< יְשַׁעְיָהוּ 63 >
מִי־זֶ֣ה ׀ בָּ֣א מֵאֱדֹ֗ום חֲמ֤וּץ בְּגָדִים֙ מִבָּצְרָ֔ה זֶ֚ה הָד֣וּר בִּלְבוּשֹׁ֔ו צֹעֶ֖ה בְּרֹ֣ב כֹּחֹ֑ו אֲנִ֛י מְדַבֵּ֥ר בִּצְדָקָ֖ה רַ֥ב לְהֹושִֽׁיעַ׃ | 1 |
၁ဧဒုံပြည်၊ ဗောဇရမြို့မှလာသောသူကား အဘယ်သူနည်း။ လှပတင့်တယ်စွာနီမြန်း သောအဝတ်ကိုဝတ်ဆင်ထားလျက်ခွန်အား စွမ်းရည်အပြည့်အဝနှင့်ချီတက်လာသူ ကားအဘယ်သူနည်း။ ထိုသူသည်မိမိ၏အောင်ပွဲကိုကြေညာ ရန်ကြွလာသည့်အရှင်၊ ကယ်တင်ပိုင်သော တန်ခိုးတော်အရှင်ထာဝရဘုရားပေ တည်း။
מַדּ֥וּעַ אָדֹ֖ם לִלְבוּשֶׁ֑ךָ וּבְגָדֶ֖יךָ כְּדֹרֵ֥ךְ בְּגַֽת׃ | 2 |
၂ထိုအရှင်၏အဝတ်များသည်စပျစ်သီး နယ်သူ၏အဝတ်များကဲ့သို့အဘယ် ကြောင့်နီမြန်း၍နေပါသနည်း။
פּוּרָ֣ה ׀ דָּרַ֣כְתִּי לְבַדִּ֗י וּמֵֽעַמִּים֙ אֵֽין־אִ֣ישׁ אִתִּ֔י וְאֶדְרְכֵ֣ם בְּאַפִּ֔י וְאֶרְמְסֵ֖ם בַּחֲמָתִ֑י וְיֵ֤ז נִצְחָם֙ עַל־בְּגָדַ֔י וְכָל־מַלְבּוּשַׁ֖י אֶגְאָֽלְתִּי׃ | 3 |
၃ထာဝရဘုရားက``ငါသည်လူမျိုးတကာ တို့ကိုစပျစ်သီးများသဖွယ်နင်းနယ်ခဲ့ လေပြီ။ အဘယ်သူမျှငါ့အားကူညီရန် မလာမရောက်ကြ။ ငါသည်အမျက်ထွက် သဖြင့်သူတို့အားနင်းနယ်ရာတွင်ငါ၏ အဝတ်များသည်သူတို့၏သွေးများဖြင့် စွန်း၍သွားပေသည်။-
כִּ֛י יֹ֥ום נָקָ֖ם בְּלִבִּ֑י וּשְׁנַ֥ת גְּאוּלַ֖י בָּֽאָה׃ | 4 |
၄ငါသည်မိမိ၏လူမျိုးတော်အားကယ်တင် ရန်အချိန်ကျပြီ။ သူတို့၏ရန်သူများအား အပြစ်ဒဏ်ခတ်ရန်အချိန်ရောက်ပြီဟုဆုံး ဖြတ်လိုက်၏။-
וְאַבִּיט֙ וְאֵ֣ין עֹזֵ֔ר וְאֶשְׁתֹּומֵ֖ם וְאֵ֣ין סֹומֵ֑ךְ וַתֹּ֤ושַֽׁע לִי֙ זְרֹעִ֔י וַחֲמָתִ֖י הִ֥יא סְמָכָֽתְנִי׃ | 5 |
၅ငါ့အားကူညီမည့်သူတစ်စုံတစ်ယောက်မျှမ ရှိသည်ကိုတွေ့ရသောအခါ ငါအံ့သြမိ၏။ သို့ရာတွင်ငါ၏အမျက်ဒေါသကငါ့အား စွမ်းအားကိုပေးသဖြင့် ငါကိုယ်တိုင်အောင်ပွဲ ကိုအရယူခဲ့ပါ၏။-
וְאָב֤וּס עַמִּים֙ בְּאַפִּ֔י וַאֲשַׁכְּרֵ֖ם בַּחֲמָתִ֑י וְאֹורִ֥יד לָאָ֖רֶץ נִצְחָֽם׃ ס | 6 |
