< יְשַׁעְיָהוּ 9 >
כִּ֣י לֹ֣א מוּעָף֮ לַאֲשֶׁ֣ר מוּצָ֣ק לָהּ֒ כָּעֵ֣ת הָרִאשֹׁ֗ון הֵקַ֞ל אַ֤רְצָה זְבֻלוּן֙ וְאַ֣רְצָה נַפְתָּלִ֔י וְהָאַחֲרֹ֖ון הִכְבִּ֑יד דֶּ֤רֶךְ הַיָּם֙ עֵ֣בֶר הַיַּרְדֵּ֔ן גְּלִ֖יל הַגֹּויִֽם׃ | 1 |
၁မြေထဲပင်လယ်မှသည်အရှေ့သို့လားသော် ယော်ဒန်မြစ်တစ်ဖက်ကမ်းနှင့်ဂါလိလဲ ပြည်တိုင်အောင် ရောက်ရှိသည့်ဇာဗုလုန်နှင့် နဿလိသားချင်းစုတို့၏နယ်မြေတည်း ဟူသောလူမျိုးခြားတို့နေထိုင်ရာအရပ် သည် ယခင်ကအသရေပျက်ခဲ့သော်လည်း နောင်အခါ၌အသရေရှိလိမ့်မည်။
הָעָם֙ הַהֹלְכִ֣ים בַּחֹ֔שֶׁךְ רָא֖וּ אֹ֣ור גָּדֹ֑ול יֹשְׁבֵי֙ בְּאֶ֣רֶץ צַלְמָ֔וֶת אֹ֖ור נָגַ֥הּ עֲלֵיהֶֽם׃ | 2 |
၂အမှောင်တွင်သွားလာနေသူတို့သည် ကြီးစွာသောအလင်းကိုမြင်ရကြ၏။ သူတို့သည်သေမင်း၏အရိပ်လွှမ်းမိုးရာပြည်တွင် နေထိုင်ခဲ့ရသော်လည်း၊ ယခုအခါသူတို့အပေါ်သို့အလင်းရောင် ကျရောက်လာလေပြီ။
הִרְבִּ֣יתָ הַגֹּ֔וי לֹא (לֹ֖ו) הִגְדַּ֣לְתָּ הַשִּׂמְחָ֑ה שָׂמְח֤וּ לְפָנֶ֙יךָ֙ כְּשִׂמְחַ֣ת בַּקָּצִ֔יר כַּאֲשֶׁ֥ר יָגִ֖ילוּ בְּחַלְּקָ֥ם שָׁלָֽל׃ | 3 |
၃အို ထာဝရဘုရားကိုယ်တော်ရှင်သည်သူတို့ အား လွန်စွာအားရရွှင်လန်းမှုကိုပေးတော်မူပါပြီ။ ကိုယ်တော်ရှင်သည်သူတို့အားဝမ်းမြောက် စေတော်မူပါပြီ။ လူတို့သည်အသီးအနှံရိတ်သိမ်းချိန်၌လည်းကောင်း၊ တိုက်ရာပါပစ္စည်းများကိုခွဲဝေယူချိန်၌လည်းကောင်း၊ ဝမ်းမြောက်ကြသကဲ့သို့ သူတို့သည်ကိုယ်တော်ရှင်ပြုတော်မူသော အမှုတော်အတွက်ရွှင်လန်းဝမ်းမြောက်ကြ ပါ၏။
כִּ֣י ׀ אֶת־עֹ֣ל סֻבֳּלֹ֗ו וְאֵת֙ מַטֵּ֣ה שִׁכְמֹ֔ו שֵׁ֖בֶט הַנֹּגֵ֣שׂ בֹּ֑ו הַחִתֹּ֖תָ כְּיֹ֥ום מִדְיָֽן׃ | 4 |
၄အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် သူတို့ထမ်းပိုးနှင့် သူတို့အားရိုက်သည့်တုတ်ကိုချိုးပစ် တော်မူသောကြောင့်ဖြစ်၏။ ရှေးအခါကကိုယ်တော်သည်မိဒျန်အမျိုးသား တို့အားနှိမ်နင်းတော်မူခဲ့သည့်နည်းတူ၊ ကိုယ်တော်၏လူမျိုးတော်အားနှိပ်စက်ညှဉ်းဆဲ ကြသည့် လူမျိုးအားနှိမ်နင်းတော်မူပါပြီ။
כִּ֤י כָל־סְאֹון֙ סֹאֵ֣ן בְּרַ֔עַשׁ וְשִׂמְלָ֖ה מְגֹולָלָ֣ה בְדָמִ֑ים וְהָיְתָ֥ה לִשְׂרֵפָ֖ה מַאֲכֹ֥לֶת אֵֽשׁ׃ | 5 |
