< יְחֶזְקֵאל 34 >
וַיְהִ֥י דְבַר־יְהוָ֖ה אֵלַ֥י לֵאמֹֽר׃ | 1 |
၁ထာဝရဘုရားနှုတ်ကပတ်တော်သည်ငါ့ထံ သို့ရောက်လာ၏။-
בֶּן־אָדָ֕ם הִנָּבֵ֖א עַל־רֹועֵ֣י יִשְׂרָאֵ֑ל הִנָּבֵ֣א וְאָמַרְתָּ֩ אֲלֵיהֶ֨ם לָרֹעִ֜ים כֹּ֥ה אָמַ֣ר ׀ אֲדֹנָ֣י יְהוִ֗ה הֹ֤וי רֹעֵֽי־יִשְׂרָאֵל֙ אֲשֶׁ֤ר הָיוּ֙ רֹעִ֣ים אֹותָ֔ם הֲלֹ֣וא הַצֹּ֔אן יִרְע֖וּ הָרֹעִֽים׃ | 2 |
၂ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့၏သိုးထိန်းတို့အားရှုတ် ချလော့။ သူတို့အားငါအရှင်ထာဝရ ဘုရားထံတော်မှဗျာဒိတ်တော်ကိုဆင့်ဆို ရမည်မှာ အချင်းဣသရေလအမျိုးသား များ၏သိုးထိန်းတို့၊ သင်တို့သည်အမင်္ဂလာ ရှိကြ၏။ သင်တို့သည်မိမိတို့ကိုယ်ကို ကျွေးမွေးပြုစုကြသော်လည်းသိုးများ ကိုမူမစောင့်ထိန်းကြ။-
אֶת־הַחֵ֤לֶב תֹּאכֵ֙לוּ֙ וְאֶת־הַצֶּ֣מֶר תִּלְבָּ֔שׁוּ הַבְּרִיאָ֖ה תִּזְבָּ֑חוּ הַצֹּ֖אן לֹ֥א תִרְעֽוּ׃ | 3 |
၃သင်တို့သည်သိုးနို့ကိုသောက်လျက်သိုးမွေး ထည်ကိုဝတ်ဆင်ပြီးလျှင် ဆူဖြိုးသောသိုး များကိုသတ်၍စားကြ၏။ သို့ရာတွင်သိုး တို့ကိုမူအဘယ်အခါ၌မျှမစောင့်ထိန်း ကြ။-
אֶֽת־הַנַּחְלֹות֩ לֹ֨א חִזַּקְתֶּ֜ם וְאֶת־הַחֹולָ֣ה לֹֽא־רִפֵּאתֶ֗ם וְלַנִּשְׁבֶּ֙רֶת֙ לֹ֣א חֲבַשְׁתֶּ֔ם וְאֶת־הַנִּדַּ֙חַת֙ לֹ֣א הֲשֵׁבֹתֶ֔ם וְאֶת־הָאֹבֶ֖דֶת לֹ֣א בִקַּשְׁתֶּ֑ם וּבְחָזְקָ֛ה רְדִיתֶ֥ם אֹתָ֖ם וּבְפָֽרֶךְ׃ | 4 |
၄အားနည်းသောသိုးတို့ကိုမကြည့်ရှု။ နာ ဖျားသောသိုးတို့ကိုလည်းဆေးမကု။ ဒဏ် ရာရသောသိုးတို့ကိုအဝတ်နှင့်မစည်း။ လမ်းမှားသည့်သိုးတို့ကိုပြန်၍မစုသိမ်း။ ပျောက်သောသိုးတို့ကိုလည်းမရှာဘဲသင် တို့သည်ထိုသိုးတို့ကိုမညှာမတာပြုမူ ကြ၏။-
וַתְּפוּצֶ֖ינָה מִבְּלִ֣י רֹעֶ֑ה וַתִּהְיֶ֧ינָה לְאָכְלָ֛ה לְכָל־חַיַּ֥ת הַשָּׂדֶ֖ה וַתְּפוּצֶֽינָה׃ | 5 |
