< שופטים 18 >

בַּיָּמִים הָהֵם אֵין מֶלֶךְ בְּיִשְׂרָאֵל וּבַיָּמִים הָהֵם שֵׁבֶט הַדָּנִי מְבַקֶּשׁ־לוֹ נַֽחֲלָה לָשֶׁבֶת כִּי לֹא־נָפְלָה לּוֹ עַד־הַיּוֹם הַהוּא בְּתוֹךְ־שִׁבְטֵי יִשְׂרָאֵל בְּנַחֲלָֽה׃ 1
ထို​ကာ​လ​၌​ဣ​သ​ရေ​လ​လူ​မျိုး​တွင်​ဘုရင် မ​ရှိ​သေး​ချေ။ ဒန်​အ​နွယ်​ဝင်​တို့​တွင်​လည်း အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး​သား​များ​ကဲ့ သို့ ကိုယ်​ပိုင်​နယ်​မြေ​တစ်​စုံ​တစ်​ရာ​မျှ​မ​ရှိ ကြ​သေး​ပေ။ သို့​ဖြစ်​၍​မိ​မိ​တို့​သိမ်း​ယူ​၍ အ​တည်​တ​ကျ​နေ​ထိုင်​ရန်​နယ်​မြေ​ကို ရှာ​ဖွေ​လျက်​နေ​ကြ​၏။-
וַיִּשְׁלְחוּ בְנֵי־דָן ׀ מִֽמִּשְׁפַּחְתָּם חֲמִשָּׁה אֲנָשִׁים מִקְצוֹתָם אֲנָשִׁים בְּנֵי־חַיִל מִצׇּרְעָה וּמֵאֶשְׁתָּאֹל לְרַגֵּל אֶת־הָאָרֶץ וּלְחׇקְרָהּ וַיֹּאמְרוּ אֲלֵהֶם לְכוּ חִקְרוּ אֶת־הָאָרֶץ וַיָּבֹאוּ הַר־אֶפְרַיִם עַד־בֵּית מִיכָה וַיָּלִינוּ שָֽׁם׃ 2
ဒန်​အ​မျိုး​သား​တို့​သည်​နယ်​မြေ​ကို​စူး​စမ်း ရှာ​ဖွေ​ရန် မိ​မိ​တို့​အ​နွယ်​ဝင်​အိမ်​ထောင်​စု အ​ပေါင်း​မှ အ​ရည်​အ​ချင်း​ရှိ​သူ​လူ​ငါး ယောက်​ကို​ရွေး​ချယ်​၍​ဇော​ရာ​မြို့​နှင့်​ဧ​ရှ တော​လ​မြို့​တို့​မှ​စေ​လွှတ်​လိုက်​ကြ​၏။ ထို သူ​တို့​သည်​တောင်​ကုန်း​ဒေ​သ​ဖြစ်​သော ဧ​ဖ​ရိမ်​ပြည်​သို့​ရောက်​လာ​သော​အ​ခါ မိက္ခာ​၏​အိမ်​တွင်​တည်း​ခို​ကြ​၏။-
הֵמָּה עִם־בֵּית מִיכָה וְהֵמָּה הִכִּירוּ אֶת־קוֹל הַנַּעַר הַלֵּוִי וַיָּסוּרוּ שָׁם וַיֹּאמְרוּ לוֹ מִֽי־הֱבִיאֲךָ הֲלֹם וּמָה־אַתָּה עֹשֶׂה בָּזֶה וּמַה־לְּךָ פֹֽה׃ 3
ထို​အိမ်​တွင်​ရှိ​နေ​စဉ်​လူ​တို့​သည်​လေဝိ​လူ ငယ်​ပြော​ဆို​သည့်​စ​ကား​သံ​ကို​သ​တိ​ထား မိ​ကြ​သ​ဖြင့် သူ့​ထံ​သို့​သွား​ပြီး​လျှင်``သင် သည်​ဤ​အ​ရပ်​သို့​အ​ဘယ်​ကြောင့်​ရောက်​နေ ပါ​သ​နည်း။ သင့်​အား​ဤ​အ​ရပ်​သို့​အ​ဘယ် သူ​ခေါ်​ဆောင်​လာ​ပါ​သ​နည်း'' ဟု​မေး​ကြ​၏။
