< דְּבָרִים 3 >

וַנֵּ֣פֶן וַנַּ֔עַל דֶּ֖רֶךְ הַבָּשָׁ֑ן וַיֵּצֵ֣א עֹוג֩ מֶֽלֶךְ־הַבָּשָׁ֨ן לִקְרָאתֵ֜נוּ ה֧וּא וְכָל־עַמֹּ֛ו לַמִּלְחָמָ֖ה אֶדְרֶֽעִי׃ 1
``နောက်​တစ်​ဖန်​ငါ​တို့​သည် မြောက်​ဘက်​ရှိ​ဗာ​ရှန် ပြည်​သို့​ချီ​တက်​ခဲ့​ကြ​သည်။ ထို​အ​ခါ​ဗာ​ရှန် ဘု​ရင်​သြ​ဃ​သည် မိ​မိ​၏​စစ်​သူ​ရဲ​အ​ပေါင်း တို့​နှင့်​တ​ကွ​ငါ​တို့​ကို​တိုက်​ရန်​ဧဒြိ​မြို့​သို့ ချီ​တက်​လာ​လေ​သည်။-
וַיֹּ֨אמֶר יְהוָ֤ה אֵלַי֙ אַל־תִּירָ֣א אֹתֹ֔ו כִּ֣י בְיָדְךָ֞ נָתַ֧תִּי אֹתֹ֛ו וְאֶת־כָּל־עַמֹּ֖ו וְאֶת־אַרְצֹ֑ו וְעָשִׂ֣יתָ לֹּ֔ו כַּאֲשֶׁ֣ר עָשִׂ֗יתָ לְסִיחֹן֙ מֶ֣לֶךְ הָֽאֱמֹרִ֔י אֲשֶׁ֥ר יֹושֵׁ֖ב בְּחֶשְׁבֹּֽון׃ 2
သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က`သူ့​ကို​မ​ကြောက် နှင့်။ ငါ​သည်​သူ​နှင့်​တ​ကွ သူ​၏​လူ​အ​ပေါင်း တို့​ကို​လည်း​ကောင်း၊ သူ​၏​တိုင်း​ပြည်​ကို​လည်း ကောင်း၊ သင့်​လက်​သို့​ပေး​အပ်​မည်။ သင်​သည် ဟေ​ရှ​ဘုန်​မြို့​၌​စိုး​စံ​သော​အာ​မော​ရိ​ဘု​ရင် ရှိ​ဟုန်​အား​နှိမ်​နင်း​သ​ကဲ့​သို့ သူ့​အား​လည်း နှိမ်​နင်း​လော့' ဟု​ငါ့​အား​မိန့်​တော်​မူ​သည်။''
וַיִּתֵּן֩ יְהוָ֨ה אֱלֹהֵ֜ינוּ בְּיָדֵ֗נוּ גַּ֛ם אֶת־עֹ֥וג מֶֽלֶךְ־הַבָּשָׁ֖ן וְאֶת־כָּל־עַמֹּ֑ו וַנַּכֵּ֕הוּ עַד־בִּלְתִּ֥י הִשְׁאִֽיר־לֹ֖ו שָׂרִֽיד׃ 3
``သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် သြ​ဃ​ဘု​ရင် နှင့်​သူ​၏​လူ​အ​ပေါင်း​တို့​ကို​ငါ​တို့​၏​လက်​သို့ အပ်​သ​ဖြင့် ငါ​တို့​သည်​တစ်​ယောက်​မ​ကျန်​သတ် ဖြတ်​သုတ်​သင်​ခဲ့​ကြ​၏။-
