ישׁוּעָתִ֗י דִּבְרֵ֥י שַׁאֲגָתִֽי׃ | 1 |
၁အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ် ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း။ အကျွန်ုပ်ကို မကယ်တင်ဘဲ အကျွန်ုပ်အော်ဟစ်သော စကားကို နား မထောင်ဘဲ အဘယ်ကြောင့် အဝေးမှာနေတော်မူ သနည်း။
אֱֽלֹהַ֗י אֶקְרָ֣א יֹ֖ומָם וְלֹ֣א תַעֲנֶ֑ה וְ֝לַ֗יְלָה וְֽלֹא־דֽוּמִיָּ֥ה לִֽי׃ | 2 |
၂အကျွန်ုပ်ဘုရား၊ နေ့အခါအကျွန်ုပ်အော်ဟစ် သော်လည်း၊ ကိုယ်တော်သည် နားမထောင်ပါ။ ညဉ့်အခါ အော်ဟစ်သော်လည်း သက်သာခြင်းသို့ မရောက်ပါ။
וְאַתָּ֥ה קָדֹ֑ושׁ יֹ֝ושֵׁ֗ב תְּהִלֹּ֥ות יִשְׂרָאֵֽל׃ | 3 |
၃ကိုယ်တော်မူကား၊ ဣသရေလအမျိုးသားတို့ ချီးမွမ်းရာ၌ ကျိန်းဝပ်လျက် သန့်ရှင်းခြင်းရှိတော်မူ၏။
בְּ֭ךָ בָּטְח֣וּ אֲבֹתֵ֑ינוּ בָּ֝טְח֗וּ וַֽתְּפַלְּטֵֽמֹו׃ | 4 |
၄အကျွန်ုပ်တို့ဘိုးဘေးတို့သည် ကိုယ်တော်ကို ကိုးစား ကြပါ၏။ ကိုးစားကြသည်တွင်၊ ကိုယ်တော်သည် ကယ် တင်တော်မူ၏။
אֵלֶ֣יךָ זָעֲק֣וּ וְנִמְלָ֑טוּ בְּךָ֖ בָטְח֣וּ וְלֹא־בֹֽושׁוּ׃ | 5 |
၅သူတို့သည် ကိုယ်တော်ကို အော်ဟစ်၍ ကယ် တင်ခြင်းသို့ ရောက်ပါ၏။ ကိုယ်တော်ကို ကိုးစား၍ ရှက် ကြောက်ခြင်းနှင့် ကင်းလွတ်ကြပါ၏။
וְאָנֹכִ֣י תֹולַ֣עַת וְלֹא־אִ֑ישׁ חֶרְפַּ֥ת אָ֝דָ֗ם וּבְז֥וּי עָֽם׃ | 6 |
၆အကျွန်ုပ်မူကား၊ လူမဟုတ်၊ ပိုးကောင်မျှသာ ဖြစ်ပါ၏။ လူများ ကဲ့ရဲ့စရာ၊ လူစုအရှက်ခွဲစရာဘို့ ဖြစ်ပါ၏။
כָּל־רֹ֭אַי יַלְעִ֣גוּ לִ֑י יַפְטִ֥ירוּ בְ֝שָׂפָ֗ה יָנִ֥יעוּ רֹֽאשׁ׃ | 7 |
၇အကျွန်ုပ်ကိုမြင်သမျှသောသူတို့သည် ပြက်ယယ် ပြုခြင်း၊ နှုတ်ခမ်းဖြဲခြင်း၊ ခေါင်းညိတ်ခြင်းကို ပြုကြပါ၏။
גֹּ֣ל אֶל־יְהוָ֣ה יְפַלְּטֵ֑הוּ יַ֝צִּילֵ֗הוּ כִּ֘י חָ֥פֵֽץ בֹּֽו׃ | 8 |
၈သူသည် ထာဝရဘုရားကို ကိုးစားပြီ၊ သူ့ကို နှုတ်တော်မူပါလေစေ။ သူ၌အလိုရှိလျှင် ယခုပင် ကယ်တင်တော်မူပါလေစေဟု ဆိုကြပါ၏။
כִּֽי־אַתָּ֣ה גֹחִ֣י מִבָּ֑טֶן מַ֝בְטִיחִ֗י עַל־שְׁדֵ֥י אִמִּֽי׃ | 9 |