וַיֹּאמֶר אֲלֵהֶם כָּזֹה וְכָזֶה עָשָׂה לִי מִיכָה וַיִּשְׂכְּרֵנִי וָאֱהִי־לוֹ לְכֹהֵֽן׃ 4
သူ​က​လည်း``ငါ​သည်​မိက္ခာ​နှင့်​အ​မှု​တစ်​ခု အ​တွက် သ​ဘော​တူ​ထား​ပါ​သည်။ သူ​သည်​ငါ့ အား​အ​ခ​ပေး​၍​မိ​မိ​၏​ယဇ်​ပု​ရော​ဟိတ် အ​ဖြစ်​ဖြင့်​ငှား​ရမ်း​ထား​ပါ​သည်'' ဟု​ပြန် ပြော​၏။
וַיֹּאמְרוּ לוֹ שְׁאַל־נָא בֵאלֹהִים וְנֵדְעָה הֲתַצְלִחַ דַּרְכֵּנוּ אֲשֶׁר אֲנַחְנוּ הֹלְכִים עָלֶֽיהָ׃ 5
ထို​အ​ခါ​သူ​တို့​က``ငါ​တို့​သည်​ဤ​ခ​ရီး​တွင် အောင်​မြင်​မှု​ရှိ​မည်​မ​ရှိ​မည်​ကို ဘု​ရား​သ​ခင် အား​ကျေး​ဇူး​ပြု​၍​လျှောက်​ထား​မေး​မြန်း ပေး​ပါ'' ဟု​ဆို​ကြ​၏။
וַיֹּאמֶר לָהֶם הַכֹּהֵן לְכוּ לְשָׁלוֹם נֹכַח יְהֹוָה דַּרְכְּכֶם אֲשֶׁר תֵּלְכוּ־בָֽהּ׃ 6
ယဇ်​ပု​ရော​ဟိတ်​က``မည်​သို့​မျှ​သင်​တို့​စိုး​ရိမ် ရန်​မ​လို​ပါ။ ဘု​ရား​သ​ခင်​သည်​ဤ​ခ​ရီး​တွင် သင်​တို့​အား​စောင့်​ရှောက်​တော်​မူ​လျက်​ရှိ​ပါ သည်'' ဟု​ပြန်​ပြော​၏။
וַיֵּֽלְכוּ חֲמֵשֶׁת הָאֲנָשִׁים וַיָּבֹאוּ לָיְשָׁה וַיִּרְאוּ אֶת־הָעָם אֲשֶׁר־בְּקִרְבָּהּ יוֹשֶֽׁבֶת־לָבֶטַח כְּמִשְׁפַּט צִדֹנִים שֹׁקֵט ׀ וּבֹטֵחַ וְאֵין־מַכְלִים דָּבָר בָּאָרֶץ יוֹרֵשׁ עֶצֶר וּרְחוֹקִים הֵמָּה מִצִּידֹנִים וְדָבָר אֵין־לָהֶם עִם־אָדָֽם׃ 7
ထို့​ကြောင့်​ထို​လူ​ငါး​ယောက်​တို့​သည်​လဲ​ရှ မြို့​သို့​ထွက်​သွား​ကြ​၏။ ထို​မြို့​သား​တို့​သည် ဇိ​ဒုန်​မြို့​သား​များ​ကဲ့​သို့ အေး​ဆေး​ငြိမ်း​ချမ်း စွာ​နေ​ထိုင်​ကြ​သူ​များ​ဖြစ်​ကြောင်း၊ မည်​သူ နှင့်​မျှ​အ​ငြင်း​မ​ပွား​တတ်​ကြောင်း၊ သူ​တို့ လို​အပ်​သ​မျှ​တို့​ကို​လည်း​ရ​ရှိ​ကြ​ကြောင်း၊ သူ​တို့​သည်​ဇိ​ဒုန်​မြို့​သား​တို့​နှင့်​အ​လွန် အ​လှမ်း​ကွာ​ရာ​တွင်​နေ​ထိုင်​ကြ​လျက် အ​ခြား​အ​ဘယ်​လူ​မျိုး​နှင့်​မျှ​လည်း အ​ဆက်​အ​သွယ်​မ​ရှိ​ကြ​ကြောင်း​ကို စူး​စမ်း​သိ​ရှိ​ကြ​လေ​သည်။-
