< שופטים 9 >
וַיֵּלֶךְ אֲבִימֶלֶךְ בֶּן־יְרֻבַּעַל שְׁכֶמָה אֶל־אֲחֵי אִמּוֹ וַיְדַבֵּר אֲלֵיהֶם וְאֶל־כׇּל־מִשְׁפַּחַת בֵּית־אֲבִי אִמּוֹ לֵאמֹֽר׃ | 1 |
၁ယေရုဗ္ဗာလ သား အဘိမလက် သည် ရှေခင် မြို့သို့ သွား ၍ ဦးရီး များ၊ အမိ ၏အဆွေအမျိုး များအပေါင်း တို့နှင့် နှုတ်ဆက် လျက်၊
דַּבְּרוּ־נָא בְּאׇזְנֵי כׇל־בַּעֲלֵי שְׁכֶם מַה־טּוֹב לָכֶם הַמְשֹׁל בָּכֶם שִׁבְעִים אִישׁ כֹּל בְּנֵי יְרֻבַּעַל אִם־מְשֹׁל בָּכֶם אִישׁ אֶחָד וּזְכַרְתֶּם כִּֽי־עַצְמְכֶם וּבְשַׂרְכֶם אָֽנִי׃ | 2 |
၂ယေရုဗ္ဗာလ သား ခုနစ်ဆယ် တို့သည် သင် တို့ကို အုပ်စိုး ကောင်း သလော။ သား တယောက် တည်း အုပ်စိုး ကောင်းသလော။ ငါ သည် သင် တို့၏ အရိုး အသား စစ်ဖြစ်ကြောင်း ကို မ မေ့ကြနှင့်ဟု ရှေခင် မြို့သား အပေါင်းတို့အား ပြော ရမည်အကြောင်းကို တိုင်ပင်လေ၏။
וַיְדַבְּרוּ אֲחֵי־אִמּוֹ עָלָיו בְּאׇזְנֵי כׇּל־בַּעֲלֵי שְׁכֶם אֵת כׇּל־הַדְּבָרִים הָאֵלֶּה וַיֵּט לִבָּם אַחֲרֵי אֲבִימֶלֶךְ כִּי אָמְרוּ אָחִינוּ הֽוּא׃ | 3 |
၃ထို စကား ကို ဦးရီး တို့သည် ရှေခင် မြို့သား တို့အား အကုန်အစင် ပြန်ပြော ၍၊ သူတို့က၊ အဘိမလက် သည် ငါ တို့ညီအစ်ကို ဖြစ်သည်ဟုဆို လျှက် သူ့နောက် သို့ လိုက်ချင်သောစိတ် နူးညွတ် သဖြင့်၊
וַיִּתְּנוּ־לוֹ שִׁבְעִים כֶּסֶף מִבֵּית בַּעַל בְּרִית וַיִּשְׂכֹּר בָּהֶם אֲבִימֶלֶךְ אֲנָשִׁים רֵיקִים וּפֹחֲזִים וַיֵּלְכוּ אַחֲרָֽיו׃ | 4 |
၄ငွေ ခုနစ်ဆယ် ကို ဗာလဗေရိတ် အိမ် မှ ထုတ် ၍ပေးလျှင် ၊ အဘိမလက် သည် လျှပ်ပေါ် သောသူတို့ကို ထိုငွေ နှင့် ငှါး ၍ အမှု ကို ထမ်းစေ၏။
וַיָּבֹא בֵית־אָבִיו עׇפְרָתָה וַֽיַּהֲרֹג אֶת־אֶחָיו בְּנֵי־יְרֻבַּעַל שִׁבְעִים אִישׁ עַל־אֶבֶן אֶחָת וַיִּוָּתֵר יוֹתָם בֶּן־יְרֻבַּעַל הַקָּטֹן כִּי נֶחְבָּֽא׃ | 5 |
၅တဖန် ဩဖရ မြို့၌ ရှိသောမိမိ အဘ အိမ် သို့ သွား ၍ ၊ မိမိ ညီအစ်ကို ယေရုဗ္ဗာလ သား ခုနစ်ဆယ် တို့ကို ကျောက် တခု ပေါ် မှာ သတ် လေ၏။ သို့ရာတွင် ၊ ယေရုဗ္ဗာလ သား အငယ်ဆုံး ယောသံ သည် ပုန်းရှောင် ၍ နေသောကြောင့် ကျန်ရစ် သတည်း။
וַיֵּאָסְפוּ כׇּל־בַּעֲלֵי שְׁכֶם וְכׇל־בֵּית מִלּוֹא וַיֵּלְכוּ וַיַּמְלִיכוּ אֶת־אֲבִימֶלֶךְ לְמֶלֶךְ עִם־אֵלוֹן מֻצָּב אֲשֶׁר בִּשְׁכֶֽם׃ | 6 |
၆ရှေခင် မြို့သား အပေါင်း တို့နှင့် မိလ္လော အဆွေအမျိုးအပေါင်း တို့သည် ရှေခင် မြို့တွင် ရှိသောအထိမ်းအမှတ် သပိတ် ပင်အနား မှာ စည်းဝေး ၍ အဘိမလက် ကို ရှင်ဘုရင် အရာ၌ ခန့် ထားကြ၏။