וַנִּלְכֹּ֤ד אֶת־כָּל־עָרָיו֙ בָּעֵ֣ת הַהִ֔וא לֹ֤א הָֽיְתָה֙ קִרְיָ֔ה אֲשֶׁ֥ר לֹא־לָקַ֖חְנוּ מֵֽאִתָּ֑ם שִׁשִּׁ֥ים עִיר֙ כָּל־חֶ֣בֶל אַרְגֹּ֔ב מַמְלֶ֥כֶת עֹ֖וג בַּבָּשָֽׁן׃ 4
တစ်​ချိန်​တည်း​မှာ​ပင်​ငါ​တို့​သည် သူ​ပိုင်​ဆိုင် သော​မြို့​ရှိ​သ​မျှ​ကို​သိမ်း​ယူ​ကြ​သည်။ ငါ​တို့ မ​သိမ်း​ယူ​သော​မြို့​ဟူ​၍​တစ်​မြို့​မှ​မ​ရှိ။ ငါ တို့​သည်​မြို့​ပေါင်း​ခြောက်​ဆယ်၊ တစ်​နည်း​အား ဖြင့်​ဗာ​ရှန်​ဘု​ရင်​ကြီး​စိုး​သော​အာ​ဂေါ​ဘ ဒေ​သ​တစ်​ခု​လုံး​ကို​သိမ်း​ယူ​ကြ​သည်။-
כָּל־אֵ֜לֶּה עָרִ֧ים בְּצֻרֹ֛ות חֹומָ֥ה גְבֹהָ֖ה דְּלָתַ֣יִם וּבְרִ֑יחַ לְבַ֛ד מֵעָרֵ֥י הַפְּרָזִ֖י הַרְבֵּ֥ה מְאֹֽד׃ 5
ထို​မြို့​အား​လုံး​တို့​သည်​မြင့်​မား​သော​မြို့​ရိုး၊ မြို့​တံ​ခါး​များ​နှင့်​မြို့​တံ​ခါး​ကန့်​လန့်​ကျင် များ​ရှိ​သ​ဖြင့် ခိုင်​ခံ့​သော​မြို့​များ​ဖြစ်​ကြ သည်။ အ​ကာ​အ​ကွယ်​ကင်း​မဲ့​သော​ကျေး​ရွာ များ​လည်း​အ​မြောက်​အ​မြား​ရှိ​သည်။-
וַנַּחֲרֵ֣ם אֹותָ֔ם כַּאֲשֶׁ֣ר עָשִׂ֔ינוּ לְסִיחֹ֖ן מֶ֣לֶךְ חֶשְׁבֹּ֑ון הַחֲרֵם֙ כָּל־עִ֣יר מְתִ֔ם הַנָּשִׁ֖ים וְהַטָּֽף׃ 6
ငါ​တို့​သည်​ဟေ​ရှ​ဘုန်​ဘု​ရင်​ရှိ​ဟုန်​ပိုင်​သော မြို့​များ​နှင့်​မြို့​သူ​မြို့​သား​များ​ကို​ဖျက်​ဆီး သုတ်​သင်​သ​ကဲ့​သို့ သြ​ဃ​မင်း​ပိုင်​သော​မြို့ အား​လုံး​ကို​ဖျက်​ဆီး​၍ ယောကျာ်း​မိန်း​မ​နှင့် က​လေး​သူ​ငယ်​အ​ပေါင်း​တို့​ကို​သတ်​ဖြတ် သုတ်​သင်​ခဲ့​ကြ​သည်။-
וְכָל־הַבְּהֵמָ֛ה וּשְׁלַ֥ל הֶעָרִ֖ים בַּזֹּ֥ונוּ לָֽנוּ׃ 7
တိရစ္ဆာန်​များ​နှင့်​မြို့​များ​မှ​ဥစ္စာ​ပစ္စည်း​များ ကို​လည်း သိမ်း​ယူ​ခဲ့​ကြ​သည်။
וַנִּקַּ֞ח בָּעֵ֤ת הַהִוא֙ אֶת־הָאָ֔רֶץ מִיַּ֗ד שְׁנֵי֙ מַלְכֵ֣י הָאֱמֹרִ֔י אֲשֶׁ֖ר בְּעֵ֣בֶר הַיַּרְדֵּ֑ן מִנַּ֥חַל אַרְנֹ֖ן עַד־הַ֥ר חֶרְמֹֽון׃ 8
