< יְשַׁעְיָהוּ 44 >
וְעַתָּ֥ה שְׁמַ֖ע יַעֲקֹ֣ב עַבְדִּ֑י וְיִשְׂרָאֵ֖ל בָּחַ֥רְתִּי בֹֽו׃ | 1 |
၁ထာဝရဘုရားက ``ငါ၏အစေခံဣသရေလအမျိုးသားတို့၊ ငါရွေးချယ်ထားသောလူမျိုးတော်၊ ယာကုပ်၏ သားမြေးတို့၊ယခုနားထောင်ကြလော့။
כֹּה־אָמַ֨ר יְהוָ֥ה עֹשֶׂ֛ךָ וְיֹצֶרְךָ֥ מִבֶּ֖טֶן יַעְזְרֶ֑ךָּ אַל־תִּירָא֙ עַבְדִּ֣י יַֽעֲקֹ֔ב וִישֻׁר֖וּן בָּחַ֥רְתִּי בֹֽו׃ | 2 |
၂ငါသည်သင်တို့ကိုဖန်ဆင်းတော်မူသော ဘုရားသခင်ဖြစ်၏။ သင်တို့မွေးဖွားချိန်မှအစပြု၍ငါသည် သင်တို့အားကူမခဲ့လေပြီ။ မကြောက်ကြနှင့်၊ သင်တို့သည် ငါ၏အစေခံ၊ ငါချစ်မြတ်နိုး၍ရွေးချယ်ထားသည့် လူမျိုးတော်ဖြစ်ကြ၏။
כִּ֤י אֶצָּק־מַ֙יִם֙ עַל־צָמֵ֔א וְנֹזְלִ֖ים עַל־יַבָּשָׁ֑ה אֶצֹּ֤ק רוּחִי֙ עַל־זַרְעֶ֔ךָ וּבִרְכָתִ֖י עַל־צֶאֱצָאֶֽיךָ׃ | 3 |
၃``ငါသည်ရေငတ်သည့်ပြည်တွင်မိုးရွာသွန်းစေမည်။ သဲကန္တာရတွင်စမ်းရေများပေါက်စေမည်။ သင်တို့၏သားသမီးများအပေါ်တွင်ငါ၏ တန်ခိုးတော်ကိုလည်းကောင်း၊ သင်တို့သားမြေးများအပေါ်တွင်ငါ၏ ကောင်းချီး မင်္ဂလာများကိုလည်းကောင်းသွန်းလောင်းမည်။
וְצָמְח֖וּ בְּבֵ֣ין חָצִ֑יר כַּעֲרָבִ֖ים עַל־יִבְלֵי־מָֽיִם׃ | 4 |
၄သူတို့သည်ရေကောင်းစွာရသည့်မြက်များ ကဲ့သို့ ရေစီးသောချောင်းအနီးရှိမိုးမခပင်များကဲ့သို့ စိမ်းလန်းဝေဆာလျက်နေကြလိမ့်မည်။
זֶ֤ה יֹאמַר֙ לַֽיהוָ֣ה אָ֔נִי וְזֶ֖ה יִקְרָ֣א בְשֵֽׁם־יַעֲקֹ֑ב וְזֶ֗ה יִכְתֹּ֤ב יָדֹו֙ לַֽיהוָ֔ה וּבְשֵׁ֥ם יִשְׂרָאֵ֖ל יְכַנֶּֽה׃ פ | 5 |
၅``လူတို့သည်တစ်ယောက်ပြီးတစ်ယောက် `ငါသည်ထာဝရဘုရား၏လူဖြစ်ပါသည်' ဟု ပြောဆိုကြလိမ့်မည်။ သူတို့သည်ဣသရေလအမျိုးသားများနှင့် အတူ လာရောက်နေထိုင်ကြလိမ့်မည်။ သူတို့သည်ကိုယ်စီကိုယ်ငှလက်မောင်းတွင် ထာဝရဘုရား၏နာမတော်ကိုရေးမှတ်ကာ၊ မိမိတို့ကိုယ်ကိုထာဝရဘုရား၏လူမျိုး တော်ဟု မှည့်ခေါ်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
