< יְשַׁעְיָהוּ 22 >

מַשָּׂ֖א גֵּ֣יא חִזָּיֹ֑ון מַה־לָּ֣ךְ אֵפֹ֔וא כִּֽי־עָלִ֥ית כֻּלָּ֖ךְ לַגַּגֹּֽות׃ 1
ဤ​ဗျာ​ဒိတ်​တော်​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ချိုင့် ဝှမ်း​နှင့် သက်​ဆိုင်​သည့်​ဗျာ​ဒိတ်​တော်​ဖြစ်​၏။ မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​သည်​အ​ဘယ်​ကြောင့် မိ​မိ​တို့​အိမ်​ခေါင်​မိုး​များ​အ​ပေါ်​တွင်​ပွဲ​လမ်း သ​ဘင်​ဆင်​ယင်​ကျင်း​ပ​နေ​ကြ​ပါ​သ​နည်း။ အ​ဘယ်​အ​မှု​အ​ရာ​ဖြစ်​ပျက်​လျက်​ရှိ​ပါ သ​နည်း။-
תְּשֻׁאֹ֣ות ׀ מְלֵאָ֗ה עִ֚יר הֹֽומִיָּ֔ה קִרְיָ֖ה עַלִּיזָ֑ה חֲלָלַ֙יִךְ֙ לֹ֣א חַלְלֵי־חֶ֔רֶב וְלֹ֖א מֵתֵ֥י מִלְחָמָֽה׃ 2
တစ်​မြို့​လုံး​ပင်​အုတ်​အုတ်​ကျက်​ကျက်​ဖြစ် လျက် လူ​တို့​စိတ်​လှုပ်​ရှား​အော်​ဟစ်​သံ​များ နှင့်​ပြည့်​နှက်​၍​နေ​၏။ သင်​၏​လူ​တို့​သည်​ဤ​စစ်​ပွဲ​တွင်​တိုက်​ခိုက် ရင်း​ကျ​ဆုံး​ရ​ကြ​သည်​မ​ဟုတ်။-
כָּל־קְצִינַ֥יִךְ נָֽדְדוּ־יַ֖חַד מִקֶּ֣שֶׁת אֻסָּ֑רוּ כָּל־נִמְצָאַ֙יִךְ֙ אֻסְּר֣וּ יַחְדָּ֔ו מֵרָחֹ֖וק בָּרָֽחוּ׃ 3
မြား​တစ်​စင်း​ကို​မျှ​မ​ပစ်​မ​လွှတ်​ရ​မီ သင် ၏​ခေါင်း​ဆောင်​အ​ပေါင်း​သည်​ထွက်​ပြေး​သ​ဖြင့် သုံ့​ပန်း​အ​ဖြစ်​အ​ဖမ်း​ခံ​ရ​ကြ​၏။-
עַל־כֵּ֥ן אָמַ֛רְתִּי שְׁע֥וּ מִנִּ֖י אֲמָרֵ֣ר בַּבֶּ֑כִי אַל־תָּאִ֣יצוּ לְנַֽחֲמֵ֔נִי עַל־שֹׁ֖ד בַּת־עַמִּֽי׃ 4
ယ​ခု​ငါ့​အား​တစ်​ကိုယ်​တည်း​ပြင်း​ပြ​စွာ ငို​ကြွေး​ခွင့်​ပြု​ပါ​လော့။ ငါ​၏​လူ​အ​မြောက် အ​မြား​သေ​ကြေ​ပျက်​စီး​ကြ​ပြီ​ဖြစ်​၍ ငါ့​အား​နှစ်​သိမ့်​ရန်​မ​ကြိုး​စား​ပါ​နှင့်။-
כִּ֣י יֹום֩ מְהוּמָ֨ה וּמְבוּסָ֜ה וּמְבוּכָ֗ה לַֽאדֹנָ֧י יְהוִ֛ה צְבָאֹ֖ות בְּגֵ֣יא חִזָּיֹ֑ון מְקַרְקַ֥ר קִ֖ר וְשֹׁ֥ועַ אֶל־הָהָֽר׃ 5
ဤ​အ​ချိန်​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ချိုင့်​ဝှမ်း တွင်​ကြောက်​လန့်​မှု၊ အ​ရေး​ရှုံး​နိမ့်​မှု​နှင့်​က​စင့် က​လျား​ဖြစ်​ပွား​မှု​များ​ပေါ်​ပေါက်​ရာ​ကာ​လ ပင်​ဖြစ်​၏။ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား က​လည်း ငါ​တို့​အား​ထို​ကာ​လ​နှင့်​ကြုံ​တွေ့ စေ​တော်​မူ​လေ​ပြီ။ ငါ​တို့​၏​မြို့​ရိုး​များ​သည် အ​ဖြို​ခံ​ရကြ​လေ​ပြီ။ ကယ်​မ​ရန်​လူ​တို့ အော်​ဟစ်​ကြ​သည့်​အ​သံ​များ​သည်​လည်း တောင်​ကုန်း​များ​တွင်​ပဲ့​တင်​ထပ်​လျက်​နေ လေ​ပြီ။