``သို့​ဖြစ်​၍​ထို​အ​ချိန်​တွင်​ငါ​တို့​သည် အာ​နုန် မြစ်​မှ​ဟေ​ရ​မုန်​တောင်​အ​ထိ​ကျယ်​ပြန့်​သော ယော​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ​နယ်​မြေ​ကို ထို အာ​မော​ရိ​ဘု​ရင်​နှစ်​ပါး​တို့​ထံ​မှ​သိမ်း ယူ​ကြ​၏။-
צִידֹנִ֛ים יִקְרְא֥וּ לְחֶרְמֹ֖ון שִׂרְיֹ֑ן וְהָ֣אֱמֹרִ֔י יִקְרְאוּ־לֹ֖ו שְׂנִֽיר׃ 9
(ဟေ​ရ​မုန်​တောင်​ကို​ဇိ​ဒုန်​အ​မျိုး​သား​တို့​က စိ​ရုန်​ဟူ​၍​လည်း​ကောင်း၊ အာ​မော​ရိ​အ​မျိုး သား​တို့​က ရှ​နိ​ရ​ဟူ​၍​လည်း​ကောင်း​ခေါ်​ဝေါ် သ​မုတ်​ကြ​၏။-)
כֹּ֣ל ׀ עָרֵ֣י הַמִּישֹׁ֗ר וְכָל־הַגִּלְעָד֙ וְכָל־הַבָּשָׁ֔ן עַד־סַלְכָ֖ה וְאֶדְרֶ֑עִי עָרֵ֛י מַמְלֶ֥כֶת עֹ֖וג בַּבָּשָֽׁן׃ 10
၁၀ငါ​တို့​သည်​ဗာ​ရှန်​ဘု​ရင်​သြ​ဃ​မင်း​ပိုင်​သော မြေ​ပြန့်​ရှိ​မြို့​များ​ကို​လည်း​ကောင်း၊ အ​ရှေ့​ဘက် ရှိ​သာ​လ​က​မြို့​နှင့် ဧဒြိ​မြို့​များ​အ​ထိ​ကျယ် ပြန့်​သော​ဂိ​လဒ်​ပြည်​နှင့် ဗာ​ရှန်​ပြည်​အား​လုံး ကို​လည်း​ကောင်း​သိမ်း​ယူ​ခဲ့​ကြ​သည်။''
כִּ֣י רַק־עֹ֞וג מֶ֣לֶךְ הַבָּשָׁ֗ן נִשְׁאַר֮ מִיֶּ֣תֶר הָרְפָאִים֒ הִנֵּ֤ה עַרְשֹׂו֙ עֶ֣רֶשׂ בַּרְזֶ֔ל הֲלֹ֣ה הִ֔וא בְּרַבַּ֖ת בְּנֵ֣י עַמֹּ֑ון תֵּ֧שַׁע אַמֹּ֣ות אָרְכָּ֗הּ וְאַרְבַּ֥ע אַמֹּ֛ות רָחְבָּ֖הּ בְּאַמַּת־אִֽישׁ׃ 11
၁၁(သြ​ဃ​ဘု​ရင်​သည်​အ​လွန်​ထွား​ကြိုင်း​သော ရီ​ဖိမ် အ​နွယ်​ဝင်​ထဲ​မှ​နောက်​ဆုံး​ကြွင်း​ကျန်​သူ​ဖြစ်​၏။ သူ​၏​အ​လောင်း​ထည့်​ရာ​ခေါင်း​ကို​ကျောက်​ဖြင့် ပြု​လုပ်​၍ အ​နံ​ခြောက်​ပေ၊ အ​လျား​တစ်​ဆယ့် လေး​ပေ​နီး​ပါး​ရှိ​၏။ ထို​ဘု​ရင်​၏​ခေါင်း​ကို အမ္မုန်​ပြည်​ရဗ္ဗတ်​မြို့​တွင်​ယ​နေ့​တိုင်​တွေ့​မြင် နိုင်​လေ​သည်။)