၉သို့သော်လည်းကိုယ်တော်သည် အကျွန်ုပ်ကို အမိဝမ်းထဲက ဆွဲယူ၍၊ နို့စို့သည်ကာလ၌ စိုးရိမ်ခြင်း အကြောင်းကို ပယ်ရှင်းတော်မူ၏။
עָ֭לֶיךָ הָשְׁלַ֣כְתִּי מֵרָ֑חֶם מִבֶּ֥טֶן אִ֝מִּ֗י אֵ֣לִי אָֽתָּה׃ | 10 |
၁၀အကျွန်ုပ်သည် ဘွားကတည်းကပင် လက်တော် သို့ရောက်ပါ၏။ အမိဝမ်းထဲမှစ၍ ကိုယ်တော်သည် အကျွန်ုပ်ဘုရားသခင်ဖြစ်တော်မူပါပြီ။
אַל־תִּרְחַ֣ק מִ֭מֶּנִּי כִּי־צָרָ֣ה קְרֹובָ֑ה כִּי־אֵ֥ין עֹוזֵֽר׃ | 11 |
၁၁အကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့်။ဘေးအန္တရာယ် ရောက်လုနီးပါပြီ။ မစသောသူမရှိပါ။
סְ֭בָבוּנִי פָּרִ֣ים רַבִּ֑ים אַבִּירֵ֖י בָשָׁ֣ן כִּתְּרֽוּנִי׃ | 12 |
၁၂နွားလားဥသဘတို့သည် အကျွန်ုပ်ကိုဝိုင်း၍၊ အားကြီးသော ဗာရှန်ဥသဘတို့သည် ဝန်းရံလျက် နေကြ ပါ၏။
פָּצ֣וּ עָלַ֣י פִּיהֶ֑ם אַ֝רְיֵ֗ה טֹרֵ֥ף וְשֹׁאֵֽג׃ | 13 |
၁၃ကိုက်ဖြတ်၍ ဟောက်တတ်သော ခြင်္သေ့ကဲ့သို့ အကျွန်ုပ်ကို ပစပ်ဟကြပါ၏။
כַּמַּ֥יִם נִשְׁפַּכְתִּי֮ וְהִתְפָּֽרְד֗וּ כָּֽל־עַצְמֹ֫ותָ֥י הָיָ֣ה לִ֭בִּי כַּדֹּונָ֑ג נָ֝מֵ֗ס בְּתֹ֣וךְ מֵעָֽי׃ | 14 |
၁၄အကျွန်ုပ်သည် ရေကဲ့သို့သွန်ခြင်းကို ခံရ၍၊ အရိုးအဆစ်ရှိသမျှတို့သည် ပြုတ်ကြပါ၏။ အကျွန်ုပ်နှလုံး သည် ဘယောင်းကဲ့သို့ဖြစ်၍၊ ရင်ထဲမှာ အရည်ကျိုလျက် ရှိပါ၏။
יָ֘בֵ֤שׁ כַּחֶ֨רֶשׂ ׀ כֹּחִ֗י וּ֖לְשֹׁונִי מֻדְבָּ֣ק מַלְקֹוחָ֑י וְֽלַעֲפַר־מָ֥וֶת תִּשְׁפְּתֵֽנִי׃ | 15 |
၁၅အကျွန်ုပ်ခွန်အားသည် အိုးခြမ်းကဲ့သို့ ခန်း ခြောက်၍၊ လျှာလည်း ပါးရိုး၌ ကပ်လျက်ရှိပါ၏။အကျွန်ုပ် ကို သေမြေတိုင်အောင် ချတော်မူပါပြီ။
כִּ֥י סְבָב֗וּנִי כְּלָ֫בִ֥ים עֲדַ֣ת מְ֭רֵעִים הִקִּיפ֑וּנִי כָּ֝אֲרִ֗י יָדַ֥י וְרַגְלָֽי׃ | 16 |
၁၆ခွေးတို့သည် အကျွန်ုပ်ကိုဝိုင်းလျက်၊ စုဝေးသော လူဆိုးတို့သည် ဝန်းရံလျက်နေ၍၊ အကျွန်ုပ်၏ ခြေလက် တို့ကို ထိုးဖောက်ကြပါပြီ။
אֲסַפֵּ֥ר כָּל־עַצְמֹותָ֑י הֵ֥מָּה יַ֝בִּ֗יטוּ יִרְאוּ־בִֽי׃ | 17 |
