< הושע 4 >
שִׁמְעוּ דְבַר־יְהֹוָה בְּנֵי יִשְׂרָאֵל כִּי רִיב לַֽיהֹוָה עִם־יוֹשְׁבֵי הָאָרֶץ כִּי אֵין־אֱמֶת וְֽאֵין־חֶסֶד וְאֵֽין־דַּעַת אֱלֹהִים בָּאָֽרֶץ׃ | 1 |
၁ဣသရေလအမျိုးသားတို့၊ ထာဝရဘုရား ၏မိန့်တော်မူချက်ကိုနားထောင်ကြလော့။ ဤ တိုင်းပြည်တွင်နေထိုင်သူတို့အားထာဝရ ဘုရားစွပ်စွဲတော်မူချက်ရှိပေ၏။ ကိုယ်တော် က``ဤတိုင်းပြည်တွင်သစ္စာတရားမေတ္တာ တရားဟူ၍မရှိ။ ငါသည်ဘုရားဖြစ်သည် ဟုပြည်သူတို့ကအသိအမှတ်မပြုကြ။-
אָלֹה וְכַחֵשׁ וְרָצֹחַ וְגָנֹב וְנָאֹף פָּרָצוּ וְדָמִים בְּדָמִים נָגָֽעוּ׃ | 2 |
၂သူတို့သည်ကတိမတည်ခြင်း၊ မုသား စကားကိုပြောခြင်း၊ လူ့အသက်ကိုသတ် ခြင်း၊ သူတစ်ပါးဥစ္စာပစ္စည်းကိုခိုးယူခြင်း၊ သူတစ်ပါးသားမယားကိုပြစ်မှားခြင်း တို့ကိုပြု၏။ တရားလက်လွတ်နေထိုင်၍ လူသတ်မှုများကိုအထပ်ထပ်ကူးလွန် ကြ၏။-
עַל־כֵּן ׀ תֶּאֱבַל הָאָרֶץ וְאֻמְלַל כׇּל־יוֹשֵׁב בָּהּ בְּחַיַּת הַשָּׂדֶה וּבְעוֹף הַשָּׁמָיִם וְגַם־דְּגֵי הַיָּם יֵאָסֵֽפוּ׃ | 3 |
၃သို့ဖြစ်၍ဤပြည်သည်ခြောက်သွေ့လျက် သက်ရှိသတ္တဝါအပေါင်းတို့သည်သေကြေ ပျက်စီးကြလိမ့်မည်။ တိရစ္ဆာန်များ၊ ငှက်များ နှင့်ပင်လယ်ထဲရှိငါးများပင်သေကြေ ပျက်စီးကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
אַךְ אִישׁ אַל־יָרֵב וְאַל־יוֹכַח אִישׁ וְעַמְּךָ כִּמְרִיבֵי כֹהֵֽן׃ | 4 |
၄ထာဝရဘုရားက``မည်သူမျှပြည်သား တို့အားမစွပ်စွဲမဆုံးမစေနှင့်၊ ငါ၌ယဇ် ပုရောဟိတ်တို့အားစွပ်စွဲရန်အချက်ရှိသည်။-
וְכָשַׁלְתָּ הַיּוֹם וְכָשַׁל גַּם־נָבִיא עִמְּךָ לָיְלָה וְדָמִיתִי אִמֶּֽךָ׃ | 5 |
၅သင်တို့သည်နေ့ရောညပါချွတ်ချော်လွဲ မှားကြ၏။ ပရောဖက်တို့သည်လည်းထို နည်းဖြစ်ကြ၏။ ငါသည်သင်တို့၏မိခင် ဖြစ်သောဣသရေလနိုင်ငံကိုဖျက်ဆီး မည်။-
נִדְמוּ עַמִּי מִבְּלִי הַדָּעַת כִּי־אַתָּה הַדַּעַת מָאַסְתָּ (ואמאסאך) [וְאֶמְאָֽסְךָ] מִכַּהֵן לִי וַתִּשְׁכַּח תּוֹרַת אֱלֹהֶיךָ אֶשְׁכַּח בָּנֶיךָ גַּם־אָֽנִי׃ | 6 |
