< יִרְמְיָהוּ 8 >
בָּעֵ֣ת הַהִ֣יא נְאֻם־יְהוָ֡ה וְיֹצִיאוּ (יֹוצִ֣יאוּ) אֶת־עַצְמֹ֣ות מַלְכֵֽי־יְהוּדָ֣ה וְאֶת־עַצְמֹות־שָׂרָיו֩ וְאֶת־עַצְמֹ֨ות הַכֹּהֲנִ֜ים וְאֵ֣ת ׀ עַצְמֹ֣ות הַנְּבִיאִ֗ים וְאֵ֛ת עַצְמֹ֥ות יֹושְׁבֵֽי־יְרוּשָׁלָ֖͏ִם מִקִּבְרֵיהֶֽם׃ | 1 |
၁ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလအခါ ယုဒ ရှင်ဘုရင် တို့၏ အရိုး၊ မှူးမတ်တို့၏အရိုး၊ ယဇ်ပုရောဟိတ်တို့၏အရိုး၊ ပရောဖက်တို့၏အရိုး၊ ယေရုရှလင်မြို့သားတို့၏ အရိုးများကို သင်္ချိုင်း တွင်းများ အထဲကထုတ်ပစ်၍၊
וּשְׁטָחוּם֩ לַשֶּׁ֨מֶשׁ וְלַיָּרֵ֜חַ וּלְכֹ֣ל ׀ צְבָ֣א הַשָּׁמַ֗יִם אֲשֶׁ֨ר אֲהֵב֜וּם וַאֲשֶׁ֤ר עֲבָדוּם֙ וַֽאֲשֶׁר֙ הָלְכ֣וּ אַֽחֲרֵיהֶ֔ם וַאֲשֶׁ֣ר דְּרָשׁ֔וּם וַאֲשֶׁ֥ר הִֽשְׁתַּחֲו֖וּ לָהֶ֑ם לֹ֤א יֵאָֽסְפוּ֙ וְלֹ֣א יִקָּבֵ֔רוּ לְדֹ֛מֶן עַל־פְּנֵ֥י הָאֲדָמָ֖ה יִֽהְיֽוּ׃ | 2 |
၂ထိုသူတို့သည် ကြည်ညိုရာ၊ အမှုဆောင်ရာ၊ လိုက်သွားရာ၊ ရှာဖွေရာ၊ ကိုးကွယ်ရာဖြစ်သော နေ၊ လ၊ ကောင်းကင်တန်ဆာရှေ့မှာ လှန်ထားကြလိမ့်မည်။ ထိုအရိုးတို့ကို မစုမပုံ၊ မသင်္ဂြိုဟ်ရ။ မြေပေါ်မှာ မစင်ကဲ့သို့ ဖြစ်ရကြလိမ့်မည်။
וְנִבְחַ֥ר מָ֙וֶת֙ מֵֽחַיִּי֔ם לְכֹ֗ל הַשְּׁאֵרִית֙ הַנִּשְׁאָרִ֔ים מִן־הַמִּשְׁפָּחָ֥ה הָֽרָעָ֖ה הַזֹּ֑את בְּכָל־הַמְּקֹמֹ֤ות הַנִּשְׁאָרִים֙ אֲשֶׁ֣ר הִדַּחְתִּ֣ים שָׁ֔ם נְאֻ֖ם יְהוָ֥ה צְבָאֹֽות׃ ס | 3 |
၃ငါနှင်လိုက်ရာအရပ်ရပ်၌ ကျန်ကြွင်း၍၊ ဆိုးယုတ်သော ဤအမျိုးသားတို့သည် အသက်ကို အလိုမရှိ။ သေခြင်းကို အလိုရှိ၍ ရွေးချယ်ရကြလိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
וְאָמַרְתָּ֣ אֲלֵיהֶ֗ם כֹּ֚ה אָמַ֣ר יְהוָ֔ה הֲיִפְּל֖וּ וְלֹ֣א יָק֑וּמוּ אִם־יָשׁ֖וּב וְלֹ֥א יָשֽׁוּב׃ | 4 |
