< תְהִלִּים 146 >

הַֽלְלוּ־יָ֡הּ הַלְלִ֥י נַ֝פְשִׁ֗י אֶת־יְהוָֽה׃ 1
ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​လော့။ အို ငါ့​ဝိ​ညာဉ်၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​လော့။
אֲהַלְלָ֣ה יְהוָ֣ה בְּחַיָּ֑י אֲזַמְּרָ֖ה לֵֽאלֹהַ֣י בְּעֹודִֽי׃ 2
ငါ​သည်​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​တော်​အား​ထော​မ​နာ​ပြု​မည်။ တစ်​သက်​ပတ်​လုံး​ငါ​၏​ဘု​ရား​အား​ထော​မ​နာ သီ​ချင်း​ဆို​မည်။
אַל־תִּבְטְח֥וּ בִנְדִיבִ֑ים בְּבֶן־אָדָ֓ם ׀ שֶׁ֤אֵֽין לֹ֥ו תְשׁוּעָֽה׃ 3
လူ​တို့​၏​ခေါင်း​ဆောင်​များ​ကို​မ​ကိုး​စား​ကြ​နှင့်။ အ​ဘယ်​လူ​သား​မျှ​သင်​တို့​ကို​မ​ကယ်​တင်​နိုင်။
תֵּצֵ֣א ר֭וּחֹו יָשֻׁ֣ב לְאַדְמָתֹ֑ו בַּיֹּ֥ום הַ֝ה֗וּא אָבְד֥וּ עֶשְׁתֹּנֹתָֽיו׃ 4
သူ​တို့​သည်​သေ​သော​အ​ခါ​မြေ​သို့​ပြန်​ကြ​ရ​၍ သူ​တို့​၏​အ​ကြံ​အ​စည်​ပျက်​ပြား​ရ​ကြ​၏။
אַשְׁרֵ֗י שֶׁ֤אֵ֣ל יַעֲקֹ֣ב בְּעֶזְרֹ֑ו שִׂ֝בְרֹ֗ו עַל־יְהוָ֥ה אֱלֹהָֽיו׃ 5
ယာ​ကုပ်​၏​ဘု​ရား​သ​ခင်​ကူ​မ​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ၊ မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို အား​ကိုး​သော​သူ​သည်​မင်္ဂလာ​ရှိ​၏။
עֹשֶׂ֤ה ׀ שָׁ֘מַ֤יִם וָאָ֗רֶץ אֶת־הַיָּ֥ם וְאֶת־כָּל־אֲשֶׁר־בָּ֑ם הַשֹּׁמֵ֖ר אֱמֶ֣ת לְעֹולָֽם׃ 6
ကိုယ်​တော်​သည်​ကောင်း​ကင်၊ကမ္ဘာ​မြေ​ကြီး ပင်​လယ်​နှင့်​တ​ကွ​ယင်း​တို့​တွင်​ရှိ​သ​မျှ​သော အ​ရာ​တို့​ကို​ဖန်​ဆင်း​တော်​မူ​၏။ ကိုယ်​တော်​သည်​သစ္စာ​တော်​ကို​အ​စဉ်​အ​မြဲ စောင့်​တော်​မူ​၏။
עֹשֶׂ֤ה מִשְׁפָּ֨ט ׀ לָעֲשׁוּקִ֗ים נֹתֵ֣ן לֶ֭חֶם לָרְעֵבִ֑ים יְ֝הוָ֗ה מַתִּ֥יר אֲסוּרִֽים׃ 7
ကိုယ်​တော်​သည်​ဖိ​နှိပ်​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​သူ တို့​အား မျက်​နှာ​သာ​ပေး​၍​စီ​ရင်​ချက်​ချ​မှတ်​တော်​မူ​လျက် ငတ်​မွတ်​သူ​တို့​ကို​ကျွေး​မွေး​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ကျဉ်း​ကျ​နေ​သူ​တို့​အား လွတ်​မြောက်​စေ​တော်​မူ​၍
יְהוָ֤ה ׀ פֹּ֘קֵ֤חַ עִוְרִ֗ים יְ֭הוָה זֹקֵ֣ף כְּפוּפִ֑ים יְ֝הוָ֗ה אֹהֵ֥ב צַדִּיקִֽים׃ 8
မျက်​မ​မြင်​တို့​အား​မျက်​စိ​မြင်​စေ​တော်​မူ​၏။ လဲ​ကျ​နေ​သူ​အ​ပေါင်း​တို့​ကို​ကူ​မ​တော်​မူ​၏။ ကိုယ်​တော်​သည်​ဖြောင့်​မတ်​သော​သူ​တို့​ကို ချစ်​တော်​မူ​၏။
יְהוָ֤ה ׀ שֹׁ֘מֵ֤ר אֶת־גֵּרִ֗ים יָתֹ֣ום וְאַלְמָנָ֣ה יְעֹודֵ֑ד וְדֶ֖רֶךְ רְשָׁעִ֣ים יְעַוֵּֽת׃ 9
ကိုယ်​တော်​သည်​ဣသ​ရေ​လ​ပြည်​တွင်​နေ ထိုင်​သော တိုင်း​တစ်​ပါး​သား​တို့​အား ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၍​မု​ဆိုး​မ​နှင့် မိ​ဘ​မဲ့​သူ​တို့​ကို​ကူ​မ​တော်​မူ​၏။ သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​ကို​မူ​ပျက်​စီး​ဆုံး​ရှုံး စေ​တော်​မူ​၏။
יִמְלֹ֤ךְ יְהוָ֨ה ׀ לְעֹולָ֗ם אֱלֹהַ֣יִךְ צִ֭יֹּון לְדֹ֥ר וָדֹ֗ר הַֽלְלוּ־יָֽהּ׃ 10
၁၀ထာ​ဝ​ရ​ဘု​ရား​သည်​ထာ​ဝ​စဉ်​ဘု​ရင် ဖြစ်​တော်​မူ​လိမ့်​မည်။ အို ဇိ​အုန်​မြို့၊သင်​၏​ဘု​ရား​သည်​ကာ​လ အ​စဉ်​အ​ဆက်​စိုး​စံ​တော်​မူ​လိမ့်​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။

< תְהִלִּים 146 >