כֹּֽה־אָמַ֨ר יְהוָ֧ה מֶֽלֶךְ־יִשְׂרָאֵ֛ל וְגֹאֲלֹ֖ו יְהוָ֣ה צְבָאֹ֑ות אֲנִ֤י רִאשֹׁון֙ וַאֲנִ֣י אַחֲרֹ֔ון וּמִבַּלְעָדַ֖י אֵ֥ין אֱלֹהִֽים׃ | 6 |
၆ဣသရေလအမျိုးကိုအစိုးရ၍ကာကွယ် စောင့်ရှောက်တော်မူသောထာဝရဘုရား၊ အနန္တတန်ခိုးရှင်ထာဝရဘုရားက ``ငါသည်ကပ်ကာလအစမှအဆုံးတိုင် အောင် တည်နေတော်မူသောအရှင်၊ တစ်ဆူတည်းသောဘုရားသခင်ဖြစ်တော် မူ၏။ ငါမှတစ်ပါးအခြားအဘယ်ဘုရားမျှမရှိ။
וּמִֽי־כָמֹ֣ונִי יִקְרָ֗א וְיַגִּידֶ֤הָ וְיַעְרְכֶ֙הָ֙ לִ֔י מִשּׂוּמִ֖י עַם־עֹולָ֑ם וְאֹתִיֹּ֛ות וַאֲשֶׁ֥ר תָּבֹ֖אנָה יַגִּ֥ידוּ לָֽמֹו׃ | 7 |
၇ငါပြုခဲ့သည့်အမှုတို့ကိုပြုနိုင်၍ကပ် ကာလအစမှ အဆုံးတိုင်အောင်ဖြစ်ပျက်မည့်အမှုအရာ မှန်သမျှကို ပြတ်သားစွာကြိုတင်ဖော်ပြနိုင်သူတစ်စုံ တစ်ယောက် ရှိပါသလော'' ဟုမိန့်တော်မူ၏။
אַֽל־תִּפְחֲדוּ֙ וְאַל־תִּרְה֔וּ הֲלֹ֥א מֵאָ֛ז הִשְׁמַעְתִּ֥יךָ וְהִגַּ֖דְתִּי וְאַתֶּ֣ם עֵדָ֑י הֲיֵ֤שׁ אֱלֹ֙והַּ֙ מִבַּלְעָדַ֔י וְאֵ֥ין צ֖וּר בַּל־יָדָֽעְתִּי׃ | 8 |
၈အို ငါ၏လူမျိုးတော်၊ မကြောက်ကြနှင့်၊ ငါသည်ရှေးပဝေသဏီကာလမှစ၍ ယခုတိုင်အောင်ဖြစ်ပျက်မည့်အမှုအရာမှန် သမျှကို ကြိုတင်ကြေညာခဲ့သည်ကိုသင်တို့သိကြ၏။ သင်တို့သည်ငါ၏အသိသက်သေများဖြစ် ကြပါသည်တကား။ ငါမှတစ်ပါးအခြားအဘယ်ဘုရားရှိပါ သနည်း။ အဘယ်အခါ၌မျှငါမကြားဘူးသည့် တန်ခိုးတော်ရှင်ဘုရားသခင်ရှိပါသလော။
יֹֽצְרֵי־פֶ֤סֶל כֻּלָּם֙ תֹּ֔הוּ וַחֲמוּדֵיהֶ֖ם בַּל־יֹועִ֑ילוּ וְעֵדֵיהֶ֣ם הֵ֗ׄמָּׄהׄ בַּל־יִרְא֛וּ וּבַל־יֵדְע֖וּ לְמַ֥עַן יֵבֹֽשׁוּ׃ | 9 |