၆ငါသည်မိမိ၏အမျက်ဒေါသအလျောက် လူမျိုးတကာတို့ကိုနှိမ်နင်းချေမှုန်းခဲ့၏။ သူတို့၏သွေးကိုမြေပေါ်သို့သွန်းလောင်း ခဲ့၏'' ဟုမိန့်တော်မူ၏။
חַֽסְדֵ֨י יְהוָ֤ה ׀ אַזְכִּיר֙ תְּהִלֹּ֣ת יְהוָ֔ה כְּעַ֕ל כֹּ֥ל אֲשֶׁר־גְּמָלָ֖נוּ יְהוָ֑ה וְרַב־טוּב֙ לְבֵ֣ית יִשְׂרָאֵ֔ל אֲשֶׁר־גְּמָלָ֥ם כְּֽרַחֲמָ֖יו וּכְרֹ֥ב חֲסָדָֽיו׃ | 7 |
၇ငါသည်ထာဝရဘုရား၏ပျက်ကွက်ခြင်း မရှိသော မေတ္တာတော်အကြောင်းကိုဖော်ပြမည်။ ငါတို့အဖို့ပြုတော်မူခဲ့သောအမှုတော် အပေါင်း အတွက်ကိုယ်တော်အားထောမနာပြုမည်။ ကိုယ်တော်သည်မိမိ၏မေတ္တာ ကရုဏာတော်ကိုထောက်၍ ဣသရေလအမျိုးသားတို့အားကောင်းချီး မင်္ဂလာ ကြွယ်ဝစွာချပေးတော်မူပြီ။
וַיֹּ֙אמֶר֙ אַךְ־עַמִּ֣י הֵ֔מָּה בָּנִ֖ים לֹ֣א יְשַׁקֵּ֑רוּ וַיְהִ֥י לָהֶ֖ם לְמֹושִֽׁיעַ׃ | 8 |
၈ထာဝရဘုရားက``သူတို့သည်ငါ၏လူမျိုး တော်ဖြစ်၍ငါ့အားလိမ်လည်လှည့်စားကြလိမ့် မည်မဟုတ်'' ဟုမိန့်တော်မူ၏။ ထိုနောက်ကိုယ် တော်သည်သူတို့ခံစားရသည့်ဒုက္ခဆင်းရဲ အပေါင်းမှကယ်တင်တော်မူ၏။-
בְּֽכָל־צָרָתָ֣ם ׀ לֹא (לֹ֣ו) צָ֗ר וּמַלְאַ֤ךְ פָּנָיו֙ הֹֽושִׁיעָ֔ם בְּאַהֲבָתֹ֥ו וּבְחֶמְלָתֹ֖ו ה֣וּא גְאָלָ֑ם וַֽיְנַטְּלֵ֥ם וַֽיְנַשְּׂאֵ֖ם כָּל־יְמֵ֥י עֹולָֽם׃ | 9 |
၉သူတို့ကိုကယ်တင်သူမှာကောင်းကင်တမန် မဟုတ်။ ထာဝရဘုရားကိုယ်တိုင်ဖြစ်တော် မူ၏။ ကိုယ်တော်သည်မေတ္တာကရုဏာတော် ရှိသည့်အတိုင်းသူတို့အားကယ်တင်တော် မူ၏။ အတိတ်ကာလ၌ကိုယ်တော်သည်သူ တို့အားအစဉ်အမြဲကြည့်ရှုစောင့်ရှောက် တော်မူခဲ့သော်လည်း၊-
וְהֵ֛מָּה מָר֥וּ וְעִצְּב֖וּ אֶת־ר֣וּחַ קָדְשֹׁ֑ו וַיֵּהָפֵ֥ךְ לָהֶ֛ם לְאֹויֵ֖ב ה֥וּא נִלְחַם־בָּֽם׃ | 10 |
၁၀သူတို့သည်ပုန်ကန်ကာကိုယ်တော်အားဝမ်း နည်းစေကြ၏။ သို့ဖြစ်၍ထာဝရဘုရား သည်သူတို့ကိုရန်ဘက်ပြုကာတိုက်ခိုက် တော်မူသတည်း။
וַיִּזְכֹּ֥ר יְמֵֽי־עֹולָ֖ם מֹשֶׁ֣ה עַמֹּ֑ו אַיֵּ֣ה ׀ הַֽמַּעֲלֵ֣ם מִיָּ֗ם אֵ֚ת רֹעֵ֣י צֹאנֹ֔ו אַיֵּ֛ה הַשָּׂ֥ם בְּקִרְבֹּ֖ו אֶת־ר֥וּחַ קָדְשֹֽׁו׃ | 11 |