וַיַּגִּדוּ לְיוֹתָם וַיֵּלֶךְ וַֽיַּעֲמֹד בְּרֹאשׁ הַר־גְּרִזִים וַיִּשָּׂא קוֹלוֹ וַיִּקְרָא וַיֹּאמֶר לָהֶם שִׁמְעוּ אֵלַי בַּעֲלֵי שְׁכֶם וְיִשְׁמַע אֲלֵיכֶם אֱלֹהִֽים׃ | 7 |
၇ထိုအမှုကို ယောသံ သည် ကြား သိသောအခါ ၊ ဂေရဇိမ် တောင် သို့ သွား ၍ ၊ တောင်ပေါ် မှာ ရပ် လျက် အသံ ကို လွှင့် ၍ ကြွေးကြော် လေသည်မှာ၊ အိုရှေခင် မြို့သား တို့၊ သင် တို့စကားကို ဘုရား သခင်နားထောင် တော်မူမည်အကြောင်း ၊ ငါ့ စကားကို နားထောင် ကြလော့။
הָלוֹךְ הָֽלְכוּ הָעֵצִים לִמְשֹׁחַ עֲלֵיהֶם מֶלֶךְ וַיֹּאמְרוּ לַזַּיִת (מלוכה) [מׇלְכָה] עָלֵֽינוּ׃ | 8 |
၈သစ်ပင် တို့သည် မိမိ တို့ကို အုပ်စိုးရသောရှင်ဘုရင် ကို ခန့်ထားလျက် ဘိသိက် ပေးခြင်းငှါ ထွက်သွား ၍ ၊ အကျွန်ုပ် တို့ကို အုပ်စိုး တော်မူပါဟု သံလွင် ပင်အား လျှောက် ကြလျှင်၊
וַיֹּאמֶר לָהֶם הַזַּיִת הֶחֳדַלְתִּי אֶת־דִּשְׁנִי אֲשֶׁר־בִּי יְכַבְּדוּ אֱלֹהִים וַאֲנָשִׁים וְהָלַכְתִּי לָנוּעַ עַל־הָעֵצִֽים׃ | 9 |
၉သံလွင် ပင်က၊ ဘုရား အသရေ ၊ လူ အသရေကို ပြုစုစရာ ငါ့ အဆီ အပြားကို ငါသည် စွန့် ၍ သစ်ပင် တို့ အပေါ် မှာ လွှမ်းမိုးရမည်လောဟု ဆို ၏။
וַיֹּאמְרוּ הָעֵצִים לַתְּאֵנָה לְכִי־אַתְּ מׇלְכִי עָלֵֽינוּ׃ | 10 |
၁၀တဖန် သင်္ဘောသဖန်း ပင်အား ၊ ကိုယ်တော် ကြွ ၍ အကျွန်ုပ် တို့ကို အုပ်စိုး တော်မူပါဟု သစ်ပင် တို့သည် လျှောက် ကြလျှင်၊
וַתֹּאמֶר לָהֶם הַתְּאֵנָה הֶחֳדַלְתִּי אֶת־מׇתְקִי וְאֶת־תְּנוּבָתִי הַטּוֹבָה וְהָלַכְתִּי לָנוּעַ עַל־הָֽעֵצִֽים׃ | 11 |
၁၁သင်္ဘောသဖန်း ပင်က၊ ငါ ၌ ချို သော အရသာနှင့် ကောင်း သောအသီး ကို ငါသည် စွန့် ၍ သစ်ပင် တို့ အပေါ် မှာ လွှမ်းမိုးရမည်လောဟု ဆို ၏။
וַיֹּאמְרוּ הָעֵצִים לַגָּפֶן לְכִי־אַתְּ (מלוכי) [מׇלְכִי] עָלֵֽינוּ׃ | 12 |
၁၂တဖန် စပျစ် ပင်အား ကိုယ်တော် ကြွ ၍ အကျွန်ုပ် တို့ကို အုပ်စိုး တော်မူပါဟု သစ်ပင် တို့သည် လျှောက် ကြလျှင်၊
וַתֹּאמֶר לָהֶם הַגֶּפֶן הֶחֳדַלְתִּי אֶת־תִּירוֹשִׁי הַֽמְשַׂמֵּחַ אֱלֹהִים וַאֲנָשִׁים וְהָלַכְתִּי לָנוּעַ עַל־הָעֵצִֽים׃ | 13 |
၁၃စပျစ် ပင်က၊ ဘုရား ၏စိတ်နှင့် လူ ၏စိတ်ကို ရွှင်လန်း စေသော ငါ့ စပျစ်ရည် ကို ငါသည် စွန့် ၍ သစ်ပင် တို့ အပေါ် မှာ လွှမ်းမိုးရမည်လောဟု ဆို ၏။
וַיֹּאמְרוּ כׇל־הָעֵצִים אֶל־הָאָטָד לֵךְ אַתָּה מְלׇךְ־עָלֵֽינוּ׃ | 14 |
၁၄တဖန် ဆူးလေ ပင်အား ကိုယ်တော် ကြွ ၍ အကျွန်ုပ် တို့ကို အုပ်စိုး တော်မူပါဟု သစ်ပင် အပေါင်း တို့သည် လျှောက် ကြလျှင်၊
