< מִשְׁלֵי 8 >
הֲלֹֽא־חָכְמָ֥ה תִקְרָ֑א וּ֝תְבוּנָ֗ה תִּתֵּ֥ן קֹולָֽהּ׃ | 1 |
၁ဉာဏ် ပညာသည်ခေါ် ၍ မိမိ အသံ ကို လွှင့် သည် မ ဟုတ်လော။
בְּרֹאשׁ־מְרֹומִ֥ים עֲלֵי־דָ֑רֶךְ בֵּ֖ית נְתִיבֹ֣ות נִצָּֽבָה׃ | 2 |
၂မြင့် သောအရပ် ထိပ် ၌ ၎င်း၊ လမ်း ခရီးအနား ၌ ၎င်း ရပ် နေ၏။
לְיַד־שְׁעָרִ֥ים לְפִי־קָ֑רֶת מְבֹ֖וא פְתָחִ֣ים תָּרֹֽנָּה׃ | 3 |
၃ကြီးသောတံခါးဝ ၊ မြို့ တံခါး ၊ အိမ်တံခါး ဝမှာ ကြွေးကြော် ၍၊
אֲלֵיכֶ֣ם אִישִׁ֣ים אֶקְרָ֑א וְ֝קֹולִ֗י אֶל־בְּנֵ֥י אָדָֽם׃ | 4 |
၄အချင်းလူ တို့၊ သင် တို့အား ငါခေါ် ၏။ လူ သားတို့ အား အသံ ကို ငါ လွှင့်၏။
הָבִ֣ינוּ פְתָאיִ֣ם עָרְמָ֑ה וּ֝כְסִילִ֗ים הָבִ֥ינוּ לֵֽב׃ | 5 |
၅ဉာဏ် တိမ်သောသူတို့၊ ပညာ တရားကို နားလည် ကြလော့။ လူမိုက် တို့၊ ထိုးထွင်းသော ဉာဏ် ရှိ ကြလော့။
שִׁ֭מְעוּ כִּֽי־נְגִידִ֣ים אֲדַבֵּ֑ר וּמִפְתַּ֥ח שְׂ֝פָתַ֗י מֵישָׁרִֽים׃ | 6 |
၆နားထောင် ကြ။ မြတ် သောစကားကို ငါပြော မည်။ မှန် သောတရားစကားကို ငါ နှုတ်မြွက် မည်။
כִּֽי־אֱ֭מֶת יֶהְגֶּ֣ה חִכִּ֑י וְתֹועֲבַ֖ת שְׂפָתַ֣י רֶֽשַׁע׃ | 7 |
၇ငါ့ နှုတ်ထွက် စကား သည် သမ္မာ တရားနှင့်သာ ဆိုင်၍ ၊ ငါ့ နှုတ်ခမ်း တို့သည် ဒုစရိုက် ကို စက်ဆုပ် ရွံ့ရှာ၏။
בְּצֶ֥דֶק כָּל־אִמְרֵי־פִ֑י אֵ֥ין בָּ֝הֶ֗ם נִפְתָּ֥ל וְעִקֵּֽשׁ׃ | 8 |
၈ငါ ဟောပြော သမျှ သော စကား တို့သည် ဖြောင့်မတ် ၍ ၊ ကောက် သောသဘော၊ ဖောက်ပြန် သောသဘော နှင့် ကင်းစင် ကြ၏။
כֻּלָּ֣ם נְ֭כֹחִים לַמֵּבִ֑ין וִֽ֝ישָׁרִ֗ים לְמֹ֣צְאֵי דָֽעַת׃ | 9 |
၉နားလည် သောသူ၌ အလုံးစုံ ရှင်းလင်း ၍ ၊ ပညာ ကိုရ သောသူတို့ အား ဟုတ်မှန် ကြ၏။
קְחֽוּ־מוּסָרִ֥י וְאַל־כָּ֑סֶף וְ֝דַ֗עַת מֵחָר֥וּץ נִבְחָֽר׃ | 10 |
၁၀ငွေ အရင်၊ ငါ့ နည်း ကို၎င်း၊ မြတ် သောရွှေ အရင် ၊ ပညာ အတတ်ကို၎င်း ခံယူ ကြလော့။
כִּֽי־טֹובָ֣ה חָ֭כְמָה מִפְּנִינִ֑ים וְכָל־חֲ֝פָצִ֗ים לֹ֣א יִֽשְׁווּ־בָֽהּ׃ | 11 |
