< יְשַׁעְיָהוּ 46 >
כָּרַ֥ע בֵּל֙ קֹרֵ֣ס נְבֹ֔ו הָיוּ֙ עֲצַבֵּיהֶ֔ם לַחַיָּ֖ה וְלַבְּהֵמָ֑ה נְשֻׂאֹתֵיכֶ֣ם עֲמוּסֹ֔ות מַשָּׂ֖א לַעֲיֵפָֽה׃ | 1 |
၁ဗေလသည် ကျပြီ။ နေဗောသည် ကျိုးပဲ့ပြီ။ သူတို့ ရုပ်တုတို့သည် အခြေလေးချောင်းရှိသော သားတိရစ္ဆာန် တို့ အပေါ်မှာ ရှိကြ၏။ သင်တို့ ထမ်းဘူးသော ဝန်ကို တင်၍၊ ပင်ပန်းသော တိရစ္ဆာန်တို့သည် ထမ်းရကြ၏။
קָרְס֤וּ כָֽרְעוּ֙ יַחְדָּ֔ו לֹ֥א יָכְל֖וּ מַלֵּ֣ט מַשָּׂ֑א וְנַפְשָׁ֖ם בַּשְּׁבִ֥י הָלָֽכָה׃ ס | 2 |
၂သူတို့သည် ကျိုးပဲ့လျက်၊ အတူလဲလျက်နေ၍၊ မိမိတို့ ထမ်းရသော ဝန်ကို မကယ်တင်နိုင်ဘဲ၊ ကိုယ်တိုင် သိမ်းသွားခြင်းကို ခံရကြသည်တကား။
שִׁמְע֤וּ אֵלַי֙ בֵּ֣ית יַעֲקֹ֔ב וְכָל־שְׁאֵרִ֖ית בֵּ֣ית יִשְׂרָאֵ֑ל הַֽעֲמֻסִים֙ מִנִּי־בֶ֔טֶן הַנְּשֻׂאִ֖ים מִנִּי־רָֽחַם׃ | 3 |
၃အိုယာကုပ်အမျိုးသားတို့၊ ငါ့စကားကို နား ထောင်ကြလော့။ ကျန်ကြွင်းသော ဣသရေလအမျိုးသား အပေါင်းတို့၊ ဘွားစကပင် သင်တို့ကို ငါထမ်းလေပြီ။ အမိ ဝမ်းထဲမှစ၍ ငါဆောင်ရွက်လေပြီ။
וְעַד־זִקְנָה֙ אֲנִ֣י ה֔וּא וְעַד־שֵיבָ֖ה אֲנִ֣י אֶסְבֹּ֑ל אֲנִ֤י עָשִׂ֙יתִי֙ וַאֲנִ֣י אֶשָּׂ֔א וַאֲנִ֥י אֶסְבֹּ֖ל וַאֲמַלֵּֽט׃ ס | 4 |
၄သင်တို့အသက်ကြီး၍ ဆံပင်ဖြူသည်တိုင် အောင်၊ ငါသည် ထိုသို့သော သူဖြစ်၍၊ သင်တို့ကို ဆောင် ရွက်မည်။ ငါပြုခဲ့ပြီးသည်အတိုင်း ထမ်းဦးမည်။ ဆောင် ရွက်၍ ကယ်တင်မည်။
לְמִ֥י תְדַמְי֖וּנִי וְתַשְׁו֑וּ וְתַמְשִׁל֖וּנִי וְנִדְמֶֽה׃ | 5 |
၅သင်တို့သည် ငါ့ကို အဘယ်သူနှင့် ပုံပြကြမည် နည်း။ အဘယ်သူနှင့် တူစေကြမည်နည်း။ တူအောင် အဘယ်သူနှင့် ခိုင်းနှိုင်းကြမည်နည်း။
הַזָּלִ֤ים זָהָב֙ מִכִּ֔יס וְכֶ֖סֶף בַּקָּנֶ֣ה יִשְׁקֹ֑לוּ יִשְׂכְּר֤וּ צֹורֵף֙ וְיַעֲשֵׂ֣הוּ אֵ֔ל יִסְגְּד֖וּ אַף־יִֽשְׁתַּחֲוּֽוּ׃ | 6 |
၆ရွှေကို အိတ်ထဲက များစွာ ထုတ်လျက်၊ ငွေကို လည်း ချိန်ခွင်နှင့်ချိန်လျက်၊ ပန်းတိန်သမားကို ငှါး၍ ဘုရားကို လုပ်စေပြီးမှ၊ ပြပ်ဝပ်ကိုးကွယ်ကြသည်တကား။
יִ֠שָּׂאֻהוּ עַל־כָּתֵ֨ף יִסְבְּלֻ֜הוּ וְיַנִּיחֻ֤הוּ תַחְתָּיו֙ וְיַֽעֲמֹ֔ד מִמְּקֹומֹ֖ו לֹ֣א יָמִ֑ישׁ אַף־יִצְעַ֤ק אֵלָיו֙ וְלֹ֣א יַעֲנֶ֔ה מִצָּרָתֹ֖ו לֹ֥א יֹושִׁיעֶֽנּוּ׃ ס | 7 |
