< יְחֶזְקֵאל 18 >

וַיְהִ֥י דְבַר־יְהוָ֖ה אֵלַ֥י לֵאמֹֽר׃ 1
တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက်လာ ၍၊
מַה־לָּכֶ֗ם אַתֶּם֙ מֹֽשְׁלִים֙ אֶת־הַמָּשָׁ֣ל הַזֶּ֔ה עַל־אַדְמַ֥ת יִשְׂרָאֵ֖ל לֵאמֹ֑ר אָבֹות֙ יֹ֣אכְלוּ בֹ֔סֶר וְשִׁנֵּ֥י הַבָּנִ֖ים תִּקְהֶֽינָה׃ 2
အဘ တို့သည် ချဉ် သောစပျစ်သီးကို စား ၍ သား တို့သည် သွား ကျိန်း လျက်ရှိကြ၏ဟု၊ သင် တို့သည် ဣသရေလ ပြည် ကိုရည်မှတ် ၍ စကားပုံ ကို သုံး သောအခါ အဘယ်သို့ ဆိုလို သနည်း။
חַי־אָ֕נִי נְאֻ֖ם אֲדֹנָ֣י יְהוִ֑ה אִם־יִֽהְיֶ֨ה לָכֶ֜ם עֹ֗וד מְשֹׁ֛ל הַמָּשָׁ֥ל הַזֶּ֖ה בְּיִשְׂרָאֵֽל׃ 3
အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ အသက်ရှင် သည်အတိုင်း နောက် တဖန်ဣသရေလ ပြည် ၌ ထို စကားပုံ ကိုသုံး ရသောအကြောင်းမ ရှိ ရ။
הֵ֤ן כָּל־הַנְּפָשֹׁות֙ לִ֣י הֵ֔נָּה כְּנֶ֧פֶשׁ הָאָ֛ב וּכְנֶ֥פֶשׁ הַבֵּ֖ן לִי־הֵ֑נָּה הַנֶּ֥פֶשׁ הַחֹטֵ֖את הִ֥יא תָמֽוּת׃ ס 4
ဝိညာဉ် အပေါင်း တို့ကို ငါ ပိုင် ၏။ အဘ ၏ဝိညာဉ် ကို ငါပိုင်သကဲ့သို့ သား ၏ဝိညာဉ် ကိုလည်း ငါ ပိုင် ၏။ ပြစ်မှား သော ဝိညာဉ် သည် အသက်သေ ရမည်။
וְאִ֖ישׁ כִּי־יִהְיֶ֣ה צַדִּ֑יק וְעָשָׂ֥ה מִשְׁפָּ֖ט וּצְדָקָֽה׃ 5
လူ မည်သည်ကား ၊ သဘော ဖြောင့်၍ တရား သောအမှု၊ ဟုတ်မှန် သော အမှုကိုပြု လျှင် ၎င်း ၊
אֶל־הֶֽהָרִים֙ לֹ֣א אָכָ֔ל וְעֵינָיו֙ לֹ֣א נָשָׂ֔א אֶל־גִּלּוּלֵ֖י בֵּ֣ית יִשְׂרָאֵ֑ל וְאֶת־אֵ֤שֶׁת רֵעֵ֙הוּ֙ לֹ֣א טִמֵּ֔א וְאֶל־אִשָּׁ֥ה נִדָּ֖ה לֹ֥א יִקְרָֽב׃ 6
တောင် ပေါ်မှာ မ စား ၊ ဣသရေလ အမျိုး ကိုးကွယ်သော ရုပ်တု တို့ကို မ ဖူး မမျှော်၊ သူ့ မယား ကို မ ပြစ်မှား ၊ ဥတု ရောက်သော မိန်းမ ကို မ ချဉ်းကပ် ၊
וְאִישׁ֙ לֹ֣א יֹונֶ֔ה חֲבֹלָתֹ֥ו חֹוב֙ יָשִׁ֔יב גְּזֵלָ֖ה לֹ֣א יִגְזֹ֑ל לַחְמֹו֙ לְרָעֵ֣ב יִתֵּ֔ן וְעֵירֹ֖ם יְכַסֶּה־בָּֽגֶד׃ 7
