< יְשַׁעְיָהוּ 47 >

רְדִ֣י ׀ וּשְׁבִ֣י עַל־עָפָ֗ר בְּתוּלַת֙ בַּת־בָּבֶ֔ל שְׁבִי־לָאָ֥רֶץ אֵין־כִּסֵּ֖א בַּת־כַּשְׂדִּ֑ים כִּ֣י לֹ֤א תֹוסִ֙יפִי֙ יִקְרְאוּ־לָ֔ךְ רַכָּ֖ה וַעֲנֻגָּֽה׃ 1
အိုဗာဗုလုန်သတို့သမီးကညာ၊ ဆင်း၍ မြေမှုန့် ၌ထိုင်လော့။ အိုခါလဒဲသတို့သမီး၊ ရာဇပလ္လင်မရှိဘဲ မြေပေါ်မှာ ထိုင်လော့။ သင့်ကို နူးညံ့သိမ်မွေ့သောသူ ဟူ၍ နောက်တဖန်မခေါ်ရ။
קְחִ֥י רֵחַ֖יִם וְטַ֣חֲנִי קָ֑מַח גַּלִּ֨י צַמָּתֵ֧ךְ חֶשְׂפִּי־שֹׁ֛בֶל גַּלִּי־שֹׁ֖וק עִבְרִ֥י נְהָרֹֽות׃ 2
ကြိတ်ဆုံကို ယူ၍ စပါးကို ကြိတ်လော့။ မျက်နှာဖုံးကို ဖွင့်လော့။ ရှည်သော အင်္ကျီကို ချွတ်လော့။ ပေါင်အဝတ်ကိုပင့်၍ မြစ်ကို ကူးလော့။
תִּגָּל֙ עֶרְוָתֵ֔ךְ גַּ֥ם תֵּרָאֶ֖ה חֶרְפָּתֵ֑ךְ נָקָ֣ם אֶקָּ֔ח וְלֹ֥א אֶפְגַּ֖ע אָדָֽם׃ ס 3
သင်သည် အဝတ်အချည်းစည်းရှိ၍၊ အရှက် ကွဲခြင်းကို ခံရမည်။ ငါသည် အပြစ်ဒဏ်ကို ပေးမည်။ အဘယ်သူနှင့်မျှ မိဿဟာယမဖွဲ့။
גֹּאֲלֵ֕נוּ יְהוָ֥ה צְבָאֹ֖ות שְׁמֹ֑ו קְדֹ֖ושׁ יִשְׂרָאֵֽל׃ 4
ငါတို့ကို ရွေးနှုတ်သောသူကား၊ ကောင်းကင်ဗိုလ် ခြေအရှင် ထာဝရဘုရား၊ ဣသရေလအမျိုး၏ သန့်ရှင်း သော ဘုရားတည်းဟူသော ဘွဲ့နာမရှိတော်မူ၏။
שְׁבִ֥י דוּמָ֛ם וּבֹ֥אִי בַחֹ֖שֶׁךְ בַּת־כַּשְׂדִּ֑ים כִּ֣י לֹ֤א תֹוסִ֙יפִי֙ יִקְרְאוּ־לָ֔ךְ גְּבֶ֖רֶת מַמְלָכֹֽות׃ 5
အိုခါလဒဲသတို့သမီး၊ တိတ်ဆိတ်စွာ ထိုင်လော့။ မိုက်ရာသို့ သွားလော့။ သင့်ကို နိုင်ငံတို့၏ အရှင်မ ဟူ၍ နောက်တဖန် မခေါ်ရ။
קָצַ֣פְתִּי עַל־עַמִּ֗י חִלַּ֙לְתִּי֙ נַחֲלָתִ֔י וָאֶתְּנֵ֖ם בְּיָדֵ֑ךְ לֹא־שַׂ֤מְתְּ לָהֶם֙ רַחֲמִ֔ים עַל־זָקֵ֕ן הִכְבַּ֥דְתְּ עֻלֵּ֖ךְ מְאֹֽד׃ 6
ငါသည် ငါ၏လူတို့ကို အမျက်ထွက်သော ကြောင့်၊ ငါ၏ အမွေကို ရှုတ်ချ၍ သင့်လက်သို့ အပ်လိုက် ၏။ သင်သည် သနားသော စိတ်မရှိ။ အသက်ကြီးသူတို့ အပေါ်မှာ လေးသော ထမ်းဘိုးကို တင်လေပြီ။
