< ירמיה 17 >
חַטַּאת יְהוּדָה כְּתוּבָה בְּעֵט בַּרְזֶל בְּצִפֹּרֶן שָׁמִיר חֲרוּשָׁה עַל־לוּחַ לִבָּם וּלְקַרְנוֹת מִזְבְּחוֹתֵיכֶֽם׃ | 1 |
၁ထာဝရဘုရားက``ယုဒပြည်သားတို့၊ သင် တို့၏အပြစ်ကိုသံကညစ်နှင့်ရေးမှတ်၍ ထား၏။ ထိုအပြစ်ကိုသင်၏စိတ်နှလုံးပုရ ပိုက်ပေါ်၌စိန်သွားတပ်သည့်ကညစ်ဖြင့်ရေး မှတ်၍ သင်တို့၏ယဇ်ပလ္လင်ထောင့်များ၌ထွင်း ထားလျက်ရှိ၏။-
כִּזְכֹּר בְּנֵיהֶם מִזְבְּחוֹתָם וַאֲשֵׁרֵיהֶם עַל־עֵץ רַעֲנָן עַל גְּבָעוֹת הַגְּבֹהֽוֹת׃ | 2 |
၂တောင်ကုန်းများပေါ်ရှိစိမ်းလန်းသည့်သစ်ပင် မှန်သမျှတို့၏အနီး၌လည်းကောင်း၊ တောင် ထိပ်များပေါ်၌လည်းကောင်း၊ အာရှရနတ် သမီးအတွက်စိုက်ထူထားသည့်တံခွန်တိုင် များယဇ်ပလ္လင်များကို သင်တို့၏သားသမီး များပင်ကိုးကွယ်ကြပေသည်။ သင်တို့သည် မိမိတို့၏ပြည်တစ်လျှောက်လုံးတွင်ကူး လွန်ခဲ့သည့်အပြစ်များကြောင့် သင်တို့၏ စည်းစိမ်ဥစ္စာရွှေငွေရတနာများကို သင် တို့ဝတ်ပြုကိုးကွယ်ကြသည့်မြင့်သော တောင်ကုန်းများနှင့်အတူရန်သူတို့အား ငါသိမ်းယူစေမည်။-
הֲרָרִי בַּשָּׂדֶה חֵילְךָ כׇל־אוֹצְרוֹתֶיךָ לָבַז אֶתֵּן בָּמֹתֶיךָ בְּחַטָּאת בְּכׇל־גְּבוּלֶֽיךָ׃ | 3 |
၃
וְשָׁמַטְתָּה וּבְךָ מִנַּחֲלָֽתְךָ אֲשֶׁר נָתַתִּי לָךְ וְהַעֲבַדְתִּיךָ אֶת־אֹיְבֶיךָ בָּאָרֶץ אֲשֶׁר לֹא־יָדָעְתָּ כִּֽי־אֵשׁ קְדַחְתֶּם בְּאַפִּי עַד־עוֹלָם תּוּקָֽד׃ | 4 |
၄သင်၏အပြစ်ကြောင့် သင်တို့သည်ငါပေးအပ် ခဲ့သည့်ပြည်ကိုစွန့်လွှတ်ရကြလိမ့်မည်။ ငါ ၏အမျက်တော်သည်မီးနှင့်တူ၍ထာဝစဉ် တောက်လောင်လျက်နေမည်ဖြစ်၍ ငါသည်သင် တို့အားမိမိတို့မရောက်ဘူးသည့်ပြည်တွင် ရန်သူများ၏အစေကိုခံစေမည်'' ဟုမိန့် တော်မူ၏။
כֹּה ׀ אָמַר יְהֹוָה אָרוּר הַגֶּבֶר אֲשֶׁר יִבְטַח בָּאָדָם וְשָׂם בָּשָׂר זְרֹעוֹ וּמִן־יְהֹוָה יָסוּר לִבּֽוֹ׃ | 5 |