၉ရုပ်တုဆင်းတုပြုလုပ်သူအပေါင်းတို့သည် တန်ဖိုးမဲ့သူများဖြစ်၍ သူတို့အမြတ်တနိုး ထားသည့်ဘုရားများသည်လည်းအသုံးမဝင် ကြ။ ထိုဘုရားများကိုကိုးကွယ်ဝတ်ပြုကြ သောသူတို့သည်မျက်စိကန်းသူများ၊ အသိ ပညာကင်းမဲ့သူများဖြစ်၏။ သူတို့သည် အသရေပျက်ကြလိမ့်မည်။-
מִֽי־יָצַ֥ר אֵ֖ל וּפֶ֣סֶל נָסָ֑ךְ לְבִלְתִּ֖י הֹועִֽיל׃ | 10 |
၁၀ဘုရားအဖြစ်ဝတ်ပြုကိုးကွယ်ရန်အတွက် ရုပ်တုကိုသွန်းလုပ်မှုသည်အကျိုးမရှိ ပါတကား။-
הֵ֤ן כָּל־חֲבֵרָיו֙ יֵבֹ֔שׁוּ וְחָרָשִׁ֥ים הֵ֖מָּה מֵֽאָדָ֑ם יִֽתְקַבְּצ֤וּ כֻלָּם֙ יַֽעֲמֹ֔דוּ יִפְחֲד֖וּ יֵבֹ֥שׁוּ יָֽחַד׃ | 11 |
၁၁ထိုရုပ်တုကိုဝတ်ပြုကိုးကွယ်သူမှန်သမျှ သည် ရှုတ်ချခြင်းကိုခံရလိမ့်မည်။ ရုပ်တုဆင်း တုများကိုသွန်းလုပ်သူတို့သည် သာမန်လူ သားများသာလျှင်ဖြစ်ပေသည်။ သူတို့သည် ငါ၏ရှေ့တော်သို့လာရောက်၍အစစ်အဆေး ခံကြပါလေစေ။ သူတို့သည်ထိတ်လန့် တုန်လှုပ်ကာအရှက်ကွဲရကြလိမ့်မည်။
חָרַ֤שׁ בַּרְזֶל֙ מַֽעֲצָ֔ד וּפָעַל֙ בַּפֶּחָ֔ם וּבַמַּקָּבֹ֖ות יִצְּרֵ֑הוּ וַיִּפְעָלֵ֙הוּ֙ בִּזְרֹ֣ועַ כֹּחֹ֔ו גַּם־רָעֵב֙ וְאֵ֣ין כֹּ֔חַ לֹא־שָׁ֥תָה מַ֖יִם וַיִּיעָֽף׃ | 12 |
၁၂ပန်းပဲသမားသည်သံကိုယူပြီးလျှင်မီးတွင် ဖုတ်၏။ ထိုနောက်မိမိ၏သန်မာသောလက်ရုံး ကိုလွှဲ၍သံတူနှင့်ထုကာပုံဖော်ပေး၏။ သူ သည်အစာရေစာမွတ်သိပ်၍မောပန်းတတ် သူဖြစ်၏။
חָרַ֣שׁ עֵצִים֮ נָ֣טָה קָו֒ יְתָאֲרֵ֣הוּ בַשֶּׂ֔רֶד יַעֲשֵׂ֙הוּ֙ בַּמַּקְצֻעֹ֔ות וּבַמְּחוּגָ֖ה יְתָאֳרֵ֑הוּ וַֽיַּעֲשֵׂ֙הוּ֙ כְּתַבְנִ֣ית אִ֔ישׁ כְּתִפְאֶ֥רֶת אָדָ֖ם לָשֶׁ֥בֶת בָּֽיִת׃ | 13 |
၁၃ပန်းပုသမားသည်သစ်သားကိုတိုင်းတာပြီး လျှင် ရုပ်ပုံတစ်ခုကိုမြေဖြူနှင့်ရေးဆွဲ၍ မိမိ ၏တန်ဆာပလာများဖြင့်ထုလုပ်တတ်၏။ သူ သည်ဝတ်ပြုကိုးကွယ်ရာဌာနတွင်ထားရှိ ရန်အတွက် လှပသောလူရုပ်တစ်ခုကိုထု လုပ်လေသည်။-