၄တဖန် သင်သည် သူတို့အား ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ လဲသောသူသည် နောက်တဖန် မထရသလော။ လွဲသွားသောသူသည် နောက်တဖန် ပြန်၍ မလာရသလော။
מַדּ֨וּעַ שֹׁובְבָ֜ה הָעָ֥ם הַזֶּ֛ה יְרוּשָׁלַ֖͏ִם מְשֻׁבָ֣ה נִצַּ֑חַת הֶחֱזִ֙יקוּ֙ בַּתַּרְמִ֔ית מֵאֲנ֖וּ לָשֽׁוּב׃ | 5 |
၅ဤလူမျိုးတည်းဟူသော ယေရုရှလင်မြို့သားတို့သည် ထာဝရဖောက်ပြန်ခြင်းအားဖြင့် အဘယ်ကြောင့် ဖောက်ပြန်ကြသနည်း။ မုသာကို စွဲလမ်းကြ၏။ ငါတို့သည် ပြန်၍မလာဟု ခိုင်မာစွာ ဆိုကြ၏။
הִקְשַׁ֤בְתִּי וָֽאֶשְׁמָע֙ לֹוא־כֵ֣ן יְדַבֵּ֔רוּ אֵ֣ין אִ֗ישׁ נִחָם֙ עַל־רָ֣עָתֹ֔ו לֵאמֹ֖ר מֶ֣ה עָשִׂ֑יתִי כֻּלֹּ֗ה שָׁ֚ב בִּמְרֻצֹותָם (בִּמְר֣וּצָתָ֔ם) כְּס֥וּס שֹׁוטֵ֖ף בַּמִּלְחָמָֽה׃ | 6 |
၆ငါ စေ့စေ့နားထောင်သောအခါ၊ သူတို့သည် ဖြောင့်မတ်စွာ မပြောကြ။ ငါသည် အဘယ်သို့ ပြုမိ သနည်းဟု ကိုယ်အပြစ်ကို မြင်၍ အဘယ်သူမျှ နောင်တမရ။ စစ်တိုက်ခြင်းငှာ မြင်းပြေးသကဲ့သို့၊ ထိုသူအပေါင်းတို့သည် လမ်းလွှဲ၍ တဟုန်တည်းပြေးတတ်ကြ၏။
גַּם־חֲסִידָ֣ה בַשָּׁמַ֗יִם יָֽדְעָה֙ מֹֽועֲדֶ֔יהָ וְתֹ֤ר וְסוּס (וְסִיס֙) וְעָג֗וּר שָׁמְר֖וּ אֶת־עֵ֣ת בֹּאָ֑נָה וְעַמִּ֕י לֹ֣א יָֽדְע֔וּ אֵ֖ת מִשְׁפַּ֥ט יְהוָֽה׃ | 7 |
၇မိုဃ်းကောင်းကင်၌ ကျင်လည်သော တောငန်းသော်လည်း၊ မိမိအချိန်ကို သိတတ်၏။ ဥချိုး၊ တီတီတွတ်၊ ဇရက်သော်လည်း၊ မိမိပြန်လာချိန်ကို မှတ်တတ်၏။ ငါ၏လူမူကား၊ ထာဝရဘုရားစီရင်တော်မူခြင်း ကို နားမလည်တတ်။
אֵיכָ֤ה תֹֽאמְרוּ֙ חֲכָמִ֣ים אֲנַ֔חְנוּ וְתֹורַ֥ת יְהוָ֖ה אִתָּ֑נוּ אָכֵן֙ הִנֵּ֣ה לַשֶּׁ֣קֶר עָשָׂ֔ה עֵ֖ט שֶׁ֥קֶר סֹפְרִֽים׃ | 8 |
၈ငါတို့သည် ပညာရှိဖြစ်၏။ ထာဝရဘုရား၏ တရားသည် ငါတို့၌ရှိ၏ဟု သင်တို့သည် အဘယ်သို့ ဆိုရလိမ့်မည်နည်း။ အကယ်စင်စစ် စာရေးတို့၏ မုသာမှင်တံသည် မုသာတရားကို လုပ်လေပြီ။