၁၁အကြောင်း မူကား၊ ပညာ သည် ပတ္တမြား ထက် သာ၍မြတ် ၏။ နှစ်သက် ဘွယ်သမျှ သောအရာတို့သည် ထို ရတနာကို မ ပြိုင် နိုင်ကြ။
אֲֽנִי־חָ֭כְמָה שָׁכַ֣נְתִּי עָרְמָ֑ה וְדַ֖עַת מְזִמֹּ֣ות אֶמְצָֽא׃ | 12 |
၁၂ငါ့ ဉာဏ် ပညာသည် သမ္မာ သတိနှင့် ပေါင်း ၍၊ လိမ္မာ သော သိပ္ပံ အတတ်များကို ဘော် တတ်၏။
יִֽרְאַ֣ת יְהוָה֮ שְֽׂנֹ֫את רָ֥ע גֵּ֘אָ֤ה וְגָאֹ֨ון ׀ וְדֶ֣רֶךְ רָ֭ע וּפִ֨י תַהְפֻּכֹ֬ות שָׂנֵֽאתִי׃ | 13 |
၁၃ထာဝရဘုရား ကို ကြောက်ရွံ့ သောသဘောကား၊ ဒုစရိုက် ကိုမုန်း သောသဘောတည်း။ မာန ထောင်လွှားခြင်း၊ စော်ကား ခြင်း၊ မကောင်း သော လမ်း သို့လိုက်ခြင်း၊ ကောက် သောစကား ဖြင့်ပြောဆိုခြင်းတို့ကို ငါမုန်း ၏။
לִֽי־עֵ֭צָה וְתוּשִׁיָּ֑ה אֲנִ֥י בִ֝ינָ֗ה לִ֣י גְבוּרָֽה׃ | 14 |
၁၄အကြံ ပေးနိုင်သော အခွင့်နှင့် ပညာ ရတနာသည် ငါ ၌ ရှိ၏။ ငါ သည်ဉာဏ် ဖြစ်၍ အစွမ်း သတ္တိနှင့်ပြည့်စုံ၏။
בִּ֭י מְלָכִ֣ים יִמְלֹ֑כוּ וְ֝רֹוזְנִ֗ים יְחֹ֣קְקוּ צֶֽדֶק׃ | 15 |
၁၅ငါ့ အားဖြင့် ရှင် ဘုရင်တို့သည် စိုးစံ ရသောအခွင့်၊ မင်း အရာရှိတို့သည် ဆုံးဖြတ် ရသောအခွင့်ရှိကြ ၏။
בִּ֭י שָׂרִ֣ים יָשֹׂ֑רוּ וּ֝נְדִיבִ֗ים כָּל־שֹׁ֥פְטֵי צֶֽדֶק׃ | 16 |
၁၆ငါ့ အားဖြင့် မင်းသား ၊ မှူးမတ် ၊ တရားသူကြီး အပေါင်း တို့သည် အစိုးရ သောအခွင့် ရှိကြ၏။
אֲ֭נִי אֹהֲבֶיהָ (אֹהֲבַ֣י) אֵהָ֑ב וּ֝מְשַׁחֲרַ֗י יִמְצָאֻֽנְנִי׃ | 17 |
၁၇ငါ့ ကိုချစ် သောသူတို့ ကို ငါချစ် ၏။ ငါ့ ကိုကြိုးစား၍ ရှာ သောသူတို့သည် တွေ့ တတ်ကြ၏။
עֹֽשֶׁר־וְכָבֹ֥וד אִתִּ֑י הֹ֥ון עָ֝תֵ֗ק וּצְדָקָֽה׃ | 18 |
၁၈ငါ ၌ စည်းစိမ် နှင့် ဂုဏ် အသရေရှိ၏။ မြဲ သော စည်းစိမ် နှင့် ဖြောင့်မတ် ခြင်းပါရမီရှိ၏။
טֹ֣וב פִּ֭רְיִי מֵחָר֣וּץ וּמִפָּ֑ז וּ֝תְבוּאָתִ֗י מִכֶּ֥סֶף נִבְחָֽר׃ | 19 |
