< שופטים 5 >
וַתָּשַׁר דְּבוֹרָה וּבָרָק בֶּן־אֲבִינֹעַם בַּיּוֹם הַהוּא לֵאמֹֽר׃ | 1 |
၁ထို နေ့ ၌ ဒေဗောရ နှင့် အဘိနောင် ၏ သား ဗာရက် တို့ဆို သော သီချင်းစကားဟူမူကား၊
בִּפְרֹעַ פְּרָעוֹת בְּיִשְׂרָאֵל בְּהִתְנַדֵּב עָם בָּֽרְכוּ יְהֹוָֽה׃ | 2 |
၂ဣသရေလ အမျိုး၌ မင်း တို့သည် အဦးပြုသောကြောင့်၎င်း၊ ဆင်းရဲသားတို့သည် စေတနာစိတ်နှင့် မိမိကိုယ်ကိုလှူ သောကြောင့်၎င်း၊ ထာဝရ ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။
שִׁמְעוּ מְלָכִים הַאֲזִינוּ רֹֽזְנִים אָנֹכִי לַֽיהֹוָה אָנֹכִי אָשִׁירָה אֲזַמֵּר לַֽיהֹוָה אֱלֹהֵי יִשְׂרָאֵֽל׃ | 3 |
၃အိုရှင်ဘုရင် တို့ ကြား ကြလော့။ အိုမင်းသား တို့ နားထောင် ကြလော့။ ငါသီချင်းဆို မည်။ ထာဝရဘုရား အား သီချင်းဆိုမည်။ ဣသရေလ အမျိုး၏ဘုရား သခင်ထာဝရဘုရား ၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း မည်။
יְהֹוָה בְּצֵאתְךָ מִשֵּׂעִיר בְּצַעְדְּךָ מִשְּׂדֵה אֱדוֹם אֶרֶץ רָעָשָׁה גַּם־שָׁמַיִם נָטָפוּ גַּם־עָבִים נָטְפוּ מָֽיִם׃ | 4 |
၄အိုထာဝရဘုရား ၊ ကိုယ်တော် သည် စိရ တောင်ရိုးပေါ်မှ ကြွ ၍ ဧဒုံ တော မှ စစ်ချီ တော်မူသောအခါ ၊ မြေကြီး လှုပ် ၍ မိုဃ်း ရွာသဖြင့် မိုဃ်းတိမ် တို့မှ မိုဃ်းရေ သည် စီး ပါ၏။
הָרִים נָזְלוּ מִפְּנֵי יְהֹוָה זֶה סִינַי מִפְּנֵי יְהֹוָה אֱלֹהֵי יִשְׂרָאֵֽל׃ | 5 |
၅တောင်ရိုး တို့သည် ထာဝရဘုရား ရှေ့ တော်၌ ၎င်း၊ သိနာ တောင်သည်လည်း ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ ၎င်း တုန်လှုပ် ပါ၏။
בִּימֵי שַׁמְגַּר בֶּן־עֲנָת בִּימֵי יָעֵל חָֽדְלוּ אֳרָחוֹת וְהֹלְכֵי נְתִיבוֹת יֵלְכוּ אֳרָחוֹת עֲקַלְקַלּֽוֹת׃ | 6 |
၆အာနတ် သား ရှံဂါ မင်းလက်ထက် ၌ ၎င်း၊ ယေလ မင်းလက်ထက် ၌ ၎င်း၊ လမ်းမ တို့သည် ဆိတ်ညံ လျက် ရှိ၍ ခရီးသွား သောသူတို့သည် လမ်းကြားတို့၌ လိုက် သွားရကြ၏။
חָדְלוּ פְרָזוֹן בְּיִשְׂרָאֵל חָדֵלּוּ עַד שַׁקַּמְתִּי דְּבוֹרָה שַׁקַּמְתִּי אֵם בְּיִשְׂרָאֵֽל׃ | 7 |
