< תהילים 6 >
לַמְנַצֵּחַ בִּנְגִינוֹת עַֽל־הַשְּׁמִינִית מִזְמוֹר לְדָוִֽד׃ יְֽהֹוָה אַל־בְּאַפְּךָ תוֹכִיחֵנִי וְֽאַל־בַּחֲמָתְךָ תְיַסְּרֵֽנִי׃ | 1 |
၁အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားအမျက်တော်ထွက်၍ ဆုံးမတော်မမူပါနှင့်။ အမျက်တော်ထွက်၍အပြစ်ဒဏ်ပေးတော် မမူပါနှင့်။
חׇנֵּנִי יְהֹוָה כִּי אֻמְלַל ־ אָנִי רְפָאֵנִי יְהֹוָה כִּי נִבְהֲלוּ עֲצָמָֽי׃ | 2 |
၂ကျွန်တော်မျိုးသည်မောပန်းနွမ်းနယ်လျက်ရှိ သည်ဖြစ်၍ ကျွန်တော်မျိုးအားသနားတော်မူပါ။ လုံးဝအင်အားကုန်ခန်းလျက်ရှိသဖြင့် ပြန်လည်အင်အားပြည့်စေတော်မူပါ။
וְנַפְשִׁי נִבְהֲלָה מְאֹד (ואת) [וְאַתָּה] יְהֹוָה עַד־מָתָֽי׃ | 3 |
၃ကျွန်တော်မျိုးသည်ကိုယ်စိတ်နှစ်ပါးပြင်းပြစွာ ဝေဒနာခံစားလျက်ရှိပါ၏။ အို ထာဝရဘုရား၊ အဘယ်ကာလကြာမှကျွန်တော်မျိုးအား ကူမတော်မူပါမည်နည်း။
שׁוּבָה יְהֹוָה חַלְּצָה נַפְשִׁי הוֹשִׁיעֵנִי לְמַעַן חַסְדֶּֽךָ׃ | 4 |
၄အို ထာဝရဘုရား၊ ကြွလာတော်မူ၍ကျွန်တော်မျိုးအားကယ်တော် မူပါ။ ကိုယ်တော်၏ကရုဏာတော်နှင့်အညီကျွန်တော် မျိုးအား သေဘေးမှကယ်ဆယ်တော်မူပါ။
כִּי אֵין בַּמָּוֶת זִכְרֶךָ בִּשְׁאוֹל מִי יֽוֹדֶה־לָּֽךְ׃ (Sheol ) | 5 |
၅မရဏာနိုင်ငံတွင်ကိုယ်တော်အား အောက်မေ့သတိရသူမရှိပါ။ ထိုအရပ်တွင်အဘယ်သူမျှကိုယ်တော်အား ထောမနာပြုနိုင်မည်မဟုတ်ပါ။ (Sheol )
יָגַעְתִּי ׀ בְּֽאַנְחָתִי אַשְׂחֶה בְכׇל־לַיְלָה מִטָּתִי בְּדִמְעָתִי עַרְשִׂי אַמְסֶֽה׃ | 6 |
၆ကျွန်တော်မျိုးသည်ဝမ်းနည်းကြေကွဲမှုဖြင့် မောပန်းနွမ်းနယ်လျက်ရှိပါ၏။ ညတိုင်းပင်လျှင်ငိုယိုရသဖြင့်အိပ်ရာသည် စိုစွတ်လျက်ရှိပါ၏။ ကျွန်တော်မျိုး၏ခေါင်းအုံးသည်မျက်ရည် စိုရွှဲလျက်ရှိပါ၏။
עָשְׁשָׁה מִכַּעַס עֵינִי עָתְקָה בְּכׇל־צוֹרְרָֽי׃ | 7 |
၇ရန်သူများကြောင့်ငိုယိုရသဖြင့်ကျွန်တော် မျိုး၏ မျက်စိများသည်ရောင်လျက်ရှိပါ၏။ ကြည့်၍ပင်မမြင်နိုင်ပါ။
סוּרוּ מִמֶּנִּי כׇּל־פֹּעֲלֵי אָוֶן כִּֽי־שָׁמַע יְהֹוָה קוֹל בִּכְיִֽי׃ | 8 |
၈အကျင့်ဆိုးယုတ်သူတို့၊ငါ့ထံမှထွက်သွား ကြလော့။ ထာဝရဘုရားသည်ငါ၏ငိုကြွေးသံကို ကြားတော်မူ၏။
שָׁמַע יְהֹוָה תְּחִנָּתִי יְהֹוָה תְּֽפִלָּתִי יִקָּֽח׃ | 9 |
၉ကူမတော်မူရန်ငါတောင်းလျှောက်သံကိုကြား တော်မူ၏။ ငါ၏ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူမည်။
יֵבֹשׁוּ ׀ וְיִבָּהֲלוּ מְאֹד כׇּל־אֹיְבָי יָשֻׁבוּ יֵבֹשׁוּ רָֽגַע׃ | 10 |
၁၀ငါ၏ရန်သူတို့သည်အရှက်တကွဲ အရေးနိမ့်ကြလိမ့်မည်။ သူတို့သည်တစ်ခဏချင်းတွင်ကစဥ့်ကရဲဖြစ်လျက် ပြေးရကြလိမ့်မည်။