၅သိုးတို့သည်သိုးထိန်းမရှိသဖြင့်ကစဥ့် ကရဲဖြစ်ကာသားရဲတိရစ္ဆာန်များ၏ အစာဖြစ်ရကြ၏။-
יִשְׁגּ֤וּ צֹאנִי֙ בְּכָל־הֶ֣הָרִ֔ים וְעַ֖ל כָּל־גִּבְעָ֣ה רָמָ֑ה וְעַ֨ל כָּל־פְּנֵ֤י הָאָ֙רֶץ֙ נָפֹ֣צוּ צֹאנִ֔י וְאֵ֥ין דֹּורֵ֖שׁ וְאֵ֥ין מְבַקֵּֽשׁ׃ | 6 |
၆သို့ဖြစ်၍ငါ၏သိုးတို့သည်တောင်များ၊ ကုန်းမြင့်များပေါ်တွင်လှည့်လည်၍နေရ ကြ၏။ သူတို့သည်ကမ္ဘာမြေတစ်ပြင်လုံး တွင်ပျံ့လွင့်လျက်ရှိကြ၏။ သူတို့အား ရှာဖွေသူ၊ ရှာဖွေရန်အားထုတ်သူတစ်ယောက် မျှမရှိ။
לָכֵ֣ן רֹעִ֔ים שִׁמְע֖וּ אֶת־דְּבַ֥ר יְהוָֽה׃ | 7 |
၇``အချင်းသိုးထိန်းတို့၊ ယခုထာဝရဘုရား မိန့်တော်မူသည်ကိုနားထောင်ကြလော့။-
חַי־אָ֜נִי נְאֻ֣ם ׀ אֲדֹנָ֣י יְהוִ֗ה אִם־לֹ֣א יַ֣עַן הֱיֹֽות־צֹאנִ֣י ׀ לָבַ֡ז וַתִּֽהְיֶינָה֩ צֹאנִ֨י לְאָכְלָ֜ה לְכָל־חַיַּ֤ת הַשָּׂדֶה֙ מֵאֵ֣ין רֹעֶ֔ה וְלֹֽא־דָרְשׁ֥וּ רֹעַ֖י אֶת־צֹאנִ֑י וַיִּרְע֤וּ הָֽרֹעִים֙ אֹותָ֔ם וְאֶת־צֹאנִ֖י לֹ֥א רָעֽוּ׃ ס | 8 |
၈ငါသည်အသက်ရှင်တော်မူသောဘုရား ဖြစ်တော်မူသည်နှင့်အညီ သင်တို့သည်ငါ ၏စကားကိုနားထောင်ကြလော့။ သိုးထိန်း မရှိသဖြင့်ငါ၏သိုးတို့အားသားရဲ တိရစ္ဆာန်များသတ်ဖြတ်ကိုက်စားကြလေ ပြီ။ ငါ့သိုးထိန်းတို့သည်သိုးကိုလိုက်၍ မရှာကြ။ သူတို့သည်မိမိတို့ကိုသာ လျှင်ကြည့်ရှုစောင့်ရှောက်လျက်သိုးတို့ ကိုမူမစောင့်ထိန်းကြ။-
לָכֵן֙ הָֽרֹעִ֔ים שִׁמְע֖וּ דְּבַר־יְהוָֽה׃ | 9 |
၉သို့ဖြစ်၍အချင်းသိုးထိန်းတို့၊ ထာဝရ ဘုရား၏စကားကိုနားထောင်ကြလော့။-
כֹּה־אָמַ֞ר אֲדֹנָ֣י יְהוִ֗ה הִנְנִ֨י אֶֽל־הָרֹעִ֜ים וְֽדָרַשְׁתִּ֧י אֶת־צֹאנִ֣י מִיָּדָ֗ם וְהִשְׁבַּתִּים֙ מֵרְעֹ֣ות צֹ֔אן וְלֹא־יִרְע֥וּ עֹ֛וד הָרֹעִ֖ים אֹותָ֑ם וְהִצַּלְתִּ֤י צֹאנִי֙ מִפִּיהֶ֔ם וְלֹֽא־תִהְיֶ֥יןָ לָהֶ֖ם לְאָכְלָֽה׃ ס | 10 |
