< יְחֶזְקֵאל 32 >
וַֽיְהִי֙ בִּשְׁתֵּ֣י עֶשְׂרֵ֣ה שָׁנָ֔ה בִּשְׁנֵי־עָשָׂ֥ר חֹ֖דֶשׁ בְּאֶחָ֣ד לַחֹ֑דֶשׁ הָיָ֥ה דְבַר־יְהוָ֖ה אֵלַ֥י לֵאמֹֽר׃ | 1 |
၁ငါတို့ပြည်နှင်ဒဏ်ခံသောတစ်ဆယ့်နှစ်နှစ် မြောက်၊ ဒွါဒသမလ၊ လဆန်းတစ်ရက်နေ့၌ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
בֶּן־אָדָ֗ם שָׂ֤א קִינָה֙ עַל־פַּרְעֹ֣ה מֶֽלֶךְ־מִצְרַ֔יִם וְאָמַרְתָּ֣ אֵלָ֔יו כְּפִ֥יר גֹּויִ֖ם נִדְמֵ֑יתָ וְאַתָּה֙ כַּתַּנִּ֣ים בַּיַּמִּ֔ים וַתָּ֣גַח בְּנַהֲרֹותֶ֗יךָ וַתִּדְלַח־מַ֙יִם֙ בְּרַגְלֶ֔יךָ וַתִּרְפֹּ֖ס נַהֲרֹותָֽם׃ | 2 |
၂ကိုယ်တော်က``အီဂျစ်ဘုရင်အားကြပ်တည်း စွာသတိပေးရမည်မှာသင်သည်လူမျိုး တကာတွင်ခြင်္သေ့ကဲ့သို့ပြုကျင့်တတ်သော် လည်း တဗွမ်းဗွမ်းဖြင့်မြစ်ထဲ၌လှုပ်ရှား သည့်မိချောင်းနှင့်ပို၍တူ၏။ သင်၏ခြေဖြင့် မြစ်ရေကိုနောက်ကျိစေရန်မွှေနှောက်၏။-
כֹּ֤ה אָמַר֙ אֲדֹנָ֣י יְהוִ֔ה וּפָרַשְׂתִּ֤י עָלֶ֙יךָ֙ אֶת־רִשְׁתִּ֔י בִּקְהַ֖ל עַמִּ֣ים רַבִּ֑ים וְהֶעֱל֖וּךָ בְּחֶרְמִֽי׃ | 3 |
၃အရှင်ထာဝရဘုရားကလူမျိုးတကာ တို့တွေ့ဆုံစုဝေးကြသောအခါ ငါသည် သင့်အားပိုက်ကွန်ဖြင့်အုပ်၍ဖမ်းကာသူ တို့အားကမ်းသို့ဆွဲတင်စေမည်။-
וּנְטַשְׁתִּ֣יךָ בָאָ֔רֶץ עַל־פְּנֵ֥י הַשָּׂדֶ֖ה אֲטִילֶ֑ךָ וְהִשְׁכַּנְתִּ֤י עָלֶ֙יךָ֙ כָּל־עֹ֣וף הַשָּׁמַ֔יִם וְהִשְׂבַּעְתִּ֥י מִמְּךָ֖ חַיַּ֥ת כָּל־הָאָֽרֶץ׃ | 4 |
၄ထိုနောက်ကုန်းပေါ်တွင်ချထားစေပြီး ကွင်း ပြင်ထဲသို့ဆွဲသွားမည်။ ကမ္ဘာပေါ်ရှိငှက် များနှင့်တိရစ္ဆာန်တို့၏အစာဖြစ်စေမည်။-
וְנָתַתִּ֥י אֶת־בְּשָׂרְךָ֖ עַל־הֶֽהָרִ֑ים וּמִלֵּאתִ֥י הַגֵּאָיֹ֖ות רָמוּתֶֽךָ׃ | 5 |