၁၉ငါ ပေးသောအကျိုး သည် ရွှေ ထက်မက ၊ ရွှေစင် ထက် သာ၍မြတ်၏။ ငါ ကြောင့်ရသောအခွန် ဘဏ္ဍာသည် ငွေ တော်ထက် သာ၍မြတ် ၏။
בְּאֹֽרַח־צְדָקָ֥ה אֲהַלֵּ֑ך בְּ֝תֹ֗וךְ נְתִיבֹ֥ות מִשְׁפָּֽט׃ | 20 |
၂၀ငါသည် ဖြောင့်မတ် ခြင်းလမ်း ၊ တရား သဖြင့် စီရင်ခြင်းလမ်း အလယ် ၌ ရှောက်သွား သည်ဖြစ်၍၊
לְהַנְחִ֖יל אֹהֲבַ֥י ׀ יֵ֑שׁ וְאֹצְרֹ֖תֵיהֶ֣ם אֲמַלֵּֽא׃ פ | 21 |
၂၁ငါ့ ကိုချစ် သောသူတို့ သည် အမွေ ခံရသောအခွင့်နှင့် ၊ သူ တို့ဘဏ္ဍာ တိုက်ပြည့်ဝ စေသော အခွင့်ကို ငါပေးတတ်၏။
יְֽהוָ֗ה קָ֭נָנִי רֵאשִׁ֣ית דַּרְכֹּ֑ו קֶ֖דֶם מִפְעָלָ֣יו מֵאָֽז׃ | 22 |
၂၂ထာဝရဘုရား သည် ရှေး အမှု တော်ကို မ ပြုမှီ ထွက်ကြွ တော်မူစ ကပင် ငါ့ ကို ပိုင် တော်မူ၏။
מֵ֭עֹולָם נִסַּ֥כְתִּי מֵרֹ֗אשׁ מִקַּדְמֵי־אָֽרֶץ׃ | 23 |
၂၃မြေကြီး မ ဖြစ်မှီ၊ ရှေ့ဦးစွာ သောကာလ၊ အနန္တ ကာလမှစ၍ ငါသည် ဘိသိက် ခံပြီ။
בְּאֵין־תְּהֹמֹ֥ות חֹולָ֑לְתִּי בְּאֵ֥ין מַ֝עְיָנֹ֗ות נִכְבַּדֵּי־מָֽיִם׃ | 24 |
၂၄နက်နဲ သောပင်လယ်မ ဖြစ်၊ ရေ နှင့်ကြွယ်ဝ သော စမ်းရေ တွင်းမ ဖြစ်မှီ ငါ့ကိုဖြစ် ဘွားစေတော်မူ၏။
בְּטֶ֣רֶם הָרִ֣ים הָטְבָּ֑עוּ לִפְנֵ֖י גְבָעֹ֣ות חֹולָֽלְתִּי׃ | 25 |
၂၅တောင် ကြီးမ တည် ၊ တောင် ငယ်မဖြစ် မှီ၊
עַד־לֹ֣א עָ֭שָׂה אֶ֣רֶץ וְחוּצֹ֑ות וְ֝רֹ֗אשׁ עָפְרֹ֥ות תֵּבֵֽל׃ | 26 |
၂၆မြေကြီး နှင့် လယ် တောများကို မ ဖန်ဆင်း ၊ အဦးဆုံး သော မြေမှုန့် ကိုမျှ မဖန်ဆင်းမှီ၊ ငါ့ကိုဖြစ်ဘွားစေ တော်မူ၏။
בַּהֲכִינֹ֣ו שָׁ֭מַיִם שָׁ֣ם אָ֑נִי בְּח֥וּקֹו ח֝֗וּג עַל־פְּנֵ֥י תְהֹֽום׃ | 27 |
၂၇မိုဃ်းကောင်းကင် ကို ပြင် တော်မူသောအခါ ငါ ရှိ ၏။ သမုဒ္ဒရာ မျက်နှာ ကို ကန့်ကွက် သောအမှု၊
בְּאַמְּצֹ֣ו שְׁחָקִ֣ים מִמָּ֑עַל בַּ֝עֲזֹ֗וז עִינֹ֥ות תְּהֹום׃ | 28 |
၂၈အထက် မိုဃ်းတိမ် ကို တည် စေသောအမှု၊ နက်နဲ သောအရပ်၌ စမ်းရေ ပေါက်တို့ကို ခိုင်ခံ့ စေသောအမှု၊