၁၀ငါအရှင်ထာဝရဘုရားသည်သင်တို့၏ ရန်သူဖြစ်၍ ငါ၏သိုးတို့သည်သင့်တာဝန် ဖြစ်ကြောင်းအတိအလင်းကြေညာ၏။ ငါ သည်မိမိ၏သိုးများကိုသင်တို့ထံမှသိမ်း ယူမည်။ အဘယ်အခါ၌မျှသင်တို့သည် သူတို့အားထိန်းကျောင်းခွင့်နှင့် မိမိတို့ကိုယ် ကိုသာလျှင်ကြည့်ရှုပြုစုခွင့်ကိုငါပေး တော့မည်မဟုတ်။ သိုးတို့သည်သင်တို့၏ အစာမဖြစ်အောင် ငါသည်မိမိသိုးတို့ ကိုသင်တို့လက်မှကယ်ဆယ်မည်။
כִּ֛י כֹּ֥ה אָמַ֖ר אֲדֹנָ֣י יְהוִ֑ה הִנְנִי־אָ֕נִי וְדָרַשְׁתִּ֥י אֶת־צֹאנִ֖י וּבִקַּרְתִּֽים׃ | 11 |
၁၁``သင်တို့အားငါအရှင်ထာဝရဘုရားမိန့် တော်မူသည်ကား ကစဥ့်ကရဲဖြစ်ပြီးနောက် ပြန်လည်စုသိမ်းရရှိသည့်သိုးတို့ကိုသိုး ထိန်းသည်စောင့်ထိန်းကြည့်ရှုသကဲ့သို့ ငါ သည်မိမိ၏သိုးတို့ကိုလိုက်လံရှာဖွေကာ စောင့်ထိန်းကြည့်ရှုမည်။ မိုးအမှောင်ကျသည့် နေ့ရက်၌သူတို့ကစဥ့်ကရဲဖြစ်၍သွား ရာအရပ်ရပ်မှငါသည်သူတို့အားပြန် လည်ခေါ်ခဲ့မည်။-
כְּבַקָּרַת֩ רֹעֶ֨ה עֶדְרֹ֜ו בְּיֹום־הֱיֹותֹ֤ו בְתֹוךְ־צֹאנֹו֙ נִפְרָשֹׁ֔ות כֵּ֖ן אֲבַקֵּ֣ר אֶת־צֹאנִ֑י וְהִצַּלְתִּ֣י אֶתְהֶ֗ם מִכָּל־הַמְּקֹומֹת֙ אֲשֶׁ֣ר נָפֹ֣צוּ שָׁ֔ם בְּיֹ֥ום עָנָ֖ן וַעֲרָפֶֽל׃ | 12 |
၁၂
וְהֹוצֵאתִ֣ים מִן־הָעַמִּ֗ים וְקִבַּצְתִּים֙ מִן־הָ֣אֲרָצֹ֔ות וַהֲבִיאֹתִ֖ים אֶל־אַדְמָתָ֑ם וּרְעִיתִים֙ אֶל־הָרֵ֣י יִשְׂרָאֵ֔ל בָּאֲפִיקִ֕ים וּבְכֹ֖ל מֹושְׁבֵ֥י הָאָֽרֶץ׃ | 13 |
၁၃နိုင်ငံရပ်ခြားများမှ စုသိမ်းပြီးလျှင်သူ တို့အား မိမိတို့နေရင်းပြည်သို့ပြန်လည် ခေါ်ခဲ့မည်။ ငါသည်သူတို့အားဣသရေလ တောင်များနှင့်မြစ်ချောင်းများသို့ပို့ဆောင် ၍သာယာသောစားကျက်များ၌ကျွေး မွေးမည်။-