וַיֹּאמֶר הָאָטָד אֶל־הָעֵצִים אִם בֶּאֱמֶת אַתֶּם מֹשְׁחִים אֹתִי לְמֶלֶךְ עֲלֵיכֶם בֹּאוּ חֲסוּ בְצִלִּי וְאִם־אַיִן תֵּצֵא אֵשׁ מִן־הָאָטָד וְתֹאכַל אֶת־אַרְזֵי הַלְּבָנֽוֹן׃ | 15 |
၁၅ဆူးလေ ပင်က၊ သင်တို့သည် ငါ့ ကို သင် တို့၏ ရှင်ဘုရင် ဖြစ်စေခြင်းငှါခန့်ထား၍ ဧကန်အမှန် ဘိသိက် ပေးလိုလျှင် ၊ လာ ကြ၊ ငါ့ အရိပ် ကို ခိုလှုံ ကြ။ သို့မဟုတ် ဆူးလေ ပင်ထဲက မီး ထွက် ၍ လေဗနုန် အာရစ် ပင်တို့ကို လောင် လိမ့်မည်ဟု သစ်ပင် တို့အား ပြန်ပြော ၏။
וְעַתָּה אִם־בֶּאֱמֶת וּבְתָמִים עֲשִׂיתֶם וַתַּמְלִיכוּ אֶת־אֲבִימֶלֶךְ וְאִם־טוֹבָה עֲשִׂיתֶם עִם־יְרֻבַּעַל וְעִם־בֵּיתוֹ וְאִם־כִּגְמוּל יָדָיו עֲשִׂיתֶם לֽוֹ׃ | 16 |
၁၆ယခု မှာ သင်တို့သည် အဘိမလက် ကို ရှင်ဘုရင်အရာ၌ ခန့်ထားသောအားဖြင့် သစ္စာတရားကို စောင့်၍၊ ယေရုဗ္ဗာလ နှင့် သူ ၏အမျိုးအနွယ် အား ကောင်းမွန် စွာ ပြု ကြပြီလော။ ယေရုဗ္ဗာလသည် ကျေးဇူးပြု၍ ခံထိုက်သည်အတိုင်း သူ့အား ကျေးဇူးဆပ်ကြပြီလော။
אֲשֶׁר־נִלְחַם אָבִי עֲלֵיכֶם וַיַּשְׁלֵךְ אֶת־נַפְשׁוֹ מִנֶּגֶד וַיַּצֵּל אֶתְכֶם מִיַּד מִדְיָֽן׃ | 17 |
၁၇ငါ့ အဘ သည် သင် တို့အဘို့ စစ်တိုက် ၍ ကိုယ် အသက် ကို စွန့်စား လျက်၊ သင် တို့ကို မိဒျန် အမျိုးလက် မှ ကယ်နှုတ် လေပြီ။
וְאַתֶּם קַמְתֶּם עַל־בֵּית אָבִי הַיּוֹם וַתַּהַרְגוּ אֶת־בָּנָיו שִׁבְעִים אִישׁ עַל־אֶבֶן אֶחָת וַתַּמְלִיכוּ אֶת־אֲבִימֶלֶךְ בֶּן־אֲמָתוֹ עַל־בַּעֲלֵי שְׁכֶם כִּי אֲחִיכֶם הֽוּא׃ | 18 |
၁၈သင်တို့သည် ငါ့ အဘ ၏အဆွေအမျိုး တစ်ဘက်၌ ယနေ့ ထ ၍ သူ ၏သား ခုနစ်ဆယ် တို့ကို ကျောက် တခု ပေါ် မှာ သတ် ပြီးလျှင် ၊ သူ ၏ကျွန်မ တွင် မြင်သော သား အဘိမလက် သည် သင် တို့ညီအစ်ကို ဖြစ်သောကြောင့် ၊ သူ့ ကို ရှေခင် မြို့သား တို့၏ ရှင်ဘုရင် ခန့်ထားကြပြီတကား။
וְאִם־בֶּאֱמֶת וּבְתָמִים עֲשִׂיתֶם עִם־יְרֻבַּעַל וְעִם־בֵּיתוֹ הַיּוֹם הַזֶּה שִׂמְחוּ בַּאֲבִימֶלֶךְ וְיִשְׂמַח גַּם־הוּא בָּכֶֽם׃ | 19 |
၁၉ယခုမှာ သင်တို့သည် ယေရုဗ္ဗာလ နှင့် သူ ၏အမျိုးအနွယ် အား သစ္စာတရား အတိုင်း ယနေ့ ပြု ပြီးလျှင် ၊ အဘိမလက် ကို အမှီပြု ၍ ဝမ်းမြောက် ကြလော့။ အဘိမလက် သည်လည်း သင် တို့ကို အမှီပြု ၍ ဝမ်းမြောက် ပါစေ။
וְאִם־אַיִן תֵּצֵא אֵשׁ מֵאֲבִימֶלֶךְ וְתֹאכַל אֶת־בַּעֲלֵי שְׁכֶם וְאֶת־בֵּית מִלּוֹא וְתֵצֵא אֵשׁ מִבַּעֲלֵי שְׁכֶם וּמִבֵּית מִלּוֹא וְתֹאכַל אֶת־אֲבִימֶֽלֶךְ׃ | 20 |