הֹבִ֣ישׁוּ חֲכָמִ֔ים חַ֖תּוּ וַיִּלָּכֵ֑דוּ הִנֵּ֤ה בִדְבַר־יְהוָה֙ מָאָ֔סוּ וְחָכְמַֽת־מֶ֖ה לָהֶֽם׃ ס | 9 |
၉ပညာရှိတို့သည် အရှက်ကွဲကြ၏။ ထိတ်လန့်၍ ကျော့ကွင်းထဲသို့ ဝင်ကြပြီ။ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ပယ်ကြပြီ။ သူတို့၌ ပညာမည်မျှရှိသနည်း။
לָכֵן֩ אֶתֵּ֨ן אֶת־נְשֵׁיהֶ֜ם לַאֲחֵרִ֗ים שְׂדֹֽותֵיהֶם֙ לְיֹ֣ורְשִׁ֔ים כִּ֤י מִקָּטֹן֙ וְעַד־גָּדֹ֔ול כֻּלֹּ֖ה בֹּצֵ֣עַ בָּ֑צַע מִנָּבִיא֙ וְעַד־כֹּהֵ֔ן כֻּלֹּ֖ה עֹ֥שֶׂה שָּֽׁקֶר׃ | 10 |
၁၀ထိုအကြောင်းကြောင့်၊ သူတို့မယားများကို သူတပါးတို့၌ ငါအပ်မည်။ သူတို့လယ်ယာများကို သူတပါးတို့အား အပိုင်ပေးမည်။ အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူအပေါင်းတို့သည် မတရားသော စီးပွားကို ရှာကြ၏။ ပရောဖက်မှစ၍ ယဇ်ပုရောဟိတ်ရှိသမျှတို့သည် မုသာကို သုံးကြ၏။
וַיְרַפּ֞וּ אֶת־שֶׁ֤בֶר בַּת־עַמִּי֙ עַל־נְקַלָּ֔ה לֵאמֹ֖ר שָׁלֹ֣ום ׀ שָׁלֹ֑ום וְאֵ֖ין שָׁלֹֽום׃ | 11 |
၁၁ချမ်းသာမရှိသောအခါ ချမ်းသာ၊ ချမ်းသာဟု ပြောဆိုလျက်၊ ငါ၏လူမျိုး သတို့သမီးအနာကို ပေါ့လျော့စွာကုကြ၏။
הֹבִ֕שׁוּ כִּ֥י תֹועֵבָ֖ה עָשׂ֑וּ גַּם־בֹּ֣ושׁ לֹֽא־יֵבֹ֗שׁוּ וְהִכָּלֵם֙ לֹ֣א יָדָ֔עוּ לָכֵ֞ן יִפְּל֣וּ בַנֹּפְלִ֗ים בְּעֵ֧ת פְּקֻדָּתָ֛ם יִכָּשְׁל֖וּ אָמַ֥ר יְהוָֽה׃ ס | 12 |
၁၂သူတို့သည် ရွံရှာ ဘွယ်သောအမှုကို ပြုပြီးမှ ရှက်ကြ သလော။ အလျှင်းမရှက်ကြ။ မျက်နှာမပျက်တတ်ကြ။ ထိုကြောင့်၊ တယောက်နောက် တယောက်လဲကြလိမ့်မည်။ ငါစစ်ကြောသောအခါ နှိမ့်ချခြင်းကို ခံရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