וְעֵילָם֙ נָשָׂ֣א אַשְׁפָּ֔ה בְּרֶ֥כֶב אָדָ֖ם פָּֽרָשִׁ֑ים וְקִ֥יר עֵרָ֖ה מָגֵֽן׃ 6
ဧ​လံ​ပြည်​မှ​မြင်း​စီး​သူ​ရဲ​တို့​သည် လေး​မြား များ​ကို​ကိုင်​ဆောင်​လာ​ကြ​၏။ ကိ​ရ​ပြည်​မှ စစ်​သူ​ရဲ​တို့​က​လည်း ဒိုင်း​လွှား​များ​ကို အ​သင့်​ကိုင်​ဆောင်​ထား​ကြ​၏။-
וַיְהִ֥י מִבְחַר־עֲמָקַ֖יִךְ מָ֣לְאוּ רָ֑כֶב וְהַפָּ֣רָשִׁ֔ים שֹׁ֖ת שָׁ֥תוּ הַשָּֽׁעְרָה׃ 7
မြေ​သြ​ဇာ​ထက်​သန်​သည့်​ယု​ဒ​ချိုင့်​ဝှမ်း​များ သည် စစ်​မြင်း​ရ​ထား​များ​နှင့်​ပြည့်​နှက်​လျက် ရှိ​ပြီး​လျှင် မြင်း​စီး​သူ​ရဲ​တို့​သည်​ယေ​ရု ရှ​လင်​မြို့​တံ​ခါး​တွင်​ရပ်​လျက်​နေ​ကြ​၏။-
וַיְגַ֕ל אֵ֖ת מָסַ֣ךְ יְהוּדָ֑ה וַתַּבֵּט֙ בַּיֹּ֣ום הַה֔וּא אֶל־נֶ֖שֶׁק בֵּ֥ית הַיָּֽעַר׃ 8
ယု​ဒ​ပြည်​၏​ခံ​တပ်​ရှိ​သ​မျှ​တို့​သည်​ကား ပြို​ပျက်​၍​သွား​လေ​ပြီ။ ထို​အ​ခါ​သင်​၏​လူ​တို့​သည်​လက်​နက်​တိုက် မှ​လက်​နက်​များ​ကို​ထုတ်​ယူ​ကြ​၏။-
וְאֵ֨ת בְּקִיעֵ֧י עִיר־דָּוִ֛ד רְאִיתֶ֖ם כִּי־רָ֑בּוּ וַֽתְּקַבְּצ֔וּ אֶת־מֵ֥י הַבְּרֵכָ֖ה הַתַּחְתֹּונָֽה׃ 9
မြို့​ရိုး​တို့​တွင်​ပျက်​စီး​နေ​သည်​နေ​ရာ​များ ကို​ပြင်​ဆင်​ရန်​ကြည့်​ရှု​ကြ​၏။
וְאֶת־בָּתֵּ֥י יְרוּשָׁלַ֖͏ִם סְפַרְתֶּ֑ם וַתִּתְֿצוּ֙ הַבָּ֣תִּ֔ים לְבַצֵּ֖ר הַחֹומָֽה׃ 10
၁၀မြို့​ထဲ​ရှိ​အိမ်​များ​ကို​ရေ​တွက်​ကာ​မြို့​ရိုး​များ ပြင်​ဆင်​ရန်​ကျောက်​တုံး​များ​ရ​ရှိ​ရေး​အ​တွက် အိမ်​အ​ချို့​ကို​ဖြို​ချ​ကြ​၏။-
וּמִקְוָ֣ה ׀ עֲשִׂיתֶ֗ם בֵּ֚ין הַחֹ֣מֹתַ֔יִם לְמֵ֖י הַבְּרֵכָ֣ה הַיְשָׁנָ֑ה וְלֹ֤א הִבַּטְתֶּם֙ אֶל־עֹשֶׂ֔יהָ וְיֹצְרָ֥הּ מֵֽרָחֹ֖וק לֹ֥א רְאִיתֶֽם׃ 11