၂၀သို့မဟုတ် လျှင် အဘိမလက် ထဲက မီး ထွက် ၍ ၊ ရှေခင် မြို့သား နှင့် မိလ္လော အဆွေအမျိုးကိုလောင် ပါစေ။ ရှေခင် မြို့သား နှင့် မိလ္လော အဆွေအမျိုးထဲက မီး ထွက် ၍ အဘိမလက် ကို လောင် ပါစေဟု ကြွေးကြော်ပြီးမှ၊
וַיָּנׇס יוֹתָם וַיִּבְרַח וַיֵּלֶךְ בְּאֵרָה וַיֵּשֶׁב שָׁם מִפְּנֵי אֲבִימֶלֶךְ אָחִֽיו׃ | 21 |
၂၁အလျင်အမြန်ပြေး ၍ အစ်ကို အဘိမလက် ကို ကြောက်သောကြောင့် ဗေရ မြို့သို့ သွား ၍ နေ လေ၏။
וַיָּשַׂר אֲבִימֶלֶךְ עַל־יִשְׂרָאֵל שָׁלֹשׁ שָׁנִֽים׃ | 22 |
၂၂အဘိမလက် သည် ဣသရေလ အမျိုးကို အုပ်စိုး ၍ သုံး နှစ် စေ့သောအခါ၊
וַיִּשְׁלַח אֱלֹהִים רוּחַ רָעָה בֵּין אֲבִימֶלֶךְ וּבֵין בַּעֲלֵי שְׁכֶם וַיִּבְגְּדוּ בַעֲלֵי־שְׁכֶם בַּאֲבִימֶֽלֶךְ׃ | 23 |
၂၃ဘုရား သခင်သည် အဘိမလက် နှင့် ရှေခင် မြို့သား စပ်ကြား မှာ ဆိုး သောဝိညာဉ် ကို စေလွှတ် တော်မူ၍ ၊ ရှေခင် မြို့သား တို့သည် အဘိမလက် ၏သစ္စာကို ဖျက် ကြ၏။
לָבוֹא חֲמַס שִׁבְעִים בְּנֵֽי־יְרֻבָּעַל וְדָמָם לָשׂוּם עַל־אֲבִימֶלֶךְ אֲחִיהֶם אֲשֶׁר הָרַג אוֹתָם וְעַל בַּעֲלֵי שְׁכֶם אֲשֶׁר־חִזְּקוּ אֶת־יָדָיו לַהֲרֹג אֶת־אֶחָֽיו׃ | 24 |
၂၄အကြောင်းမူကား၊ ယေရုဗ္ဗာလ ၏ သား ခုနစ်ဆယ် တို့၌ ကြမ်းတမ်းစွာပြု၍ သတ်မိသောအပြစ်သည် သူတို့ကိုသတ်သောသူ တို့ ညီအစ်ကို အဘိမလက် အပေါ် သို့၎င်း၊ ညီအစ်ကို များကိုသတ် သောအမှု၌ ဝိုင်း၍ လက်ခံသော ရှေခင် မြို့သား တို့အပေါ် သို့၎င်း ရောက် ရမည်အကြောင်းတည်း။
וַיָּשִׂימוּ לוֹ בַעֲלֵי שְׁכֶם מְאָֽרְבִים עַל רָאשֵׁי הֶהָרִים וַֽיִּגְזְלוּ אֵת כׇּל־אֲשֶׁר־יַעֲבֹר עֲלֵיהֶם בַּדָּרֶךְ וַיֻּגַּד לַאֲבִימֶֽלֶךְ׃ | 25 |
၂၅ရှေခင် မြို့သား တို့သည် အဘိမလက်ကို ချောင်းမြောင်း စေခြင်းငှါ၊ လူတို့ကို တောင် ထိပ် ပေါ် မှာထား ၍ ထိုသူတို့သည် ခရီး သွား သောသူ အပေါင်း တို့၏ ဥစ္စာကို လု ယူကြ၏။ ထိုသတင်းကိုလည်း၊ အဘိမလက် သည်ကြား ၏။
וַיָּבֹא גַּעַל בֶּן־עֶבֶד וְאֶחָיו וַיַּעַבְרוּ בִּשְׁכֶם וַיִּבְטְחוּ־בוֹ בַּעֲלֵי שְׁכֶֽם׃ | 26 |
၂၆ဧဗက် ၏သား ဂါလ သည် မိမိ ညီအစ်ကို တို့နှင့်အတူ ရှေခင် မြို့ဘက်သို့ ဝင် ၍ ရှေခင် မြို့သား တို့သည် သူ့ ကို ကိုးစား ကြ၏။
וַיֵּצְאוּ הַשָּׂדֶה וַֽיִּבְצְרוּ אֶת־כַּרְמֵיהֶם וַֽיִּדְרְכוּ וַֽיַּעֲשׂוּ הִלּוּלִים וַיָּבֹאוּ בֵּית אֱֽלֹהֵיהֶם וַיֹּֽאכְלוּ וַיִּשְׁתּוּ וַֽיְקַלְלוּ אֶת־אֲבִימֶֽלֶךְ׃ | 27 |
၂၇ဥယျာဉ် ၌ လည် လျက် စပျစ်သီး ကို သိမ်း ယူလျက် ပျော်မွေ့ ခြင်းကို ပြု သဖြင့် ၊ မိမိ တို့ ဘုရား ၏ကျောင်း သို့သွား ၍ အဘိမလက် ကို ကျိန်ဆဲ ကြ၏။