לִכְרָת־לֹ֣ו אֲרָזִ֔ים וַיִּקַּ֤ח תִּרְזָה֙ וְאַלֹּ֔ון וַיְאַמֶּץ־לֹ֖ו בַּעֲצֵי־יָ֑עַר נָטַ֥ע אֹ֖רֶן וְגֶ֥שֶׁם יְגַדֵּֽל׃ | 14 |
၁၄သူသည်မိမိအသုံးပြုရန်အာရဇ်ပင်(သစ်ကတိုး) ကိုခုတ်လှဲရ၏။ တောမှဝက်သစ်ချသား၊ သို့မ ဟုတ်ထင်းရှူးသားကိုရွေးချယ်ရာ၏။ ထိုသို့ မဟုတ်သေးလျှင်လည်းသပိတ်ပင်ကိုစိုက်ပျိုး ကာအပင်ပေါက်၍ရင့်သန်လာစေရန်မိုး ကိုစောင့်မျှော်တတ်၏။-
וְהָיָ֤ה לְאָדָם֙ לְבָעֵ֔ר וַיִּקַּ֤ח מֵהֶם֙ וַיָּ֔חָם אַף־יַשִּׂ֖יק וְאָ֣פָה לָ֑חֶם אַף־יִפְעַל־אֵל֙ וַיִּשְׁתָּ֔חוּ עָשָׂ֥הוּ פֶ֖סֶל וַיִּסְגָּד־לָֽמֹו׃ | 15 |
၁၅လူသည်သစ်ပင်တစ်ပိုင်းကိုထင်းအဖြစ်ဖြင့် လည်းကောင်း၊ အခြားတစ်ပိုင်းကိုရုပ်တုထု လုပ်ရန်လည်းကောင်းအသုံးပြုတတ်၏။ သစ် ပင်တစ်ပိုင်းဖြင့်မီးလှုံရန်နှင့်မုန့်ဖုတ်ရန်မီး ကိုမွှေး၍အခြားတစ်ပိုင်းဖြင့် နတ်ဘုရား ရုပ်တုလုပ်ကာဝတ်ပြုကိုးကွယ်တတ်လေ သည်။-
חֶצְיֹו֙ שָׂרַ֣ף בְּמֹו־אֵ֔שׁ עַל־חֶצְיֹו֙ בָּשָׂ֣ר יֹאכֵ֔ל יִצְלֶ֥ה צָלִ֖י וְיִשְׂבָּ֑ע אַף־יָחֹם֙ וְיֹאמַ֣ר הֶאָ֔ח חַמֹּותִ֖י רָאִ֥יתִי אֽוּר׃ | 16 |
၁၆သူသည်သစ်သားအချို့ဖြင့်မီးကိုမွှေးပြီး လျှင် အမဲသားကိုကင်၍စားကာရောင့်ရဲ လျက်နေတတ်၏။ သူသည်မီးလှုံလျက်နေ ရင်း``ယခုငါသည်ပူနွေး၍လာလေပြီ။ ဤမီးသည်အလွန်နှစ်သက်ဖွယ်ကောင်း ပါသည်တကား'' ဟုဆိုတတ်၏။-
וּשְׁאֵ֣רִיתֹ֔ו לְאֵ֥ל עָשָׂ֖ה לְפִסְלֹ֑ו יִסְגֹּוד־ (יִסְגָּד)־לֹ֤ו וְיִשְׁתַּ֙חוּ֙ וְיִתְפַּלֵּ֣ל אֵלָ֔יו וְיֹאמַר֙ הַצִּילֵ֔נִי כִּ֥י אֵלִ֖י אָֽתָּה׃ | 17 |