၁၁ရေ​ကန်​ဟောင်း​မှ​စီး​ဆင်း​လာ​သည့်​ရေ​တို့​ကို မြို့​တွင်း​၌​သို​လှောင်​ထား​နိုင်​ရန် ရေ​လှောင်​ကန် တစ်​ခု​ကို​လည်း​တူး​ကြ​၏။ သို့​ရာ​တွင်​သူ တို့​သည်​ဤ​အ​မှု​ကို​ရှေး​မ​ဆွ​က​ပင် စီ​မံ ထား​တော်​မူ​သော​အ​ရှင်၊ ဖြစ်​ပျက်​စေ​တော် မူ​သော​အ​ရှင်​ဘု​ရား​သ​ခင်​ကို​မူ​အ​လေး ဂ​ရု​မ​ပြု​ကြ။
וַיִּקְרָ֗א אֲדֹנָ֧י יְהוִ֛ה צְבָאֹ֖ות בַּיֹּ֣ום הַה֑וּא לִבְכִי֙ וּלְמִסְפֵּ֔ד וּלְקָרְחָ֖ה וְלַחֲגֹ֥ר שָֽׂק׃ 12
၁၂ထို​စဉ်​အ​ခါ​က​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​သည် သင့်​အား​ငို​ကြွေး​၍၊ ဝမ်းနည်း​သည့် အ​မှတ်​လက္ခ​ဏာ​ပြ​ရန်​နှင့်​ခေါင်း​တုံး​ရိတ်​၍ လျှော်​တေ​ကို​ဝတ်​ရန်​စေ​ခိုင်း​တော်​မူ​ခဲ့​၏။-
וְהִנֵּ֣ה ׀ שָׂשֹׂ֣ון וְשִׂמְחָ֗ה הָרֹ֤ג ׀ בָּקָר֙ וְשָׁחֹ֣ט צֹ֔אן אָכֹ֥ל בָּשָׂ֖ר וְשָׁתֹ֣ות יָ֑יִן אָכֹ֣ול וְשָׁתֹ֔ו כִּ֥י מָחָ֖ר נָמֽוּת׃ 13
၁၃သင်​သည်​ယင်း​သို့​ပြု​မည့်​အ​စား​ရယ်​မော လျက် ပွဲ​လမ်း​သ​ဘင်​ကျင်း​ပ​ကာ​နေ​ခဲ့​၏။ သိုး​နွား​များ​ကို​သတ်​၍​စား​ကာ​စပျစ်​ရည် ကို​သောက်​ခဲ့​၏။ ``နက်​ဖြန်​သေ​ရကြ​မည် ဖြစ်​၍​ယ​ခု​ငါ​တို့​စား​ကြ​သောက်​ကြ ကုန်​အံ့'' ဟု​သင်​ဆို​ခဲ့​၏။
וְנִגְלָ֥ה בְאָזְנָ֖י יְהוָ֣ה צְבָאֹ֑ות אִם־יְ֠כֻפַּר הֶעָוֹן֙ הַזֶּ֤ה לָכֶם֙ עַד־תְּמֻת֔וּן אָמַ֛ר אֲדֹנָ֥י יְהוִ֖ה צְבָאֹֽות׃ פ 14
၁၄အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော် တိုင်​ပင်​ငါ့​အား``ထို​သူ​တို့​သည်​ဤ​မ​ကောင်း မှု​အ​တွက်​မိ​မိ​အ​သက်​ရှင်​သ​မျှ​ကာ​လ ပတ်​လုံး အ​ဘယ်​အ​ခါ​၌​မျှ​အ​ပြစ်​ဖြေ​လွှတ် ရကြ​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား​အ​နန္တ​တန်​ခိုး ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စကား ပင်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​ပါ​၏။
כֹּ֥ה אָמַ֛ר אֲדֹנָ֥י יְהוִ֖ה צְבָאֹ֑ות לֶךְ־בֹּא֙ אֶל־הַסֹּכֵ֣ן הַזֶּ֔ה עַל־שֶׁבְנָ֖א אֲשֶׁ֥ר עַל־הַבָּֽיִת׃ 15
၁၅အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို နန်း​တော်​အုပ်​ချုပ်​ရေး​မှူး​ရှေ​ဗ​န​၏​အိမ်​သို့ သွား​၍​သူ့​အား၊-