אָסֹ֥ף אֲסִיפֵ֖ם נְאֻם־יְהֹוָ֑ה אֵין֩ עֲנָבִ֨ים בַּגֶּ֜פֶן וְאֵ֧ין תְּאֵנִ֣ים בַּתְּאֵנָ֗ה וְהֶֽעָלֶה֙ נָבֵ֔ל וָאֶתֵּ֥ן לָהֶ֖ם יַעַבְרֽוּם׃ | 13 |
၁၃သူတို့ကို ငါရှင်းရှင်းဖျက်ဆီးမည်။ စပျစ်နွယ်ပင် ၌ စပျစ်သီးမရှိရ။ သင်္ဘောသဖန်းပင်၌ သင်္ဘောသဖန်း သီးမရှိရ။ အရွက်လည်း ညှိုးနွမ်းရမည်အကြောင်း၊ လွှမ်းမိုးသောသူတို့ကို ငါစေလွှတ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
עַל־מָה֙ אֲנַ֣חְנוּ יֹֽשְׁבִ֔ים הֵֽאָסְפ֗וּ וְנָבֹ֛וא אֶל־עָרֵ֥י הַמִּבְצָ֖ר וְנִדְּמָה־שָּׁ֑ם כִּי֩ יְהוָ֨ה אֱלֹהֵ֤ינוּ הֲדִמָּ֙נוּ֙ וַיַּשְׁקֵ֣נוּ מֵי־רֹ֔אשׁ כִּ֥י חָטָ֖אנוּ לַיהוָֽה׃ | 14 |
၁၄ငါတို့သည် အဘယ်ကြောင့် ထိုင်လျက်နေကြ သနည်း။ စုဝေးကြကုန်အံ့၊ ခိုင်ခံ့သော မြို့များအထဲသို့ ဝင်၍ တိတ်ဆိတ်စွာ နေကြကုန်အံ့။ ငါတို့သည် ထာဝရ ဘုရားကို ပြစ်မှားသောကြောင့်၊ ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် ငါတို့ကို တိတ်ဆိတ်စွာနေစေ၍၊ ဆေးခါးနှင့် ရောသော ရေကိုတိုက်တော်မူ၏။ ငါတို့သည် ချမ်းသာရေကို တိုက်တော်မူ၏။
קַוֵּ֥ה לְשָׁלֹ֖ום וְאֵ֣ין טֹ֑וב לְעֵ֥ת מַרְפֵּ֖ה וְהִנֵּ֥ה בְעָתָֽה׃ | 15 |
၁၅ငါတို့သည် ချမ်းသာကိုမြော်လင့်သော်လည်း၊ ကောင်းသောအရာ မပေါ်လာ။ သက်သာချိန်ကို မြော်လင့်သော်လည်း၊ ဘေးသက်သက်ဖြစ်၏။
מִדָּ֤ן נִשְׁמַע֙ נַחְרַ֣ת סוּסָ֗יו מִקֹּול֙ מִצְהֲלֹ֣ות אַבִּירָ֔יו רָעֲשָׁ֖ה כָּל־הָאָ֑רֶץ וַיָּבֹ֗ואוּ וַיֹּֽאכְלוּ֙ אֶ֣רֶץ וּמְלֹואָ֔הּ עִ֖יר וְיֹ֥שְׁבֵי בָֽהּ׃ ס | 16 |
၁၆သူ့မြင်းနှာခေါင်းရှုသံကို ဒန်ပြည်က ကြားရ၏။ သူ့မြင်းရဲဟီသံကိုကြား၍ တပြည်လုံးတုန်လှုပ်လေ၏။ သူတို့သည် ရောက်လာ၍၊ ပြည်နှင့် တကွပြည်၌ရှိသမျှကို၎င်း၊ မြို့နှင့်တကွ မြို့သားတို့ကို၎င်း စား၍မျိုကြ၏။