၅ချင်းနင်းဝင်ရောက်လာသောရန်သူစစ်သည် တို့၏ ဖိနပ်များနှင့်သွေးစွန်းလျက် ရှိသည့်အဝတ်အစားများသည်မီးရှို့ ဖျက်ဆီးခြင်း ကိုခံရကြလိမ့်မည်။
כִּי־יֶ֣לֶד יֻלַּד־לָ֗נוּ בֵּ֚ן נִתַּן־לָ֔נוּ וַתְּהִ֥י הַמִּשְׂרָ֖ה עַל־שִׁכְמֹ֑ו וַיִּקְרָ֨א שְׁמֹ֜ו פֶּ֠לֶא יֹועֵץ֙ אֵ֣ל גִּבֹּ֔ור אֲבִיעַ֖ד שַׂר־שָׁלֹֽום׃ | 6 |
၆ငါတို့အဖို့သူငယ်ကိုဖွားမြင်၏။ ငါတို့အားသားကိုပေးသနားတော်မူပါ၏။ သူသည်ငါတို့ကိုအုပ်စိုးလိမ့်မည်။ ``သူ၏နာမတော်ကိုအံ့သြဖွယ်၊'' ``တိုင်ပင်ဘက်'' ``တန်ခိုးကြီးသောဘုရား'' ``ထာဝရအဖ'' ``ငြိမ်းချမ်းရေးအရှင်'' ဟူ၍နာမည်တွင် လိမ့်မည်။
לְםַרְבֵּה (לְמַרְבֵּ֨ה) הַמִּשְׂרָ֜ה וּלְשָׁלֹ֣ום אֵֽין־קֵ֗ץ עַל־כִּסֵּ֤א דָוִד֙ וְעַל־מַמְלַכְתֹּ֔ו לְהָכִ֤ין אֹתָהּ֙ וּֽלְסַעֲדָ֔הּ בְּמִשְׁפָּ֖ט וּבִצְדָקָ֑ה מֵעַתָּה֙ וְעַד־עֹולָ֔ם קִנְאַ֛ת יְהוָ֥ה צְבָאֹ֖ות תַּעֲשֶׂה־זֹּֽאת׃ ס | 7 |
၇သူ၏ရာဇအာဏာသည်ဆက်လက်တိုး တက်လျက် သူ၏နိုင်ငံတော်သည်လည်း၊အစဉ်အမြဲ ငြိမ်းချမ်းသာယာလိမ့်မည်။ သူသည်ဒါဝိဒ်မင်း၏အရိုက်အရာကို ဆက်ခံကာ ယခုမှစ၍ကပ်ကာလကုန်ဆုံးချိန်တိုင်အောင် တရားတော်နှင့်အညီမျှတစွာအုပ်စိုးလိမ့်မည်။ အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဤ အမှုအရာအလုံးစုံတို့အားဖြစ်ပျက်စေ ရန်သန္နိဋ္ဌာန်ချမှတ်တော်မူပြီးဖြစ်သတည်း။
דָּבָ֛ר שָׁלַ֥ח אֲדֹנָ֖י בְּיַעֲקֹ֑ב וְנָפַ֖ל בְּיִשְׂרָאֵֽל׃ | 8 |
၈ထာဝရဘုရားသည်ယာကုပ်၏သားမြေး များအပေါ်နှင့် ဣသရေလပြည်အပေါ်၌ တရားစီရင်ချက်ချမှတ်တော်မူလေပြီ။-
וְיָדְעוּ֙ הָעָ֣ם כֻּלֹּ֔ו אֶפְרַ֖יִם וְיֹושֵׁ֣ב שֹׁמְרֹ֑ון בְּגַאֲוָ֛ה וּבְגֹ֥דֶל לֵבָ֖ב לֵאמֹֽר׃ | 9 |
၉ယင်းသို့ပြုတော်မူကြောင်းကိုရှမာရိမြို့ တွင်နေထိုင်သူမှန်သမျှနှင့်ဣသရေလ အမျိုးသားမှန်သမျှတို့သိရှိကြလိမ့်မည်။ ယခုအခါသူတို့သည်မာန်မာနထောင်လွှား လျက်စိတ်ကြီးဝင်လျက်နေကြ၏။ သူတို့က၊-
לְבֵנִ֥ים נָפָ֖לוּ וְגָזִ֣ית נִבְנֶ֑ה שִׁקְמִ֣ים גֻּדָּ֔עוּ וַאֲרָזִ֖ים נַחֲלִֽיף׃ | 10 |