וְאֶת־הָאָ֧רֶץ הַזֹּ֛את יָרַ֖שְׁנוּ בָּעֵ֣ת הַהִ֑וא מֵעֲרֹעֵ֞ר אֲשֶׁר־עַל־נַ֣חַל אַרְנֹ֗ן וַחֲצִ֤י הַֽר־הַגִּלְעָד֙ וְעָרָ֔יו נָתַ֕תִּי לָרֽ͏ֻאוּבֵנִ֖י וְלַגָּדִֽי׃ 12
၁၂``ငါ​တို့​သည်​ဤ​ပြည်​ကို​သိမ်း​ပိုက်​စဉ်​အ​ခါ က အာ​နုန်​မြစ်​အ​နီး​ရှိ၊ အာ​ရော်​မြို့​မှ​စ​၍ ဂိ​လဒ်​တောင်​ကုန်း​ဒေ​သ​တစ်​ဝက်​နှင့် ယင်း​ဒေ​သ ရှိ​မြို့​များ​ကို​ရုဗင်​အ​နွယ်​နှင့်​ဂဒ်​အ​နွယ်​တို့ အား​ငါ​ခွဲ​ဝေ​ပေး​၏။-
וְיֶ֨תֶר הַגִּלְעָ֤ד וְכָל־הַבָּשָׁן֙ מַמְלֶ֣כֶת עֹ֔וג נָתַ֕תִּי לַחֲצִ֖י שֵׁ֣בֶט הַֽמְנַשֶּׁ֑ה כֹּ֣ל חֶ֤בֶל הָֽאַרְגֹּב֙ לְכָל־הַבָּשָׁ֔ן הַה֥וּא יִקָּרֵ֖א אֶ֥רֶץ רְפָאִֽים׃ 13
၁၃ဂိ​လဒ်​ပြည်​ကျန်​တစ်​ဝက်​နှင့်​သြဃ​ဘု​ရင်​အုပ် စိုး​သော​ဗာ​ရှန်​ပြည်​အား​လုံး၊ တစ်​နည်း​အား ဖြင့်​အာ​ဂေါ​ဘ​ဒေ​သ​တစ်​ခု​လုံး​ကို မ​နာ​ရှေ အ​နွယ်​တစ်​ဝက်​တို့​အား​ငါ​ခွဲ​ဝေ​ပေး​၏။'' (ဗာ​ရှန်​ပြည်​တစ်​ပြည်​လုံး​ကို ရီ​ဖိမ်​လူ​မျိုး တို့​၏​ပြည်​ဟူ​၍​ခေါ်​တွင်​ခဲ့​သည်။-
יָאִ֣יר בֶּן־מְנַשֶּׁ֗ה לָקַח֙ אֶת־כָּל־חֶ֣בֶל אַרְגֹּ֔ב עַד־גְּב֥וּל הַגְּשׁוּרִ֖י וְהַמַּֽעֲכָתִ֑י וַיִּקְרָא֩ אֹתָ֨ם עַל־שְׁמֹ֤ו אֶת־הַבָּשָׁן֙ חַוֹּ֣ת יָאִ֔יר עַ֖ד הַיֹּ֥ום הַזֶּֽה׃ 14
၁၄မ​နာ​ရှေ​အ​နွယ်​ဝင်​ယာ​ဣ​ရ​သည် ဂေ​ရှု​ရ​နှင့် မာ​ခါ​နယ်​စပ်​အ​ထိ​ကျယ်​ဝန်း​သော​ဗာ​ရှန် ပြည်၊ တစ်​နည်း​အား​ဖြင့်​အာ​ဂေါ​ဘ​ဒေ​သ တစ်​ခု​လုံး​ကို​သိမ်း​ယူ​သည်။ သူ​သည်​ကျေး​ရွာ များ​ကို သူ​၏​နာ​မည်​ဖြင့်​မှည့်​ခေါ်​ရာ​၌ ယ​နေ့ တိုင်​အောင်​ယာ​ဣ​ရ​၏​ကျေး​ရွာ​များ​ဟု​ခေါ် တွင်​သ​တည်း။)
וּלְמָכִ֖יר נָתַ֥תִּי אֶת־הַגִּלְעָֽד׃ 15