מַה־לְּךָ֥ פֹה֙ וּמִ֣י לְךָ֣ פֹ֔ה כִּֽי־חָצַ֧בְתָּ לְּךָ֛ פֹּ֖ה קָ֑בֶר חֹצְבִ֤י מָרֹום֙ קִבְרֹ֔ו חֹקְקִ֥י בַסֶּ֖לַע מִשְׁכָּ֥ן לֹֽו׃ 16
၁၆``သင်​သည်​မိ​မိ​ကိုယ်​ကို​အ​ဘယ်​သူ​ဟု​ထင် မှတ်​ပါ​သ​နည်း။ ကျောက်​တောင်​နံ​ရံ​တွင် မိ​မိ တို့​အ​တွက်​သင်္ချိုင်း​ဂူ​ကို​ထွင်း​ထု​လုပ်​ပိုင်​ခွင့် သင့်​မှာ​ရှိ​ပါ​သ​လော။-
הִנֵּ֤ה יְהוָה֙ מְטַלְטֶלְךָ֔ טַלְטֵלָ֖ה גָּ֑בֶר וְעֹטְךָ֖ עָטֹֽה׃ 17
၁၇သင်​သည်​အ​ရေး​ပါ​အ​ရာ​ရောက်​သူ​တစ်​ဦး ဖြစ်​ကောင်း​ဖြစ်​ပေ​မည်။ သို့​ရာ​တွင်​ထာ​ဝ​ရ ဘု​ရား​သည် သင့်​အား​ဆွဲ​ကိုင်​၍​ပစ်​ထုတ် တော်​မူ​လိမ့်​မည်။-
צָנֹ֤וף יִצְנָפְךָ֙ צְנֵפָ֔ה כַּדּ֕וּר אֶל־אֶ֖רֶץ רַחֲבַ֣ת יָדָ֑יִם שָׁ֣מָּה תָמ֗וּת וְשָׁ֙מָּה֙ מַרְכְּבֹ֣ות כְּבֹודֶ֔ךָ קְלֹ֖ון בֵּ֥ית אֲדֹנֶֽיךָ׃ 18
၁၈ကိုယ်​တော်​သည်​သင့်​အား​လောက်​စာ​သ​ဖွယ် လုံး​၍ ပို​မို​ကျယ်​ဝန်း​သော​ပြည်​သို့​ပစ်​ထုတ် တော်​မူ​လိမ့်​မည်။ သင်​သည်​ထို​ပြည်​တွင် မိ​မိ ဂုဏ်​ယူ​ဝါ​ကြွား​သည့်​စစ်​ရ​ထား​များ​အ​နီး တွင်​သေ​ရ​လိမ့်​မည်။ သင်​သည်​မိ​မိ​အ​ရှင်​၏ နန်း​တော်​ကို အ​သ​ရေ​ယုတ်​စေ​လိမ့်​မည်။-
וַהֲדַפְתִּ֖יךָ מִמַּצָּבֶ֑ךָ וּמִמַּעֲמָֽדְךָ֖ יֶהֶרְסֶֽךָ׃ 19
၁၉ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို​အ​လုပ်​မှ ထုတ်​ပယ်​တော်​မူ​၍ ကြီး​မြင့်​သည့်​ရာ​ထူး မှ​ဖြုတ်​ချ​တော်​မူ​လိမ့်​မည်'' ဟု​ပြော ကြား​စေ​တော်​မူ​ပါ​၏။
וְהָיָ֖ה בַּיֹּ֣ום הַה֑וּא וְקָרָ֣אתִי לְעַבְדִּ֔י לְאֶלְיָקִ֖ים בֶּן־חִלְקִיָּֽהוּ׃ 20
၂၀ထာ​ဝ​ရ​ဘု​ရား​က​ရှေ​ဗ​န​အား``ငါ​သည် မိ​မိ​၏​အ​စေ​ခံ၊ ဟိ​လ​ခိ​၏​သား​ဧ​လျာ ကိမ်​ကို​ခေါ်​ယူ​ကာ၊-
וְהִלְבַּשְׁתִּ֣יו כֻּתָּנְתֶּ֗ךָ וְאַבְנֵֽטְךָ֙ אֲחַזְּקֶ֔נּוּ וּמֶֽמְשֶׁלְתְּךָ֖ אֶתֵּ֣ן בְּיָדֹ֑ו וְהָיָ֥ה לְאָ֛ב לְיֹושֵׁ֥ב יְרוּשָׁלַ֖͏ִם וּלְבֵ֥ית יְהוּדָֽה׃ 21