အဘယ်သူ ကိုမျှ မ ညှဉ်းဆဲ ၊ ကြွေး စားပေါင် ထား သော ဥစ္စာကို ပြန် ၍မပေးဘဲမနေ၊ သူ့ဥစ္စာ ကို အနိုင်အထက် မ လုမယူ၊ ငတ်မွတ် သောသူကို ကျွေးမွေး ၍ ၊ အဝတ် မရှိသောသူကို အဝတ် နှင့်ဖုံးလွှမ်း လျှင်၎င်း ၊
בַּנֶּ֣שֶׁךְ לֹֽא־יִתֵּ֗ן וְתַרְבִּית֙ לֹ֣א יִקָּ֔ח מֵעָ֖וֶל יָשִׁ֣יב יָדֹ֑ו מִשְׁפַּ֤ט אֱמֶת֙ יַֽעֲשֶׂ֔ה בֵּ֥ין אִ֖ישׁ לְאִֽישׁ׃ 8
အတိုး စား၍ ငွေကိုမ ချေး ၊ အဓမ္မ အမှုကို လက် မ ခံ၊ သူတပါးအမှုကို တရား သဖြင့် စီရင် ခြင်း၊
בְּחֻקֹּותַ֧י יְהַלֵּ֛ךְ וּמִשְׁפָּטַ֥י שָׁמַ֖ר לַעֲשֹׂ֣ות אֱמֶ֑ת צַדִּ֥יק הוּא֙ חָיֹ֣ה יִֽחְיֶ֔ה נְאֻ֖ם אֲדֹנָ֥י יְהוִֽה׃ 9
ငါ စီရင် ထုံးဖွဲ့သည် အတိုင်းကျင့် ၍ သစ္စာစောင့် ခြင်းကိုပြု လျှင်၎င်း ၊ ထိုသူ သည် ဖြောင့်မတ် သောသူဖြစ် ၏။ အကယ်စင်စစ်အသက်ရှင် ရလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
וְהֹולִ֥יד בֵּן־פָּרִ֖יץ שֹׁפֵ֣ךְ דָּ֑ם וְעָ֣שָׂה אָ֔ח מֵאַחַ֖ד מֵאֵֽלֶּה׃ 10
၁၀သို့ရာတွင်၊ ထိုသူ၏သား သည် ထားပြ တိုက် သောသူ၊ လူအသက် ကိုသတ်သောသူ၊ အရင်ဆိုခဲ့ပြီးသော ဒုစရိုက်တစုံတခု ကို ပြု သောသူ၊
וְה֕וּא אֶת־כָּל־אֵ֖לֶּה לֹ֣א עָשָׂ֑ה כִּ֣י גַ֤ם אֶל־הֶֽהָרִים֙ אָכַ֔ל וְאֶת־אֵ֥שֶׁת רֵעֵ֖הוּ טִמֵּֽא׃ 11
၁၁အရင်ဆိုခဲ့ပြီးသော သုစရိုက်ကိုမ ပြု ၊ တောင် ပေါ်မှာ စား ခြင်း၊ သူ့ မယား ကိုပြစ်မှား ခြင်း၊
עָנִ֤י וְאֶבְיֹון֙ הֹונָ֔ה גְּזֵלֹ֣ות גָּזָ֔ל חֲבֹ֖ל לֹ֣א יָשִׁ֑יב וְאֶל־הַגִּלּוּלִים֙ נָשָׂ֣א עֵינָ֔יו תֹּועֵבָ֖ה עָשָֽׂה׃ 12
၁၂ဆင်းရဲ ငတ်မွတ် သောသူကို ညှဉ်းဆဲ ခြင်း၊ သူ့ဥစ္စာ ကို အနိုင်အထက် လုယူခြင်း၊ ပေါင် ထားသော ဥစ္စာကို ပြန် ၍မ ပေးဘဲနေခြင်း၊ ရုပ်တု ကို ဖူးမျှော် ခြင်း၊ ရွံ့ရှာဘွယ် သော အမှုကိုပြု ခြင်း၊
בַּנֶּ֧שֶׁךְ נָתַ֛ן וְתַרְבִּ֥ית לָקַ֖ח וָחָ֑י לֹ֣א יִֽחְיֶ֗ה אֵ֣ת כָּל־הַתֹּועֵבֹ֤ות הָאֵ֙לֶּה֙ עָשָׂ֔ה מֹ֣ות יוּמָ֔ת דָּמָ֖יו בֹּ֥ו יִהְיֶֽה׃ 13