וַיֹּאמֶר ׀ גַּעַל בֶּן־עֶבֶד מִֽי־אֲבִימֶלֶךְ וּמִֽי־שְׁכֶם כִּי נַעַבְדֶנּוּ הֲלֹא בֶן־יְרֻבַּעַל וּזְבֻל פְּקִידוֹ עִבְדוּ אֶת־אַנְשֵׁי חֲמוֹר אֲבִי שְׁכֶם וּמַדּוּעַ נַעַבְדֶנּוּ אֲנָֽחְנוּ׃ | 28 |
၂၈ဧဗက် ၏သား ဂါလ ကလည်း ၊ ငါတို့သည် အဘိမလက် အမှု ကို စောင့်ရမည်အကြောင်း ၊ အဘိမလက် ကားအဘယ်သူ နည်း၊ ရှေခင် ကား အဘယ်သူ နည်း။ အဘိမလက်သည် ယေရုဗ္ဗာလ သား မဟုတ် လော။ ဇေဗုလ သည် သူ ၏အမှုထမ်း မဟုတ်လော။ ရှေခင် အဘ ဟာမော် လူ တို့၏ အမှု ကို ထမ်းကြလော့။ အဘိမလက် အမှု ကို အဘယ်ကြောင့် ထမ်းရမည်နည်း။
וּמִי יִתֵּן אֶת־הָעָם הַזֶּה בְּיָדִי וְאָסִירָה אֶת־אֲבִימֶלֶךְ וַיֹּאמֶר לַאֲבִימֶלֶךְ רַבֶּה צְבָאֲךָ וָצֵֽאָה׃ | 29 |
၂၉ဤ လူ တို့သည် ငါ့ လက် သို့ ရောက် ပါစေသော။ သို့ဖြစ်လျှင် အဘိမလက် ကို ငါပယ် မည်ဟူ၍၎င်း၊ အဘိမလက် အား သင် ၏ ဗိုလ်ခြေ တို့ကို ပြင်ဆင် ၍ လာ တော့ဟူ၍၎င်း ဆို ၏။
וַיִּשְׁמַע זְבֻל שַׂר־הָעִיר אֶת־דִּבְרֵי גַּעַל בֶּן־עָבֶד וַיִּחַר אַפּֽוֹ׃ | 30 |
၃၀ဧဗက် ၏သား ဂါလ စကား ကို မြို့ အုပ် ဇေဗုလ ကြား သောအခါ အမျက် ထွက် ၍၊
וַיִּשְׁלַח מַלְאָכִים אֶל־אֲבִימֶלֶךְ בְּתׇרְמָה לֵאמֹר הִנֵּה גַעַל בֶּן־עֶבֶד וְאֶחָיו בָּאִים שְׁכֶמָה וְהִנָּם צָרִים אֶת־הָעִיר עָלֶֽיךָ׃ | 31 |
၃၁ပရိယာယ်အားဖြင့်အဘိမလက် ထံ သို့စေလွှတ် လျက်၊ ဧဗက် ၏သား ဂါလ သည် မိမိ ညီအစ်ကို တို့နှင့်အတူ ရှေခင် မြို့သို့ လာ ၍ ကိုယ်တော် တစ်ဘက် ၌ မြို့ ကို ပြင်ဆင် ကြပါ၏။
וְעַתָּה קוּם לַיְלָה אַתָּה וְהָעָם אֲשֶׁר־אִתָּךְ וֶאֱרֹב בַּשָּׂדֶֽה׃ | 32 |
၃၂သို့ဖြစ်၍ ညဉ့် အခါ ကိုယ်တော် သည် ပါ သော သူ တို့နှင့်တကွ ထ ၍ ၊ တော ၌ ချောင်းမြောင်း လျက် နေတော်မူပါ။
וְהָיָה בַבֹּקֶר כִּזְרֹחַ הַשֶּׁמֶשׁ תַּשְׁכִּים וּפָשַׁטְתָּ עַל־הָעִיר וְהִנֵּה־הוּא וְהָעָם אֲשֶׁר־אִתּוֹ יֹצְאִים אֵלֶיךָ וְעָשִׂיתָ לּוֹ כַּאֲשֶׁר תִּמְצָא יָדֶֽךָ׃ | 33 |
၃၃နံနက် စောစောနေ ထွက်စကထ ၍ မြို့ ကို တိုက် တော်မူပါ။ ဂါလ သည် သူ ၌ ပါသော လူ တို့နှင့်တကွ ဆီး ၍ ကြိုသောအခါ ၊ အဆင်သင့်သည်အတိုင်း ပြု တော်မူပါဟု ကြား လျှောက်လေ၏။
וַיָּקׇם אֲבִימֶלֶךְ וְכׇל־הָעָם אֲשֶׁר־עִמּוֹ לָיְלָה וַיֶּאֶרְבוּ עַל־שְׁכֶם אַרְבָּעָה רָאשִֽׁים׃ | 34 |
၃၄အဘိမလက် သည် သူ ၌ ပါသမျှ သော လူ တို့နှင့်တကွ ညဉ့် အခါ ထ ၍ တပ် လေး တပ်ခွဲပြီးလျှင်၊ ရှေခင် မြို့ကို ချောင်းမြောင်း လျက်နေကြ၏။
וַיֵּצֵא גַּעַל בֶּן־עֶבֶד וַיַּעֲמֹד פֶּתַח שַׁעַר הָעִיר וַיָּקׇם אֲבִימֶלֶךְ וְהָעָם אֲשֶׁר־אִתּוֹ מִן־הַמַּאְרָֽב׃ | 35 |