၅သင်၏ပုပ်ပျက်နေသောအလောင်းဖြင့် တောင်များ၊ ချိုင့်ဝှမ်းများကိုငါဖုံးလွှမ်းမည်။-
וְהִשְׁקֵיתִ֨י אֶ֧רֶץ צָפָתְךָ֛ מִדָּמְךָ֖ אֶל־הֶֽהָרִ֑ים וַאֲפִקִ֖ים יִמָּלְא֥וּן מִמֶּֽךָּ׃ | 6 |
၆မြေကြီးကိုသင်၏သွေးနှင့်စိုစေမည်။ ထို သွေးသည်တောင်ထိပ်တိုင်အောင်စိုမည်။ မြစ် တို့သည်သင့်သွေးဖြင့်ပြည့်လျှံလိမ့်မည်။-
וְכִסֵּיתִ֤י בְכַבֹּֽותְךָ֙ שָׁמַ֔יִם וְהִקְדַּרְתִּ֖י אֶת־כֹּֽכְבֵיהֶ֑ם שֶׁ֚מֶשׁ בֶּעָנָ֣ן אֲכַסֶּ֔נּוּ וְיָרֵ֖חַ לֹא־יָאִ֥יר אֹורֹֽו׃ | 7 |
၇သင့်အားသုတ်သင်ဖျက်ဆီးချိန်၌ငါသည် မိုးကောင်းကင်ကိုဖုံးအုပ်ကွယ်ကာ၍ ကြယ် တာရာများကိုကွယ်ပျောက်စေမည်။ နေကို မိုးတိမ်များဖုံးအုပ်လိမ့်မည်။ လသည် လည်းအလင်းရောင်ပေးလိမ့်မည်မဟုတ်။-
כָּל־מְאֹ֤ורֵי אֹור֙ בַּשָּׁמַ֔יִם אַקְדִּירֵ֖ם עָלֶ֑יךָ וְנָתַ֤תִּי חֹ֙שֶׁךְ֙ עַֽל־אַרְצְךָ֔ נְאֻ֖ם אֲדֹנָ֥י יְהוִֽה׃ | 8 |
၈ငါသည်မိုးကောင်းကင်မှအလင်းအိမ်ရှိ သမျှကိုကွယ်ပျောက်စေ၍သင့်ပြည်၌ အမှောင်ကျစေမည်။ ဤကားငါအရှင် ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
וְהִ֨כְעַסְתִּ֔י לֵ֖ב עַמִּ֣ים רַבִּ֑ים בַּהֲבִיאִ֤י שִׁבְרְךָ֙ בַּגֹּויִ֔ם עַל־אֲרָצֹ֖ות אֲשֶׁ֥ר לֹֽא־יְדַעְתָּֽם׃ | 9 |
၉``သင်အဘယ်အခါကမျှမကြားခဲ့ဘူး သည့်တိုင်းပြည်များသို့ သင်ပျက်စီးသည့် သတင်းကိုငါလွှင့်လိုက်သောအခါလူမျိုး တကာတို့သည်စိတ်ဒုက္ခရောက်ကြလိမ့်မည်။-
וַהֲשִׁמֹּותִ֨י עָלֶ֜יךָ עַמִּ֣ים רַבִּ֗ים וּמַלְכֵיהֶם֙ יִשְׂעֲר֤וּ עָלֶ֙יךָ֙ שַׂ֔עַר בְּעֹופְפִ֥י חַרְבִּ֖י עַל־פְּנֵיהֶ֑ם וְחָרְד֤וּ לִרְגָעִים֙ אִ֣ישׁ לְנַפְשֹׁ֔ו בְּיֹ֖ום מַפַּלְתֶּֽךָ׃ ס | 10 |