၁၅``မ​နာ​ရှေ​အ​နွယ်​ဝင်​မာခိရ​အ​မျိုး​သား တို့​အား ဂိ​လဒ်​မြို့​ကို​ငါ​ခွဲ​ဝေ​ပေး​၏။-
וְלָרֻאוּבֵנִ֨י וְלַגָּדִ֜י נָתַ֤תִּי מִן־הַגִּלְעָד֙ וְעַד־נַ֣חַל אַרְנֹ֔ן תֹּ֥וךְ הַנַּ֖חַל וּגְבֻ֑ל וְעַד֙ יַבֹּ֣ק הַנַּ֔חַל גְּב֖וּל בְּנֵ֥י עַמֹּֽון׃ 16
၁၆ရုဗင်​နှင့်​ဂဒ်​အ​နွယ်​ဝင်​တို့​အား ဂိ​လဒ်​မြို့​မှ အာ​နုန်​မြစ်​အ​ထိ​နယ်​မြေ​ကို​ငါ​ခွဲ​ဝေ​ပေး ၏။ ထို​မြစ်​လယ်​တစ်​လျှောက်​သည်​သူ​တို့​၏ တောင်​ဘက်​နယ်​နိ​မိတ်​ဖြစ်​၍ အမ္မုန်​ပြည်​နယ် စပ်​တစ်​စိတ်​တစ်​ဒေ​သ​ဖြစ်​သော​ယဗ္ဗုတ်​မြစ် သည်​သူ​တို့​၏​မြောက်​ဘက်​နယ်​နိ​မိတ်​ဖြစ် သည်။-
וְהָֽעֲרָבָ֖ה וְהַיַּרְדֵּ֣ן וּגְבֻ֑ל מִכִּנֶּ֗רֶת וְעַ֨ד יָ֤ם הָֽעֲרָבָה֙ יָ֣ם הַמֶּ֔לַח תַּ֛חַת אַשְׁדֹּ֥ת הַפִּסְגָּ֖ה מִזְרָֽחָה׃ 17
၁၇သူ​တို့​၏​နယ်​မြေ​သည်​အ​နောက်​ဘက်​ယော်​ဒန် မြစ်​သို့​လည်း​ကောင်း၊ မြောက်​ဘက်​ဂါ​လိ​လဲ အိုင်​သို့​လည်း​ကောင်း၊ တောင်​ဘက်​ပင်​လယ်​သေ သို့​လည်း​ကောင်း၊ အ​ရှေ့​ဘက်​ပိ​သ​ဂါ​တောင် ခြေ​သို့​လည်း​ကောင်း​ကျယ်​ဝန်း​သည်။''
וָאֲצַ֣ו אֶתְכֶ֔ם בָּעֵ֥ת הַהִ֖וא לֵאמֹ֑ר יְהוָ֣ה אֱלֹהֵיכֶ֗ם נָתַ֨ן לָכֶ֜ם אֶת־הָאָ֤רֶץ הַזֹּאת֙ לְרִשְׁתָּ֔הּ חֲלוּצִ֣ים תּֽ͏ַעַבְר֗וּ לִפְנֵ֛י אֲחֵיכֶ֥ם בְּנֵֽי־יִשְׂרָאֵ֖ל כָּל־בְּנֵי־חָֽיִל׃ 18
၁၈``တစ်​ချိန်​တည်း​မှာ​ပင် ငါ​သည်​သူ​တို့​အား`ငါ တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​တွင်​ရှိ​သော​ဤ​ပြည် ကို သင်​တို့​အား​သိမ်း​ယူ​စေ​တော်​မူ​ပြီ။ ယ​ခု သင်​တို့​၏​စစ်​သူ​ရဲ​တို့​ကို​လက်​နက်​စွဲ​ကိုင် စေ​လော့။ အ​ခြား​သော​ဣ​သ​ရေ​လ​အ​နွယ် ဝင်​တို့​နယ်​မြေ​ရ​ရှိ​ရေး​အ​တွက် စစ်​ကူ တိုက်​ခိုက်​ရန်​သူ​တို့​အ​လျင်​ယော်​ဒန်​မြစ် ကို​ဖြတ်​ကူး​စေ​လော့။-
