< יְשַׁעְיָהוּ 17 >

מַשָּׂ֖א דַּמָּ֑שֶׂק הִנֵּ֤ה דַמֶּ֙שֶׂק֙ מוּסָ֣ר מֵעִ֔יר וְהָיְתָ֖ה מְעִ֥י מַפָּלָֽה׃ 1
ဒမာသက်မြို့နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ ကြည့်ရှုလော့။ ဒမာသက်မြို့သည် မြို့မဖြစ်အောင် ပျက် စီးရာပုံဖြစ်ရ၏။
עֲזֻבֹ֖ות עָרֵ֣י עֲרֹעֵ֑ר לַעֲדָרִ֣ים תִּֽהְיֶ֔ינָה וְרָבְצ֖וּ וְאֵ֥ין מַחֲרִֽיד׃ 2
အာရော်မြို့များကို စွန့်ပစ်သောကြောင့်၊ သိုးစု တို့သည်ပိုင်၍၊ အဘယ်သူမျှမမောင်းဘဲအိပ်ကြလိမ့်မည်။
וְנִשְׁבַּ֤ת מִבְצָר֙ מֵֽאֶפְרַ֔יִם וּמַמְלָכָ֥ה מִדַּמֶּ֖שֶׂק וּשְׁאָ֣ר אֲרָ֑ם כִּכְבֹ֤וד בְּנֵֽי־יִשְׂרָאֵל֙ יִֽהְי֔וּ נְאֻ֖ם יְהוָ֥ה צְבָאֹֽות׃ ס 3
ဧဖရိမ်ပြည်၌မြို့မရှိရ။ ဒမာသက်မြို့နှင့် ကျန်ကြွင်းသော ရှုရိပြည်၌ မင်းအာဏာမရှိရ။ သူတို့သည် ဣသရေလ အမျိုးသားတို့၏ ဘုန်းအသရေကဲ့သို့ဖြစ်ရ ကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
וְהָיָה֙ בַּיֹּ֣ום הַה֔וּא יִדַּ֖ל כְּבֹ֣וד יַעֲקֹ֑ב וּמִשְׁמַ֥ן בְּשָׂרֹ֖ו יֵרָזֶֽה׃ 4
ထိုကာလ၌ ယာကုပ် အမျိုး၏ ဘုန်းသည် လျော့ ၍၊ ဆူဝခြင်းလည်း ပိန့်ကြုံခြင်းဖြစ်ရလိမ့်မည်။
וְהָיָ֗ה כֶּֽאֱסֹף֙ קָצִ֣יר קָמָ֔ה וּזְרֹעֹ֖ו שִׁבֳּלִ֣ים יִקְצֹ֑ור וְהָיָ֛ה כִּמְלַקֵּ֥ט שִׁבֳּלִ֖ים בְּעֵ֥מֶק רְפָאִֽים׃ 5
လူသည် စပါးကိုသိမ်းယူ၍ အသီးအနှံများ ကိုလက်နှင့် ရိတ်သကဲ့သို့၎င်း၊ ရေဖိမ်ချိုင့်၌ အသီးအနှံ တို့ကိုသိမ်းရိတ်သကဲ့သို့၎င်း၊ ထိုအမှုဖြစ်ရလိမ့်မည်။
וְנִשְׁאַר־בֹּ֤ו עֹֽולֵלֹת֙ כְּנֹ֣קֶף זַ֔יִת שְׁנַ֧יִם שְׁלֹשָׁ֛ה גַּרְגְּרִ֖ים בְּרֹ֣אשׁ אָמִ֑יר אַרְבָּעָ֣ה חֲמִשָּׁ֗ה בִּסְעִפֶ֙יהָ֙ פֹּֽרִיָּ֔ה נְאֻם־יְהוָ֖ה אֱלֹהֵ֥י יִשְׂרָאֵֽל׃ ס 6
သို့ရာတွင်၊သံလွင်ပင်ကို လှုပ်ပြီးမှ အပင်ဖျား၌ အသီးနှစ်လုံးသုံးလုံး၊ အသီးကောင်းသော အခက်တို့၌ လေးငါးလုံးရှိတတ်သကဲ့သို့၊ ကောက်သိမ်းစရာ အကြွင်း ရှိရလိမ့်မည်ဟု ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရ ဘုရားမိန့်တော်မူ၏။
בַּיֹּ֣ום הַה֔וּא יִשְׁעֶ֥ה הָאָדָ֖ם עַל־עֹשֵׂ֑הוּ וְעֵינָ֕יו אֶל־קְדֹ֥ושׁ יִשְׂרָאֵ֖ל תִּרְאֶֽינָה׃ 7
ထိုကာလ၌ လူသည်မိမိကို ဖန်ဆင်းတော်မူ သော အရှင်ကို ရည်မှတ်၍၊ ဣသရေလအမျိုး၌ သန့်ရှင်း တော်မူသော ဘုရားကို ဖူးမျှော်ရလိမ့်မည်။
וְלֹ֣א יִשְׁעֶ֔ה אֶל־הַֽמִּזְבְּחֹ֖ות מַעֲשֵׂ֣ה יָדָ֑יו וַאֲשֶׁ֨ר עָשׂ֤וּ אֶצְבְּעֹתָיו֙ לֹ֣א יִרְאֶ֔ה וְהָאֲשֵׁרִ֖ים וְהָחַמָּנִֽים׃ 8