၇ဣသရေလ အမျိုး၌ မင်းဆက်ပြတ် လျက်ရှိ၏။ ငါဒေဗောရ သည် မပေါ် ၊ ငါသည် ဣသရေလ အမျိုး၌ အမိ မပေါ်ထွန်း မှီတိုင်အောင် မင်းဆက်ပြတ် လျက် ရှိ၏။
יִבְחַר אֱלֹהִים חֲדָשִׁים אָז לָחֶם שְׁעָרִים מָגֵן אִם־יֵֽרָאֶה וָרֹמַח בְּאַרְבָּעִים אֶלֶף בְּיִשְׂרָאֵֽל׃ | 8 |
၈ဣသရေလအမျိုးသားတို့သည် ဘုရား သစ် တို့ကို ရွေး ယူကြ၏။ ထိုအခါ သူတို့မြို့ များကို ရန်သူတို့သည် တိုက်လာကြ၏။ ဣသရေလ အမျိုးသားလေးသောင်း တွင် ဒိုင်းလွှား တခု၊ လှံ တစင်းမျှ မရှိ။
לִבִּי לְחוֹקְקֵי יִשְׂרָאֵל הַמִּֽתְנַדְּבִים בָּעָם בָּרְכוּ יְהֹוָֽה׃ | 9 |
၉စေတနာစိတ်ရှိ၍ ဆင်းရဲသား တို့တွင် မိမိကိုယ်ကို လှူ သော ဣသရေလ အမျိုး မင်း တို့အား ငါ စိတ် နူးညွတ်၏။ ထာဝရ ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။
רֹכְבֵי אֲתֹנוֹת צְחֹרוֹת יֹשְׁבֵי עַל־מִדִּין וְהֹלְכֵי עַל־דֶּרֶךְ שִֽׂיחוּ׃ | 10 |
၁၀ဖြူ သော မြည်း ကို စီး သောသူ၊ တရားမှု ကို စီရင် သောသူ၊ လမ်း ၌ သွား သောသူတို့၊
מִקּוֹל מְחַֽצְצִים בֵּין מַשְׁאַבִּים שָׁם יְתַנּוּ צִדְקוֹת יְהֹוָה צִדְקֹת פִּרְזוֹנוֹ בְּיִשְׂרָאֵל אָז יָֽרְדוּ לַשְּׁעָרִים עַם־יְהֹוָֽה׃ | 11 |
၁၁ရေကျင်း များအနား မှာ လက်ရဥစ္စာကို ဝေမျှသောသူတို့၏အသံ ကိုကြားသောအခါ သီချင်းဆိုကြလော့။ ထာဝရဘုရား ၏ တရား သောအမှု၊ ဣသရေလ မြို့ရွာတို့၌ တရား သဖြင့် ပြုတော်မူသောအမှုတို့ကို ထို အရပ်တို့တွင် ချီးမွမ်း ကြလိမ့်မည်။ ထိုအခါ ထာဝရဘုရား ၏ လူ တို့သည် မိမိတို့နေသောမြို့ သို့ ပြန် သွားကြလိမ့်မည်။
עוּרִי עוּרִי דְּבוֹרָה עוּרִי עוּרִי דַּבְּרִי־שִׁיר קוּם בָּרָק וּֽשְׁבֵה שֶׁבְיְךָ בֶּן־אֲבִינֹֽעַם׃ | 12 |
၁၂နိုး ပါ၊ နိုး ပါ၊ ဒေဗောရ ။ နိုး ပါ၊ နိုး ပါ၊ သီချင်း ဆို ပါ၊ အိုဗာရက် ၊ ထ ပါ၊ အဘိနောင် သား ၊ သင် ဘမ်းဆီး ချုပ် ထားသောသူတို့ကို ထုတ်ပြပါ။
אָז יְרַד שָׂרִיד לְאַדִּירִים עָם יְהֹוָה יְרַד־לִי בַּגִּבּוֹרִֽים׃ | 13 |
၁၃ထိုအခါ ကျန်ကြွင်း သောသူတို့သည် သူရဲကြီး တို့ထံသို့ ဆင်း ကြ၏။ ထာဝရဘုရား ၏လူ တို့သည် အစွမ်း တန်ခိုးကြီးသောသူတို့ထံသို့ ငါ့ အဘို့ ဆင်း ကြ၏။