וַתֹּ֣אמְרִ֔י לְעֹולָ֖ם אֶהְיֶ֣ה גְבָ֑רֶת עַ֣ד לֹא־שַׂ֥מְתְּ אֵ֙לֶּה֙ עַל־לִבֵּ֔ךְ לֹ֥א זָכַ֖רְתְּ אַחֲרִיתָֽהּ׃ ס 7
သင်ကလည်း၊ ငါသည် အရှင်မ၏အရာ၌ အစဉ် အမြဲနေမည်ဟု ထင်သောကြောင့်၊ ဤအမှုအရာတို့ကို မဆင်ခြင်။ သင်၌ နောက်ဆုံးဖြစ်လတံ့သော အမှုကို မအောက်မေ့။
וְעַתָּ֞ה שִׁמְעִי־זֹ֤את עֲדִינָה֙ הַיֹּושֶׁ֣בֶת לָבֶ֔טַח הָאֹֽמְרָה֙ בִּלְבָ֔בָהּ אֲנִ֖י וְאַפְסִ֣י עֹ֑וד לֹ֤א אֵשֵׁב֙ אַלְמָנָ֔ה וְלֹ֥א אֵדַ֖ע שְׁכֹֽול׃ 8
ထိုကြောင့်၊ ကာမဂုဏ်၌ ပျော်မွေ့၍၊ သောက ကင်းလွတ်လျက်နေသော သူ၊ ငါရှိ၏။ ငါမှတပါး အဘယ် သူမျှမရှိ။ ငါသည် မုတ်ဆိုးမကဲ့သို့ ထိုင်၍ မနေရ။ သား ဆုံးခြင်းကို ငါမခံရဟု အောက်မေ့သောသူ၊ နားထောင် လော့။
וְתָבֹאנָה֩ לָּ֨ךְ שְׁתֵּי־אֵ֥לֶּה רֶ֛גַע בְּיֹ֥ום אֶחָ֖ד שְׁכֹ֣ול וְאַלְמֹ֑ן כְּתֻמָּם֙ בָּ֣אוּ עָלַ֔יִךְ בְּרֹ֣ב כְּשָׁפַ֔יִךְ בְּעָצְמַ֥ת חֲבָרַ֖יִךְ מְאֹֽד׃ 9
သင်သည် ပြုစားသော အတတ်နှင့် နတ်ဝိဇ္ဇာ အတတ်များတို့ကို အလွန်ပြုစုသော်လည်း၊ တနေ့တခဏ ခြင်းတွင် သားဆုံးခြင်းနှင့် လင်ဆုံးခြင်းတည်းဟူသော ဘေးနှစ်ပါးတို့သည် သင်၌ ရောက်လိမ့်မည်။ သင်၏ အပေါ်၌ အကုန်အစင် သင့်ရောက်လိမ့်မည်။
וַתִּבְטְחִ֣י בְרָעָתֵ֗ךְ אָמַרְתְּ֙ אֵ֣ין רֹאָ֔נִי חָכְמָתֵ֥ךְ וְדַעְתֵּ֖ךְ הִ֣יא שֹׁובְבָ֑תֶךְ וַתֹּאמְרִ֣י בְלִבֵּ֔ךְ אֲנִ֖י וְאַפְסִ֥י עֹֽוד׃ 10
၁၀သင်သည် ကိုယ်ပြုသော အဓမ္မအမှုကို ကိုးစား ပြီ။ ငါ့ကို အဘယ်သူမျှ မမြင်ဟု ဆိုပြီ။ သင့်ဥာဏ်နှင့် သင့်ပညာအတတ်သည်၊ သင်၏စိတ်ကို မှောက်လှန်သည် ဖြစ်၍၊ သင်က ငါရှိ၏၊ ငါမှတပါး အဘယ်သူမျှမရှိဟု အောက်မေ့ပြီ။
וּבָ֧א עָלַ֣יִךְ רָעָ֗ה לֹ֤א תֵדְעִי֙ שַׁחְרָ֔הּ וְתִפֹּ֤ל עָלַ֙יִךְ֙ הֹוָ֔ה לֹ֥א תוּכְלִ֖י כַּפְּרָ֑הּ וְתָבֹ֨א עָלַ֧יִךְ פִּתְאֹ֛ם שֹׁואָ֖ה לֹ֥א תֵדָֽעִי׃ 11