၁၀သင့်အားငါပြုသောအမှုကြောင့်သူတို့ သည်အံ့အားသင့်ကြလိမ့်မည်။ ငါသည်ဋ္ဌား ကိုဝှေ့ယမ်းလိုက်သောအခါရှင်ဘုရင် များသည်ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်။ သင်ပြိုလဲသောနေ့၌သူတို့အားလုံးပင် မိမိတို့၏အသက်အန္တရာယ်အတွက်စိုး ရိမ်ပူပန်ကာ ထိတ်လန့်တုန်လှုပ်ကြလိမ့် မည်'' ဟုမိန့်တော်မူ၏။
כִּ֛י כֹּ֥ה אָמַ֖ר אֲדֹנָ֣י יְהוִ֑ה חֶ֥רֶב מֶֽלֶךְ־בָּבֶ֖ל תְּבֹואֶֽךָ׃ | 11 |
၁၁အရှင်ထာဝရဘုရားကအီဂျစ်ဘုရင် အား``သင်သည်ဗာဗုလုန်ဘုရင်၏ဋ္ဌားကို ရင်ဆိုင်ရလိမ့်မည်။-
בְּחַרְבֹ֤ות גִּבֹּורִים֙ אַפִּ֣יל הֲמֹונֶ֔ךָ עָרִיצֵ֥י גֹויִ֖ם כֻּלָּ֑ם וְשָֽׁדְדוּ֙ אֶת־גְּאֹ֣ון מִצְרַ֔יִם וְנִשְׁמַ֖ד כָּל־הֲמֹונָֽהּ׃ | 12 |
၁၂ငါသည်ရက်စက်သောလူမျိုးတို့၏စစ်သူရဲ တို့အားဋ္ဌားလက်နက်ကိုင်စွဲစေပြီးလျှင် သင် ၏ပြည်သားအပေါင်းကိုသတ်ဖြတ်စေမည်။ သင်၏လူအပေါင်းနှင့်သင်ဂုဏ်ယူဝါကြွား သမျှသောအရာတို့သည်ဖျက်ဆီးခြင်း ကိုခံရမည်။-
וְהַֽאֲבַדְתִּי֙ אֶת־כָּל־בְּהֶמְתָּ֔הּ מֵעַ֖ל מַ֣יִם רַבִּ֑ים וְלֹ֨א תִדְלָחֵ֤ם רֶֽגֶל־אָדָם֙ עֹ֔וד וּפַרְסֹ֥ות בְּהֵמָ֖ה לֹ֥א תִדְלָחֵֽם׃ | 13 |
၁၃ငါသည်သင်၏တိရစ္ဆာန်များကိုသူတို့ရေ သောက်ရာအရပ်မှန်သမျှတို့တွင်သတ်ဖြတ် မည်။ ရေကိုနောက်စေမည့်လူနှင့်တိရစ္ဆာန်ရှိ တော့မည်မဟုတ်။-
אָ֚ז אַשְׁקִ֣יעַ מֵֽימֵיהֶ֔ם וְנַהֲרֹותָ֖ם כַּשֶּׁ֣מֶן אֹולִ֑יךְ נְאֻ֖ם אֲדֹנָ֥י יְהוִֽה׃ | 14 |
၁၄ငါသည်သင်၏ရေတို့ကိုအနယ်ထိုင်၍ ကြည်လင်လာစေမည်။ သင်၏မြစ်များကို လည်းဆီကဲ့သို့ငြိမ်သက်စွာစီးစေမည်။ ဤ ကားငါအရှင်ထာဝရဘုရားမိန့်တော်မူ သောစကားဖြစ်၏။-
בְּתִתִּי֩ אֶת־אֶ֨רֶץ מִצְרַ֜יִם שְׁמָמָ֣ה וּנְשַׁמָּ֗ה אֶ֚רֶץ מִמְּלֹאָ֔הּ בְּהַכֹּותִ֖י אֶת־כָּל־יֹ֣ושְׁבֵי בָ֑הּ וְיָדְע֖וּ כִּֽי־אֲנִ֥י יְהוָֽה׃ | 15 |