מִנִּי אֶפְרַיִם שׇׁרְשָׁם בַּעֲמָלֵק אַחֲרֶיךָ בִנְיָמִין בַּעֲמָמֶיךָ מִנִּי מָכִיר יָֽרְדוּ מְחֹקְקִים וּמִזְּבוּלֻן מֹשְׁכִים בְּשֵׁבֶט סֹפֵֽר׃ | 14 |
၁၄အာမလက် လူနေရာအနားမှာ နေရာကျသောသူတို့သည် ဧဖရိမ် ခရိုင်ထဲက ထွက်လာကြ၏။ သူတို့နောက်မှာ သင်၏ ဗိုလ်ခြေတို့တွင် ဗင်္ယာမိန် အမျိုးသားတို့သည် လိုက်ကြ၏။ မာခိရ အမျိုးထဲက မင်းများ၊ ဇာဗုလုန် အမျိုးထဲက စီရင်တတ်သော သူများတို့သည် ထွက်လာ ကြ၏။
וְשָׂרַי בְּיִשָּׂשכָר עִם־דְּבֹרָה וְיִשָּׂשכָר כֵּן בָּרָק בָּעֵמֶק שֻׁלַּח בְּרַגְלָיו בִּפְלַגּוֹת רְאוּבֵן גְּדֹלִים חִקְקֵי־לֵֽב׃ | 15 |
၁၅ဣသခါ မင်း တို့သည်လည်း ၊ ဒေဗောရ ၌ ပါ၍ ဣသခါ အမျိုးသည် ဗာရက် ၏ လက်ရုံးဖြစ်၏။ ဗာရက် နောက် မှာ ချိုင့် ထဲ သို့ ပြေးလိုက်ကြ၏။ ရုဗင် အမျိုးနေရာ ချောင်းအသွယ်သွယ်၌ စိတ်နှလုံး ပြဌာန်း ခြင်း များ ကြ၏။
לָמָּה יָשַׁבְתָּ בֵּין הַֽמִּשְׁפְּתַיִם לִשְׁמֹעַ שְׁרִקוֹת עֲדָרִים לִפְלַגּוֹת רְאוּבֵן גְּדוֹלִים חִקְרֵי־לֵֽב׃ | 16 |
၁၆နောက်တဖန်သင်သည် သိုး မြည်သံ ကို နားထောင် ခြင်းငှါ တောင် ကြား မှာ အဘယ်ကြောင့် ထိုင် နေသနည်း။ ရုဗင် အမျိုးနေရာ ချောင်းအသွယ်သွယ်၌ စိတ်နှလုံး တွန့်တို ခြင်းများ ကြသည်တကား။
גִּלְעָד בְּעֵבֶר הַיַּרְדֵּן שָׁכֵן וְדָן לָמָּה יָגוּר אֳנִיּוֹת אָשֵׁר יָשַׁב לְחוֹף יַמִּים וְעַל מִפְרָצָיו יִשְׁכּֽוֹן׃ | 17 |
၁၇ဂိလဒ် ပြည်သားတို့သည် ယော်ဒန် မြစ်တစ်ဘက် ၌ ငြိမ်ဝပ်စွာနေ ကြ၏။ ဒန် အမျိုးသည် သင်္ဘော ဆိပ် အနားမှာ အဘယ်ကြောင့် နေ ရစ်သနည်း။ အာရှာ အမျိုးသည်လည်း ပင်လယ် ကမ်းနား သင်္ဘောဆိုက်ရာ ကွေ့ တို့၌ မလှုပ်ဘဲငြိမ်ဝပ်စွာနေ သည်တကား။
זְבֻלוּן עַם חֵרֵף נַפְשׁוֹ לָמוּת וְנַפְתָּלִי עַל מְרוֹמֵי שָׂדֶֽה׃ | 18 |
၁၈ဇာဗုလုန် အမျိုး သည် အသက် ကို စွန့်စား သည်တိုင်အောင်ရဲရင့်၍ နဿလိ အမျိုးသည် မြင့် သော တော အရပ်၌ ထိုနည်းတူပြု၏။
בָּאוּ מְלָכִים נִלְחָמוּ אָז נִלְחֲמוּ מַלְכֵי כְנַעַן בְּתַעְנַךְ עַל־מֵי מְגִדּוֹ בֶּצַע כֶּסֶף לֹא לָקָֽחוּ׃ | 19 |