בְּמִרְעֶה־טֹּוב֙ אֶרְעֶ֣ה אֹתָ֔ם וּבְהָרֵ֥י מְרֹֽום־יִשְׂרָאֵ֖ל יִהְיֶ֣ה נְוֵהֶ֑ם שָׁ֤ם תִּרְבַּ֙צְנָה֙ בְּנָ֣וֶה טֹּ֔וב וּמִרְעֶ֥ה שָׁמֵ֛ן תִּרְעֶ֖ינָה אֶל־הָרֵ֥י יִשְׂרָאֵֽל׃ | 14 |
၁၄တောင်ပေါ်မြက်ခင်းများ၊ ဣသရေလပြည် စိမ်းလန်းသောစားကျက်များတွင်ကျက်စား စေမည်။ ကောင်းသောစားကျက်များတွင်လဲ လျောင်းစေ၍ စိမ်းလန်းသောစားကျက်များ တွင်ကျက်စားစေမည်။-
אֲנִ֨י אֶרְעֶ֤ה צֹאנִי֙ וַאֲנִ֣י אַרְבִּיצֵ֔ם נְאֻ֖ם אֲדֹנָ֥י יְהוִֽה׃ | 15 |
၁၅ငါကိုယ်တိုင်မိမိ၏သိုးများကိုထိန်းကျောင်း ၍ သူတို့အိပ်နားစရာအရပ်များကိုရှာ၍ ပေးမည်။ ဤကားငါအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။
אֶת־הָאֹבֶ֤דֶת אֲבַקֵּשׁ֙ וְאֶת־הַנִּדַּ֣חַת אָשִׁ֔יב וְלַנִּשְׁבֶּ֣רֶת אֶחֱבֹ֔שׁ וְאֶת־הַחֹולָ֖ה אֲחַזֵּ֑ק וְאֶת־הַשְּׁמֵנָ֧ה וְאֶת־הַחֲזָקָ֛ה אַשְׁמִ֖יד אֶרְעֶ֥נָּה בְמִשְׁפָּֽט׃ | 16 |
၁၆``ငါသည်ပျောက်သောသိုးများကိုရှာ၍ လမ်းမှားသောသိုးတို့ကိုပြန်လည်ခေါ်ခဲ့ မည်။ ဒဏ်ရာရသောသိုးများကိုအဝတ် နှင့်စည်းကာဖျားနာသောသိုးတို့ကိုဆေး ကုပေးမည်။ သို့ရာတွင်ဝဖြိုးသန်မာသော သိုးတို့ကိုပယ်ရှားမည်။ အဘယ်ကြောင့်ဆို သော်ငါသည်မှန်ရာကိုပြုလုပ်တတ်သည့် သိုးထိန်းဖြစ်သောကြောင့်တည်း။
וְאַתֵּ֣נָה צֹאנִ֔י כֹּ֥ה אָמַ֖ר אֲדֹנָ֣י יְהוִ֑ה הִנְנִ֤י שֹׁפֵט֙ בֵּֽין־שֶׂ֣ה לָשֶׂ֔ה לָאֵילִ֖ים וְלָעַתּוּדִֽים׃ | 17 |
၁၇``သို့ဖြစ်၍ ငါ၏သိုးစု၊ ငါအရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကားငါသည်သင် တို့အသီးသီးအားတရားစီရင်မည်။ ကောင်း သူဆိုးသူတည်းဟူသောသိုးနှင့်ဆိတ်ကို ခွဲခြားသတ်မှတ်မည်။-