၁၃အတိုး စား၍ငွေချေး ခြင်းကိုပြုသောသူဖြစ် လျှင်၊ အသက်ရှင် ရမည်လော။ အသက် မ ရှင်ရ။ ထို ရွံ့ရှာဘွယ် သော အမှုများကိုပြုသောကြောင့်၊ စင်စစ်အသေ သတ်ခြင်းကိုခံရမည်။ သေထိုက်သောအပြစ်ရှိ ၏။
וְהִנֵּה֙ הֹולִ֣יד בֵּ֔ן וַיַּ֕רְא אֶת־כָּל־חַטֹּ֥את אָבִ֖יו אֲשֶׁ֣ר עָשָׂ֑ה וַיִּרְאֶ֕ה וְלֹ֥א יַעֲשֶׂ֖ה כָּהֵֽן׃ 14
၁၄သို့ရာတွင် ၊ ထိုသူ၏သား သည် အဘ ပြုသမျှ သော ဒုစရိုက် တို့ကို မြင် ၍ဆင်ခြင်သဖြင့် ၊ ထိုသို့ သော အမှုတို့ကိုမ ပြု ၊
עַל־הֶֽהָרִים֙ לֹ֣א אָכָ֔ל וְעֵינָיו֙ לֹ֣א נָשָׂ֔א אֶל־גִּלּוּלֵ֖י בֵּ֣ית יִשְׂרָאֵ֑ל אֶת־אֵ֥שֶׁת רֵעֵ֖הוּ לֹ֥א טִמֵּֽא׃ 15
၁၅တောင် ပေါ်မှာ မ စား ၊ ဣသရေလ အမျိုး ကိုးကွယ်သော ရုပ်တု တို့ကို မ ဖူး မမျှော်၊ သူ့ မယား ကိုမ ပြစ်မှား ၊
וְאִישׁ֙ לֹ֣א הֹונָ֔ה חֲבֹל֙ לֹ֣א חָבָ֔ל וּגְזֵלָ֖ה לֹ֣א גָזָ֑ל לַחְמֹו֙ לְרָעֵ֣ב נָתָ֔ן וְעֵרֹ֖ום כִּסָּה־בָֽגֶד׃ 16
၁၆အဘယ်သူ ကိုမျှ မ ညှဉ်းဆဲ ၊ ပေါင် ထားသော ဥစ္စာကိုမ သိမ်း ၊ သူ့ဥစ္စာ ကို အနိုင်အထက် မ လုမယူ၊ ငတ်မွတ် သောသူကို ကျွေးမွေး ခြင်း၊ အဝတ် မရှိသော သူကိုအဝတ် နှင့်ဖုံးလွှမ်း ခြင်း၊
מֵעָנִ֞י הֵשִׁ֣יב יָדֹ֗ו נֶ֤שֶׁךְ וְתַרְבִּית֙ לֹ֣א לָקָ֔ח מִשְׁפָּטַ֣י עָשָׂ֔ה בְּחֻקֹּותַ֖י הָלָ֑ךְ ה֗וּא לֹ֥א יָמ֛וּת בַּעֲוֹ֥ן אָבִ֖יו חָיֹ֥ה יִחְיֶֽה׃ 17
၁၇ဆင်းရဲ သော သူကိုချမ်းသာ ပေးခြင်း၊ အတိုး မ စား ဘဲငွေချေးခြင်းကို ပြု၍ငါ စီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက် လျှင်၊ ထိုသူ သည်အဘ ၏ အပြစ် ကြောင့် အသေ ခံရမည်မ ဟုတ်။ စင်စစ်အသက်ရှင် ရလိမ့်မည်။
אָבִ֞יו כִּֽי־עָ֣שַׁק עֹ֗שֶׁק גָּזַל֙ גֵּ֣זֶל אָ֔ח וַאֲשֶׁ֥ר לֹא־טֹ֛וב עָשָׂ֖ה בְּתֹ֣וךְ עַמָּ֑יו וְהִנֵּה־מֵ֖ת בַּעֲוֹנֹֽו׃ 18