၁၇ထိုနောက်သူသည်အခြားကျန်ရှိသောသစ် သားဖြင့်ရုပ်တုတစ်ခုကိုထုလုပ်ပြီးလျှင် ဦးချဝတ်ပြု၍ ထိုရုပ်တုအား``အရှင်သည် ကျွန်တော်မျိုး၏ဘုရားဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးအားကယ်မတော်မူပါ'' ဟု ဆုတောင်းပတ္ထနာပြုတတ်၏။
לֹ֥א יָדְע֖וּ וְלֹ֣א יָבִ֑ינוּ כִּ֣י טַ֤ח מֵֽרְאֹות֙ עֵֽינֵיהֶ֔ם מֵהַשְׂכִּ֖יל לִבֹּתָֽם׃ | 18 |
၁၈ဤသို့သောလူတို့သည်မိုက်မဲထုံထိုင်းလှ သဖြင့် မိမိတို့အဘယ်အမှုကိုပြုလျက် နေသည်ကိုပင်မသိကြ။ အမှန်တရားကို မမြင်မသိနိုင်ရန် မိမိတို့၏မျက်စိများ နှင့်စိတ်နှလုံးတံခါးများကိုပိတ်ထား ကြ၏။-
וְלֹא־יָשִׁ֣יב אֶל־לִבֹּ֗ו וְלֹ֨א דַ֥עַת וְלֹֽא־תְבוּנָה֮ לֵאמֹר֒ חֶצְיֹ֞ו שָׂרַ֣פְתִּי בְמֹו־אֵ֗שׁ וְ֠אַף אָפִ֤יתִי עַל־גֶּחָלָיו֙ לֶ֔חֶם אֶצְלֶ֥ה בָשָׂ֖ר וְאֹכֵ֑ל וְיִתְרֹו֙ לְתֹועֵבָ֣ה אֶעֱשֶׂ֔ה לְב֥וּל עֵ֖ץ אֶסְגֹּֽוד׃ | 19 |
၁၉``ငါသည်သစ်သားအချို့ကိုမီးဆိုက်လိုက် ၏။ မီးကျီးခဲများဖြင့်မုန့်ကိုဖုတ်ကာအမဲ သားကိုကင်၍စား၏။ ကျန်ရှိနေသောသစ် သားဖြင့်ရုပ်တုတစ်ခုကိုပြုလုပ်၏။ ယခု ငါသည်ထိုသစ်သားတုံး၏ရှေ့၌ဦးညွှတ် ပြပ်ဝပ်လျက်နေပါသည်တကား'' ဟုပြော ဆိုနိုင်လောက်အောင်ရုပ်တုထုလုပ်သူတွင် အသိအလိမ္မာဉာဏ်အမြော်အမြင်မရှိ။
רֹעֶ֣ה אֵ֔פֶר לֵ֥ב הוּתַ֖ל הִטָּ֑הוּ וְלֹֽא־יַצִּ֤יל אֶת־נַפְשֹׁו֙ וְלֹ֣א יֹאמַ֔ר הֲלֹ֥וא שֶׁ֖קֶר בִּימִינִֽי׃ ס | 20 |
၂၀သူပြုသောအမှုသည်မီးဖိုပြာကိုစားသ ကဲ့သို့ အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့ပေ၏။ မိမိ ၏မိုက်မှားသောအတွေးအခေါ်များက သူ့ကိုလမ်းလွဲ၍နေစေ၏။ သို့ဖြစ်၍သူ့ အားကူညီပြုစုပေးရန်ပင်မဖြစ်နိုင် တော့ပေ။ သူသည်မိမိလက်တွင်ကိုင်ထား သည့်ရုပ်တုမှာဘုရားလုံးဝမဟုတ် ကြောင်းကိုမသိ။