၃၅ဧဗက် ၏သား ဂါလ သည် ထွက် ၍ မြို့ တံခါး ဝ ၌ ရပ် လျှင် ၊ အဘိမလက် သည် မိမိ ၌ ပါသော သူ တို့ နှင့်တကွ ချောင်းမြောင်း ရာမှ ထ ကြ၏။
וַיַּרְא־גַּעַל אֶת־הָעָם וַיֹּאמֶר אֶל־זְבֻל הִנֵּה־עָם יוֹרֵד מֵרָאשֵׁי הֶהָרִים וַיֹּאמֶר אֵלָיו זְבֻל אֵת צֵל הֶהָרִים אַתָּה רֹאֶה כָּאֲנָשִֽׁים׃ | 36 |
၃၆ဂါလ သည် ထိုလူ တို့ကို မြင် လျှင် ၊ တောင် ပေါ်မှ လူ များ ဆင်း လာကြသည်ဟု ဇေဗုလ အား ဆို သော် ၊ ဇေဗုလ က တောင် အရိပ် သည် လူ ကဲ့သို့ ထင် သည်ဟု ပြန်ပြော ၏။
וַיֹּסֶף עוֹד גַּעַל לְדַבֵּר וַיֹּאמֶר הִנֵּה־עָם יֽוֹרְדִים מֵעִם טַבּוּר הָאָרֶץ וְרֹאשׁ־אֶחָד בָּא מִדֶּרֶךְ אֵלוֹן מְעוֹנְנִֽים׃ | 37 |
၃၇တဖန် ဂါလ က၊ ကြည့် ပါ။ လူ အချို့တို့သည် တောင်ရိုးပေါ်မှ ဆင်း လာကြ၏။ အချို့တို့သည် မောနေနိမ် သပိတ် တောလမ်း ဖြင့် လာ ကြ၏ဟု ပြောဆို လျှင်၊
וַיֹּאמֶר אֵלָיו זְבֻל אַיֵּה אֵפוֹא פִיךָ אֲשֶׁר תֹּאמַר מִי אֲבִימֶלֶךְ כִּי נַעַבְדֶנּוּ הֲלֹא זֶה הָעָם אֲשֶׁר מָאַסְתָּה בּוֹ צֵא־נָא עַתָּה וְהִלָּחֶם בּֽוֹ׃ | 38 |
၃၈ဇေဗုလ က၊ ငါတို့သည် အဘိမလက် အမှု ကို ထမ်းရမည်အကြောင်း ၊ အဘိမလက် သည် အဘယ်သူ နည်းဟု သင်ဆို သော နှုတ် သည် ယခု အဘယ်မှာ ရှိသနည်း။ ထို လူ တို့သည် သင်မထီမဲ့မြင် ပြုသောသူမဟုတ် လော။ ထွက် ၍ သူ တို့ကို စစ်တိုက် ပါလော့ဟု ဆို သော်၊
וַיֵּצֵא גַעַל לִפְנֵי בַּעֲלֵי שְׁכֶם וַיִּלָּחֶם בַּאֲבִימֶֽלֶךְ׃ | 39 |
၃၉ဂါလ သည် ရှေခင် မြို့သား တို့ရှေ့ မှာ ထွက် ၍ အဘိမလက် ကို တိုက် လေ၏။
וַיִּרְדְּפֵהוּ אֲבִימֶלֶךְ וַיָּנׇס מִפָּנָיו וַֽיִּפְּלוּ חֲלָלִים רַבִּים עַד־פֶּתַח הַשָּֽׁעַר׃ | 40 |
၄၀အဘိမလက် လိုက် ၍ ဂါလပြေး သဖြင့် များ သောသူတို့သည် မြို့တံခါး ဝ တိုင်အောင် အထိအခိုက် ခံလျက် လဲ ၍ သေကြ၏။
וַיֵּשֶׁב אֲבִימֶלֶךְ בָּֽארוּמָה וַיְגָרֶשׁ זְבֻל אֶת־גַּעַל וְאֶת־אֶחָיו מִשֶּׁבֶת בִּשְׁכֶֽם׃ | 41 |
၄၁အဘိမလက် သည် အရုမ မြို့မှာ နေ ၍ ဇေဗုလ သည် ဂါလ နှင့် သူ ၏ညီအစ်ကို တို့ကို ရှေခင် မြို့၌ မနေ စေခြင်းငှါနှင်ထုတ် လေ၏။
וַֽיְהִי מִֽמׇּחֳרָת וַיֵּצֵא הָעָם הַשָּׂדֶה וַיַּגִּדוּ לַאֲבִימֶֽלֶךְ׃ | 42 |
၄၂နက်ဖြန် နေ့၌ လူ များတို့သည် မြို့ ပြင်သို့ ထွက် မည်အကြောင်း ကို အဘိမလက် သည် ကြား လျှင်၊
וַיִּקַּח אֶת־הָעָם וַיֶּֽחֱצֵם לִשְׁלֹשָׁה רָאשִׁים וַיֶּאֱרֹב בַּשָּׂדֶה וַיַּרְא וְהִנֵּה הָעָם יֹצֵא מִן־הָעִיר וַיָּקׇם עֲלֵיהֶם וַיַּכֵּֽם׃ | 43 |