בְּשׂ֘וּמֹ֤ו לַיָּ֨ם ׀ חֻקֹּ֗ו וּ֭מַיִם לֹ֣א יַֽעַבְרוּ־פִ֑יו בְּ֝חוּקֹ֗ו מֹ֣וסְדֵי אָֽרֶץ׃ | 29 |
၂၉သမုဒ္ဒရာ ၌ ကန့် ကွက်သောအပိုင်းအခြားကို ရေ မ လွှမ်း ရမည်အကြောင်းစီရင် သောအမှု၊ မြေကြီး တိုက်မြစ် တည်သော အမှု တို့ကို ပြီးစီး စေတော်မူသောအခါ ၊
וָֽאֶהְיֶ֥ה אֶצְלֹ֗ו אָ֫מֹ֥ון וָֽאֶהְיֶ֣ה שַׁ֭עֲשֻׁעִים יֹ֤ום ׀ יֹ֑ום מְשַׂחֶ֖קֶת לְפָנָ֣יו בְּכָל־עֵֽת׃ | 30 |
၃၀ငါသည်ကျွေးမွေးတော်မူသောသားကဲ့သို့၊ အထံ တော်ပါးတွင် နေ ၍ ၊ အစဉ် မပြတ်မွေ့လျော် တော်မူရာ ဖြစ် ၏။ ရှေ့ တော်၌ အစဉ် မပြတ် ကစား လျက် ၊
מְ֭שַׂחֶקֶת בְּתֵבֵ֣ל אַרְצֹ֑ו וְ֝שַׁעֲשֻׁעַ֗י אֶת־בְּנֵ֥י אָדָֽם׃ פ | 31 |
၃၁ဖန်ဆင်းတော်မူသောမြေကြီး တပြင်လုံး တွင် ရွှင်လန်း လျက် ၊ လူ သားတို့နှင့်ပေါင်းဘော်၍ ပျော်ပါး လျက် နေ၏။
וְעַתָּ֣ה בָ֭נִים שִׁמְעוּ־לִ֑י וְ֝אַשְׁרֵ֗י דְּרָכַ֥י יִשְׁמֹֽרוּ׃ | 32 |
၃၂သို့ဖြစ်၍ ငါ့သား တို့၊ ငါ့ စကားကို နားထောင် ကြလော့။ ငါ ၏လမ်း များကို စောင့်ရှောက် သောသူတို့သည် မင်္ဂလာ ရှိကြ၏။
שִׁמְע֖וּ מוּסָ֥ר וַחֲכָ֗מוּ וְאַל־תִּפְרָֽעוּ׃ | 33 |
၃၃ငါဆုံးမ ခြင်းကို မ ပယ် ကြနှင့်။ နားထောင် ၍ ပညာ ရှိကြလော့။
אַ֥שְֽׁרֵי אָדָם֮ שֹׁמֵ֪עַֽ֫ לִ֥י לִשְׁקֹ֣ד עַל־דַּ֭לְתֹתַי יֹ֤ום ׀ יֹ֑ום לִ֝שְׁמֹ֗ר מְזוּזֹ֥ת פְּתָחָֽי׃ | 34 |
၃၄ငါ့ စကားကို ကြား ၍ ငါ့ တံခါး နား မှာ နေ့ တိုင်း စောင့် လျက် ၊ တံခါး တိုင် နားမှာ မြော်လင့် လျက် နေသောသူ သည် မင်္ဂလာ ရှိ၏။
כִּ֣י מֹ֭צְאִי מֹצְאֵי (מָצָ֣א) חַיִּ֑ים וַיָּ֥פֶק רָ֝צֹ֗ון מֵיְהוָֽה׃ | 35 |
၃၅ငါ့ ကိုရှာ ၍ တွေ့သောသူသည်အသက် ကိုတွေ့ ၏။ ထာဝရဘုရား ၏ ကျေးဇူး တော်ကိုလည်း ခံရ ၏။
וְֽ֭חֹטְאִי חֹמֵ֣ס נַפְשֹׁ֑ו כָּל־מְ֝שַׂנְאַ֗י אָ֣הֲבוּ מָֽוֶת׃ פ | 36 |
၃၆ငါ့ ကိုပြစ်မှား သော သူမူကား ၊ မိမိ အသက် ဝိညာဉ်ကိုပြစ်မှား ၏။ ငါ့ ကိုမုန်း သောသူအပေါင်း တို့သည် သေ ခြင်းကိုချစ် ကြ၏။