၁၈အဘ မူကား၊ မိမိညီအစ်ကို ကိုအထပ်ထပ်ညှဉ်းဆဲ လျက်၊ သူ့ဥစ္စာကို အနိုင်အထက် လုယူလျက် ၊ မိမိ အမျိုးသား ချင်းတို့တွင် မကောင်း သော အမှုကိုပြု သောအပြစ်ကြောင့် ၊ အသေ သတ်ခြင်းကိုခံရမည်။
וַאֲמַרְתֶּ֕ם מַדֻּ֛עַ לֹא־נָשָׂ֥א הַבֵּ֖ן בַּעֲוֹ֣ן הָאָ֑ב וְהַבֵּ֞ן מִשְׁפָּ֧ט וּצְדָקָ֣ה עָשָׂ֗ה אֵ֣ת כָּל־חֻקֹּותַ֥י שָׁמַ֛ר וַיַּעֲשֶׂ֥ה אֹתָ֖ם חָיֹ֥ה יִחְיֶֽה׃ 19
၁၉သင်တို့ကလည်း ၊ အဘယ်သို့ နည်း။ သား သည် အဘ ၏ အပြစ် ကို မ ခံရ သလောဟု မေး ကြသော်၊ သား သည် တရား သောအမှု၊ ဟုတ်မှန် သောအမှုကိုပြု ၍၊ ငါ စီရင် ထုံးဖွဲ့သမျှ အတိုင်း ကျင့် စောင့်လျှင်၊ စင်စစ်အသက်ရှင် ရလိမ့်မည်။
הַנֶּ֥פֶשׁ הַחֹטֵ֖את הִ֣יא תָמ֑וּת בֵּ֞ן לֹא־יִשָּׂ֣א ׀ בַּעֲוֹ֣ן הָאָ֗ב וְאָב֙ לֹ֤א יִשָּׂא֙ בַּעֲוֹ֣ן הַבֵּ֔ן צִדְקַ֤ת הַצַּדִּיק֙ עָלָ֣יו תִּֽהְיֶ֔ה וְרִשְׁעַ֥ת רָשָׁע (הָרָשָׁ֖ע) עָלָ֥יו תִּֽהְיֶֽה׃ ס 20
၂၀ပြစ်မှား သောသူသည် အသေ ခံရမည်။ သား သည် အဘ ၏အပြစ် ကိုမ ခံရ ။ အဘ သည် သား ၏အပြစ် ကို မ ခံရ ။ တရား သောသူသည် တရား စွာပြုခြင်းအကျိုး ကို၎င်း၊ မတရား သောသူသည် မတရား စွာပြုခြင်း အပြစ်ကို၎င်းခံရ လိမ့်မည်။
וְהָרָשָׁ֗ע כִּ֤י יָשׁוּב֙ מִכָּל־חַטָּאתֹו (חַטֹּאתָיו֙) אֲשֶׁ֣ר עָשָׂ֔ה וְשָׁמַר֙ אֶת־כָּל־חֻקֹותַ֔י וְעָשָׂ֥ה מִשְׁפָּ֖ט וּצְדָקָ֑ה חָיֹ֥ה יִחְיֶ֖ה לֹ֥א יָמֽוּת׃ 21
၂၁သို့ရာတွင် ၊ မတရား သောသူသည် မိမိ ပြုမိသမျှ သော ဒုစရိုက် တို့ကို ကြဉ်ရှောင် လျက်၊ ငါ စီရင် ထုံးဖွဲ့သမျှ တို့ ကို စောင့်ရှောက် ၍ ၊ တရား သောအမှု၊ ဟုတ်မှန် သော အမှုတို့ကိုပြုလျှင်၊ သေ ခြင်းနှင့်လွတ် ၍ စင်စစ်အသက်ရှင် ရလိမ့်မည်။
כָּל־פְּשָׁעָיו֙ אֲשֶׁ֣ר עָשָׂ֔ה לֹ֥א יִזָּכְר֖וּ לֹ֑ו בְּצִדְקָתֹ֥ו אֲשֶׁר־עָשָׂ֖ה יִֽחְיֶֽה׃ 22
၂၂ပြု မိသမျှ သော ဒုစရိုက် အပြစ်တို့ကို သူ တဘက် ၌ မ မှတ် ရ။ ပြု မိသောဖြောင့်မတ် ခြင်းအမှုကြောင့် အသက်ရှင် ရလိမ့်မည်။
הֶחָפֹ֤ץ אֶחְפֹּץ֙ מֹ֣ות רָשָׁ֔ע נְאֻ֖ם אֲדֹנָ֣י יְהוִ֑ה הֲלֹ֛וא בְּשׁוּבֹ֥ו מִדְּרָכָ֖יו וְחָיָֽה׃ ס 23