הַמְעַ֣ט מִכֶּ֗ם הַמִּרְעֶ֤ה הַטֹּוב֙ תִּרְע֔וּ וְיֶ֙תֶר֙ מִרְעֵיכֶ֔ם תִּרְמְס֖וּ בְּרַגְלֵיכֶ֑ם וּמִשְׁקַע־מַ֣יִם תִּשְׁתּ֔וּ וְאֵת֙ הַנֹּ֣ותָרִ֔ים בְּרַגְלֵיכֶ֖ם תִּרְפֹּשֽׂוּן׃ | 18 |
၁၈သင်တို့အချို့သည်မြက်အကောင်းဆုံးကို စားရကြသော်လည်းကျေနပ်မှုမရှိ။ မိမိ တို့မစားသည့်မြက်များကိုခြေဖြင့်နင်း ကြပါသည်တကား။ သင်တို့သည်ရေကြည် ကိုသောက်၍သင်တို့မသောက်သည့်ရေကို နောက်ကျိအောင်ပြုကြပါသည်တကား။-
וְצֹאנִ֑י מִרְמַ֤ס רַגְלֵיכֶם֙ תִּרְעֶ֔ינָה וּמִרְפַּ֥שׂ רַגְלֵיכֶ֖ם תִּשְׁתֶּֽינָה׃ ס | 19 |
၁၉ငါ၏အခြားသိုးတို့သည်သင်တို့ခြေဖြင့် နင်း၍ထားသည့်မြက်ကိုစားလျက် သင်တို့ နောက်ကျိစေသည့်ရေကိုသောက်ကြ၏။
לָכֵ֗ן כֹּ֥ה אָמַ֛ר אֲדֹנָ֥י יְהוִ֖ה אֲלֵיהֶ֑ם הִנְנִי־אָ֕נִי וְשָֽׁפַטְתִּי֙ בֵּֽין־שֶׂ֣ה בִרְיָ֔ה וּבֵ֥ין שֶׂ֖ה רָזָֽה׃ | 20 |
၂၀``သို့ဖြစ်၍ငါအရှင်ထာဝရဘုရားသင်တို့ အားမိန့်တော်မူသည်ကား ငါသည်သင်တို့ သိုးဝများနှင့်သိုးပိန်များအမှုကိုတရား စီရင်မည်။-
יַ֗עַן בְּצַ֤ד וּבְכָתֵף֙ תֶּהְדֹּ֔פוּ וּבְקַרְנֵיכֶ֥ם תְּנַגְּח֖וּ כָּל־הַנַּחְלֹ֑ות עַ֣ד אֲשֶׁ֧ר הֲפִיצֹותֶ֛ם אֹותָ֖נָה אֶל־הַחֽוּצָה׃ | 21 |
၂၁သင်တို့သည်ဖျားနာနေသောသိုးတို့ကို ဘေးသို့တွန်းဖယ်ကာ သိုးအုပ်ထဲမှချို နှင့်ဝှေ့ထုတ်ကြ၏။-
וְהֹושַׁעְתִּ֣י לְצֹאנִ֔י וְלֹֽא־תִהְיֶ֥ינָה עֹ֖וד לָבַ֑ז וְשָׁ֣פַטְתִּ֔י בֵּ֥ין שֶׂ֖ה לָשֶֽׂה׃ | 22 |
၂၂သို့ရာတွင်ငါ၏သိုးတို့အားနောက်တစ်ဖန် နှိပ်စက်ညှဉ်းဆဲခြင်းကိုခံစေတော့မည်မ ဟုတ်။ ငါသည်ငါ၏သိုးတစ်ကောင်စီကို တရားစီရင်မည်။-
וַהֲקִמֹתִ֨י עֲלֵיהֶ֜ם רֹעֶ֤ה אֶחָד֙ וְרָעָ֣ה אֶתְהֶ֔ן אֵ֖ת עַבְדִּ֣י דָוִ֑יד ה֚וּא יִרְעֶ֣ה אֹתָ֔ם וְהֽוּא־יִהְיֶ֥ה לָהֶ֖ן לְרֹעֶֽה׃ | 23 |
၂၃သူတို့၏တစ်ဦးတည်းသောသိုးထိန်းအဖြစ် ဖြင့် ငါ၏အစေခံဒါဝိဒ်ကဲ့သို့သောဘုရင် အားခန့်ထားမည်။ သူသည်သူတို့အားစောင့် ထိန်းကြည့်ရှုလိမ့်မည်။-