၆ငါ၏လူမျိုးတို့သည်ငါ့ကိုအသိအမှတ် မပြုသောကြောင့် အပြစ်ဒဏ်စီရင်ခြင်းကို ခံရကြ၏။ အသင်ယဇ်ပုရောဟိတ်တို့သည် ငါ့ကိုအသိအမှတ်မပြုဘဲ ငါ၏သြဝါဒ ကိုလည်းလက်မခံကြသောကြောင့် ငါသည် သင်တို့ကိုပစ်ပယ်ပြီ။ သင်တို့၏သားများ ကိုလည်းငါ၏ယဇ်ပုရောဟိတ်များအဖြစ် အသိအမှတ်ပြုမည်မဟုတ်။
כְּרֻבָּם כֵּן חָטְאוּ־לִי כְּבוֹדָם בְּקָלוֹן אָמִֽיר׃ | 7 |
၇အသင်ယဇ်ပုရောဟိတ်တို့၏ဦးရေများ လာသည်နှင့်အမျှငါ့ကိုသင်တို့ပြစ်မှား ကူးလွန်မှုများလာ၏။ ထို့ကြောင့်ငါသည် သင်တို့ဂုဏ်သိက္ခာကိုရှုတ်ချမည်။-
חַטַּאת עַמִּי יֹאכֵלוּ וְאֶל־עֲוֺנָם יִשְׂאוּ נַפְשֽׁוֹ׃ | 8 |
၈သင်တို့သည်ငါ၏လူမျိုးတော်အပြစ်ကူး လွန်ခြင်းကိုအကြောင်းပြု၍ကြွယ်ဝချမ်း သာလာကြ၏။ ထို့ကြောင့်သင်တို့သည်သူတို့ အပြစ်တိုး၍ကူးလွန်စေရန်အားပေးကြ သည်။-
וְהָיָה כָעָם כַּכֹּהֵן וּפָקַדְתִּי עָלָיו דְּרָכָיו וּמַעֲלָלָיו אָשִׁיב לֽוֹ׃ | 9 |
၉သင်တို့သည်ပြည်သားများနည်းတူအပြစ် ဒဏ်ခံရမည်။ ငါသည်သင်တို့ကိုဒဏ်ခတ် မည်။ သင်တို့၏ဒုစရိုက်အကျိုးဆက်ကို ခံစေမည်။-
וְאָֽכְלוּ וְלֹא יִשְׂבָּעוּ הִזְנוּ וְלֹא יִפְרֹצוּ כִּֽי־אֶת־יְהֹוָה עָזְבוּ לִשְׁמֹֽר׃ | 10 |
၁၀သင်တို့သည်ပူဇော်သကာဝေစုကိုစား ရသော်လည်းအဆာပြေလိမ့်မည်မဟုတ်၊ သင်တို့သည်သားသမီးဖြစ်ထွန်းစေတတ် သောနတ်ဘုရားများကိုကိုးကွယ်သော် လည်းသားသမီးမထွန်းကား၊ အဘယ် ကြောင့်ဆိုသော်သင်တို့သည်၊ ငါထာဝရ ဘုရားကိုစွန့်၍အခြားသောဘုရား ကိုကိုးကွယ်ကြပြီ။-
זְנוּת וְיַיִן וְתִירוֹשׁ יִֽקַּֽח־לֵֽב׃ | 11 |
၁၁ထာဝရဘုရားက``ငါ၏လူစုသည်စပျစ် ရည်သစ်၊ စပျစ်ရည်ဟောင်းတို့ကိုသောက်စား ယစ်မူးသဖြင့်အသိဉာဏ်ကင်းမဲ့လျက် ရှိ၏။-
עַמִּי בְּעֵצוֹ יִשְׁאָל וּמַקְלוֹ יַגִּיד לוֹ כִּי רוּחַ זְנוּנִים הִתְעָה וַיִּזְנוּ מִתַּחַת אֱלֹהֵיהֶֽם׃ | 12 |