၁၀``အုတ်တိုက်များပြိုကျပြီဖြစ်သော်လည်း ယင်းတို့ကိုငါတို့သည်ဆစ်ကျောက်များဖြင့် အစားထိုးတည်ဆောက်ကြကုန်အံ့။ သဖန်း သားယက်မများကိုခုတ်ဖြတ်ပစ်ကြသော် လည်း၊ ငါတို့သည်ယင်းတို့ကိုအကောင်းဆုံး အာရစ်သား(သစ်ကတိုးသား) ဖြင့်အစားထိုး ကြကုန်အံ့'' ဟုဆိုကြ၏။
וַיְשַׂגֵּ֧ב יְהוָ֛ה אֶת־צָרֵ֥י רְצִ֖ין עָלָ֑יו וְאֶת־אֹיְבָ֖יו יְסַכְסֵֽךְ׃ | 11 |
၁၁ထာဝရဘုရားသည်သူတို့အားတိုက်ခိုက် ကြစေရန် ရန်သူတို့ကိုလှုံ့ဆော်တော်မူ၏။-
אֲרָ֣ם מִקֶּ֗דֶם וּפְלִשְׁתִּים֙ מֵֽאָחֹ֔ור וַיֹּאכְל֥וּ אֶת־יִשְׂרָאֵ֖ל בְּכָל־פֶּ֑ה בְּכָל־זֹאת֙ לֹא־שָׁ֣ב אַפֹּ֔ו וְעֹ֖וד יָדֹ֥ו נְטוּיָֽה׃ | 12 |
၁၂အရှေ့ဘက်ရှိအာရှုရိပြည်နှင့်အနောက် ဘက်ရှိဖိလိတ္တိပြည်တို့သည် ဣသရေလ ပြည်ကိုဖျက်ဆီးချေမှုန်းရန်အသင့်ပြင် ဆင်ကြကုန်၏။ သို့နှင့်လည်းထာဝရဘုရား ၏အမျက်တော်သည်မပြေ။ သူတို့အားဆုံး မရန်ကိုယ်တော်သည်လက်တော်ကိုဆန့်လျက် ပင်ရှိထားတော်မူသေး၏။
וְהָעָ֥ם לֹא־שָׁ֖ב עַד־הַמַּכֵּ֑הוּ וְאֶת־יְהוָ֥ה צְבָאֹ֖ות לֹ֥א דָרָֽשׁוּ׃ ס | 13 |
၁၃ဣသရေလအမျိုးသားတို့သည်နောင်တ မရကြ။ မိမိတို့အားအနန္တတန်ခိုးရှင် ထာဝရဘုရားသည် အပြစ်ဒဏ်ခတ်တော်မူ ပြီဖြစ်သော်လည်းသူတို့သည်အထံတော် သို့မပြန်ကြ။-
וַיַּכְרֵ֨ת יְהוָ֜ה מִיִּשְׂרָאֵ֗ל רֹ֧אשׁ וְזָנָ֛ב כִּפָּ֥ה וְאַגְמֹ֖ון יֹ֥ום אֶחָֽד׃ | 14 |
၁၄ထာဝရဘုရားသည်တစ်နေ့တည်းတွင်ဣသ ရေလခေါင်းဆောင်များနှင့်ပြည်သူတို့အား အပြစ်ဒဏ်ခတ်တော်မူလိမ့်မည်။ ကိုယ်တော်သည် သူတို့၏ခေါင်းပိုင်း၊ အမြီးပိုင်းတို့ကိုတစ်နေ့ တည်းအတွင်းဖြတ်တောက်ပစ်တော်မူလိမ့်မည်။-
זָקֵ֥ן וּנְשׂוּא־פָנִ֖ים ה֣וּא הָרֹ֑אשׁ וְנָבִ֥יא מֹֽורֶה־שֶּׁ֖קֶר ה֥וּא הַזָּנָֽב׃ | 15 |
၁၅ခေါင်းပိုင်းသည်သက်ကြီးဝါကြီးဂုဏ်အသရေ ရှိသူများဖြစ်၍ အမြီးပိုင်းသည်လိမ်လည် ဟောပြောတတ်သူပရောဖက်များဖြစ်၏။-
וַיִּֽהְי֛וּ מְאַשְּׁרֵ֥י הָֽעָם־הַזֶּ֖ה מַתְעִ֑ים וּמְאֻשָּׁרָ֖יו מְבֻלָּעִֽים׃ | 16 |
၁၆ဤလူတို့အားရှေ့ဆောင်လမ်းပြသူတို့သည် လမ်းမှားကိုပြ၍စိတ်ရှုပ်ထွေးစေတတ်ကြ၏။-
עַל־כֵּ֨ן עַל־בַּחוּרָ֜יו לֹֽא־יִשְׂמַ֣ח ׀ אֲדֹנָ֗י וְאֶת־יְתֹמָ֤יו וְאֶת־אַלְמְנֹתָיו֙ לֹ֣א יְרַחֵ֔ם כִּ֤י כֻלֹּו֙ חָנֵ֣ף וּמֵרַ֔ע וְכָל־פֶּ֖ה דֹּבֵ֣ר נְבָלָ֑ה בְּכָל־זֹאת֙ לֹא־שָׁ֣ב אַפֹּ֔ו וְעֹ֖וד יָדֹ֥ו נְטוּיָֽה׃ | 17 |