וַאֲנִ֣י יְהוָ֗ה אֶהְיֶ֤ה לָהֶם֙ לֵֽאלֹהִ֔ים וְעַבְדִּ֥י דָוִ֖ד נָשִׂ֣יא בְתֹוכָ֑ם אֲנִ֥י יְהוָ֖ה דִּבַּֽרְתִּי׃ | 24 |
၂၄ငါထာဝရဘုရားသည်သူတို့၏ဘုရား ဖြစ်လိမ့်မည်။ ငါ၏အစေခံဒါဝိဒ်ကဲ့သို့ သောဘုရင်သည်လည်း သူတို့၏ဘုရင် ဖြစ်လိမ့်မည်။ ဤကားငါမိန့်တော်မူသော စကားဖြစ်၏။-
וְכָרַתִּ֤י לָהֶם֙ בְּרִ֣ית שָׁלֹ֔ום וְהִשְׁבַּתִּ֥י חַיָּֽה־רָעָ֖ה מִן־הָאָ֑רֶץ וְיָשְׁב֤וּ בַמִּדְבָּר֙ לָבֶ֔טַח וְיָשְׁנ֖וּ בַּיְּעָרִֽים׃ | 25 |
၂၅သူတို့၏လုံခြုံရေးကိုစိတ်ချရစေရန်ငါ သည်သူတို့နှင့်ပဋိညာဉ်ပြုတော်မူမည်။ ကြောက်မက်ဖွယ်ကောင်းသည့်သားရဲတိရစ္ဆာန် အပေါင်းကိုပြည်တွင်းမှဖယ်ရှားပစ်မည်။ သို့မှသာလျှင်ငါ၏သိုးတို့သည်ဘေးမဲ့ လုံခြုံစွာတောကန္တာရများ၌နေရကြ ၍ တောများတွင်အိပ်ရကြလိမ့်မည်။
וְנָתַתִּ֥י אֹותָ֛ם וּסְבִיבֹ֥ות גִּבְעָתִ֖י בְּרָכָ֑ה וְהֹורַדְתִּ֤י הַגֶּ֙שֶׁם֙ בְּעִתֹּ֔ו גִּשְׁמֵ֥י בְרָכָ֖ה יִֽהְיֽוּ׃ | 26 |
၂၆``ငါသည်သူတို့အားကောင်းချီးပေး၍ ငါ၏ သန့်ရှင်းမြင့်မြတ်သည့်တောင်တော်ပတ်လည် တွင်နေစေမည်။ အချိန်တန်သောအခါ ကောင်းချီးမိုးရေကိုကျစေမည်။-
וְנָתַן֩ עֵ֨ץ הַשָּׂדֶ֜ה אֶת־פִּרְיֹ֗ו וְהָאָ֙רֶץ֙ תִּתֵּ֣ן יְבוּלָ֔הּ וְהָי֥וּ עַל־אַדְמָתָ֖ם לָבֶ֑טַח וְֽיָדְע֞וּ כִּי־אֲנִ֣י יְהוָ֗ה בְּשִׁבְרִי֙ אֶת־מֹטֹ֣ות עֻלָּ֔ם וְהִ֨צַּלְתִּ֔ים מִיַּ֖ד הָעֹבְדִ֥ים בָּהֶֽם׃ | 27 |
၂၇သစ်ပင်များသည်အသီးသီးကြလျက်လယ် ပြင်တို့သည် အသီးအနှံထွက်ကြလိမ့်မည်။ လူ အပေါင်းတို့သည်မိမိတို့ပြည်တွင်ဘေးမဲ့ လုံခြုံစွာနေထိုင်ရကြလိမ့်မည်။ ငါသည်မိမိ လူမျိုးတော်အားချည်နှောင်ထားသောထမ်း ပိုးများကိုဖြတ်တောက်၍ သူတို့အားကျွန် ဘဝမှလွတ်မြောက်စေသောအခါ ငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်းသူတို့ သိရှိကြလိမ့်မည်။-
