< תהילים 98 >

מִזְמוֹר שִׁירוּ לַיהֹוָה ׀ שִׁיר חָדָשׁ כִּֽי־נִפְלָאוֹת עָשָׂה הוֹשִׁיעָה־לּוֹ יְמִינוֹ וּזְרוֹעַ קׇדְשֽׁוֹ׃ 1
ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့။ အံ့ဘွယ်သော အမှုတို့ကို ပြုတော်မူပြီ။ လက်ျာလက်တောနှင့် သန့်ရှင်းသော လက်ရုံ့းတော်သည် ကိုယ်တော်အဘို့ ကယ်တင်ခြင်း၊ အမှုကို ပြုလေပြီ။
הוֹדִיעַ יְהֹוָה יְשׁוּעָתוֹ לְעֵינֵי הַגּוֹיִם גִּלָּה צִדְקָתֽוֹ׃ 2
ထာဝရဘုရားသည် ကယ်တင်တော်မူခြင်း ကျေးဇူးကို ထင်ရှားစေ၍၊ ဖြောင့်မတ်တော်မူခြင်း တရား ကိုလည်း တပါးအမျိုးသားတို့အား ဘော်ပြတော်မူပြီ။
זָכַר חַסְדּוֹ ׀ וֶאֱֽמוּנָתוֹ לְבֵית יִשְׂרָאֵל רָאוּ כׇל־אַפְסֵי־אָרֶץ אֵת יְשׁוּעַת אֱלֹהֵֽינוּ׃ 3
ဣသရေလအမျိုးသားတို့၌ ကရုဏာတော်နှင့် သစ္စာတော်ကို အောက်မေ့တော်မူပြီ။ ငါတို့ဘုရားသခင် ၏ ကယ်တင်တော်မူခြင်းကျေးဇူးကို မြေကြီးစွန်းအပေါင်း တို့သည် မြင်ရကြပြီ။
הָרִיעוּ לַיהֹוָה כׇּל־הָאָרֶץ פִּצְחוּ וְרַנְּנוּ וְזַמֵּֽרוּ׃ 4
မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားအား ကြွေးကြော်ကြလော့။ အသံဗလံကို ပြု၍ ရွှင်လန်းစွာ သီချင်းဆိုလျက် ချီးမွမ်းကြလော့။
זַמְּרוּ לַיהֹוָה בְּכִנּוֹר בְּכִנּוֹר וְקוֹל זִמְרָֽה׃ 5
စောင်းတီး၍ထာဝရဘုရားအားသီချင်းဆိုကြလော့။ စောင်းတီး၍ တုရိယာ သံကို ပြုကြလော့။
בַּחֲצֹצְרוֹת וְקוֹל שׁוֹפָר הָרִיעוּ לִפְנֵי ׀ הַמֶּלֶךְ יְהֹוָֽה׃ 6
တံပိုးနှဲခရာကိုမှုတ်၍၊ ရှင်ဘုရင်တည်းဟူသော ထာဝရဘုရားရှေ့တော်၌ ကြွေးကြော်ကြလော့။
יִרְעַם הַיָּם וּמְלֹאוֹ תֵּבֵל וְיֹשְׁבֵי בָֽהּ׃ 7
ထာဝရဘုရားရှေ့တော်၌၊ ပင်လယ်နှင့်ပင်လယ် တန်ဆာသည် အသံဗလံကို ပြုစေ။ လောကဓာတ်နှင့် လောကသားတို့သည် ထိုနည်းတူ၊
נְהָרוֹת יִמְחֲאוּ־כָף יַחַד הָרִים יְרַנֵּֽנוּ׃ 8
မြစ်တို့သည် လက်ခုပ်တီး၍၊ တောင်ရှိသမျှ တို့သည်လည်း ရွှင်လန်းကြစေ။
לִפְֽנֵי יְהֹוָה כִּי בָא לִשְׁפֹּט הָאָרֶץ יִשְׁפֹּֽט־תֵּבֵל בְּצֶדֶק וְעַמִּים בְּמֵישָׁרִֽים׃ 9
အကြောင်းမူကား၊ မြေကြီးသားတို့ကို တရား စီရင်ခြင်းငှါ ကြွလာတော်မူ၏။ လောကာသားတို့ကို ဖြောင့်မတ်စွာ စီရင်၍၊ လူများကို ဟုတ်မှန်ခြင်းတရား အတိုင်း စီရင်ဆုံးဖြတ်တော်မူလတံ့။

< תהילים 98 >