၁၇သို့ဖြစ်၍ထာဝရဘုရားသည်အဘယ် လူငယ်လူရွယ်ကိုမျှ ချမ်းသာပေးတော်မူ လိမ့်မည်မဟုတ်။ မုဆိုးမများနှင့်မိဘမဲ့ သူများအားလည်းကရုဏာပြတော်မူ လိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်လူ အပေါင်းတို့သည်ဘုရားမဲ့လျက်ယုတ်မာ လျက်ရှိကြသည့်အပြင် ညစ်ညမ်းသည့် စကားကိုသာလျှင်ပြောဆိုကြသောကြောင့် ဖြစ်၏။ ထို့ကြောင့်ထာဝရဘုရားအမျက် တော်မပြေဘဲအပြစ်ဒဏ်ခတ်တော်မူရန် လက်တော်ကိုဆန့်တန်းချိန်ရွယ်လျက်ပင် ထားတော်မူ၏။
כִּֽי־בָעֲרָ֤ה כָאֵשׁ֙ רִשְׁעָ֔ה שָׁמִ֥יר וָשַׁ֖יִת תֹּאכֵ֑ל וַתִּצַּת֙ בְּסִֽבְכֵ֣י הַיַּ֔עַר וַיִּֽתְאַבְּכ֖וּ גֵּא֥וּת עָשָֽׁן׃ | 18 |
၁၈လူတို့၏ယုတ်မာမှုသည် ဆူးပင်အမျိုးမျိုး ကိုကျွမ်းလောင်စေသည့်မီးကဲ့သို့တောက် လောင်တတ်၏။ တောမီးကဲ့သို့တောက်လောင်၍ မီးခိုးလုံးကြီးများကိုတက်စေတတ်၏။-
בְּעֶבְרַ֛ת יְהוָ֥ה צְבָאֹ֖ות נֶעְתַּ֣ם אָ֑רֶץ וַיְהִ֤י הָעָם֙ כְּמַאֲכֹ֣לֶת אֵ֔שׁ אִ֥ישׁ אֶל־אָחִ֖יו לֹ֥א יַחְמֹֽלוּ׃ | 19 |
၁၉အနန္တတန်ခိုးရှင်ထာဝရဘုရားသည် အမျက်ထွက်တော်မူသဖြင့်ကိုယ်တော် ပေးတော်မူသောအပြစ်ဒဏ်သည် တစ်ပြည် လုံးတွင်မီးသဖွယ်တောက်လောင်ကာလူ တို့အားသုတ်သင်ဖျက်ဆီးပစ်လိမ့်မည်။ ထိုအခါလူတိုင်းပင်ကိုယ်လွတ်ရုန်း ကြလိမ့်မည်။-
וַיִּגְזֹ֤ר עַל־יָמִין֙ וְרָעֵ֔ב וַיֹּ֥אכַל עַל־שְׂמֹ֖אול וְלֹ֣א שָׂבֵ֑עוּ אִ֥ישׁ בְּשַׂר־זְרֹעֹ֖ו יֹאכֵֽלוּ׃ | 20 |
၂၀နေရာတကာတွင်လူတို့သည်မိမိတို့ရနိုင် သမျှသောအစားအစာများကိုစားကြ သော်လည်း အာသာမပြေဘဲရှိလိမ့်မည်။ သူ တို့သည်မိမိတို့၏သားသမီးများကိုပင် ပြန်၍စားကြပါသည်တကား၊-
מְנַשֶּׁ֣ה אֶת־אֶפְרַ֗יִם וְאֶפְרַ֙יִם֙ אֶת־מְנַשֶּׁ֔ה יַחְדָּ֥ו הֵ֖מָּה עַל־יְהוּדָ֑ה בְּכָל־זֹאת֙ לֹא־שָׁ֣ב אַפֹּ֔ו וְעֹ֖וד יָדֹ֥ו נְטוּיָֽה׃ ס | 21 |
၂၁မနာရှေသားချင်းစုနှင့်ဧဖရိမ်သားချင်း စုသည်အပြန်အလှန်တိုက်ခိုက်ကြပြီးလျှင် သူတို့နှစ်ဦးပေါင်း၍ယုဒသားချင်းစုကို တိုက်ခိုက်ကြတော့၏။ သို့နှင့်လည်းထာဝရ ဘုရားသည်အမျက်တော်မပြေဘဲအပြစ် ဒဏ်ခတ်တော်မူရန်လက်တော်ကိုချိန်ရွယ် လျက်ပင်ထားတော်မူ၏။