וְלֹא־יִהְי֨וּ עֹ֥וד בַּז֙ לַגֹּויִ֔ם וְחַיַּ֥ת הָאָ֖רֶץ לֹ֣א תֹאכְלֵ֑ם וְיָשְׁב֥וּ לָבֶ֖טַח וְאֵ֥ין מַחֲרִֽיד׃ | 28 |
၂၈လူမျိုးတကာတို့သည်သူတို့အားနောင် အဘယ်အခါ၌မျှ လုယက်တိုက်ခိုက်ကြ တော့မည်မဟုတ်။ သားရဲတိရစ္ဆာန်များသည် လည်းသူတို့အားသတ်ဖြတ်ကိုက်စားကြ တော့မည်မဟုတ်။ သူတို့ဘေးမဲ့လုံခြုံစွာ နေထိုင်ရကြလိမ့်မည်။ သူတို့အားအဘယ် သူမျှထိတ်လန့်တုန်လှုပ်စေကြလိမ့်မည် မဟုတ်။-
וַהֲקִמֹתִ֥י לָהֶ֛ם מַטָּ֖ע לְשֵׁ֑ם וְלֹֽא־יִהְי֨וּ עֹ֜וד אֲסֻפֵ֤י רָעָב֙ בָּאָ֔רֶץ וְלֹֽא־יִשְׂא֥וּ עֹ֖וד כְּלִמַּ֥ת הַגֹּויִֽם׃ | 29 |
၂၉ငါသည်သူတို့အားမြေသြဇာကောင်း သည့်လယ်ယာများကိုပေး၍ ပြည်တွင်း၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့်ကင်းဝေး စေမည်။ အခြားလူမျိုးများသည်လည်း သူတို့အားအဘယ်အခါမျှပြောင်လှောင် ကြတော့မည်မဟုတ်။-
וְיָדְע֗וּ כִּ֣י אֲנִ֧י יְהוָ֛ה אֱלֹהֵיהֶ֖ם אִתָּ֑ם וְהֵ֗מָּה עַמִּי֙ בֵּ֣ית יִשְׂרָאֵ֔ל נְאֻ֖ם אֲדֹנָ֥י יְהוִֽה׃ | 30 |
၃၀သူတို့၏ဘုရားသခင်ငါထာဝရဘုရား သည် ဣသရေလအမျိုးသားတို့အားကာ ကွယ်လျက်ရှိကြောင်း၊ သူတို့သည်ငါ၏လူ မျိုးတော်ဖြစ်ကြကြောင်းလူတိုင်းပင်သိရှိ ကြလိမ့်မည်။ ဤကားငါအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။
וְאַתֵּ֥ן צֹאנִ֛י צֹ֥אן מַרְעִיתִ֖י אָדָ֣ם אַתֶּ֑ם אֲנִי֙ אֱלֹ֣הֵיכֶ֔ם נְאֻ֖ם אֲדֹנָ֥י יְהוִֽה׃ פ | 31 |
၃၁``ငါ၏သိုးများ၊ ငါကျွေးမွေးပြုစုသည့် သိုးစု၊ သင်တို့သည်ငါ၏လူမျိုးတော်ဖြစ် ၍ငါသည်သင်တို့၏ဘုရားဖြစ်၏'' ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။