၁၅အီဂျစ်ပြည်ကိုလူသူဆိတ်ငြိမ်ရာအရပ် ဖြစ်စေ၍ ဥစ္စာပစ္စည်းရှိသမျှကိုဖျက်ဆီး၍ ထိုပြည်တွင်နေထိုင်ကြသူလူအပေါင်း အား သုတ်သင်ဖျက်ဆီးပစ်သောအခါငါ သည်ထာဝရဘုရားဖြစ်တော်မူကြောင်း သူတို့သိရှိကြလိမ့်မည်။-
קִינָ֥ה הִיא֙ וְקֹ֣ונְנ֔וּהָ בְּנֹ֥ות הַגֹּויִ֖ם תְּקֹונֵ֣נָּה אֹותָ֑הּ עַל־מִצְרַ֤יִם וְעַל־כָּל־הֲמֹונָהּ֙ תְּקֹונֵ֣נָּה אֹותָ֔הּ נְאֻ֖ם אֲדֹנָ֥י יְהוִֽה׃ פ | 16 |
၁၆ဤသို့ကြပ်တည်းစွာငါသတိပေးသော စကားများသည်ငိုချင်းဖြစ်လာလိမ့်မည်။ အမျိုးသမီးတို့သည်အီဂျစ်ပြည်နှင့်ထို ပြည်သားအပေါင်းတို့အတွက်ငိုကြွေးမြည် တမ်းကာ ထိုငိုချင်းကိုသီဆိုကြလိမ့်မည်။ ဤကားငါအရှင်ထာဝရဘုရားမိန့် တော်မူသောစကားဖြစ်၏'' ဟုမိန့် တော်မူ၏။
וַֽיְהִי֙ בִּשְׁתֵּ֣י עֶשְׂרֵ֣ה שָׁנָ֔ה בַּחֲמִשָּׁ֥ה עָשָׂ֖ר לַחֹ֑דֶשׁ הָיָ֥ה דְבַר־יְהוָ֖ה אֵלַ֥י לֵאמֹֽר׃ | 17 |
၁၇ငါတို့ပြည်နှင်ဒဏ်ခံသောတစ်ဆယ့်နှစ်နှစ် မြောက်၊ ပထမလ၊ လဆန်းတစ်ဆယ့်ငါးရက် နေ့၌ထာဝရဘုရား၏နှုတ်ကပတ်တော် သည်ငါ့ထံသို့ရောက်လာ၏။-
בֶּן־אָדָ֕ם נְהֵ֛ה עַל־הֲמֹ֥ון מִצְרַ֖יִם וְהֹורִדֵ֑הוּ אֹ֠ותָהּ וּבְנֹ֨ות גֹּויִ֧ם אַדִּרִ֛ם אֶל־אֶ֥רֶץ תַּחְתִּיֹּ֖ות אֶת־יֹ֥ורְדֵי בֹֽור׃ | 18 |
၁၈ကိုယ်တော်က``အချင်းလူသား၊ အီဂျစ်ပြည်မှ မြောက်မြားစွာသောလူအပေါင်းတို့အတွက် ငိုကြွေးမြည်တမ်းလော့။ သူမကိုအခြားတန် ခိုးကြီးသူလူမျိုးများ၏သမီးပျိုများ နှင့်အတူ မရဏာနိုင်ငံသို့ပို့ဆောင်လော့။
מִמִּ֖י נָעָ֑מְתָּ רְדָ֥ה וְהָשְׁכְּבָ֖ה אֶת־עֲרֵלִֽים׃ | 19 |
၁၉သူတို့အားဆင့်ဆိုရမည်မှာ သင်တို့သည်သူတစ်ပါးထက်ပို၍ တင့်တယ်ကြသလော။ လူသေတို့၏ကမ္ဘာသို့ဆင်း၍အရေဖျား လှီးမင်္ဂလာ မခံသူတို့နှင့်အတူအိပ်ကြလော့။