၅ထာဝရဘုရားက၊ ``လူကိုလည်းကောင်း၊သေမျိုးဖြစ်သောသူ၏ စွမ်းရည်ကိုလည်းကောင်းယုံကြည်ကိုးစား၍၊ ငါ့ကိုကျောခိုင်းသူအားငါကျိန်စာသင့်စေမည်။
וְהָיָה כְּעַרְעָר בָּעֲרָבָה וְלֹא יִרְאֶה כִּֽי־יָבוֹא טוֹב וְשָׁכַן חֲרֵרִים בַּמִּדְבָּר אֶרֶץ מְלֵחָה וְלֹא תֵשֵֽׁב׃ | 6 |
၆ထိုသူသည်အခြားအဘယ်အပင်မျှမပေါက် သည့် တောကန္တာရမြေရိုင်းတွင်ပေါက်သည့်ခြုံပုတ် နှင့်တူ၏။ သူသည်အဘယ်ကောင်းကျိုးကိုမျှမခံစားရ။''
בָּרוּךְ הַגֶּבֶר אֲשֶׁר יִבְטַח בַּיהֹוָה וְהָיָה יְהֹוָה מִבְטַחֽוֹ׃ | 7 |
၇``သို့ရာတွင်ငါ့ကိုကိုးစား၍ယုံကြည်သူအား ငါကောင်းချီးပေးမည်။
וְהָיָה כְּעֵץ ׀ שָׁתוּל עַל־מַיִם וְעַל־יוּבַל יְשַׁלַּח שׇׁרָשָׁיו וְלֹא (ירא) [יִרְאֶה] כִּי־יָבֹא חֹם וְהָיָה עָלֵהוּ רַעֲנָן וּבִשְׁנַת בַּצֹּרֶת לֹא יִדְאָג וְלֹא יָמִישׁ מֵעֲשׂוֹת פֶּֽרִי׃ | 8 |
၈ထိုသူသည်ရေအနီးတွင်စိုက်သဖြင့်ရေရှိရာသို့ အမြစ်ထိုး၍သွားသည့်သစ်ပင်နှင့်တူ၏။ ထိုအပင်သည်အရွက်များစိမ်းလန်းလျက်ရှိ သဖြင့် ပူပြင်းသည့်ရာသီကိုမကြောက်။ မိုးခေါင်သောအခါ၌လည်းစိုးရိမ်စရာ မရှိဘဲ အသီးများသီးမြဲသီး၍နေတတ်၏။''
עָקֹב הַלֵּב מִכֹּל וְאָנֻשׁ הוּא מִי יֵדָעֶֽנּוּ׃ | 9 |
၉``အဘယ်သူသည်လူ၏စိတ်နှလုံးကို သိနားလည်နိုင်သနည်း။ လူ၏စိတ်နှလုံးသည်အရာခပ်သိမ်းထက် စဉ်းလဲတတ်၏။ ထိုစိတ်နှလုံးတွင်ကုသ၍မရနိုင်သောအနာ ရှိ၏။''
אֲנִי יְהֹוָה חֹקֵר לֵב בֹּחֵן כְּלָיוֹת וְלָתֵת לְאִישׁ כִּדְרָכָו כִּפְרִי מַעֲלָלָֽיו׃ | 10 |
၁၀``ငါထာဝရဘုရားသည်လူတို့၏စိတ်နေ သဘောထားကို ရှာဖွေ၍ကြည့်တတ်၏။ စိတ်နှလုံးအကြံအစည်ကိုလည်းစစ်ဆေး၍ ကြည့်တတ်၏။ ငါသည်လူအပေါင်းတို့အားသူတို့လုပ်ဆောင်သည့် အကျင့်အရ ထိုက်သင့်သည့်အကျိုးအပြစ်ကိုပေးတတ်၏'' ဟုမိန့်တော်မူ၏။
קֹרֵא דָגַר וְלֹא יָלָד עֹשֶׂה עֹשֶׁר וְלֹא בְמִשְׁפָּט בַּחֲצִי יָמָו יַעַזְבֶנּוּ וּבְאַחֲרִיתוֹ יִהְיֶה נָבָֽל׃ | 11 |