၂၁သင်​ရာ​ထူး​အ​လျောက်​ဝတ်​ဆင်​ရ​သည့်​ဝတ် လုံ​ကို​သူ့​အား​ဝတ်​ဆင်​စေ​၍ သင်​၏​ခါး​စည်း ကို​စည်း​စေ​လော့။ သင်​ရ​ရှိ​ခဲ့​သော​အ​ခွင့် အာ​ဏာ​ရှိ​သ​မျှ​ကို​အပ်​နှင်း​မည်။ ထို​သူ သည်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​များ​နှင့် ယု​ဒ​ပြည်​သူ​တို့​အ​တွက် ဖ​ခင်​သ​ဖွယ် ဖြစ်​လိမ့်​မည်။-
וְנָתַתִּ֛י מַפְתֵּ֥חַ בֵּית־דָּוִ֖ד עַל־שִׁכְמֹ֑ו וּפָתַח֙ וְאֵ֣ין סֹגֵ֔ר וְסָגַ֖ר וְאֵ֥ין פֹּתֵֽחַ׃ 22
၂၂ငါ​သည်​သူ့​အား​ဒါ​ဝိဒ်​၏​သား​မြေး​ဖြစ်​သူ ပြည်​ရှင်​မင်း​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​ရန် အာ​ဏာ​အ​ပြည့်​အ​ဝ​အပ်​နှင်း​ပေး​မည်။ သူ သည်​အ​လုပ်​ဝတ္တ​ရား​များ​ဆောင်​ရွက်​ရာ​တွင် သော့​ချက်​သ​ဖွယ်​ဖြစ်​၍​သူ​ပြု​သည့်​အ​မှု တို့​ကို​အ​ဘယ်​သူ​မျှ​ပြင်​ဆင်​ပြောင်း​လဲ နိုင်​လိမ့်​မည်​မ​ဟုတ်။-
וּתְקַעְתִּ֥יו יָתֵ֖ד בְּמָקֹ֣ום נֶאֱמָ֑ן וְהָיָ֛ה לְכִסֵּ֥א כָבֹ֖וד לְבֵ֥ית אָבִֽיו׃ 23
၂၃ငါ​သည်​ခိုင်​မြဲ​စွာ​ရိုက်​ထား​သည့်​ငုတ်​ကဲ့​သို့ သူ့​အား​မြဲ​မြံ​စွာ​ထား​ရှိ​မည်။ သူ​သည်​လည်း မိ​မိ​အိမ်​ထောင်​စု​တစ်​စု​လုံး​၏​ဂုဏ်​အ​သ ရေ​ကို​ဆောင်​လိမ့်​မည်။
וְתָל֨וּ עָלָ֜יו כֹּ֣ל ׀ כְּבֹ֣וד בֵּית־אָבִ֗יו הַצֶּֽאֱצָאִים֙ וְהַצְּפִעֹ֔ות כֹּ֖ל כְּלֵ֣י הַקָּטָ֑ן מִכְּלֵי֙ הָֽאַגָּנֹ֔ות וְעַ֖ד כָּל־כְּלֵ֥י הַנְּבָלִֽים׃ 24
၂၄``သို့​ရာ​တွင်​ဆွေ​မျိုး​ညာ​တိ​များ​နှင့်​မှီ​ခို သူ​တို့​သည် သူ​၏​အ​တွက်​ဝန်​ထုပ်​ဝန်​ပိုး​ဖြစ် ၍​နေ​လိမ့်​မည်။ ငုတ်​တွင်​ဆွဲ​ချိပ်​ထား​သည့်​အိုး ခွက်​များ​ကဲ့​သို့ သူ​တို့​သည်​သူ့​ကို​တွယ်​ကပ် နေ​ကြ​လိမ့်​မည်။-
בַּיֹּ֣ום הַה֗וּא נְאֻם֙ יְהוָ֣ה צְבָאֹ֔ות תָּמוּשׁ֙ הַיָּתֵ֔ד הַתְּקוּעָ֖ה בְּמָקֹ֣ום נֶאֱמָ֑ן וְנִגְדְּעָ֣ה וְנָפְלָ֗ה וְנִכְרַת֙ הַמַּשָּׂ֣א אֲשֶׁר־עָלֶ֔יהָ כִּ֥י יְהוָ֖ה דִּבֵּֽר׃ ס 25
၂၅ဤ​သို့​ဖြစ်​ပျက်​လာ​သော​အ​ခါ​ခိုင်​မြဲ​စွာ ရိုက်​သွင်း​ထား​သည့်​ငုတ်​သည် ချောင်​၍​လာ ကာ​လဲ​ကျ​သွား​လိမ့်​မည်။ ယင်း​တွင်​ဆွဲ​ချိပ် ထား​သ​မျှ​သော​အ​ရာ​တို့​သည်​လည်း ပျက် စီး​သွား​ကြ​လိမ့်​မည်'' ဟု​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။

< יְשַׁעְיָהוּ 22 >