בְּתֹ֥וךְ חַלְלֵי־חֶ֖רֶב יִפֹּ֑לוּ חֶ֣רֶב נִתָּ֔נָה מָשְׁכ֥וּ אֹותָ֖הּ וְכָל־הֲמֹונֶֽיהָ׃ | 20 |
၂၀``အီဂျစ်ပြည်သူတို့သည်စစ်ပွဲတွင်ကျဆုံး သူများနှင့်အတူ သေကြလိမ့်မည်။ အီဂျစ် ပြည်သူအပေါင်းတို့အားသုတ်သင်ပစ်၍ ဆွဲထုတ်သွားရန် ဋ္ဌားသည်အဆင်သင့်ရှိနေ၏။-
יְדַבְּרוּ־לֹ֞ו אֵלֵ֧י גִבֹּורִ֛ים מִתֹּ֥וךְ שְׁאֹ֖ול אֶת־עֹֽזְרָ֑יו יָֽרְד֛וּ שָׁכְב֥וּ הָעֲרֵלִ֖ים חַלְלֵי־חָֽרֶב׃ (Sheol ) | 21 |
၂၁အပြောင်မြောက်ဆုံးသူရဲကောင်းများက အီဂျစ်ပြည်သားတို့နှင့်သူတို့ဘက်မှတိုက် ခိုက်သူများကို မရဏာနိုင်ငံမှကြိုဆို ကြလိမ့်မည်။ သူတို့က`စစ်ပွဲတွင်ကျဆုံးခဲ့ ကြသောအရေဖျားလှီးမင်္ဂလာမခံသူ တို့သည် ဤအရပ်သို့ဆင်းသက်ကာအိပ် ကြပြီ' ဟုအော်ဟစ်ကြ၏။'' (Sheol )
שָׁ֤ם אַשּׁוּר֙ וְכָל־קְהָלָ֔הּ סְבִֽיבֹותָ֖יו קִבְרֹתָ֑יו כֻּלָּ֣ם חֲלָלִ֔ים הַנֹּפְלִ֖ים בֶּחָֽרֶב׃ | 22 |
၂၂``အာရှုရိသည်မိမိစစ်သူရဲတို့၏သင်္ချိုင်း များခြံရံလျက်ထိုအရပ်တွင်ရှိ၏။ သူတို့ အားလုံးပင်စစ်ပွဲတွင်ကျဆုံးခဲ့သူများ ဖြစ်ကြ၏။-
אֲשֶׁ֨ר נִתְּנ֤וּ קִבְרֹתֶ֙יהָ֙ בְּיַרְכְּתֵי־בֹ֔ור וַיְהִ֣י קְהָלָ֔הּ סְבִיבֹ֖ות קְבֻרָתָ֑הּ כֻּלָּ֤ם חֲלָלִים֙ נֹפְלִ֣ים בַּחֶ֔רֶב אֲשֶׁר־נָתְנ֥וּ חִתִּ֖ית בְּאֶ֥רֶץ חַיִּֽים׃ | 23 |
၂၃သူတို့၏သင်္ချိုင်းများသည်မရဏာနိုင်ငံ ၏အနက်ရှိုင်းဆုံးအရပ်၌ရှိ၏။ အာရှုရိ စစ်သူရဲအားလုံးသည်စစ်ပွဲတွင်ကျဆုံး ၍သူတို့၏သင်္ချိုင်းများသည်အာရှုရိ၏ ဂူကိုဝိုင်းရံလျက်နေ၏။ သို့ရာတွင်အခါ တစ်ပါးကသူတို့သည်အသက်ရှင်သူတို့ ကိုတုန်လှုပ်ချောက်ချားစေခဲ့သူများဖြစ် သတည်း။
