< תהילים 80 >
לַמְנַצֵּחַ אֶל־שֹׁשַׁנִּים עֵדוּת לְאָסָף מִזְמֽוֹר׃ רֹעֵה יִשְׂרָאֵל ׀ הַאֲזִינָה נֹהֵג כַּצֹּאן יוֹסֵף יֹשֵׁב הַכְּרוּבִים הוֹפִֽיעָה׃ | 1 |
၁သိုးစုကို ပို့ဆောင်သကဲ့သို့ ယောသပ်အမျိုးကို ပို့ဆောင်တော်မူသော ဣသရေလသိုးထိန်းကြီး၊ နား ထောင်တော်မူပါ။ ခေရုဗိမ်တွင် ကျိန်းဝပ်တော်မူသော ဘုရား၊ ရောင်ခြည်တော်ကို လွှတ်တော်မူပါ။
לִפְנֵי אֶפְרַיִם ׀ וּבִנְיָמִן וּמְנַשֶּׁה עוֹרְרָה אֶת־גְּבוּרָתֶךָ וּלְכָה לִישֻׁעָתָה לָּֽנוּ׃ | 2 |
၂ဧဖရိမ်အမျိုး၊ ဗင်္ယာမိန်အမျိုး၊ မနာရှေအမျိုးတို့ ရှေ့မှာ တန်ခိုးတော်ကို နှိုးဆော်၍၊ အကျွန်ုပ်တို့ကို ကယ်တင်ခြင်းငှါ ကြွတော်မူပါ။
אֱלֹהִים הֲשִׁיבֵנוּ וְהָאֵר פָּנֶיךָ וְנִוָּשֵֽׁעָה׃ | 3 |
၃အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို ပြောင်းလဲ စေ၍၊ မျက်နှာတော် အလင်းကိုပြတော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့် မည်။
יְהֹוָה אֱלֹהִים צְבָאוֹת עַד־מָתַי עָשַׁנְתָּ בִּתְפִלַּת עַמֶּֽךָ׃ | 4 |
၄ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင် ထာဝရ ဘုရား၊ ကိုယ်တော်၏ လူတို့ပြုသော ပဌနာစကားကို အဘယ်မျှကာလပတ်လုံး အမျက်ထွက်တော်မူမည်နည်း။
הֶאֱכַלְתָּם לֶחֶם דִּמְעָה וַתַּשְׁקֵמוֹ בִּדְמָעוֹת שָׁלִֽישׁ׃ | 5 |
၅သူတို့ကို မျက်ရည်မုန့်နှင့်ကျွေး၍၊ မျက်ရည် ကိုလည်း ကြွယ်ဝစွာ တိုက်တော်မူ၏။
תְּשִׂימֵנוּ מָדוֹן לִשְׁכֵנֵינוּ וְאֹיְבֵינוּ יִלְעֲגוּ־לָֽמוֹ׃ | 6 |
၆အနီးအပါး၌ နေသောသူတို့သည် အကျွန်ုပ်တို့ အတွက် ငြင်းခုံကြပါ၏။ ရန်သူတို့သည်လည်း ဝါကြွား၍ အကျွန်ုပ်တို့ကို ပြက်ယယ်ပြုကြပါ၏။
אֱלֹהִים צְבָאוֹת הֲשִׁיבֵנוּ וְהָאֵר פָּנֶיךָ וְנִוָּשֵֽׁעָה׃ | 7 |
၇ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်၊ အကျွန်ုပ်တို့ကို ပြောင်းလဲစေ၍၊ မျက်နှာတော်အလင်းကို ပြတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင် ခြင်းသို့ ရောက်ကြပါလိမ့်မည်။
גֶּפֶן מִמִּצְרַיִם תַּסִּיעַ תְּגָרֵשׁ גּוֹיִם וַתִּטָּעֶֽהָ׃ | 8 |
၈ကိုယ်တော်သည် စပျစ်နွယ်ပင်ကို အဲဂုတ္တုပြည် ကဆောင်ခဲ့၍၊ တပါးအမျိုးသားတို့ကို နှင်ထုတ်ပြီးမှ စိုက် ပျိုးတော်မူ၏။
פִּנִּיתָ לְפָנֶיהָ וַתַּשְׁרֵשׁ שׇׁרָשֶׁיהָ וַתְּמַלֵּא־אָֽרֶץ׃ | 9 |
၉သူ၏နေရာကိုပြုပြင်တော်မူသဖြင့်၊ သူသည် အမြစ်ကျ၍ တပြည်လုံးကို နှံ့ပြားပါ၏။