זְכָר־אֵ֣לֶּה יַעֲקֹ֔ב וְיִשְׂרָאֵ֖ל כִּ֣י עַבְדִּי־אָ֑תָּה יְצַרְתִּ֤יךָ עֶֽבֶד־לִי֙ אַ֔תָּה יִשְׂרָאֵ֖ל לֹ֥א תִנָּשֵֽׁנִי׃ | 21 |
၂၁ထာဝရဘုရားက ``အို ဣသရေလအမျိုးသားတို့၊ ဤအကြောင်းအရာများကို အောက်မေ့သတိရကြလော့။ သင်တို့သည်ငါ၏အစေခံများဖြစ်သည် ကို အောက်မေ့သတိရကြလော့။ သင်တို့အားငါ့၏အစေခံများအဖြစ်ဖြင့် ငါဖန်ဆင်းခဲ့၏။ သို့ဖြစ်၍ငါသည်သင်တို့ကို အဘယ်အခါ၌မျှမေ့လျော့လိမ့်မည်မဟုတ်။
מָחִ֤יתִי כָעָב֙ פְּשָׁעֶ֔יךָ וְכֶעָנָ֖ן חַטֹּאותֶ֑יךָ שׁוּבָ֥ה אֵלַ֖י כִּ֥י גְאַלְתִּֽיךָ׃ | 22 |
၂၂ငါသည်သင်တို့၏အပြစ်များကို မိုးတိမ်သဖွယ် လွင့်စင်သွားစေပြီ။ ငါ့ထံသို့ပြန်လာကြလော့။ သင်တို့ကို ကယ်တင်သူကားငါပင်ဖြစ်၏။''
רָנּ֨וּ שָׁמַ֜יִם כִּֽי־עָשָׂ֣ה יְהוָ֗ה הָרִ֙יעוּ֙ תַּחְתִּיֹּ֣ות אָ֔רֶץ פִּצְח֤וּ הָרִים֙ רִנָּ֔ה יַ֖עַר וְכָל־עֵ֣ץ בֹּ֑ו כִּֽי־גָאַ֤ל יְהוָה֙ יַֽעֲקֹ֔ב וּבְיִשְׂרָאֵ֖ל יִתְפָּאָֽר׃ פ | 23 |
၂၃အချင်းမိုးကောင်းကင်၊ ဝမ်းမြောက်ရွှင်လန်း စွာ ကြွေးကြော်ကြလော့။ ကမ္ဘာမြေကြီးရှိနက်ရှိုင်းရာအရပ်တို့၊ ကြွေးကြော်ကြလော့။ တောင်များနှင့်တောမှသစ်ပင်အပေါင်းတို့၊ ဝမ်းမြောက်ရွှင်လန်းစွာကြွေးကြော်ကြလော့။ ထာဝရဘုရားသည်မိမိ၏လူမျိုးတော် ဣသရေလအမျိုးသားတို့အားကယ်တော် မူ၍၊ မိမိ၏ ဘုန်းအာနုဘော်တော်ကိုပြတော်မူပြီ။
כֹּֽה־אָמַ֤ר יְהוָה֙ גֹּאֲלֶ֔ךָ וְיֹצֶרְךָ֖ מִבָּ֑טֶן אָנֹכִ֤י יְהוָה֙ עֹ֣שֶׂה כֹּ֔ל נֹטֶ֤ה שָׁמַ֙יִם֙ לְבַדִּ֔י רֹקַ֥ע הָאָ֖רֶץ מִי אִתִּי (מֵאִתִּֽי)׃ | 24 |
၂၄``ငါသည်သင်တို့ကို ဖန်ဆင်းတော်မူသောအရှင်ကယ်တင်ရှင်၊ ထာဝရဘုရားဖြစ်တော်မူ၏။ ငါသည်ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းသည့် ထာဝရဘုရားတည်း။ မိုးကောင်းကင်ကိုငါတစ်ပါးတည်းဖြန့်ကြက်ခဲ့၏။ ကမ္ဘာမြေကြီးကိုငါဖန်ဆင်းသောအခါ အဘယ်သူမျှငါ့အားမကူညီခဲ့ကြ။