שָׁ֤ם עֵילָם֙ וְכָל־הֲמֹונָ֔הּ סְבִיבֹ֖ות קְבֻרָתָ֑הּ כֻּלָּ֣ם חֲלָלִים֩ הַנֹּפְלִ֨ים בַּחֶ֜רֶב אֲֽשֶׁר־יָרְד֥וּ עֲרֵלִ֣ים ׀ אֶל־אֶ֣רֶץ תַּחְתִּיֹּ֗ות אֲשֶׁ֨ר נָתְנ֤וּ חִתִּיתָם֙ בְּאֶ֣רֶץ חַיִּ֔ים וַיִּשְׂא֥וּ כְלִמָּתָ֖ם אֶת־יֹ֥ורְדֵי בֹֽור׃ | 24 |
၂၄``ဧလံသည်မိမိစစ်သူရဲတို့၏သင်္ချိုင်းများ ခြံရံလျက် ထိုအရပ်တွင်ရှိ၏။ သူတို့အား လုံးပင်စစ်ပွဲတွင်ကျဆုံးခဲ့သူများဖြစ်၍ အရေဖျားလှီးမင်္ဂလာမခံဘဲမရဏာ နိုင်ငံသို့ဆင်းသက်သွားသူများဖြစ်ကြ၏။ အသက်ရှင်စဉ်အခါကသူတို့သည်သူ တစ်ပါးတို့အား ထိတ်လန့်တုန်လှုပ်အောင် ပြုခဲ့ကြသော်လည်းယခုအခါ၌မူ မရဏာနိုင်ငံသို့ဆင်းသက်သူများ နှင့်အတူအသရေပျက်၍သေရကြ လေပြီ။-
בְּתֹ֣וךְ חֲ֠לָלִים נָתְנ֨וּ מִשְׁכָּ֥ב לָהּ֙ בְּכָל־הֲמֹונָ֔הּ סְבִֽיבֹותָ֖יו קִבְרֹתֶ֑הָ כֻּלָּ֣ם עֲרֵלִ֣ים חַלְלֵי־חֶ֡רֶב כִּֽי־נִתַּ֨ן חִתִּיתָ֜ם בְּאֶ֣רֶץ חַיִּ֗ים וַיִּשְׂא֤וּ כְלִמָּתָם֙ אֶת־יֹ֣ורְדֵי בֹ֔ור בְּתֹ֥וךְ חֲלָלִ֖ים נִתָּֽן׃ | 25 |
၂၅ဧလံသည်စစ်ပွဲတွင်ကျဆုံးသူများနှင့် အတူလဲ၍နေရ၏။ သူ၏ပတ်လည်၌စစ် သူရဲတို့၏သင်္ချိုင်းများရှိ၏။ ထိုသူတို့ အားလုံးပင်အရေဖျားလှီးမင်္ဂလာမခံသူ များနှင့်စစ်ပွဲတွင်ကျဆုံးသူများဖြစ် ကြ၏။ သူတို့သည်အသက်ရှင်စဉ်အခါ ကသူတစ်ပါးတို့အားတုန်လှုပ်ချောက် ချားအောင်ပြုခဲ့ကြသော်လည်း ယခု အခါ၌မူစစ်ပွဲတွင်ကျဆုံးသူတို့၏ ကံကြမ္မာကိုခံယူကာ မရဏာနိုင်ငံသို့ ဆင်းသက်သူများနှင့်အတူအသရေ ပျက်၍သေရကြလေပြီ။
שָׁ֣ם מֶ֤שֶׁךְ תֻּבַל֙ וְכָל־הֲמֹונָ֔הּ סְבִֽיבֹותָ֖יו קִבְרֹותֶ֑יהָ כֻּלָּ֤ם עֲרֵלִים֙ מְחֻ֣לְלֵי חֶ֔רֶב כִּֽי־נָתְנ֥וּ חִתִּיתָ֖ם בְּאֶ֥רֶץ חַיִּֽים׃ | 26 |