၁၁မသမာသောနည်းဖြင့်ငွေရှာသောသူသည် မိမိမဥသည့်ဥများကိုဝပ်သောငှက်နှင့်တူ၏။ သူသည်ပထမအရွယ်၌ပင်စည်းစိမ်ဥစ္စာ ဆုံးပါးလျက် လူမိုက်အဖြစ်နှင့်သာလျှင်နိဂုံးချုပ်ရတတ်၏။
כִּסֵּא כָבוֹד מָרוֹם מֵרִאשׁוֹן מְקוֹם מִקְדָּשֵֽׁנוּ׃ | 12 |
၁၂ငါတို့ဗိမာန်တော်သည်အစကာလကပင် တောင်ပေါ်တွင်တည်လျက်၊ ဘုန်းအသရေထွန်းတောက်သည့်ရာဇပလ္လင်နှင့် တူ၏။
מִקְוֵה יִשְׂרָאֵל יְהֹוָה כׇּל־עֹזְבֶיךָ יֵבֹשׁוּ (יסורי) [וְסוּרַי] בָּאָרֶץ יִכָּתֵבוּ כִּי עָזְבוּ מְקוֹר מַֽיִם־חַיִּים אֶת־יְהֹוָֽה׃ | 13 |
၁၃အို ထာဝရဘုရား၊ကိုယ်တော်သည်ဣသရေလ အမျိုးသားတို့၏မျှော်ကိုးရာဖြစ်တော်မူ၏။ ကိုယ်တော်ကိုစွန့်ပစ်သူမှန်သမျှသည် အရှက်ကွဲကြလိမ့်မည်။ သူတို့သည်အသက်စမ်းရေချိုတည်းဟူ သော ထာဝရဘုရားကိုစွန့်ပစ်ကြပြီဖြစ်၍ မြေမှုန့်ပေါ်တွင်ရေးသားထားသည့်၊အမည် နာမများ ကဲ့သို့ပျောက်ကွယ်သွားကြလိမ့်မည်။
רְפָאֵנִי יְהֹוָה וְאֵרָפֵא הוֹשִׁיעֵנִי וְאִוָּשֵׁעָה כִּי תְהִלָּתִי אָֽתָּה׃ | 14 |
၁၄အို ထာဝရဘုရား၊ကိုယ်တော်ရှင်ကုသတော်မူ ပါမှ ကျွန်တော်မျိုး၏အနာရောဂါသည်လုံးဝ ပျောက်ကင်းပါလိမ့်မည်။ ကိုယ်တော်ရှင်ကယ်ဆယ်တော်မူပါလျှင် ကျွန်တော်မျိုးသည်လုံခြုံမှုအပြည့်အဝ ရရှိပါလိမ့်မည်။ ကိုယ်တော်ရှင်ကားကျွန်တော်မျိုးထောမနာပြုသည့် အရှင်ပင်ဖြစ်တော်မူပါ၏။
הִנֵּה־הֵמָּה אֹמְרִים אֵלָי אַיֵּה דְבַר־יְהֹוָה יָבוֹא נָֽא׃ | 15 |
၁၅လူတို့ကငါ့အား``ငါတို့အားထာဝရဘုရား ကျိန်းဝါးသည့်အရာများကားအဘယ်မှာ နည်း။ ယခုပင်ထိုအရာများကိုအကောင် အထည်ဖော်တော်မူပါလေစေ'' ဟုဆိုကြ ပါ၏။
וַאֲנִי לֹא־אַצְתִּי ׀ מֵרֹעֶה אַחֲרֶיךָ וְיוֹם אָנוּשׁ לֹא הִתְאַוֵּיתִי אַתָּה יָדָעְתָּ מוֹצָא שְׂפָתַי נֹכַח פָּנֶיךָ הָיָֽה׃ | 16 |