၁၁ထိုအခါသူတို့သည်အတိတ်ကာလ၊ ထာဝရ ဘုရား၏အစေခံမောရှေ၏ခေတ်ကိုအောက်မေ့ သတိရကြလျက်``မိမိလူမျိုးတော်၏ခေါင်း ဆောင်များကိုပင်လယ်မှကယ်တော်မူသော ထာဝရဘုရားသည်အဘယ်မှာနည်း။ မောရှေ အားထူးကဲသည့်တန်ခိုးကို ပေးတော်မူသော ထာဝရဘုရားကားအဘယ်မှာနည်း။-
מֹולִיךְ֙ לִימִ֣ין מֹשֶׁ֔ה זְרֹ֖ועַ תִּפְאַרְתֹּ֑ו בֹּ֤וקֵֽעַ מַ֙יִם֙ מִפְּנֵיהֶ֔ם לַעֲשֹׂ֥ות לֹ֖ו שֵׁ֥ם עֹולָֽם׃ | 12 |
၁၂မောရှေအားဖြင့်တန်ခိုးတော်ကိုအသုံးပြု ကာ မိမိ၏လူမျိုးတော်ရှေ့၌ပင်လယ်ရေကို နှစ်ချမ်းကွဲစေတော်မူပြီးလျှင် ထာဝစဉ်ကျော် ကြားလာတော်မူသောထာဝရဘုရားကား အဘယ်မှာနည်းဟု'' မေးကြ၏။
מֹולִיכָ֖ם בַּתְּהֹמֹ֑ות כַּסּ֥וּס בַּמִּדְבָּ֖ר לֹ֥א יִכָּשֵֽׁלוּ׃ | 13 |
၁၃ထာဝရဘုရားသည်သူတို့အားရေနက်ရာ ကိုဖြတ်၍ခေါ်ဆောင်သွားတော်မူသောအခါ သူတို့သည်မြင်းရိုင်းများသဖွယ်ခြေကုပ်မြဲ လျက်အဘယ်အခါ၌မျှမလဲမကျကြ။-
כַּבְּהֵמָה֙ בַּבִּקְעָ֣ה תֵרֵ֔ד ר֥וּחַ יְהוָ֖ה תְּנִיחֶ֑נּוּ כֵּ֚ן נִהַ֣גְתָּ עַמְּךָ֔ לַעֲשֹׂ֥ות לְךָ֖ שֵׁ֥ם תִּפְאָֽרֶת׃ | 14 |
၁၄ကျွဲနွားများကိုစိမ်းလန်းစိုပြေသည့်ချိုင့်ဝှမ်း သို့ပို့ဆောင်သကဲ့သို့ ထာဝရဘုရားသည် မိမိ၏လူမျိုးတော်အား ငြိမ်းအေးရာအရပ် သို့ပို့ဆောင်တော်မူ၏။ ဤနည်းအားဖြင့်ကိုယ် တော်သည် မိမိဘုန်းအသရေတော်ကိုထင် ရှားစေတော်မူသတည်း။
הַבֵּ֤ט מִשָּׁמַ֙יִם֙ וּרְאֵ֔ה מִזְּבֻ֥ל קָדְשְׁךָ֖ וְתִפְאַרְתֶּ֑ךָ אַיֵּ֤ה קִנְאֽ͏ָתְךָ֙ וּגְב֣וּרֹתֶ֔ךָ הֲמֹ֥ון מֵעֶ֛יךָ וְֽרַחֲמֶ֖יךָ אֵלַ֥י הִתְאַפָּֽקוּ׃ | 15 |
၁၅အို ထာဝရဘုရား၊ သန့်ရှင်းမြင့်မြတ်၍ဘုန်း အသရေတော်တောက်ပရာကောင်းကင်ဘုံတည်း ဟူသော ကိုယ်တော်ရှင်ကျိန်းဝပ်တော်မူရာအရပ် မှနေ၍ကျွန်တော်မျိုးတို့အားငုံ့၍ကြည့်တော် မူပါ။ ကျွန်တော်မျိုးတို့အတွက်ကိုယ်တော်ရှင် စိုးရိမ်ကြောင့်ကြတော်မူသည်ကားအဘယ်မှာ နည်း။ ကိုယ်တော်ရှင်၏တန်ခိုးတော်သည်အဘယ် မှာနည်း။ ကိုယ်တော်ရှင်၏မေတ္တာနှင့်သနားကြင် နာမှုသည်အဘယ်မှာနည်း။ ကျွန်တော်မျိုး တို့အားလျစ်လူရှုတော်မမူပါနှင့်။-