וַיָּבֹאוּ אֶל־אֲחֵיהֶם צׇרְעָה וְאֶשְׁתָּאֹל וַיֹּאמְרוּ לָהֶם אֲחֵיהֶם מָה אַתֶּֽם׃ 8
ထို​သူ​ငါး​ယောက်​တို့​သည်​ဇော​ရာ​မြို့​နှင့် ဧ​ရှ​တော​လ​မြို့​တို့​သို့​ပြန်​လည်​ရောက်​ရှိ ကြ​သော​အ​ခါ အ​မျိုး​သား​ချင်း​တို့​က``သင် တို့​အ​ဘယ်​သို့​စုံ​စမ်း​တွေ့​ရှိ​ခဲ့​ရ​သ​နည်း'' ဟု​မေး​မြန်း​ကြ​၏။-
וַיֹּאמְרוּ קוּמָה וְנַעֲלֶה עֲלֵיהֶם כִּי רָאִינוּ אֶת־הָאָרֶץ וְהִנֵּה טוֹבָה מְאֹד וְאַתֶּם מַחְשִׁים אַל־תֵּעָצְלוּ לָלֶכֶת לָבֹא לָרֶשֶׁת אֶת־הָאָֽרֶץ׃ 9
သူ​တို့​က​လည်း``လာ​ကြ၊ လဲ​ရှ​မြို့​ကို​ငါ တို့​သွား​ရောက်​တိုက်​ခိုက်​ကြ​ကုန်​အံ့။ ထို နယ်​မြေ​သည်​အ​လွန်​ကောင်း​မွန်​ကြောင်း ကို​ငါ​တို့​တွေ့​မြင်​ခဲ့​ရ​ပြီ။ ဤ​အ​ရပ်​တွင် ဆိုင်း​လင့်​၍​နေ​ကြ​မည်​လော။ အ​လျင် အ​မြန်​ထို​နယ်​မြေ​ကို​ဝင်​ရောက်​သိမ်း​ယူ ကြ​ကုန်​အံ့။-
כְּבֹאֲכֶם תָּבֹאוּ ׀ אֶל־עַם בֹּטֵחַ וְהָאָרֶץ רַחֲבַת יָדַיִם כִּֽי־נְתָנָהּ אֱלֹהִים בְּיֶדְכֶם מָקוֹם אֲשֶׁר אֵֽין־שָׁם מַחְסוֹר כׇּל־דָּבָר אֲשֶׁר בָּאָֽרֶץ׃ 10
၁၀ထို​အ​ရပ်​သို့​သင်​တို့​ရောက်​ကြ​သော​အ​ခါ လူ​တို့​သည် စိုး​စဉ်း​မျှ​မ​ယုံ​သင်္ကာ​မ​ဖြစ်​ကြ သည်​ကို​တွေ့​ရှိ​ရ​ကြ​လိမ့်​မည်။ ထို​နယ်​မြေ သည်​ကျယ်​ပြန့်​၍​လူ​သား​တို့​လို​ချင်​တောင့် တ​သော​အ​ရာ​တို့​နှင့်​လည်း​ပြည့်​စုံ​၏။ ထို နယ်​မြေ​ကို​သင်​တို့​အား​ဘု​ရား​သ​ခင်​ပေး သ​နား​တော်​မူ​လေ​ပြီ'' ဟု​ဆို​ကြ​၏။
וַיִּסְעוּ מִשָּׁם מִמִּשְׁפַּחַת הַדָּנִי מִצׇּרְעָה וּמֵאֶשְׁתָּאֹל שֵֽׁשׁ־מֵאוֹת אִישׁ חָגוּר כְּלֵי מִלְחָמָֽה׃ 11
၁၁သို့​ဖြစ်​၍​ဒန်​အ​နွယ်​ဝင်​လူ​ပေါင်း​ခြောက်​ရာ တို့​သည် တိုက်​ပွဲ​ဝင်​ရန်​အ​သင့်​ပြင်​လျက် ဇော​ရာ​မြို့​နှင့်​ဧ​ရှ​တော​လ​မြို့​တို့​မှ​ထွက်​ခွာ သွား​လေ​သည်။-