၂၃မတရား သောသူသည်မိမိ အကျင့် တို့ကိုရှောင် ၍ အသက် မ ရှင်၊ အသေခံ ခြင်းအမှု၌ ငါသည်အနည်းငယ်သော ပျော်မွေ့ ခြင်းရှိသလော။
וּבְשׁ֨וּב צַדִּ֤יק מִצִּדְקָתֹו֙ וְעָ֣שָׂה עָ֔וֶל כְּכֹ֨ל הַתֹּועֵבֹ֜ות אֲשֶׁר־עָשָׂ֧ה הָרָשָׁ֛ע יַעֲשֶׂ֖ה וָחָ֑י כָּל־צִדְקָתֹו (צִדְקֹתָ֤יו) אֲשֶׁר־עָשָׂה֙ לֹ֣א תִזָּכַ֔רְנָה בְּמַעֲלֹ֧ו אֲשֶׁר־מָעַ֛ל וּבְחַטָּאתֹ֥ו אֲשֶׁר־חָטָ֖א בָּ֥ם יָמֽוּת׃ 24
၂၄သို့ရာတွင် ၊ တရား သောသူသည်ဖောက်ပြန် ၍ ၊ အဓမ္မ အမှုကို၎င်း ၊ မတရား သောသူပြု သမျှ သော စက်ဆုပ် ရွံ့ရှာဘွယ်အမှုတို့ကို၎င်းပြု လျှင် ၊ အသက်ရှင် ရမည်လော။ အရင်ပြု သမျှ သော ဖြောင့်မတ် ခြင်းအမှုတို့ကို မ မှတ် ၊ သူသည် လွန်ကျူး သောအမှု၊ ပြစ်မှား သော အပြစ် ကြောင့် အသေ သတ်ခြင်းကိုခံရလိမ့်မည်။
וַאֲמַרְתֶּ֕ם לֹ֥א יִתָּכֵ֖ן דֶּ֣רֶךְ אֲדֹנָ֑י שִׁמְעוּ־נָא֙ בֵּ֣ית יִשְׂרָאֵ֔ל הֲדַרְכִּי֙ לֹ֣א יִתָּכֵ֔ן הֲלֹ֥א דַרְכֵיכֶ֖ם לֹ֥א יִתָּכֵֽנוּ׃ 25
၂၅သို့သော်လည်း သင်တို့က၊ ထာဝရ ဘုရား စီရင်ချက် မ ဖြောင့် ဟု ဆို ကြသည်တကား။ အိုဣသရေလ အမျိုး ၊ ငါ စီရင်ချက် သည် ဖြောင့် ၍၊ သင် တို့စီရင်ချက် ကောက် သည် မ ဟုတ်လော။
בְּשׁוּב־צַדִּ֧יק מִצִּדְקָתֹ֛ו וְעָ֥שָׂה עָ֖וֶל וּמֵ֣ת עֲלֵיהֶ֑ם בְּעַוְלֹ֥ו אֲשֶׁר־עָשָׂ֖ה יָמֽוּת׃ ס 26
၂၆တရား သောသူသည်တရား သောအမှုကိုပယ် ၍ အဓမ္မ အမှုကို ပြု လျှင် ၊ ထိုအမှု ကြောင့် သေ ရမည်။ ပြု မိသော အဓမ္မ အမှုကြောင့် အသေ သတ်ခြင်းကိုခံရမည်။
וּבְשׁ֣וּב רָשָׁ֗ע מֵֽרִשְׁעָתֹו֙ אֲשֶׁ֣ר עָשָׂ֔ה וַיַּ֥עַשׂ מִשְׁפָּ֖ט וּצְדָקָ֑ה ה֖וּא אֶת־נַפְשֹׁ֥ו יְחַיֶּֽה׃ 27
၂၇ထိုအတူ၊ မတရား သောသူသည် မိမိပြု မိသော အဓမ္မ အမှုကို ရှောင် ၍၊ တရား သောအမှု၊ ဟုတ်မှန် သော အမှုကိုပြု လျှင်၊ မိမိ အသက် ကို ကယ်နှုတ် ရလိမ့်မည်။