၁၇ကိုယ်အရိုးရှိသမျှတို့ကို အကျွန်ုပ်ရေတွက်နိုင် ပါ၏။ သူတို့သည် အကျွန်ုပ်ကိုကြည့်မြင်၍ အားရလျက် နေကြပါ၏။
יְחַלְּק֣וּ בְגָדַ֣י לָהֶ֑ם וְעַל־לְ֝בוּשִׁ֗י יַפִּ֥ילוּ גֹורָֽל׃ | 18 |
၁၈အကျွန်ုပ်အဝတ်ကို အချင်းချင်းဝေဖန်၍၊ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏။
וְאַתָּ֣ה יְ֭הוָה אַל־תִּרְחָ֑ק אֱ֝יָלוּתִ֗י לְעֶזְרָ֥תִי חֽוּשָׁה׃ | 19 |
၁၉အိုထာဝရဘုရား၊ အကျွန်ုပ်နှင့်ဝေးဝေးနေတော် မမူပါနှင့်။ အကျွန်ုပ်ခွန်အားဗလ၊ အကျွန်ုပ်ကို မစခြင်းငှါ အလျင်အမြန် ကြွလာတော်မူပါ။
הַצִּ֣ילָה מֵחֶ֣רֶב נַפְשִׁ֑י מִיַּד־כֶּ֝֗לֶב יְחִידָתִֽי׃ | 20 |
၂၀အကျွန်ုပ်အသက်ကို ထားဘေးမှ၎င်း၊ အကျွန်ုပ် အချစ်ဆုံးကို ခွေးလက်မှ၎င်း ကယ်လွတ်တော်မူပါ။
הֹ֭ושִׁיעֵנִי מִפִּ֣י אַרְיֵ֑ה וּמִקַּרְנֵ֖י רֵמִ֣ים עֲנִיתָֽנִי׃ | 21 |
၂၁ခြင်္သေ့ခံတွင်းမှ အကျွန်ုပ်ကိုကယ်တင်၍၊ ကြံ့ ဦးချိုထဲမှာ အကျွန်ုပ်ခေါ်သောအသံကို နားထောင်တော် မူပါ။
אֲסַפְּרָ֣ה שִׁמְךָ֣ לְאֶחָ֑י בְּתֹ֖וךְ קָהָ֣ל אֲהַלְלֶֽךָּ׃ | 22 |
၂၂အကျွန်ုပ်သည် သိတင်းတော်ကို ညီအစ်ကိုတို့ အား ကြားပြောပါမည်။ ပရိသတ်အလယ်မှာ ကိုယ်တော် ကို ချီးမွမ်းပါမည်။
יִרְאֵ֤י יְהוָ֨ה ׀ הַֽלְל֗וּהוּ כָּל־זֶ֣רַע יַעֲקֹ֣ב כַּבְּד֑וּהוּ וְג֥וּרוּ מִ֝מֶּ֗נּוּ כָּל־זֶ֥רַע יִשְׂרָאֵֽל׃ | 23 |
၂၃ထာဝရဘုရားကို ကြောက်ရွံ့သော အချင်းတို့၊ ချီးမွမ်းခြင်းကို ပြုကြလော့။ ယာကုပ်အမျိုးအပေါင်းတို့၊ ဂုဏ်ကျေးဇူးတော်ကို ဘော်ပြကြပါလော့။ ဣသရေလ အမျိုးအပေါင်းတို့၊ ကိုယ်တော်ကို ကြောက်ရွံ့ကြလော့။
כִּ֤י לֹֽא־בָזָ֨ה וְלֹ֪א שִׁקַּ֡ץ עֱנ֬וּת עָנִ֗י וְלֹא־הִסְתִּ֣יר פָּנָ֣יו מִמֶּ֑נּוּ וּֽבְשַׁוְּעֹ֖ו אֵלָ֣יו שָׁמֵֽעַ׃ | 24 |
၂၄အကြောင်းမူကား၊ နှိမ့်ချလျက်ရှိသောသူ၏ နှိမ့်ချသောအဖြစ်ကို မထီမဲ့မြင်ပြုတော်မူသည်မဟုတ်။ မျက်နှာတော်ကိုမလွှဲ၊ အော်ဟစ်သောအခါ နားထောင် တော်မူပြီ။