၄၃မိမိလူ တို့ကို သုံး စု ခွဲ ၍ တော ၌ ချောင်းမြောင်း လျက် နေသဖြင့် ၊ မြို့ သားတို့သည် ထွက် လာကြသောအခါ ထ ၍ လုပ်ကြံ လေ၏။
וַאֲבִימֶלֶךְ וְהָֽרָאשִׁים אֲשֶׁר עִמּוֹ פָּשְׁטוּ וַיַּעַמְדוּ פֶּתַח שַׁעַר הָעִיר וּשְׁנֵי הָרָאשִׁים פָּשְׁטוּ עַֽל־כׇּל־אֲשֶׁר בַּשָּׂדֶה וַיַּכּֽוּם׃ | 44 |
၄၄အဘိမလက် သည် မိမိ လူတစု နှင့် မြို့ တံခါး ဝ သို့ ပြေး တက်၍ စောင့် နေ၏။ အခြားသော လူနှစ် စု တို့သည် တော ၌ ရှိသောလူတို့ဆီသို့ ပြေး ၍ သတ် ကြ၏။
וַֽאֲבִימֶלֶךְ נִלְחָם בָּעִיר כֹּל הַיּוֹם הַהוּא וַיִּלְכֹּד אֶת־הָעִיר וְאֶת־הָעָם אֲשֶׁר־בָּהּ הָרָג וַיִּתֹּץ אֶת־הָעִיר וַיִּזְרָעֶהָ מֶֽלַח׃ | 45 |
၄၅အဘိမလက် သည် တနေ့လုံး မြို့ ကို တိုက် ၍ ရ သောအခါ ၊ မြို့ ၌ တွေ့သောသူ တို့ကိုသတ် ပြီးလျှင် မြို့ရိုး ကိုဖြိုဖျက် ၍ မြို့ ရာကို ဆား နှင့် ကြဲဖြန့် လေ၏။
וַֽיִּשְׁמְעוּ כׇּֽל־בַּעֲלֵי מִֽגְדַּל־שְׁכֶם וַיָּבֹאוּ אֶל־צְרִיחַ בֵּית אֵל בְּרִֽית׃ | 46 |
၄၆ထိုသိတင်းကို ရှေခင်ရဲတိုက်သား အပေါင်း တို့သည် ကြား လျှင် ၊ ဗေရိတ်ဘုရား ၏ ကျောင်း ၌ ခိုင်ခံ့ သော အခန်းထဲမှာ စုဝေး ကြ၏။
וַיֻּגַּד לַאֲבִימֶלֶךְ כִּי הִֽתְקַבְּצוּ כׇּֽל־בַּעֲלֵי מִֽגְדַּל־שְׁכֶֽם׃ | 47 |
၄၇ရှေခင်ရဲတိုက်သား အပေါင်း တို့သည် စုဝေး ကြောင်း ကို အဘိမလက် သည် ကြား လတ်သော်၊
וַיַּעַל אֲבִימֶלֶךְ הַר־צַלְמוֹן הוּא וְכׇל־הָעָם אֲשֶׁר־אִתּוֹ וַיִּקַּח אֲבִימֶלֶךְ אֶת־הַקַּרְדֻּמּוֹת בְּיָדוֹ וַיִּכְרֹת שׂוֹכַת עֵצִים וַיִּשָּׂאֶהָ וַיָּשֶׂם עַל־שִׁכְמוֹ וַיֹּאמֶר אֶל־הָעָם אֲשֶׁר־עִמּוֹ מָה רְאִיתֶם עָשִׂיתִי מַהֲרוּ עֲשׂוּ כָמֽוֹנִי׃ | 48 |
၄၈ကိုယ်တိုင် မှစ၍ပါသော သူ အပေါင်း တို့သည် ဇလမုန် တောင် သို့ သွား ပြီးလျှင် ၊ အဘိမလက် သည် ပုဆိန် နှင့် သစ်ခက် ကို ခုတ် ၍ မိမိ ပုခုံး ပေါ် မှာ တင် ထမ်း လျက် ၊ ငါပြု သည်ကို သင်တို့မြင် သည်အတိုင်း အလျင်အမြန် ပြု ကြလော့ဟု လိုက်သောသူ တို့အား ဆို လျှင်၊
וַיִּכְרְתוּ גַם־כׇּל־הָעָם אִישׁ שׂוֹכֹה וַיֵּלְכוּ אַחֲרֵי אֲבִימֶלֶךְ וַיָּשִׂימוּ עַֽל־הַצְּרִיחַ וַיַּצִּיתוּ עֲלֵיהֶם אֶֽת־הַצְּרִיחַ בָּאֵשׁ וַיָּמֻתוּ גַּם כׇּל־אַנְשֵׁי מִֽגְדַּל־שְׁכֶם כְּאֶלֶף אִישׁ וְאִשָּֽׁה׃ | 49 |
၄၉သူ၏လူ အပေါင်း တို့သည် ထိုအတူ အသီးအသီး သစ်ခက် တို့ကို ခုတ် ၍ အဘိမလက် နောက် သို့ လိုက် လျက် ခိုင်ခံ့ သောအခန်းကို မီးရှို့ ကြ၏။ ထိုသို့ ရှေခင်ရဲတိုက်သား အပေါင်း တို့နှင့်အတူ တထောင် သော ယောက်ျား မိန်းမ တို့သည် သေ ကြကုန်၏။