וַיִּרְאֶ֣ה וַיָּשֹׁוב (וַיָּ֔שָׁב) מִכָּל־פְּשָׁעָ֖יו אֲשֶׁ֣ר עָשָׂ֑ה חָיֹ֥ו יִחְיֶ֖ה לֹ֥א יָמֽוּת׃ 28
၂၈ပြု မိသမျှ သော အဓမ္မ အမှုတို့ကို ဆင်ခြင် ၍ ရှောင် သောကြောင့် ၊ သေ ခြင်းနှင့်လွတ် ၍ စင်စစ်အသက်ရှင် ရလိမ့်မည်။
וְאָֽמְרוּ֙ בֵּ֣ית יִשְׂרָאֵ֔ל לֹ֥א יִתָּכֵ֖ן דֶּ֣רֶךְ אֲדֹנָ֑י הַדְּרָכַ֞י לֹ֤א יִתָּֽכְנּוּ֙ בֵּ֣ית יִשְׂרָאֵ֔ל הֲלֹ֥א דַרְכֵיכֶ֖ם לֹ֥א יִתָּכֵֽן׃ 29
၂၉သို့သော်လည်း ဣသရေလ အမျိုး က၊ ထာဝရ ဘုရား စီရင်ချက် မ ဖြောင့် ဟု ဆို ကြသည်တကား။ အိုဣသရေလ အမျိုး ၊ ငါ စီရင်ချက် သည် ဖြောင့် ၍၊ သင် တို့စီရင်ချက် ကောက် သည် မ ဟုတ်လော။
לָכֵן֩ אִ֨ישׁ כִּדְרָכָ֜יו אֶשְׁפֹּ֤ט אֶתְכֶם֙ בֵּ֣ית יִשְׂרָאֵ֔ל נְאֻ֖ם אֲדֹנָ֣י יְהוִ֑ה שׁ֤וּבוּ וְהָשִׁ֙יבוּ֙ מִכָּל־פִּשְׁעֵיכֶ֔ם וְלֹֽא־יִהְיֶ֥ה לָכֶ֛ם לְמִכְשֹׁ֖ול עָוֹֽן׃ 30
၃၀သို့ဖြစ်၍ ၊ အိုဣသရေလ အမျိုး ၊ သင် တို့အသီးအသီး ကျင့် ကြသည်အတိုင်း အကျိုးအပြစ်ကိုငါစီရင် မည်။ သင်တို့သည် အဓမ္မ အမှုရှိသမျှ တို့ကို စွန့်ပစ် ၍ ပြောင်းလဲ ကြလော့။ ပြောင်းလဲကြလော့။ ဒုစရိုက် အပြစ်ကြောင့် ထိမိ ၍ ဆုံးခြင်းသို့မ ရောက် ကြနှင့်။
הַשְׁלִ֣יכוּ מֵעֲלֵיכֶ֗ם אֶת־כָּל־פִּשְׁעֵיכֶם֙ אֲשֶׁ֣ר פְּשַׁעְתֶּ֣ם בָּ֔ם וַעֲשׂ֥וּ לָכֶ֛ם לֵ֥ב חָדָ֖שׁ וְר֣וּחַ חֲדָשָׁ֑ה וְלָ֥מָּה תָמֻ֖תוּ בֵּ֥ית יִשְׂרָאֵֽל׃ 31
၃၁သင် တို့သည် ပြု သမျှ သော လွန်ကျူး ခြင်းအမှု တို့ကို စွန့်ပစ် ၍ အသစ် သောနှလုံး ၊ အသစ် သောစိတ် သဘောကို ပြင်ဆင် ကြလော့။ အိုဣသရေလ အမျိုး ၊ သင်တို့သည် အဘယ်ကြောင့် အသေ သတ်ခြင်းကိုခံလိုသနည်း။
כִּ֣י לֹ֤א אֶחְפֹּץ֙ בְּמֹ֣ות הַמֵּ֔ת נְאֻ֖ם אֲדֹנָ֣י יְהוִ֑ה וְהָשִׁ֖יבוּ וִֽחְיֽוּ׃ פ 32
၃၂အသေ ခံရသောသူ ၏ အသေခံ ခြင်းအမှု၌ ငါသည် ပျော်မွေ့ ခြင်းမ ရှိ။ ထိုကြောင့် ၊ ပြောင်းလဲ ၍ အသက်ရှင် ကြလော့ဟု အရှင် ထာဝရဘုရား မိန့် တော်မူ ၏။

< יְחֶזְקֵאל 18 >