כָּסּוּ הָרִים צִלָּהּ וַעֲנָפֶיהָ אַֽרְזֵי־אֵֽל׃ | 10 |
၁၀သူ၏အရိပ်သည် တောင်တို့ကို၎င်း၊ အခက် အလက်တို့သည် အမြင့်ဆုံးသော အာရဇ်ပင်တို့ကို၎င်း လွှမ်းမိုးကြပါ၏။
תְּשַׁלַּח קְצִירֶהָ עַד־יָם וְאֶל־נָהָר יוֹנְקוֹתֶֽיהָ׃ | 11 |
၁၁သူသည် အခက်အလက်တို့ကို ပင်လယ်တိုင် အောင်၎င်း၊ အညွန့်တို့ကို မြစ်ကြီးတိုင်အောင်၎င်း ပြန့်ပွား စေပါ၏။
לָמָּה פָּרַצְתָּ גְדֵרֶיהָ וְאָרוּהָ כׇּל־עֹבְרֵי דָֽרֶךְ׃ | 12 |
၁၂ယခုမူကား၊ လမ်း၌ ရှောက်သွားသော သူ အပေါင်းတို့သည် ဆွတ်စေခြင်းငှါ၊ သူ၏ခြံကို အဘယ် ကြောင့် ချိုးဖျက်တော်မူသနည်း။
יְכַרְסְמֶנָּֽה חֲזִיר מִיָּ עַ ר וְזִיז שָׂדַי יִרְעֶֽנָּה׃ | 13 |
၁၃တောဝက်သည် ထိုအပင်ကို ကိုက်ခဲ၍၊ တော သားရဲသည်လည်း စားပါ၏။
אֱלֹהִים צְבָאוֹת שֽׁוּב ־ נָא הַבֵּט מִשָּׁמַיִם וּרְאֵה וּפְקֹד גֶּפֶן זֹֽאת׃ | 14 |
၁၄ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်၊ တဖန် ကြွလာတော်မူမည်အကြောင်း တောင်းပန်ပါ၏။ ကောင်း ကင်က ကြည့်ရှုတော်မူပါ။ ထိုစပျစ်နွယ်ပင်ကို အကြည့် အရှုကြွလာတော်မူပါ။
וְ כַ נָּה אֲשֶׁר־נָטְעָה יְמִינֶךָ וְעַל־בֵּן אִמַּצְתָּה לָּֽךְ׃ | 15 |
၁၅လက်ျာလက်တော်နှင့် စိုက်ပျိုးသောအပင်၊ ကိုယ်တော်အဘို့ ခိုင်မာစေတော်မူသော ပျိုးပင်ကို ကွယ်ကာတော်မူပါ။
שְׂרֻפָה בָאֵשׁ כְּסוּחָה מִגַּעֲרַת פָּנֶיךָ יֹאבֵֽדוּ׃ | 16 |
၁၆မီးရှို့ပါပြီ။ ခုတ်လှဲပါပြီ။ မျက်နှာတော်ဖြင့် ဆုံးမခြင်းကို ခံရသော သူတို့သည် ပျက်စီးခြင်းသို့ ရောက် ရကြပါ၏။
תְּֽהִי־יָדְךָ עַל־אִישׁ יְמִינֶךָ עַל־בֶּן־אָדָם אִמַּצְתָּ לָּֽךְ׃ | 17 |
၁၇လက်ျာလက်တော်နှင့်ဆိုင်သောလူ၊ ကိုယ်တော် အဘို့ ခိုင်မာစေတော်မူသော လူသား၏အပေါ်မှာ လက်တော်ကိုတင်ပါစေသော။
וְלֹֽא־נָסוֹג מִמֶּךָּ תְּחַיֵּנוּ וּבְשִׁמְךָ נִקְרָֽא׃ | 18 |
၁၈သို့ပြုလျှင် အကျွန်ုပ်တို့သည် ကိုယ်တော်ထံမှ မဆုတ်ရကြပါ။ အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူပါ။ နာမတော်ကို ပဌနာပြုကြပါမည်။
יְהֹוָה אֱלֹהִים צְבָאוֹת הֲשִׁיבֵנוּ הָאֵר פָּנֶיךָ וְנִוָּשֵֽׁעָה׃ | 19 |
၁၉ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရ ဘုရား၊ အကျွန်ုပ်တို့ကို ပြောင်းလဲစေ၍၊ မျက်နှာတော် အလင်းကို ပြတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့်မည်။