מֵ֥אִתְּךָ֗ תְֽהִלָּ֫תִ֥י בְּקָהָ֥ל רָ֑ב נְדָרַ֥י אֲ֝שַׁלֵּ֗ם נֶ֣גֶד יְרֵאָֽיו׃ | 25 |
၂၅အကျွန်ုပ်သည် မဟာပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်း၍၊ ကိုယ်တော်ကို ကြောက်ရွံ့သော သူတို့ရှေ့မှာ၊ သစ္စာဂတိထားသည်အတိုင်း သစ္စာဝတ်ကို ဖြေပါမည်။
יֹאכְל֬וּ עֲנָוִ֨ים ׀ וְיִשְׂבָּ֗עוּ יְהַֽלְל֣וּ יְ֭הוָה דֹּ֣רְשָׁ֑יו יְחִ֖י לְבַבְכֶ֣ם לָעַֽד׃ | 26 |
၂၆နှိမ့်ချလျက်ရှိသော သူတို့သည် ဝစွာစားရကြ လိမ့်မည်။ ထာဝရဘုရားကိုရှာသောသူတို့သည် ချီးမွမ်း ကြလိမ့်မည်။ သင်တို့စိတ်နှလုံးသည် အစဉ်အမြဲအား ဖြည့်ရလိမ့်မည်။
יִזְכְּר֤וּ ׀ וְיָשֻׁ֣בוּ אֶל־יְ֭הוָה כָּל־אַפְסֵי־אָ֑רֶץ וְיִֽשְׁתַּחֲו֥וּ לְ֝פָנֶ֗יךָ כָּֽל־מִשְׁפְּחֹ֥ות גֹּויִֽם׃ | 27 |
၂၇မြေကြီးစွန်းရှိသမျှတို့သည် သတိရ၍၊ ထာဝရ ဘုရားထံတော်သို့ ပြောင်းလဲကြလိမ့်မည်။ လူအမျိုးအနွယ် ပေါင်းတို့သည် ရှေ့တော်၌ ကိုးကွယ်ကြလိမ့်မည်။
כִּ֣י לַ֭יהוָה הַמְּלוּכָ֑ה וּ֝מֹשֵׁ֗ל בַּגֹּויִֽם׃ | 28 |
၂၈အကြောင်းမူကား၊ ထာဝရဘုရားသည် စိုးစံ ပိုင်တော်မူ၏။ လူမျိုးတို့ကို မင်းပြုတော်မူ၏။
אָכְל֬וּ וַיִּֽשְׁתַּחֲוּ֨וּ ׀ כָּֽל־דִּשְׁנֵי־אֶ֗רֶץ לְפָנָ֣יו יִ֭כְרְעוּ כָּל־יֹורְדֵ֣י עָפָ֑ר וְ֝נַפְשֹׁ֗ו לֹ֣א חִיָּֽה׃ | 29 |
၂၉မြေကြီးပေါ်မှာ ကြွယ်ဝသောသူအပေါင်းတို့ သည် စား၍ကိုးကွယ်ကြလိမ့်မည်။ ကိုယ်အသက်ကိုမစောင့် နိုင်။ မြေမှုန့်သို့ဆင်းရသော သူအပေါင်းတို့သည်လည်း၊ ရှေ့တော်၌ ညွတ်ပြတ်ဝပ်တွားကြလိမ့်မည်။
זֶ֥רַע יַֽעַבְדֶ֑נּוּ יְסֻפַּ֖ר לַֽאדֹנָ֣י לַדֹּֽור׃ | 30 |
၃၀သူတို့အမျိုးအနွယ်သည်လည်း ဝတ်တော်ကို ပြုသဖြင့်၊ လူအစဉ်အဆက်တို့သည် ထာဝရဘုရား၏ သိတင်းတော်ကို ကြားရကြလိမ့်မည်။
יָ֭בֹאוּ וְיַגִּ֣ידוּ צִדְקָתֹ֑ו לְעַ֥ם נֹ֝ולָ֗ד כִּ֣י עָשָֽׂה׃ | 31 |
၃၁ဤသို့စီရင်တော်မူပြီးမှ သူတို့သည်ပေါ်လာ၍၊ တရားသောအမှုတော်ကိုဘွားသောလူမျိုးအား ဘော်ပြ ရကြလိမ့်မည်။