רַ֠ק נְשֵׁיכֶ֣ם וְטַפְּכֶם֮ וּמִקְנֵכֶם֒ יָדַ֕עְתִּי כִּֽי־מִקְנֶ֥ה רַ֖ב לָכֶ֑ם יֵֽשְׁבוּ֙ בְּעָ֣רֵיכֶ֔ם אֲשֶׁ֥ר נָתַ֖תִּי לָכֶֽם׃ 19
၁၉ငါ​သတ်​မှတ်​ပေး​သော​မြို့​များ​တွင် သင်​တို့ ၏​သား​မ​ယား​များ​နှင့်​တိရစ္ဆာန်​များ​သာ​လျှင် နေ​ရစ်​ခဲ့​ရ​မည်။ သင်​တို့​တွင်​တိရစ္ဆာန်​များ​စွာ ရှိ​သည်​ကို​ငါ​သိ​၏။-
עַ֠ד אֲשֶׁר־יָנִ֨יחַ יְהוָ֥ה ׀ לֽ͏ַאֲחֵיכֶם֮ כָּכֶם֒ וְיָרְשׁ֣וּ גַם־הֵ֔ם אֶת־הָאָ֕רֶץ אֲשֶׁ֨ר יְהוָ֧ה אֱלֹהֵיכֶ֛ם נֹתֵ֥ן לָהֶ֖ם בְּעֵ֣בֶר הַיַּרְדֵּ֑ן וְשַׁבְתֶּ֗ם אִ֚ישׁ לִֽירֻשָּׁתֹ֔ו אֲשֶׁ֥ר נָתַ֖תִּי לָכֶֽם׃ 20
၂၀ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​အေး​ချမ်း စွာ​နေ​ထိုင်​ခွင့်​ပေး​တော်​မူ​သည့်​နည်း​တူ အ​ခြား သော​ဣ​သ​ရေ​လ​အ​နွယ်​တို့​အား ယော်​ဒန်​မြစ် အ​နောက်​ဘက်​နယ်​မြေ​ကို​သိမ်း​ပိုက်​၍ အေး​ချမ်း စွာ​နေ​ထိုင်​ခွင့်​ပေး​တော်​မူ​သည်​တိုင်​အောင် သင် တို့​သည်​သူ​တို့​ကို​ကူ​ညီ​ရ​မည်။ သို့​ဆောင်​ရွက် ပြီး​မှ​သင်​တို့​အ​ပေါင်း​သည် ငါ​ခွဲ​ဝေ​ပေး သော​ပြည်​သို့​ပြန်​လာ​ရ​ကြ​မည်' ဟု​ညွှန် ကြား​ခဲ့​သည်။
וְאֶת־יְהֹושׁ֣וּעַ צִוֵּ֔יתִי בָּעֵ֥ת הַהִ֖וא לֵאמֹ֑ר עֵינֶ֣יךָ הָרֹאֹ֗ת אֵת֩ כָּל־אֲשֶׁ֨ר עָשָׂ֜ה יְהוָ֤ה אֱלֹהֵיכֶם֙ לִשְׁנֵי֙ הַמְּלָכִ֣ים הָאֵ֔לֶּה כֵּֽן־יַעֲשֶׂ֤ה יְהוָה֙ לְכָל־הַמַּמְלָכֹ֔ות אֲשֶׁ֥ר אַתָּ֖ה עֹבֵ֥ר שָֽׁמָּה׃ 21