၂၆``မေရှက်နှင့်တုဗလတို့သည်မိမိတို့၏ စစ်သူရဲသင်္ချိုင်းများခြံရံလျက်ထိုအရပ် တွင်ရှိကြ၏။ သူတို့အားလုံးသည်အရေဖျား လှီးမင်္ဂလာမခံဘဲစစ်ပွဲတွင်ကျဆုံးကြ၍ မရဏာနိုင်ငံသို့ဆင်းသက်ရကြ၏။ သို့ ရာတွင်သူတို့သည်အခါတစ်ပါးက အသက်ရှင်သူတို့ကိုထိတ်လန့်တုန်လှုပ် စေခဲ့သူများဖြစ်ကြ၏။-
וְלֹ֤א יִשְׁכְּבוּ֙ אֶת־גִּבֹּורִ֔ים נֹפְלִ֖ים מֵעֲרֵלִ֑ים אֲשֶׁ֣ר יָרְדֽוּ־שְׁאֹ֣ול בִּכְלֵֽי־מִלְחַמְתָּם֩ וַיִּתְּנ֨וּ אֶת־חַרְבֹותָ֜ם תַּ֣חַת רָאשֵׁיהֶ֗ם וַתְּהִ֤י עֲוֹֽנֹתָם֙ עַל־עַצְמֹותָ֔ם כִּֽי־חִתִּ֥ית גִּבֹּורִ֖ים בְּאֶ֥רֶץ חַיִּֽים׃ (Sheol ) | 27 |
၂၇သူတို့သည်လက်နက်အပြည့်အစုံကိုင်စွဲ လျက်မရဏာနိုင်ငံသို့ဆင်းသက်သူရှေး သူရဲကောင်းကြီးများကဲ့သို့ မိမိတို့၏ဋ္ဌား များကိုဦးခေါင်းအောက်တွင်လည်းကောင်း၊ ဒိုင်းလွှားများကိုရင်ပတ်ပေါ်တွင်လည်းကောင်း ထားရှိကာဂုဏ်ပြုသင်္ဂြိုဟ်ခြင်းကိုမခံရ ကြ။ သူတို့သည်အရေဖျားလှီးမင်္ဂလာမခံ သူအခြားကျဆုံးလေပြီးသော စစ်သူရဲ ကောင်းများနှင့်အတူလဲလျောင်းနေလေပြီ။ ဤသူရဲကောင်းများသည်အခါတစ်ပါး ကအသက်ရှင်သူတို့ကိုတုန်လှုပ်ချောက် ချားရန် ပြုလုပ်သည့်တန်ခိုးကြီးမားသူ များဖြစ်ခဲ့ကြ၏။ (Sheol )
וְאַתָּ֗ה בְּתֹ֧וךְ עֲרֵלִ֛ים תִּשָּׁבַ֥ר וְתִשְׁכַּ֖ב אֶת־חַלְלֵי־חָֽרֶב׃ | 28 |
၂၈``အီဂျစ်ပြည်သားတို့သည်စစ်ပွဲတွင်ကျဆုံး ခဲ့သောအရေဖျားလှီးမင်္ဂလာမခံသူတို့နှင့် အတူ ချေမှုန်းခြင်းခံရကြမည်မှာဤနည်း အတိုင်းပင်ဖြစ်သတည်း။
שָׁ֣מָּה אֱדֹ֗ום מְלָכֶ֙יהָ֙ וְכָל־נְשִׂיאֶ֔יהָ אֲשֶׁר־נִתְּנ֥וּ בִגְבוּרָתָ֖ם אֶת־חַלְלֵי־חָ֑רֶב הֵ֛מָּה אֶת־עֲרֵלִ֥ים יִשְׁכָּ֖בוּ וְאֶת־יֹ֥רְדֵי בֹֽור׃ | 29 |