מֵפֵר֙ אֹתֹ֣ות בַּדִּ֔ים וְקֹסְמִ֖ים יְהֹולֵ֑ל מֵשִׁ֧יב חֲכָמִ֛ים אָחֹ֖ור וְדַעְתָּ֥ם יְשַׂכֵּֽל׃ | 25 |
၂၅ငါသည်ဗေဒင်ဆရာတို့ကိုအရူးဖြစ်စေ၍ နက္ခတ်ဆရာတို့၏ဟောကြားချက်များကို ပျက်ပြားစေ၏။ ပညာရှိတို့၏စကားများကိုချေပ၍သူတို့ ပညာရှိမှုသည်မိုက်မဲမှုဖြစ်နေပုံကိုပြသ ပေး၏။
מֵקִים֙ דְּבַ֣ר עַבְדֹּ֔ו וַעֲצַ֥ת מַלְאָכָ֖יו יַשְׁלִ֑ים הָאֹמֵ֨ר לִירוּשָׁלַ֜͏ִם תּוּשָׁ֗ב וּלְעָרֵ֤י יְהוּדָה֙ תִּבָּנֶ֔ינָה וְחָרְבֹותֶ֖יהָ אֲקֹומֵֽם׃ | 26 |
၂၆သို့ရာတွင်ကြိုတင်ဟောကြားမှုတစ်စုံတစ်ရာကို ငါ၏အစေခံပြုသောအခါ၌လည်းကောင်း၊ ငါ၏အကြံအစည်တော်များကိုဖော်ပြရန် တမန်တော်တစ်ဦးဦးကိုငါစေလွှတ် သောအခါ၌လည်းကောင်း၊ ငါသည်ထိုအကြံအစည်များနှင့် ကြိုတင်ဟောကြားမှုတို့ကိုအကောင်အထည် ပေါ်စေပါ၏။ ယေရုရှလင်မြို့တွင်လူတို့တစ်ဖန်ပြန်၍ နေထိုင်ကြလိမ့်မည်။ ယုဒမြို့များကိုပြန်လည်ထူထောင်ကြလိမ့် မည်ဟူ၍ ထိုမြို့အသီးသီးတို့အားငါပြောကြားပါ၏။ ထိုမြို့တို့သည်ပြိုပျက်ရာမှပြန်လည်စည်ကား တိုးတက်၍လာလိမ့်မည်။
הָאֹמֵ֥ר לַצּוּלָ֖ה חֳרָ֑בִי וְנַהֲרֹתַ֖יִךְ אֹובִֽישׁ׃ | 27 |
၂၇ငါသည်အမိန့်ပေး၍သမုဒ္ဒရာကိုခန်းခြောက် စေ၏။
הָאֹמֵ֤ר לְכֹ֙ורֶשׁ֙ רֹעִ֔י וְכָל־חֶפְצִ֖י יַשְׁלִ֑ם וְלֵאמֹ֤ר לִירוּשָׁלַ֙͏ִם֙ תִּבָּנֶ֔ה וְהֵיכָ֖ל תִּוָּסֵֽד׃ ס | 28 |
၂၈ကုရုဘုရင်အားလည်း`သင်သည်ငါ၏ကိုယ် စား အုပ်စိုးရမည့်သူဖြစ်၏။ သင်သည်ငါအလိုရှိသည့်အမှုတို့ကိုပြုရမည်။ ယေရုရှလင်မြို့ကိုပြန်လည်တည်ထောင်ရန်နှင့် ဗိမာန်တော်အုတ်မြစ်များကိုချရန် အမိန့်ပေးရမည်ဟုငါဆို၏' '' ဟူ၍ မိန့်တော်မူ၏။