၁၆သို့ရာတွင်``အို ထာဝရဘုရား၊ ကျွန်တော်မျိုး သည်သိုးထိန်းအဖြစ်မှရှောင်လွှဲခဲ့ခြင်းမရှိပါ။ ဆင်းရဲဒုက္ခရောက်မည့်နေ့ကိုမတောင့်တခဲ့ ကြောင်းကိုလည်း ကိုယ်တော်ရှင်သိတော်မူပါ၏။ ကျွန်တော်မျိုးနှုတ်မှထွက်သည့်စကားများ ကိုကိုယ်တော်ရှင်သိတော်မူပါ၏။-
אַל־תִּֽהְיֵה־לִי לִמְחִתָּה מַחֲסִי־אַתָּה בְּיוֹם רָעָֽה׃ | 17 |
၁၇ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားထိတ်လန့် တုန်လှုပ်စေတော်မမူပါနှင့်။ ဒုက္ခရောက်ချိန်၌ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးခိုလှုံရာ ဖြစ်တော်မူပါ၏။-
יֵבֹשׁוּ רֹֽדְפַי וְאַל־אֵבֹשָׁה אָנִי יֵחַתּוּ הֵמָּה וְאַל־אֵחַתָּה אָנִי הָבִיא עֲלֵיהֶם יוֹם רָעָה וּמִשְׁנֶה שִׁבָּרוֹן שׇׁבְרֵֽם׃ | 18 |
၁၈ကျွန်တော်မျိုးအားနှိပ်စက်ညှင်းဆဲသူတို့ကို အရှက်ကွဲစေတော်မူ၍ ကျွန်တော်မျိုးအား အရှက်ရမှုမှချမ်းသာပေးတော်မူပါ။ ထို သူတို့အားထိတ်လန့်တုန်လှုပ်စိတ်နှင့်ပြည့်ဝ စေတော်မူ၍ ကျွန်တော်မျိုးကိုထိတ်လန့်တုန် လှုပ်စေတော်မမူပါနှင့်။ သူတို့၏အပေါ်သို့ ဘေးအန္တရာယ်ဆိုးကိုသက်ရောက်စေတော် မူ၍သူတို့အားကျိုးပဲ့ကြေမွစေတော် မူပါ။
כֹּה־אָמַר יְהֹוָה אֵלַי הָלֹךְ וְעָֽמַדְתָּ בְּשַׁעַר בְּנֵֽי־[הָעָם] (עם) אֲשֶׁר יָבֹאוּ בוֹ מַלְכֵי יְהוּדָה וַאֲשֶׁר יֵצְאוּ בוֹ וּבְכֹל שַׁעֲרֵי יְרוּשָׁלָֽ͏ִם׃ | 19 |
၁၉ထာဝရဘုရားသည် ငါ့အား``ယေရမိ၊ ယုဒ ဘုရင်များထွက်ဝင်ရာ၊ ပြည်သူ့မြို့တံခါး သို့သွား၍ဗျာဒိတ်တော်ကိုကြေညာလော့။ ထိုနောက်ယေရုရှလင်မြို့ရှိအခြားမြို့ တံခါးများသို့သွားလော့။-
וְאָמַרְתָּ אֲלֵיהֶם שִׁמְעוּ דְבַר־יְהֹוָה מַלְכֵי יְהוּדָה וְכׇל־יְהוּדָה וְכֹל יֹשְׁבֵי יְרוּשָׁלָ͏ִם הַבָּאִים בַּשְּׁעָרִים הָאֵֽלֶּה׃ | 20 |
၂၀ယုဒဘုရင်များနှင့်ပြည်သားတို့အားလည်း ကောင်း၊ ထိုတံခါးများဖြင့်ထွက်ဝင်သွားလာ တတ်သူယေရုရှလင်မြို့သူမြို့သားအပေါင်း တို့အားလည်းကောင်းငါ၏အမိန့်တော်ကိုနား ထောင်ရန်မှာကြားလော့။-