၂၁``ထို​အ​ခါ​က​ငါ​သည်​ယော​ရှု​အား​လည်း`သင် ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​ဘု​ရင် နှစ်​ပါး​တို့​အား​စီ​ရင်​တော်​မူ​ခဲ့​ပုံ​အ​လုံး​စုံ​ကို သိ​မြင်​ခဲ့​ရ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​ဝင် ရောက်​တိုက်​ခိုက်​သ​မျှ​သော​တိုင်း​နိုင်​ငံ​ဘု​ရင် တို့​ကို​လည်း ထို​နည်း​တူ​စီ​ရင်​တော်​မူ​လိမ့် မည်။-
לֹ֖א תִּֽירָא֑וּם כִּ֚י יְהוָ֣ה אֱלֹֽהֵיכֶ֔ם ה֖וּא הַנִּלְחָ֥ם לָכֶֽם׃ ס 22
၂၂သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ဘက်​၌​စစ်​ကူ​တိုက်​မည်​ဖြစ်​သော​ကြောင့် သူ​တို့​ကို​မ​ကြောက်​နှင့်' ဟူ​၍​မှာ​ကြား​၏။''
וָאֶתְחַנַּ֖ן אֶל־יְהוָ֑ה בָּעֵ֥ת הַהִ֖וא לֵאמֹֽר׃ 23
၂၃``ထို​အ​ချိန်​တွင်​ငါ​သည်​ထာဝရ​ဘုရား အား၊-
אֲדֹנָ֣י יְהוִ֗ה אַתָּ֤ה הַֽחִלֹּ֙ותָ֙ לְהַרְאֹ֣ות אֶֽת־עַבְדְּךָ֔ אֶ֨ת־גָּדְלְךָ֔ וְאֶת־יָדְךָ֖ הַחֲזָקָ֑ה אֲשֶׁ֤ר מִי־אֵל֙ בַּשָּׁמַ֣יִם וּבָאָ֔רֶץ אֲשֶׁר־יַעֲשֶׂ֥ה כְמַעֲשֶׂ֖יךָ וְכִגְבוּרֹתֶֽךָ׃ 24
၂၄`အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ပြု​တော်​မူ မည့်​ကြီး​မား​အံ့​သြ​ဖွယ်​ကောင်း​သော​အ​မှု​တော် အ​ရိပ်​အ​မြွက်​မျှ​လောက်​ကို​သာ အ​ကျွန်ုပ်​အား ပြ​တော်​မူ​ပြီ။ ကောင်း​ကင်​ဘုံ​၌​လည်း​ကောင်း၊ ကမ္ဘာ လော​က​၌​လည်း​ကောင်း​ကိုယ်​တော်​နည်း​တူ​ကြီး မား​သော​အ​မှု​တော်​များ​ကို​ပြု​နိုင်​သော​ဘုရား မ​ရှိ​ပါ။-
אֶעְבְּרָה־נָּ֗א וְאֶרְאֶה֙ אֶת־הָאָ֣רֶץ הַטֹּובָ֔ה אֲשֶׁ֖ר בְּעֵ֣בֶר הַיַּרְדֵּ֑ן הָהָ֥ר הַטֹּ֛וב הַזֶּ֖ה וְהַלְּבָנֹֽון׃ 25
၂၅အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အား​ယော်ဒန်​မြစ်​ကို ကူး​စေ​၍ တစ်​ဘက်​တွင်​ရှိ​သော​မြေ​သြ​ဇာ​ကောင်း သည့်​ပြည်​ကို​လည်း​ကောင်း၊ သာ​ယာ​သည့်​တောင် ကုန်း​ဒေ​သ​နှင့်​လေ​ဗ​နုန်​တောင်​ကို​လည်း​ကောင်း တွေ့​မြင်​ခွင့်​ပေး​တော်​မူ​ပါ' ဟု​တောင်း​ပန် လျှောက်​ထား​၏။''