וַֽיַּעֲלוּ וַֽיַּחֲנוּ בְּקִרְיַת יְעָרִים בִּֽיהוּדָה עַל־כֵּן קָרְאוּ לַמָּקוֹם הַהוּא מַחֲנֵה־דָן עַד הַיּוֹם הַזֶּה הִנֵּה אַחֲרֵי קִרְיַת יְעָרִֽים׃ 12
၁၂သူ​တို့​သည်​ယု​ဒ​ပြည်၊ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​၌ တပ်​စခန်း​ချ​ကြ​၏။ ထို​အ​ကြောင်း​ကြောင့်​ထို အ​ရပ်​သည်​ဒန်​တပ်​စ​ခန်း​ဟူ​၍​ယ​နေ့​တိုင် အောင်​အ​မည်​တွင်​သ​တည်း။-
וַיַּעַבְרוּ מִשָּׁם הַר־אֶפְרָיִם וַיָּבֹאוּ עַד־בֵּית מִיכָֽה׃ 13
၁၃သူ​တို့​သည်​ထို​အ​ရပ်​မှ​ဆက်​လက်​၍​ခ​ရီး ပြု​ကြ​ရာ ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​ရှိ​မိက္ခာ ၏​အိမ်​သို့​ရောက်​ကြ​၏။
וַֽיַּעֲנוּ חֲמֵשֶׁת הָאֲנָשִׁים הַהֹלְכִים לְרַגֵּל אֶת־הָאָרֶץ לַיִשׁ וַיֹּֽאמְרוּ אֶל־אֲחֵיהֶם הַיְדַעְתֶּם כִּי יֵשׁ בַּבָּתִּים הָאֵלֶּה אֵפוֹד וּתְרָפִים וּפֶסֶל וּמַסֵּכָה וְעַתָּה דְּעוּ מַֽה־תַּעֲשֽׂוּ׃ 14
၁၄ထို​အ​ခါ​လဲ​ရှ​နယ်​သို့​သွား​ရောက်​စူး​စမ်း ထောက်​လှမ်း​ခဲ့​သော​လူ​ငါး​ယောက်​တို့​က မိ​မိ တို့​၏​အ​ပေါင်း​အ​ဖော်​များ​အား``ဤ​အိမ်​စု အ​နက်​အိမ်​တစ်​လုံး​တွင်​ငွေ​ဖြင့်​မွမ်း​မံ​ထား သည့်​ရုပ်​တု​တစ်​ခု​ရှိ​သည်​ကို သင်​တို့​သိ​ကြ ပါ​၏​လော။ ထို​အိမ်​တွင်​အ​ခြား​ရုပ်​တု​များ နှင့်​သင်​တိုင်း​တော်​တစ်​ခု​လည်း​ရှိ​၏။ ငါ​တို့ အ​ဘယ်​သို့​ပြု​သင့်​သည်​ဟု​သင်​တို့​ထင် မြင်​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။-
וַיָּסוּרוּ שָׁמָּה וַיָּבֹאוּ אֶל־בֵּֽית־הַנַּעַר הַלֵּוִי בֵּית מִיכָה וַיִּשְׁאֲלוּ־לוֹ לְשָׁלֽוֹם׃ 15
၁၅သို့​ဖြစ်​၍​သူ​တို့​သည်​လေဝိ​လူ​ငယ်​နေ​ထိုင် ရာ မိက္ခာ​၏​အိမ်​သို့​သွား​၍​သူ့​အား​နှုတ်​ခွန်း ဆက်​ကြ​၏။-
וְשֵׁשׁ־מֵאוֹת אִישׁ חֲגוּרִים כְּלֵי מִלְחַמְתָּם נִצָּבִים פֶּתַח הַשָּׁעַר אֲשֶׁר מִבְּנֵי־דָֽן׃ 16