၁၉ရှင်ဘုရင် တို့သည် လာ ၍ စစ်တိုက် ကြ၏။ ခါနနိ ရှင်ဘုရင် တို့သည် မေဂိဒ္ဒေါ အိုင် ၊ တာနက် မြို့အနား မှာ တိုက် သော်လည်း၊ ငွေ ကို လုယူ ၍ မ ရ ကြ။
מִן־שָׁמַיִם נִלְחָמוּ הַכּֽוֹכָבִים מִמְּסִלּוֹתָם נִלְחֲמוּ עִם־סִֽיסְרָֽא׃ | 20 |
၂၀ကောင်းကင် မှ စစ်ကူ ကြ၏။ ကြယ် တို့သည် လှည့်ပတ် စဉ်အခါသိသရ ကို စစ်တိုက် ကြ၏။
נַחַל קִישׁוֹן גְּרָפָם נַחַל קְדוּמִים נַחַל קִישׁוֹן תִּדְרְכִי נַפְשִׁי עֹֽז׃ | 21 |
၂၁ကိရှုန် မြစ် ၊ စစ်မှုကြောင့် ကျော်စောသောမြစ် ၊ ကိရှုန် မြစ် သည် ရန်သူ တို့ကို ပယ် သွား၏။ အိုငါ့ ဝိညာဉ် ၊ သင်သည် ခွန်အားကြီး သောသူကို နှိပ် နင်းပြီ။
אָז הָלְמוּ עִקְּבֵי־סוּס מִֽדַּהֲרוֹת דַּהֲרוֹת אַבִּירָֽיו׃ | 22 |
၂၂ထိုအခါ မြင်းစီးသူရဲ တို့သည် မြင်း ကို နှင် လျက် နှင် လျက် စီးသောကြောင့်၊ မြင်းတို့သည် မြေကို ခွာ နှင့် ထိခိုက် လျက် ပြေးကြ၏။
אוֹרוּ מֵרוֹז אָמַר מַלְאַךְ יְהֹוָה אֹרוּ אָרוֹר יֹשְׁבֶיהָ כִּי לֹֽא־בָאוּ לְעֶזְרַת יְהֹוָה לְעֶזְרַת יְהֹוָה בַּגִּבּוֹרִֽים׃ | 23 |
၂၃မေရောဇမြို့သားတို့သည် ထာဝရ ဘုရားဘက်၊ စစ်သူရဲ တို့နှင့် ဝိုင်း၍ ထာဝရ ဘုရားဘက်သို့ မ ကူ ကြသောကြောင့် ၊ မေရောဇ မြို့ကို ကျိန် ကြလော့။ မြို့ သားတို့ကို ပြင်းစွာကျိန် ကြလော့ဟု ထာဝရဘုရား ၏ကောင်းကင်တမန် သည် မှာ ထား၏။
תְּבֹרַךְ מִנָּשִׁים יָעֵל אֵשֶׁת חֶבֶר הַקֵּינִי מִנָּשִׁים בָּאֹהֶל תְּבֹרָֽךְ׃ | 24 |
၂၄ကေနိ အမျိုးသားဟေဗာ ၏မယား ယေလ သည်၊ မိန်းမ တကာတို့ထက် မြတ်စွာသော မင်္ဂလာ ရှိ၏။ တဲ ၌ နေသောမိန်းမ တကာတို့ထက် မြတ်စွာသော မင်္ဂလာ ရှိ၏။
מַיִם שָׁאַל חָלָב נָתָנָה בְּסֵפֶל אַדִּירִים הִקְרִיבָה חֶמְאָֽה׃ | 25 |
၂၅ထိုသူသည် ရေ ကို တောင်း ၍ ယေလသည် နို့ ကိုပေး ၏။ မင်း သုံးသော ဖလား နှင့် နို့ဓမ်း ကို ဆက် လေ၏။
יָדָהּ לַיָּתֵד תִּשְׁלַחְנָה וִימִינָהּ לְהַלְמוּת עֲמֵלִים וְהָלְמָה סִֽיסְרָא מָחֲקָה רֹאשׁוֹ וּמָחֲצָה וְחָלְפָה רַקָּתֽוֹ׃ | 26 |