כֹּה אָמַר יְהֹוָה הִשָּׁמְרוּ בְּנַפְשׁוֹתֵיכֶם וְאַל־תִּשְׂאוּ מַשָּׂא בְּיוֹם הַשַּׁבָּת וַהֲבֵאתֶם בְּשַׁעֲרֵי יְרֽוּשָׁלָֽ͏ִם׃ | 21 |
၂၁ဤကားထာဝရဘုရားအမိန့်တော်ဖြစ်၏။ ဥပုသ်နေ့၌အဘယ်ဝန်ထုပ်ဝန်ပိုးကိုမျှမ သယ်မဆောင်ရကြ။ ယေရုရှလင်မြို့တံခါး များကိုဖြတ်၍၊-
וְלֹא־תוֹצִיאוּ מַשָּׂא מִבָּֽתֵּיכֶם בְּיוֹם הַשַּׁבָּת וְכׇל־מְלָאכָה לֹא תַעֲשׂוּ וְקִדַּשְׁתֶּם אֶת־יוֹם הַשַּׁבָּת כַּאֲשֶׁר צִוִּיתִי אֶת־אֲבוֹתֵיכֶֽם׃ | 22 |
၂၂မိမိတို့၏အိမ်များမှအဘယ်အရာကိုမျှ မသယ်မယူရကြ။ သူတို့သည်ဥပုသ်နေ့၌ အလုပ်မလုပ်ရကြ။ သူတို့၏ဘိုးဘေးများ အားငါပညတ်တော်မူခဲ့သည့်အတိုင်းထို နေ့ရက်ကိုနေ့ထူးနေ့မြတ်အဖြစ်စောင့်ထိန်း ကြရန်ပြောကြားလော့။-
וְלֹא שָׁמְעוּ וְלֹא הִטּוּ אֶת־אׇזְנָם וַיַּקְשׁוּ אֶת־עׇרְפָּם לְבִלְתִּי (שומע) [שְׁמוֹעַ] וּלְבִלְתִּי קַחַת מוּסָֽר׃ | 23 |
၂၃သူတို့၏ဘိုးဘေးများသည်ငါ့စကားကို နားမထောင်မနာခံကြ။ သူတို့သည်ခေါင်းမာ လျက်ငါ၏စကားကိုနားမထောင်လိုကြ။ ငါဆုံးမသွန်သင်သည်ကိုလည်းမခံယူ လိုကြ။
וְהָיָה אִם־שָׁמֹעַ תִּשְׁמְעוּן אֵלַי נְאֻם־יְהֹוָה לְבִלְתִּי ׀ הָבִיא מַשָּׂא בְּשַׁעֲרֵי הָעִיר הַזֹּאת בְּיוֹם הַשַּׁבָּת וּלְקַדֵּשׁ אֶת־יוֹם הַשַּׁבָּת לְבִלְתִּי עֲשֽׂוֹת־בֹּה כׇּל־מְלָאכָֽה׃ | 24 |
၂၄``ငါ၏အမိန့်အားလုံးကို နားထောင်ရကြ မည်ဖြစ်ကြောင်းထိုသူတို့အားပြောကြား လော့။ သူတို့ဥပုသ်နေ့၌ဤမြို့တံခါးများ ကိုဖြတ်၍ အဘယ်ဝန်ထုပ်ဝန်ပိုးကိုမျှ မသယ်မယူရကြ။ ဥပုသ်နေ့ကိုနေ့ထူး နေ့မြတ်အဖြစ်စောင့်ထိန်းကာအဘယ် အလုပ်ကိုမျှမလုပ်ကြလျှင်၊-
וּבָאוּ בְשַׁעֲרֵי הָעִיר הַזֹּאת מְלָכִים ׀ וְשָׂרִים יֹשְׁבִים עַל־כִּסֵּא דָוִד רֹכְבִים ׀ בָּרֶכֶב וּבַסּוּסִים הֵמָּה וְשָׂרֵיהֶם אִישׁ יְהוּדָה וְיֹשְׁבֵי יְרוּשָׁלָ͏ִם וְיָשְׁבָה הָֽעִיר־הַזֹּאת לְעוֹלָֽם׃ | 25 |