မိမိလက်နှင့် လုပ်သော ယဇ်ပလ္လင်တို့ကို မမှတ်ရ။ မိမိလက်ချောင်းနှင့် လုပ်သောအ ရာတည်းဟူ သော အာရှရပင်တို့ကို၎င်း၊ ရုပ်ထုတို့ကို၎င်း ပမာဏ မပြုရ။
בַּיֹּ֨ום הַה֜וּא יִהְי֣וּ ׀ עָרֵ֣י מָעֻזֹּ֗ו כַּעֲזוּבַ֤ת הַחֹ֙רֶשׁ֙ וְהָ֣אָמִ֔יר אֲשֶׁ֣ר עָזְב֔וּ מִפְּנֵ֖י בְּנֵ֣י יִשְׂרָאֵ֑ל וְהָיְתָ֖ה שְׁמָמָֽה׃ 9
ထိုကာလ၌ သူ၏ခိုင်ခံ့သောမြို့တို့သည် ဣသ ရေလ အမျိုးသား ရှေ့မှာစွန့်ပစ်သော သစ်တောအကျန် အကြွင်းနှင့်သစ်ပင်အဖျားကဲ့သို့ ဖြစ်၍၊ ထိုပြည်သည် ဆိတ်ညံလျက်ရှိရလိမ့်မည်။
כִּ֤י שָׁכַ֙חַתְּ֙ אֱלֹהֵ֣י יִשְׁעֵ֔ךְ וְצ֥וּר מָעֻזֵּ֖ךְ לֹ֣א זָכָ֑רְתְּ עַל־כֵּ֗ן תִּטְּעִי֙ נִטְעֵ֣י נַעֲמָנִ֔ים וּזְמֹ֥רַת זָ֖ר תִּזְרָעֶֽנּוּ׃ 10
၁၀သင့်ကို ကယ်တင်တော်မူသော ဘုရားသခင်ကို သင်သည် မေ့လျော့၍၊ မိမိခိုလှုံရာ ကျောက်ကို မိမိမ အောက်မေ့သောကြောင့်၊ သာယာသော ပျိုးပင် တို့နှင့်၊ တကျွန်းတနိုင်ငံအညွန့်တို့ကို စိုက်ပျိုး၍၊
בְּיֹ֤ום נִטְעֵךְ֙ תְּשַׂגְשֵׂ֔גִי וּבַבֹּ֖קֶר זַרְעֵ֣ךְ תַּפְרִ֑יחִי נֵ֥ד קָצִ֛יר בְּיֹ֥ום נַחֲלָ֖ה וּכְאֵ֥ב אָנֽוּשׁ׃ ס 11
၁၁ထိုပျိုးပင်တို့ကို ကြီးပွားစေခြင်းငှါ၎င်း၊ အလျင် အမြန် အပွင့်ပွင့်စေခြင်းငှါ၎င်းပြုပြီးမှ၊ သိမ်းယူရာကာလ ၌ အသီးအနှံသည်ပျက်စီး၍၊ သင်သည် မပျောက်နိုင် သော ဝမ်းနည်းခြင်းရှိရလိမ့်မည်။
הֹ֗וי הֲמֹון֙ עַמִּ֣ים רַבִּ֔ים כַּהֲמֹ֥ות יַמִּ֖ים יֶהֱמָי֑וּן וּשְׁאֹ֣ון לְאֻמִּ֔ים כִּשְׁאֹ֛ון מַ֥יִם כַּבִּירִ֖ים יִשָּׁאֽוּן׃ 12
၁၂သမုဒ္ဒရာမြည်သံကဲ့သို့ မြည်တတ်သောလူ များ အလုံးအရင်းတို့၌၎င်း၊ အားကြီးသော ရေတို့ သည် ဟုန်းသကဲ့သို့ ဟုန်းတတ်သောလူမျိုးတို့၌၎င်း အမင်္ဂလာရှိ၏။
לְאֻמִּ֗ים כִּשְׁאֹ֞ון מַ֤יִם רַבִּים֙ יִשָּׁא֔וּן וְגָ֥עַר בֹּ֖ו וְנָ֣ס מִמֶּרְחָ֑ק וְרֻדַּ֗ף כְּמֹ֤ץ הָרִים֙ לִפְנֵי־ר֔וּחַ וּכְגַלְגַּ֖ל לִפְנֵ֥י סוּפָֽה׃ 13
၁၃အားကြီးသောရေတို့သည် ဟုန်းသကဲ့သို့၊ လူမျိုးတို့သည် ဟုန်းကြသော်လည်း၊ ဆုံးမတော်မူ သော ကြောင့်၊ အဝေးသို့ပြေးသွားကြလိမ့်မည်။ တောင်ပေါ်မှာ လေတိုက်၍ လွင့်သော ဖွဲကဲ့သို့၎င်း၊ လေဘွေ၌ ပါသွား သော အမှိုက်ကဲ့သို့၎င်း၊ သူတို့သည် နှင်ခြင်းကို ခံရကြ လိမ့်မည်။
לְעֵ֥ת עֶ֙רֶב֙ וְהִנֵּ֣ה בַלָּהָ֔ה בְּטֶ֥רֶם בֹּ֖קֶר אֵינֶ֑נּוּ זֶ֚ה חֵ֣לֶק שֹׁוסֵ֔ינוּ וְגֹורָ֖ל לְבֹזְזֵֽינוּ׃ ס 14
၁၄ညဦးယံ၌ ဘေးရောက်၍၊ နံနက်ယံမတိုင်မှီ ပျောက်ရှာကြလိမ့်မည်။ ငါတို့ကို ညှဉ်းဆဲသောသူတို့သည် ထိုသို့သော အကျိုး၊ ငါတို့ကို လုယူဖျက်ဆီးသော သူတို့ သည်၊ ထိုသို့သော အမွေဥစ္စာကို ခံရကြလိမ့်မည်။

< יְשַׁעְיָהוּ 17 >