၂၆တဲတံသင် ကို ယူ ၍ လက်ျာ လက်နှင့် လက်ရိုက် ကို ကိုင်လျက် သိသရ ကို ရိုက် လေ၏။ သူ ၏ ခေါင်း ကို ထိုး ရိုက်၍ နားပန်း ကို ထုတ်ချင်း ခွင်းဖောက် လေ၏။
בֵּין רַגְלֶיהָ כָּרַע נָפַל שָׁכָב בֵּין רַגְלֶיהָ כָּרַע נָפָל בַּאֲשֶׁר כָּרַע שָׁם נָפַל שָׁדֽוּד׃ | 27 |
၂၇သူသည် ယေလ ခြေရင်း ၌ ကျ ၍ လဲ လျက် တုံးလုံးနေ၏။ ခြေရင်း ၌ ကျ လဲ ၍ ကျ ရာအရပ် ၌ သေ လျက် လဲ နေ၏။
בְּעַד הַחַלּוֹן נִשְׁקְפָה וַתְּיַבֵּב אֵם סִֽיסְרָא בְּעַד הָאֶשְׁנָב מַדּוּעַ בֹּשֵׁשׁ רִכְבּוֹ לָבוֹא מַדּוּעַ אֶֽחֱרוּ פַּעֲמֵי מַרְכְּבוֹתָֽיו׃ | 28 |
၂၈သိသရ အမိ သည် ပြတင်းပေါက် ဝဖြင့် ကြည့် ၍ ကုလားကာ အတွင်း ၌ နေလျက်၊ သူ ၏ ရထား သည် အဘယ်ကြောင့် လာ ခဲ သနည်း။ ရထား ဘီး တို့သည် အဘယ်ကြောင့် နှေး သနည်းဟု မြည်တမ်း လေ၏။
חַכְמוֹת שָׂרוֹתֶיהָ תַּעֲנֶינָּה אַף־הִיא תָּשִׁיב אֲמָרֶיהָ לָֽהּ׃ | 29 |
၂၉ပညာရှိ သော မင်းသမီး တို့သည် ပြန် လျှောက်သည်သာမက ၊ သူ့ကိုယ်တိုင်ပြန် ပြောသည်ကား၊
הֲלֹא יִמְצְאוּ יְחַלְּקוּ שָׁלָל רַחַם רַחֲמָתַיִם לְרֹאשׁ גֶּבֶר שְׁלַל צְבָעִים לְסִיסְרָא שְׁלַל צְבָעִים רִקְמָה צֶבַע רִקְמָתַיִם לְצַוְּארֵי שָׁלָֽל׃ | 30 |
၃၀သူတို့သည် တွေ့ ၍ရသောဥစ္စာ ကို ဝေဖန် လျက် နေကြသည်မဟုတ် လော။ စစ်သူရဲ တို့အား အပျိုကညာ တယောက်နှစ်ယောက်စီ၊ သိသရ ဘို့ ပန်းဆိုးသော အဝတ် ၊ ပန်းဆိုး၍ ချယ်လှယ် သော အဝတ် တန်ဆာ၊ အောင် သောသူတို့၏ လည်ပင်း ၌ ဆင်စရာဘို့ ပန်းဆိုး၍ ချယ်လှယ် လျက် အဆင်းအရောင်ထူးခြားသော အဝတ် တန်ဆာကို လုယူ၍ ဝေဖန်လျက် နေကြသည် မဟုတ်လောဟု သိသရ၏ အမိသည် ဆိုတတ်၏။
כֵּן יֹאבְדוּ כׇל־אוֹיְבֶיךָ יְהֹוָה וְאֹהֲבָיו כְּצֵאת הַשֶּׁמֶשׁ בִּגְבֻרָתוֹ וַתִּשְׁקֹט הָאָרֶץ אַרְבָּעִים שָׁנָֽה׃ | 31 |
၃၁အိုထာဝရဘုရား ၊ ကိုယ်တော် ၏ ရန်သူ အပေါင်း တို့သည် ထိုသို့ ပျက်စီး ခြင်းသို့ ရောက်ကြပါစေသော။ ထာဝရ ဘုရားကို ချစ် သောသူတို့သည် အရှိန် တန်ခိုးနှင့် ထွက် သွားသော နေ မင်းကဲ့သို့ ဖြစ်ပါစေသောဟု သီချင်းဆိုကြ၏။ ထို့နောက် အနှစ် လေးဆယ် တိုင်တိုင်တပြည် လုံးငြိမ်း လေ၏။