၁၆တိုက်​ခိုက်​ရန်​အ​သင့်​ရှိ​သော​ဒန်​အ​နွယ်​ဝင် စစ်​သည် ခြောက်​ရာ​တို့​သည်​ဝင်း​တံ​ခါး​ဝ တွင်​စောင့်​ဆိုင်း​နေ​ကြ​၏။-
וַֽיַּעֲלוּ חֲמֵשֶׁת הָאֲנָשִׁים הַהֹלְכִים לְרַגֵּל אֶת־הָאָרֶץ בָּאוּ שָׁמָּה לָקְחוּ אֶת־הַפֶּסֶל וְאֶת־הָאֵפוֹד וְאֶת־הַתְּרָפִים וְאֶת־הַמַּסֵּכָה וְהַכֹּהֵן נִצָּב פֶּתַח הַשַּׁעַר וְשֵׁשׁ־מֵאוֹת הָאִישׁ הֶחָגוּר כְּלֵי הַמִּלְחָמָֽה׃ 17
၁၇ထောက်​လှမ်း​ရန်​သွား​ရောက်​ခဲ့​သော​လူ​ငါး ယောက်​တို့​သည် အိမ်​ထဲ​သို့​ဝင်​၍​ငွေ​ဖြင့်​မွမ်း မံ​ထား​သည့်​ရုပ်တု​နှင့်​အ​ခြား​ရုပ်​တု​များ​ကို လည်း​ကောင်း၊ သင်​တိုင်း​တော်​ကို​လည်း​ကောင်း​ယူ ကြ​၏။ ထို​အ​ချိန်​၌​ယဇ်​ပု​ရော​ဟိတ်​သည်​စစ် သား​ခြောက်​ရာ​နှင့်​အ​တူ​ဝင်း​တံ​ခါး​ဝ​တွင် ရှိ​သ​တည်း။
וְאֵלֶּה בָּאוּ בֵּית מִיכָה וַיִּקְחוּ אֶת־פֶּסֶל הָאֵפוֹד וְאֶת־הַתְּרָפִים וְאֶת־הַמַּסֵּכָה וַיֹּאמֶר אֲלֵיהֶם הַכֹּהֵן מָה אַתֶּם עֹשִֽׂים׃ 18
၁၈မိက္ခာ​၏​အိမ်​သို့​ထို​သူ​တို့​ဝင်​၍​ရုပ်​တု​များ နှင့် သင်​တိုင်း​တော်​တို့​ကို​ယူ​ကြ​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​က​သူ​တို့​အား``သင်​တို့​သည် အ​ဘယ်​သို့​ပြု​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။
וַיֹּאמְרוּ לוֹ הַחֲרֵשׁ שִֽׂים־יָדְךָ עַל־פִּיךָ וְלֵךְ עִמָּנוּ וֶהְיֵה־לָנוּ לְאָב וּלְכֹהֵן הֲטוֹב ׀ הֱיוֹתְךָ כֹהֵן לְבֵית אִישׁ אֶחָד אוֹ הֱיוֹתְךָ כֹהֵן לְשֵׁבֶט וּלְמִשְׁפָּחָה בְּיִשְׂרָאֵֽל׃ 19
၁၉သူ​တို့​က​လည်း``ဆိတ်​ဆိတ်​နေ​လော့။ စ​ကား တစ်​ခွန်း​မျှ​မ​ပြော​နှင့်။ သင်​သည်​ငါ​တို့​နှင့် အ​တူ​လိုက်​၍​ငါ​တို့​အား​အ​ကြံ​ပေး​သူ အ​ဖြစ်​ဆောင်​ရွက်​ပါ​လော့။ လူ​တစ်​ယောက် ၏​အိမ်​ထောင်​အ​တွက်​ယဇ်​ပု​ရော​ဟိတ်​ပြု ရ​ခြင်း​ထက် ဣ​သ​ရေ​လ​အ​နွယ်​ဝင်​တစ် ခု​လုံး​အ​တွက်​ပြု​ရ​ခြင်း​က​သင့်​အ​ဖို့ ပို​၍​ကောင်း​မည်​မ​ဟုတ်​ပါ​လော'' ဟု ပြော​ကြ​၏။-