၂၉``ဧဒုံသည်လည်းမိမိ၏ဘုရင်များ၊ မင်းညီမင်း သားများနှင့်ထိုအရပ်တွင်ရှိ၏။ သူတို့သည်စွမ်း အားကြီးသည့်စစ်သူရဲများဖြစ်သော်လည်း စစ် ပွဲတွင်ကျဆုံးခဲ့သည့်အရေဖျားလှီးမင်္ဂလာ မခံသူတို့နှင့်အတူမရဏာနိုင်ငံတွင်လဲ လျက်နေရကြလေပြီ။
שָׁ֣מָּה נְסִיכֵ֥י צָפֹ֛ון כֻּלָּ֖ם וְכָל־צִֽדֹנִ֑י אֲשֶׁר־יָרְד֣וּ אֶת־חֲלָלִ֗ים בְּחִתִּיתָ֑ם מִגְבֽוּרָתָם֙ בֹּושִׁ֔ים וַיִּשְׁכְּב֤וּ עֲרֵלִים֙ אֶת־חַלְלֵי־חֶ֔רֶב וַיִּשְׂא֥וּ כְלִמָּתָ֖ם אֶת־יֹ֥ורְדֵי בֹֽור׃ | 30 |
၃၀``မြောက်အရပ်မှမင်းညီမင်းသားများနှင့် ဇိဒုန်မြို့သားတို့သည်ထိုအရပ်တွင်ရှိကြ ၏။ အခါတစ်ပါးကသူတို့သည်မိမိတို့ ၏တန်ခိုးအာဏာဖြင့်သူတစ်ပါးတို့အား ထိတ်လန့်တုန်လှုပ်အောင်ပြုခဲ့ကြသော်လည်း ယခုအခါ၌စစ်ပွဲတွင်ကျဆုံးသူများ နှင့်အတူအသရေပျက်၍ သေကြပြီး လျှင်အရေဖျားလှီးမင်္ဂလာမခံရသူ များနှင့်အတူသေသူတို့ကမ္ဘာသို့ဆင်း သက်ကြရ၏။
אֹותָם֙ יִרְאֶ֣ה פַרְעֹ֔ה וְנִחַ֖ם עַל־כָּל־הֲמֹונֹה (הֲמֹונֹ֑ו) חַלְלֵי־חֶ֙רֶב֙ פַּרְעֹ֣ה וְכָל־חֵילֹ֔ו נְאֻ֖ם אֲדֹנָ֥י יְהוִֽה׃ | 31 |
၃၁``အီဂျစ်ဘုရင်နှင့် သူ၏တပ်မတော်သည် စစ်ပွဲတွင်ကျဆုံးသော ထိုသူအပေါင်းကို တွေ့မြင်သောအခါမိမိတို့ကိုယ်ကိုနှစ် သိမ့်နိုင်ကြလိမ့်မည်'' ဟုအရှင်ထာဝရ ဘုရားမိန့်တော်မူ၏။
כִּֽי־נָתַ֥תִּי אֶת־חִתִּיתֹו (חִתִּיתִ֖י) בְּאֶ֣רֶץ חַיִּ֑ים וְהֻשְׁכַּב֩ בְּתֹ֨וךְ עֲרֵלִ֜ים אֶת־חַלְלֵי־חֶ֗רֶב פַּרְעֹה֙ וְכָל־הֲמֹונֹ֔ה נְאֻ֖ם אֲדֹנָ֥י יְהוִֽה׃ פ | 32 |
၃၂``အီဂျစ်ဘုရင်သည်အသက်ရှင်သူတို့ကို တုန်လှုပ်ချောက်ချားအောင်ပြုခဲ့၏။ သို့ရာ တွင်သူနှင့်သူ၏စစ်သူရဲအပေါင်းတို့သည် သုတ်သင်ခြင်းကိုခံရ၏။ စစ်ပွဲတွင်ကျဆုံး ခဲ့သောအရေဖျားလှီးမင်္ဂလာမခံသူတို့ နှင့်အတူမြှုပ်နှံခြင်းကိုခံရလိမ့်မည်။'' ဤကားအရှင်ထာဝရဘုရားမိန့်တော် မူသောစကားဖြစ်၏။