כִּֽי־אַתָּ֣ה אָבִ֔ינוּ כִּ֤י אַבְרָהָם֙ לֹ֣א יְדָעָ֔נוּ וְיִשְׂרָאֵ֖ל לֹ֣א יַכִּירָ֑נוּ אַתָּ֤ה יְהוָה֙ אָבִ֔ינוּ גֹּאֲלֵ֥נוּ מֵֽעֹולָ֖ם שְׁמֶֽךָ׃ | 16 |
၁၆ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏အဖ ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးတို့၏ဘိုးဘေး များဖြစ်သောအာဗြဟံနှင့်ယာကုပ်တို့ပင် လျှင် ကျွန်တော်မျိုးတို့အားအသိအမှတ်မ ပြုနိုင်ကြပါ။ သို့ရာတွင်ထာဝရဘုရား သည် ကျွန်တော်မျိုးတို့၏အဖဖြစ်တော်မူ ပါ၏။ ကျွန်တော်မျိုးတို့အားရှေးကာလ ထဲက အစဉ်အမြဲကယ်ဆယ်တော်မူခဲ့ သူမှာကိုယ်တော်ရှင်ပင်ဖြစ်ပါ၏။-
לָ֣מָּה תַתְעֵ֤נוּ יְהוָה֙ מִדְּרָכֶ֔יךָ תַּקְשִׁ֥יחַ לִבֵּ֖נוּ מִיִּרְאָתֶ֑ךָ שׁ֚וּב לְמַ֣עַן עֲבָדֶ֔יךָ שִׁבְטֵ֖י נַחֲלָתֶֽךָ׃ | 17 |
၁၇ကျွန်တော်မျိုးတို့အားအဘယ်ကြောင့်ကိုယ်တော် ရှင်၏တရားလမ်းမှလွှဲရှောင်သွားစေတော်မူ ပါသနည်း၊ အဘယ်ကြောင့်ကျွန်တော်မျိုးတို့ အားခေါင်းမာစေလျက် ကိုယ်တော်ရှင်ထံမှရှောင် လွှဲစေပါသနည်း။ ကိုယ်တော်ရှင်အားကိုးကွယ် သူတို့ကိုထောက်ထားသဖြင့်လည်းကောင်း၊ ကိုယ်တော်ရှင်ထာဝစဉ်ပိုင်သတော်မူသည့် လူမျိုးတော်အားထောက်ထားသဖြင့်လည်း ကောင်း ပြန်လည်ကြွလာတော်မူပါ။
לַמִּצְעָ֕ר יָרְשׁ֖וּ עַם־קָדְשֶׁ֑ךָ צָרֵ֕ינוּ בֹּוסְס֖וּ מִקְדָּשֶֽׁךָ׃ | 18 |
၁၈ကိုယ်တော်ရှင်၏လူမျိုးတော်ဖြစ်သောကျွန် တော်မျိုးတို့ကိုရန်သူတို့သည်အခိုက် အတန့်အားဖြင့်နှင်ထုတ်လျက်သူတို့သည် ဗိမာန်တော်ကိုနင်းချေကြပါပြီ။-
הָיִ֗ינוּ מֵֽעֹולָם֙ לֹֽא־מָשַׁ֣לְתָּ בָּ֔ם לֹֽא־נִקְרָ֥א שִׁמְךָ֖ עֲלֵיהֶ֑ם לוּא־קָרַ֤עְתָּ שָׁמַ֙יִם֙ יָרַ֔דְתָּ מִפָּנֶ֖יךָ הָרִ֥ים נָזֹֽלּוּ׃ | 19 |
၁၉ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ဘုရင် မဟုတ်ဘိသကဲ့သို့လည်းကောင်း၊ ကျွန်တော် မျိုးတို့သည်ကိုယ်တော်ရှင်၏လူမဟုတ်ဘိ သကဲ့သို့လည်းကောင်းကျွန်တော်မျိုးတို့ကို ကိုယ်တော်ရှင်ဆက်ဆံတော်မူပါ၏။