וַיִּיטַב לֵב הַכֹּהֵן וַיִּקַּח אֶת־הָאֵפוֹד וְאֶת־הַתְּרָפִים וְאֶת־הַפָּסֶל וַיָּבֹא בְּקֶרֶב הָעָֽם׃ 20
၂၀ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​သည်​လွန်​စွာ ဝမ်း​မြောက်​သ​ဖြင့် ရုပ်​တု​များ​နှင့်​သင်​တိုင်း တော်​တို့​ကို​ယူ​၍​ထို​လူ​စု​နှင့်​အ​တူ လိုက်​သွား​လေ​သည်။
וַיִּפְנוּ וַיֵּלֵכוּ וַיָּשִׂימוּ אֶת־הַטַּף וְאֶת־הַמִּקְנֶה וְאֶת־הַכְּבוּדָּה לִפְנֵיהֶֽם׃ 21
၂၁သူ​တို့​သည်​ပြန်​လှည့်​ပြီး​လျှင်​ထွက်​ခွာ သွား​ကြ​၏။ မိ​မိ​တို့​၏​သား​သ​မီး​များ၊ တိ​ရစ္ဆာန်​များ​နှင့်​ဝန်​စည်​စ​လယ်​များ​ကို ရှေ့​မှ​အ​လျင်​သွား​နှင့်​စေ​ကြ​၏။-
הֵמָּה הִרְחִיקוּ מִבֵּית מִיכָה וְהָאֲנָשִׁים אֲשֶׁר בַּבָּתִּים אֲשֶׁר עִם־בֵּית מִיכָה נִֽזְעֲקוּ וַיַּדְבִּיקוּ אֶת־בְּנֵי־דָֽן׃ 22
၂၂ထို​သူ​တို့​အ​တန်​ငယ်​ခ​ရီး​ရောက်​သော​အ​ခါ မိက္ခာ​သည် မိ​မိ​၏​အိမ်​နီး​ချင်း​တို့​တိုက်​ပွဲ​ဝင် ရန်​စု​ရုံး​လေ​သည်။ သူ​တို့​သည်​ဒန်​အ​မျိုး သား​တို့​အား​လိုက်​၍​မီ​သော​အ​ခါ၊-
וַֽיִּקְרְאוּ אֶל־בְּנֵי־דָן וַיַּסֵּבּוּ פְּנֵיהֶם וַיֹּאמְרוּ לְמִיכָה מַה־לְּךָ כִּי נִזְעָֽקְתָּ׃ 23
၂၃ဟစ်​ခေါ်​ကြ​၏။ သူ​တို့​သည်​လည်း​လှည့်​၍​ကြည့် ပြီး​လျှင် မိက္ခာ​အား``သင်​တို့​တွင်​အ​ဘယ်​အ​ရေး အ​ခင်း​ရှိ​သ​နည်း။ ဤ​လူ​ထု​နှင့်​အဘယ်​ကြောင့် လိုက်​လာ​ကြ​သ​နည်း'' ဟု​မေး​၏။
וַיֹּאמֶר אֶת־אֱלֹהַי אֲשֶׁר־עָשִׂיתִי לְקַחְתֶּם וְֽאֶת־הַכֹּהֵן וַתֵּלְכוּ וּמַה־לִּי עוֹד וּמַה־זֶּה תֹּאמְרוּ אֵלַי מַה־לָּֽךְ׃ 24