၁၁ထို့ကြောင့်၊ အဆုံးမထင်သော ဘေးဥပဒ်သည် သင်၏အပေါ်မှာ ရောက်လိမ့်မည်။ သင်သည် မဖြေနိုင် သော အပြစ်ဒဏ်နှင့်၎င်း၊ မမြော်လင့်နိုင်အောင် ချက် ခြင်း ဖျက်ဆီးခြင်းနှင့်၎င်း တွေ့ကြုံရလိမ့်မည်။
עִמְדִי־נָ֤א בַחֲבָרַ֙יִךְ֙ וּבְרֹ֣ב כְּשָׁפַ֔יִךְ בַּאֲשֶׁ֥ר יָגַ֖עַתְּ מִנְּעוּרָ֑יִךְ אוּלַ֛י תּוּכְלִ֥י הֹועִ֖יל אוּלַ֥י תַּעֲרֹֽוצִי׃ 12
၁၂သင်သည် ငယ်သော အရွယ်မှစ၍၊ ကြိုးစား အားထုတ်သော နတ်ဝိဇ္ဇာအတတ်နှင့်၊ ပြုစားသော အတတ်အမျိုးမျိုးတို့ကို အမှီပြု၍ တည်နေလော့။ အကျိုး ကို ရကောင်းလျှင် ရလိမ့်မည်။ နိုင်ကောင်းလျှင် နိုင်လိမ့် မည်။
נִלְאֵ֖ית בְּרֹ֣ב עֲצָתָ֑יִךְ יַעַמְדוּ־נָ֨א וְיֹושִׁיעֻ֜ךְ הָבְרוּ (הֹבְרֵ֣י) שָׁמַ֗יִם הַֽחֹזִים֙ בַּכֹּ֣וכָבִ֔ים מֹֽודִיעִם֙ לֶחֳדָשִׁ֔ים מֵאֲשֶׁ֥ר יָבֹ֖אוּ עָלָֽיִךְ׃ 13
၁၃သင်သည် များပြားသော တိုင်ပင်ခြင်းအားဖြင့် ပင်ပန်းလှပြီ။ မိုဃ်းကောင်းကင်ကို ကြည့်ရှုသော သူ၊ ကြယ်နက္ခတ်တို့ကို မှတ်သောသူ၊ သင်၌ဖြစ်လတံ့သော အမှုကို၊ လ၏အခြင်းအရာအားဖြင့် ဟောတတ်သော သူတို့သည် ထ၍ သင့်ကို ယခု ကယ်တင်ကြစေ။
הִנֵּ֨ה הָי֤וּ כְקַשׁ֙ אֵ֣שׁ שְׂרָפָ֔תַם לֹֽא־יַצִּ֥ילוּ אֶת־נַפְשָׁ֖ם מִיַּ֣ד לֶֽהָבָ֑ה אֵין־גַּחֶ֣לֶת לַחְמָ֔ם א֖וּר לָשֶׁ֥בֶת נֶגְדֹּֽו׃ 14
၁၄သူတို့သည် အမှိုက်ကဲ့သို့ဖြစ်၍ မီးရှို့ခြင်းကို ခံရကြလိမ့်မည်။ မီးအရှိန်မှ မိမိတို့ကို မကယ်မနှုတ်ရကြ။ နွေးစရာဘို့ မီးတခဲမျှ၊ လှုံစရာဘို့ မီးအလျှင်းမျှ မကျန်ရစ် ရ။
כֵּ֥ן הָיוּ־לָ֖ךְ אֲשֶׁ֣ר יָגָ֑עַתְּ סֹחֲרַ֣יִךְ מִנְּעוּרַ֗יִךְ אִ֤ישׁ לְעֶבְרֹו֙ תָּע֔וּ אֵ֖ין מֹושִׁיעֵֽךְ׃ ס 15
၁၅သင်နှင့် ဝိုင်းညီ၍ အမှုဆောင်ရွက်သော သူ၊ သင်ငယ်သော အရွယ်မှစ၍ သင်နှင့် ဖောက်ကားရောင်း ဝယ်သောသူတို့သည် သင်၌ ထိုသို့ ဖြစ်ကြ၍၊ ကိုယ်စီ ကိုယ်စီ မိမိနေရာအရပ်သို့ လွှဲသွားသဖြင့်၊ သင့်ကို ကယ်တင်သောသူတစုံတယောက်မျှ မရှိရ။

< יְשַׁעְיָהוּ 47 >