וַיִּתְעַבֵּ֨ר יְהוָ֥ה בִּי֙ לְמַ֣עַנְכֶ֔ם וְלֹ֥א שָׁמַ֖ע אֵלָ֑י וַיֹּ֨אמֶר יְהוָ֤ה אֵלַי֙ רַב־לָ֔ךְ אַל־תֹּ֗וסֶף דַּבֵּ֥ר אֵלַ֛י עֹ֖וד בַּדָּבָ֥ר הַזֶּֽה׃ 26
၂၆``သို့​သော်​လည်း​သင်​တို့​အ​တွက်​ကြောင့်​ထာဝရ ဘုရား​သည်​ငါ့​ကို​အ​မျက်​ထွက်​၍ ငါ​၏​တောင်း​ပန် စ​ကား​ကို​လက်​ခံ​တော်​မ​မူ။ ထာ​ဝ​ရ​ဘု​ရား က`ဆက်​၍​မ​လျှောက်​နှင့်။ ဤ​အ​ကြောင်း​ကို နောက်​ထပ်​မ​လျှောက်​ထား​နှင့်။-
עֲלֵ֣ה ׀ רֹ֣אשׁ הַפִּסְגָּ֗ה וְשָׂ֥א עֵינֶ֛יךָ יָ֧מָּה וְצָפֹ֛נָה וְתֵימָ֥נָה וּמִזְרָ֖חָה וּרְאֵ֣ה בְעֵינֶ֑יךָ כִּי־לֹ֥א תַעֲבֹ֖ר אֶת־הַיַּרְדֵּ֥ן הַזֶּֽה׃ 27
၂၇ပိ​သ​ဂါ​တောင်​ထိပ်​ပေါ်​သို့​တက်​၍​အရှေ့၊ အ​နောက်၊ တောင်၊ မြောက်​သို့​ကြည့်​လော့။ သင်​သည်​ယော်ဒန်​မြစ် တစ်​ဘက်​သို့​ကူး​ရ​မည်​မ​ဟုတ်​သော​ကြောင့် သင် မြင်​သ​မျှ​ကို​သေ​ချာ​စွာ​ကြည့်​ရှု​လော့။-
וְצַ֥ו אֶת־יְהֹושֻׁ֖עַ וְחַזְּקֵ֣הוּ וְאַמְּצֵ֑הוּ כִּי־ה֣וּא יַעֲבֹ֗ר לִפְנֵי֙ הָעָ֣ם הַזֶּ֔ה וְהוּא֙ יַנְחִ֣יל אֹותָ֔ם אֶת־הָאָ֖רֶץ אֲשֶׁ֥ר תִּרְאֶֽה׃ 28
၂၈ယောရှု​အား​တာ​ဝန်​လွှဲ​အပ်​လော့။ သူ​သည်​ဤ​လူ မျိုး​ကို​ခေါင်း​ဆောင်​၍ သင်​မြင်​သော​ပြည်​သို့ ဖြတ်​ကူး​သိမ်း​ယူ​ရ​မည်​ဖြစ်​သော​ကြောင့်​သူ့ ကို​အား​ပေး​လော့။ ကြံ့​ခိုင်​စေ​လော့' ဟု​ငါ့ အား​မိန့်​တော်​မူ​၏။''
וַנֵּ֣שֶׁב בַּגָּ֔יְא מ֖וּל בֵּ֥ית פְּעֹֽור׃ פ 29
၂၉``သို့​ဖြစ်​၍​ငါ​တို့​သည်​ဗက်​ပေ​ဂုရ​မြို့​တစ်​ဘက် တွင်​ရှိ​သော​ချိုင့်​ဝှမ်း​၌​စ​ခန်း​ချ​ကြ​၏။''

< דְּבָרִים 3 >