၇ထိုဘုရားကို ပခုံးပေါ်မှာ ထမ်း၍ ဆောင်သွား သဖြင့် သူ့နေရာ၌ ထားကြ၏။ သူသည်လည်း မတ်တတ် နေ၏။ သူ၏နေရာမှ သူမရွေ့နိုင်။ သူ့ကို အော်ဟစ် သော်လည်း၊ သူသည် မထူး။ ဒုက္ခဆင်းရဲထဲက မကယ် မနှုတ်နိုင်။
זִכְרוּ־זֹ֖את וְהִתְאֹשָׁ֑שׁוּ הָשִׁ֥יבוּ פֹושְׁעִ֖ים עַל־לֵֽב׃ | 8 |
၈အိုဖောက်ပြန်သောသူတို့၊ ဤအမှုကို အောက် မေ့၍ ယောက်ျားဂုဏ်ကို ပြကြလော့။ သတိနှင့် ဆင်ခြင်ကြလော့။
זִכְר֥וּ רִאשֹׁנֹ֖ות מֵעֹולָ֑ם כִּ֣י אָנֹכִ֥י אֵל֙ וְאֵ֣ין עֹ֔וד אֱלֹהִ֖ים וְאֶ֥פֶס כָּמֹֽונִי׃ | 9 |
၉ရှေးကာလ၌ ဖြစ်ဘူးသော အမှုအရာတို့ကို အောက်မေ့ကြလော့။ ငါသည် ဘုရား သခင်ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားမရှိ။
מַגִּ֤יד מֵֽרֵאשִׁית֙ אַחֲרִ֔ית וּמִקֶּ֖דֶם אֲשֶׁ֣ר לֹא־נַעֲשׂ֑וּ אֹמֵר֙ עֲצָתִ֣י תָק֔וּם וְכָל־חֶפְצִ֖י אֶעֱשֶֽׂה׃ | 10 |
၁၀အဦးမှစ၍ အဆုံးတိုင်အောင်၎င်း၊ ရှေးကာလမှ စ၍ မဖြစ်သေးသော အမူအရာတို့ကို၎င်း ဘော်ပြလျက်၊ ငါ့အကြံတည်လိမ့်မည်။ ငါ့အလိုရှိသမျှကို ငါပြည့်စုံစေမည် ဟု ဆိုလျက်၊
קֹרֵ֤א מִמִּזְרָח֙ עַ֔יִט מֵאֶ֥רֶץ מֶרְחָ֖ק אִ֣ישׁ עֲצָתֹו (עֲצָתִ֑י) אַף־דִּבַּ֙רְתִּי֙ אַף־אֲבִיאֶ֔נָּה יָצַ֖רְתִּי אַף־אֶעֱשֶֽׂנָּה׃ ס | 11 |
၁၁ဝေးသောအရပ်၊ အရှေ့မျက်နှာမှ ငါ၏လက် ထောက်တည်းဟူသော ငှက်ရဲကို ခေါ်လျက်၊ ငါသည် ဘုရားသခင်ဖြစ်၏။ ငါနှင့်တူသော မည်မျှမရှိ။ ငါသည် နှုတ်ထွက်အတိုင်းပြုမည်။ ကြံသည်အတိုင်း စီရင်မည်။
שִׁמְע֥וּ אֵלַ֖י אַבִּ֣ירֵי לֵ֑ב הָרְחֹוקִ֖ים מִצְּדָקָֽה׃ | 12 |
၁၂စိတ်ခိုင်မာ၍ ဖြောင့်မတ်ခြင်း တရားနှင့် ဝေး သောသူတို့၊ ငါ့စကားကို နားထောင်ကြလော့။
קֵרַ֤בְתִּי צִדְקָתִי֙ לֹ֣א תִרְחָ֔ק וּתְשׁוּעָתִ֖י לֹ֣א תְאַחֵ֑ר וְנָתַתִּ֤י בְצִיֹּון֙ תְּשׁוּעָ֔ה לְיִשְׂרָאֵ֖ל תִּפְאַרְתִּֽי׃ ס | 13 |
၁၃ငါ၏ဖြောင့်မတ်ခြင်းတရားကို အနီးသို့ ငါ ဆောင်ခဲ့မည်။ အဝေး၌မနေရ။ ငါ၏ကယ်တင်ခြင်း ကျေးဇူးလည်း မဖင့်နွှဲရ။ ဇိအုန်တောင်ပေါ်မှာ ငါ၏ ကယ်တင်ခြင်း ကျေးဇူးကို၎င်း၊ ဣသရေလအမျိုး၌ ငါ့ဘုန်းကို၎င်း ငါထားမည်။