၂၅သူတို့၏ဘုရင်များနှင့်မင်းညီမင်းသားများ သည်ယေရုရှလင်မြို့ကိုမြို့တံခါးများဖြင့် ဝင်၍ ဒါဝိဒ်မင်းကဲ့သို့ရာဇတန်ခိုးအာဏာ ကိုရရှိကြလိမ့်မည်။ သူတို့သည်ယုဒပြည် သားများ၊ ယေရုရှလင်မြို့သားများနှင့် အတူ မြင်းရထားများနှင့်မြင်းများကို စီး၍သွားလာရကြလိမ့်မည်။ ယေရုရှလင် မြို့သည်လည်းအစဉ်အမြဲလူများနှင့် ပြည့်နှက်၍နေလိမ့်မည်။-
וּבָאוּ מֵעָרֵֽי־יְהוּדָה וּמִסְּבִיבוֹת יְרוּשָׁלַ͏ִם וּמֵאֶרֶץ בִּנְיָמִן וּמִן־הַשְּׁפֵלָה וּמִן־הָהָר וּמִן־הַנֶּגֶב מְבִאִים עוֹלָה וְזֶבַח וּמִנְחָה וּלְבוֹנָה וּמְבִאֵי תוֹדָה בֵּית יְהֹוָֽה׃ | 26 |
၂၆လူတို့သည်ယုဒမြို့များနှင့်ယေရုရှလင် မြို့ပတ်ဝန်းကျင်ကျေးရွာများမှလာရောက် ကြလိမ့်မည်။ သူတို့သည်ဗင်္ယာမိန်နယ်မြေ၊ တောင်ခြေဒေသများ၊ တောင်တန်းဒေသများ နှင့်ယုဒပြည်တောင်ပိုင်းနယ်မြေမှလာရောက် ကြလိမ့်မည်။ သူတို့သည်မီးရှို့ရာပူဇော်သကာ နှင့်ယဇ်များကိုလည်းကောင်း၊ ဂျုံစပါးပူဇော် သကာများ၊ နံ့သာပေါင်းနှင့်ကျေးဇူးတော်ချီး မွမ်းရာယဇ်တို့ကိုလည်းကောင်း ထာဝရဘုရား ၏အိမ်တော်သို့ယူဆောင်လာကြလိမ့်မည်။-
וְאִם־לֹא תִשְׁמְעוּ אֵלַי לְקַדֵּשׁ אֶת־יוֹם הַשַּׁבָּת וּלְבִלְתִּי ׀ שְׂאֵת מַשָּׂא וּבֹא בְּשַׁעֲרֵי יְרוּשָׁלַ͏ִם בְּיוֹם הַשַּׁבָּת וְהִצַּתִּי אֵשׁ בִּשְׁעָרֶיהָ וְאָכְלָה אַרְמְנוֹת יְרוּשָׁלַ͏ִם וְלֹא תִכְבֶּֽה׃ | 27 |
၂၇သို့ရာတွင်သူတို့သည်ငါ၏စကားကိုနား မထောင်၊ ဥပုသ်နေ့ကိုနေ့ထူးနေ့မြတ်အ ဖြစ်မစောင့်ထိန်းဘဲထိုနေ့၌ယေရုရှလင် မြို့တံခါးများကိုဖြတ်၍အဘယ်ဝန်ထုပ် ဝန်ပိုးကိုမျှမသယ်ဆောင်ရ။ အကယ်၍ သယ်ဆောင်ကြပါမူ ငါသည်ယေရုရှလင် မြို့တံခါးများကိုမီးရှို့တော်မူမည်။ ထို မီးသည်ယေရုရှလင်မြို့ရှိဘုံဗိမာန်များ ကိုကျွမ်းလောင်သွားစေလိမ့်မည်။ ယင်းကို အဘယ်သူမျှငြိမ်းသတ်နိုင်ကြလိမ့်မည် မဟုတ်'' ဟုမိန့်တော်မူ၏။