၂၄မိက္ခာ​က​လည်း`` `အ​ဘယ်​အ​ရေး​အ​ခင်း​ရှိ သ​နည်း' ဟု​ဆို​ရာ​၌​သင်​တို့​အ​ဘယ်​သို့​ဆို လို​ပါ​သ​နည်း။ သင်​တို့​သည်​ငါ​၏​ယဇ်​ပု​ရော ဟိတ်​နှင့် ငါ​ထု​လုပ်​ထား​သော​ရုပ်​တု​တို့​ကို ယူ​သွား​ကြ​ပါ​သည်​တ​ကား။ ငါ​၌​အ​ဘယ် အ​ရာ​ကျန်​ရှိ​သေး​သ​နည်း'' ဟု​ပြန်​ပြော လေ​၏။
וַיֹּאמְרוּ אֵלָיו בְּנֵי־דָן אַל־תַּשְׁמַע קוֹלְךָ עִמָּנוּ פֶּֽן־יִפְגְּעוּ בָכֶם אֲנָשִׁים מָרֵי נֶפֶשׁ וְאָסַפְתָּה נַפְשְׁךָ וְנֶפֶשׁ בֵּיתֶֽךָ׃ 25
၂၅ဒန်​အ​မျိုး​သား​တို့​က``ဤ​သူ​တို့​သည်​အ​မျက် ထွက်​၍ သင်​တို့​အား​မ​တိုက်​ခိုက်​စေ​လို​လျှင် နောက်​ထပ်​စ​ကား​တစ်​ခွန်း​မျှ​မ​ပြော​ပါ​နှင့်။ သင်​နှင့်​သင်​၏​အိမ်​ထောင်​စု​တစ်​ခု​လုံး​သေ သွား​လိမ့်​မည်'' ဟု​ဆို​ကြ​၏။-
וַיֵּלְכוּ בְנֵי־דָן לְדַרְכָּם וַיַּרְא מִיכָה כִּֽי־חֲזָקִים הֵמָּה מִמֶּנּוּ וַיִּפֶן וַיָּשׇׁב אֶל־בֵּיתֽוֹ׃ 26
၂၆ထို​နောက်​သူ​တို့​သည်​ခ​ရီး​ဆက်​ကြ​၏။ မိက္ခာ သည်​သူ​တို့​အား​ခု​ခံ​တိုက်​ခိုက်​နိုင်​စွမ်း​မ​ရှိ သည်​ကို သိ​သ​ဖြင့်​လှည့်​၍​အိမ်​သို့​ပြန်​လေ​၏။
וְהֵמָּה לָקְחוּ אֵת אֲשֶׁר־עָשָׂה מִיכָה וְֽאֶת־הַכֹּהֵן אֲשֶׁר הָֽיָה־לוֹ וַיָּבֹאוּ עַל־לַיִשׁ עַל־עַם שֹׁקֵט וּבֹטֵחַ וַיַּכּוּ אוֹתָם לְפִי־חָרֶב וְאֶת־הָעִיר שָׂרְפוּ בָאֵֽשׁ׃ 27
၂၇ဒန်​အ​မျိုး​သား​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​နှင့် တ​ကွ​မိက္ခာ​ပြု​လုပ်​ထား​သည့်​ရုပ်​တု​များ​ကို ယူ​ပြီး​နောက် အေး​ဆေး​ငြိမ်း​ချမ်း​စွာ​နေ​ထိုင် ကြ​သူ​တို့​၏​လဲ​ရှ​မြို့​သို့​သွား​ရောက်​တိုက် ခိုက်​ကြ​၏။ ထို​မြို့​သည်​ဗက်​ရ​ဟော​ဘ​မြို့ တည်​ရှိ​ရာ​ချိုင့်​ဝှမ်း​၌​ပင်​တည်​ရှိ​သည်။ သူ တို့​သည်​မြို့​သား​တို့​ကို​သတ်​၍​မြို့​ကို​လည်း မီး​ရှို့​ပစ်​ကြ​၏။ သူ​တို့​အား​ကယ်​ဆယ်​သည့် သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ​ချေ။ အ​ဘယ် ကြောင့်​ဆို​သော်​လဲ​ရှ​မြို့​သည်​ဇိ​ဒုန်​မြို့​နှင့် အ​လွန်​ခ​ရီး​လှမ်း​သည့်​ပြင် လဲ​ရှ​မြို့​သား တို့​သည်​အ​ခြား​လူ​တို့​နှင့်​ဆက်​သွယ်​မှု လုံး​ဝ​မ​ရှိ​သော​ကြောင့်​ဖြစ်​၏။ ဒန်​အ​မျိုး သား​တို့​သည်​ထို​မြို့​ကို​ပြန်​လည်​တည် ထောင်​ကာ​အ​တည်​တ​ကျ​နေ​ထိုင်​ကြ လေ​သည်။-
וְאֵין מַצִּיל כִּי רְֽחוֹקָה־הִיא מִצִּידוֹן וְדָבָר אֵין־לָהֶם עִם־אָדָם וְהִיא בָּעֵמֶק אֲשֶׁר לְבֵית־רְחוֹב וַיִּבְנוּ אֶת־הָעִיר וַיֵּשְׁבוּ בָֽהּ׃ 28
၂၈
וַיִּקְרְאוּ שֵׁם־הָעִיר דָּן בְּשֵׁם דָּן אֲבִיהֶם אֲשֶׁר יוּלַּד לְיִשְׂרָאֵל וְאוּלָם לַיִשׁ שֵׁם־הָעִיר לָרִאשֹׁנָֽה׃ 29
၂၉ယင်း​အ​မည်​လဲ​ရှ​မြို့​ကို​လည်း​ယာ​ကုပ် ၏​သား မိ​မိ​တို့​၏​ဘိုး​ဘေး​ဖြစ်​သူ​ဒန်​ကို အ​စွဲ​ပြု​၍​ဒန်​မြို့​ဟု​ပြောင်း​လဲ​ခေါ်​ဝေါ် ကြ​၏။-
וַיָּקִימוּ לָהֶם בְּנֵי־דָן אֶת־הַפָּסֶל וִיהוֹנָתָן בֶּן־גֵּרְשֹׁם בֶּן־מְ נַ שֶּׁה הוּא וּבָנָיו הָיוּ כֹהֲנִים לְשֵׁבֶט הַדָּנִי עַד־יוֹם גְּלוֹת הָאָֽרֶץ׃ 30
၃၀ဒန်​အ​မျိုး​သား​တို့​သည်​မိက္ခာ​ပြုလုပ်​သည့်​ရုပ် တု​ကို​တည်​ထား​ပြီး​လျှင် ဝတ်​ပြု​ကိုး​ကွယ် ကြ​လေ​သည်။ မော​ရှေ​၏​မြေး၊ ဂေ​ရ​ရှုံ​၏ သား​ယော​န​သန်​က သူ​တို့​၏​ယဇ်​ပု​ရော ဟိတ်​အ​ဖြစ်​ဖြင့်​ဆောင်​ရွက်​လေ​သည်။ သူ​၏ သား​စဉ်​မြေး​ဆက်​တို့​သည်​လည်း ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ဖမ်း​ဆီး​သိမ်း​သွား​ခြင်း ခံ​ရ​ချိန်​တိုင်​အောင် သူ​တို့​၏​ယဇ်​ပု​ရော ဟိတ်​များ​အ​ဖြစ်​ဖြင့်​ဆောင်​ရွက်​ကြ​၏။-
וַיָּשִׂימוּ לָהֶם אֶת־פֶּסֶל מִיכָה אֲשֶׁר עָשָׂה כׇּל־יְמֵי הֱיוֹת בֵּית־הָאֱלֹהִים בְּשִׁלֹֽה׃ 31
၃၁ရှိ​လော​မြို့​၌​ဘု​ရား​သ​ခင်​အား​ဝတ်​ပြု​ကိုး ကွယ်​ရာ​တဲ​တော်​ရှိ​နေ​သ​မျှ​ကာ​လ​ပတ် လုံး မိက္ခာ​ပြု​လုပ်​သည့်​ရုပ်​တု​သည်​လည်း​ထို အ​ရပ်​၌​တည်​ရှိ​နေ​သ​တည်း။

< שופטים 18 >