וַיֵּלֶךְ אֲבִימֶלֶךְ אֶל־תֵּבֵץ וַיִּחַן בְּתֵבֵץ וַֽיִּלְכְּדָֽהּ׃ | 50 |
၅၀ထိုနောက်မှ အဘိမလက် သည် သေဗက် မြို့သို့ သွား ၍ တပ်ချ ပြီးလျှင် တိုက် ယူလေ၏။
וּמִגְדַּל־עֹז הָיָה בְתוֹךְ־הָעִיר וַיָּנֻסוּ שָׁמָּה כׇּל־הָאֲנָשִׁים וְהַנָּשִׁים וְכֹל בַּעֲלֵי הָעִיר וַֽיִּסְגְּרוּ בַּעֲדָם וַֽיַּעֲלוּ עַל־גַּג הַמִּגְדָּֽל׃ | 51 |
၅၁သို့ရာတွင် မြို့ ထဲမှာ ခိုင်ခံ့ သော ရဲတိုက် တခုရှိ ၍ ၊ မြို့ သား ယောက်ျား မိန်းမ အပေါင်း တို့သည် ထို ရဲတိုက်ထဲ သို့ ပြေး ဝင်ကြ၏။ တံခါးကိုလည်း ပိတ် ထား၍ ရဲတိုက် အပေါ် သို့ တက် ကြ၏။
וַיָּבֹא אֲבִימֶלֶךְ עַד־הַמִּגְדָּל וַיִּלָּחֶם בּוֹ וַיִּגַּשׁ עַד־פֶּתַח הַמִּגְדָּל לְשׇׂרְפוֹ בָאֵֽשׁ׃ | 52 |
၅၂အဘိမလက် သည် ရဲတိုက် ကို လာ ၍ တိုက် လျက်၊ ရဲတိုက် တံခါး ကို မီး ရှို့ ခြင်းငှါ ချဉ်းကပ် သောအခါ၊
וַתַּשְׁלֵךְ אִשָּׁה אַחַת פֶּלַח רֶכֶב עַל־רֹאשׁ אֲבִימֶלֶךְ וַתָּרִץ אֶת־גֻּלְגׇּלְתּֽוֹ׃ | 53 |
၅၃မိန်းမ တယောက် သည် ကြိတ်ဆုံ ကျောက်တဖဲ့ ကို အဘိမလက် ခေါင်း ပေါ် သို့ ပစ်ချ ၍ ဦးခေါင်းခွံ ပေါက် ကွဲလေ၏။
וַיִּקְרָא מְהֵרָה אֶל־הַנַּעַר ׀ נֹשֵׂא כֵלָיו וַיֹּאמֶר לוֹ שְׁלֹף חַרְבְּךָ וּמוֹתְתֵנִי פֶּן־יֹאמְרוּ לִי אִשָּׁה הֲרָגָתְהוּ וַיִּדְקְרֵהוּ נַעֲרוֹ וַיָּמֹֽת׃ | 54 |
၅၄သူသည် လက်နက် ကိုင် လုလင် ကို အလျင်အမြန် ခေါ် ၍ မိန်းမ သည် အဘိမလက် ကိုသတ် သည်ဟု ပြော စရာမ ရှိစေခြင်းငှါ၊ သင့် ထား ကို ထုတ် ၍ ငါ့ ကိုသတ် လော့ဟု ဆို သည်အတိုင်း ၊ လုလင် သည် ထိုး ၍ အဘိမလက် သေ လေ၏။
וַיִּרְאוּ אִֽישׁ־יִשְׂרָאֵל כִּי מֵת אֲבִימֶלֶךְ וַיֵּלְכוּ אִישׁ לִמְקֹמֽוֹ׃ | 55 |
၅၅အဘိမလက် သေ ကြောင်း ကို ဣသရေလ လူ တို့သည် သိမြင် လျှင် ၊ အသီးအသီး မိမိ တို့နေရာ သို့ ပြန် သွားကြ၏။
וַיָּשֶׁב אֱלֹהִים אֵת רָעַת אֲבִימֶלֶךְ אֲשֶׁר עָשָׂה לְאָבִיו לַהֲרֹג אֶת־שִׁבְעִים אֶחָֽיו׃ | 56 |
၅၆ထိုသို့ အဘိမလက် သည် မိမိ ညီအစ်ကို ခုနစ်ဆယ် တို့ကိုသတ် ၍ ပြု မိသော ဒုစရိုက် အပြစ်ကို ဘုရား သခင်ဆပ် ပေးတော်မူ၏။
וְאֵת כׇּל־רָעַת אַנְשֵׁי שְׁכֶם הֵשִׁיב אֱלֹהִים בְּרֹאשָׁם וַתָּבֹא אֲלֵיהֶם קִֽלְלַת יוֹתָם בֶּן־יְרֻבָּֽעַל׃ | 57 |
၅၇ရှေခင် မြို့သား ပြုသောဒုစရိုက် အပြစ်ကိုလည်း သူ တို့ခေါင်း ပေါ် သို့ ဘုရား သခင်ရောက် စေတော်မူသဖြင့် ၊ ယေရုဗ္ဗာလ သား ယောသံ ကျိန် သော စကားအတိုင်း သူ တို့သည် ခံရ ကြ၏။