כִּי֩ הִנְנִ֨י מְשַׁלֵּ֜חַ בָּכֶ֗ם נְחָשִׁים֙ צִפְעֹנִ֔ים אֲשֶׁ֥ר אֵין־לָהֶ֖ם לָ֑חַשׁ וְנִשְּׁכ֥וּ אֶתְכֶ֖ם נְאֻם־יְהוָֽה׃ ס | 17 |
၁၇ကြည့်ရှုလော့။ မန်းမှုတ်၍ မနိုင်သောမြွေ၊ ဆိုးသောမြွေများကို သင်တို့ရှိရာသို့ ငါစေလွှတ်သဖြင့်၊ သင်တို့ကို ကိုက်ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော် မူ၏။
מַבְלִ֥יגִיתִ֖י עֲלֵ֣י יָגֹ֑ון עָלַ֖י לִבִּ֥י דַוָּֽי׃ | 18 |
၁၈ငါဝမ်းနည်းခြင်း ပျောက်မည်အကြောင်း အဘယ်သို့နည်း။ ငါသည် စိတ်ပျက်လျက်နေရ၏။
הִנֵּה־קֹ֞ול שַֽׁוְעַ֣ת בַּת־עַמִּ֗י מֵאֶ֙רֶץ֙ מַרְחַקִּ֔ים הַֽיהוָה֙ אֵ֣ין בְּצִיֹּ֔ון אִם־מַלְכָּ֖הּ אֵ֣ין בָּ֑הּ מַדּ֗וּעַ הִכְעִס֛וּנִי בִּפְסִלֵיהֶ֖ם בְּהַבְלֵ֥י נֵכָֽר׃ | 19 |
၁၉ငါ၏ လူမျိုးသတို့သမီးအော်ဟစ်သံကို ဝေးသော ပြည်က ကြားရ၏။ ထာဝရဘုရားသည် ဇိအုန်မြို့၌ ရှိတော်မမူသလော။ မိမိရှင်ဘုရင်သည် မြို့ထဲ၌ ရှိတော် မမူသလော။
עָבַ֥ר קָצִ֖יר כָּ֣לָה קָ֑יִץ וַאֲנַ֖חְנוּ לֹ֥וא נֹושָֽׁעְנוּ׃ | 20 |
၂၀အသီးအနှံ သိမ်းရာကာလလွန်ပြီ။ နွေကာလ ကုန်ပြီ။ ငါတို့သည် ကယ်တင်ခြင်းသို့ မရောက်ကြ။
עַל־שֶׁ֥בֶר בַּת־עַמִּ֖י הָשְׁבָּ֑רְתִּי קָדַ֕רְתִּי שַׁמָּ֖ה הֶחֱזִקָֽתְנִי׃ | 21 |
၂၁ငါ၏လူမျိုးသတို့သမီးသည် နာသောကြောင့်၊ ငါလည်းနာရ၏။ ကြမ်းတမ်းသော အဝတ်ကို ဝတ်လျက်၊ မိန်းမောတွေဝေလျက်နေရ၏။
הַצֳרִי֙ אֵ֣ין בְּגִלְעָ֔ד אִם־רֹפֵ֖א אֵ֣ין שָׁ֑ם כִּ֗י מַדּ֙וּעַ֙ לֹ֣א עָֽלְתָ֔ה אֲרֻכַ֖ת בַּת־עַמִּֽי׃ | 22 |
၂၂ဂိလဒ်ပြည်၌ ဗာလဇံပင် အစေးမရှိသလော။ ထိုပြည်၌ ဆေးသမားမရှိသလော။ ရှိလျက်ပင် ငါ၏လူမျိုးသတို့သမီးသည် အဘယ်ကြောင့် အနာမှ ထမြောက်သနည်း။ တကျွန်းတနိုင်ငံနှင့်ဆိုင်သော အချည်းနှီးအရာ၊ ရုပ်တုဆင်းတုအားဖြင့် သူတို့သည် ငါ့အမျက်ကို နှိုးဆော် ခြင်းငှါ အဘယ်ကြောင့် ပြကြသနည်း။