၁၂သူတို့သည်သစ်သားနတ်ဘုရားထံဗေဒင် မေးကြသည်။ တုတ်ချောင်းကလူတို့သိလို သမျှကိုပြောပြသည်။ သူတို့သည်ငါ့ကို စွန့်သွားကြပြီ။ ပြည့်တန်ဆာမဘဝသို့ ရောက်သောမိန်းမကဲ့သို့သူတို့သည်အခြား သောဘုရားများထံ၌ဆည်းကပ်ကြ၏။-
עַל־רָאשֵׁי הֶהָרִים יְזַבֵּחוּ וְעַל־הַגְּבָעוֹת יְקַטֵּרוּ תַּחַת אַלּוֹן וְלִבְנֶה וְאֵלָה כִּי טוֹב צִלָּהּ עַל־כֵּן תִּזְנֶינָה בְּנוֹתֵיכֶם וְכַלּוֹתֵיכֶם תְּנָאַֽפְנָה׃ | 13 |
၁၃သူတို့သည်တောင်ထိပ်များပေါ်ရှိကိုးကွယ် ရာဌာနများ၌ယဇ်ပူဇော်ကြ၍ တောင် ကုန်းများပေါ်ရှိအရိပ်ကောင်းသောသစ် ပင်ကြီးများအောက်၌နံ့သာပေါင်းကို မီးရှို့ကြသည်။ ``ထို့ကြောင့်သင်တို့၏သမီးများသည် ပြည့်တန်ဆာဘဝသို့ရောက်၍သင်တို့ ၏ချွေးမများသည်မျောက်မထားကြ၏။-
לֹא־אֶפְקוֹד עַל־בְּנוֹתֵיכֶם כִּי תִזְנֶינָה וְעַל־כַּלּֽוֹתֵיכֶם כִּי תְנָאַפְנָה כִּי־הֵם עִם־הַזֹּנוֹת יְפָרֵדוּ וְעִם־הַקְּדֵשׁוֹת יְזַבֵּחוּ וְעָם לֹֽא־יָבִין יִלָּבֵֽט׃ | 14 |
၁၄သို့ရာတွင်သူတို့ကိုငါဒဏ်ခတ်တော်မမူ။ သင်တို့ကိုယ်တိုင်နတ်ဘုရားကိုးကွယ်ရာ ဌာနဆိုင်ရာပြည့်တန်ဆာမများနှင့်ပေါင်း ဖော်၍ နတ်ဘုရားများကိုအတူတကွ ပူဇော်ပသလေ့ရှိသောကြောင့်ပေတည်း။ `အသိဉာဏ်ကင်းမဲ့သောလူမျိုးသည်ပျက် စီးဆုံးရှုံးရလိမ့်မည်' ဟူ၍ဆိုရိုးစကား ရှိသည်အတိုင်းပင်ဖြစ်၏။
אִם־זֹנֶה אַתָּה יִשְׂרָאֵל אַל־יֶאְשַׁם יְהוּדָה וְאַל־תָּבֹאוּ הַגִּלְגָּל וְאַֽל־תַּעֲלוּ בֵּית אָוֶן וְאַל־תִּשָּׁבְעוּ חַי־יְהֹוָֽה׃ | 15 |
၁၅``အသင်ဣသရေလပြည်သားတို့သည် ငါ့အားသစ္စာမဲ့ကြသော်လည်း ယုဒပြည် သားတို့သည်ထိုအပြစ်မျိုးကိုမကူး လွန်မိပါစေနှင့်၊ ဂိလဂါလမြို့သို့မ ဟုတ်ဗေသလမြို့များတွင်ဘုရားဝတ် ပြုခြင်းမပြုကြနှင့်။ ထိုမြို့များတွင် အသက်ရှင်တော်မူသောထာဝရဘုရား ၏နာမတော်ကိုတိုင်တည်၍ကျိန်တွယ် ပြောဆိုမှုမပြုကြနှင့်။-
כִּי כְּפָרָה סֹרֵרָה סָרַר יִשְׂרָאֵל עַתָּה יִרְעֵם יְהֹוָה כְּכֶבֶשׂ בַּמֶּרְחָֽב׃ | 16 |
၁၆ဣသရေလပြည်သားတို့သည်ထိန်း ကျောင်းရခက်သောနွားမတမ်းကဲ့သို့ပေ ကပ်ကပ်နိုင်လှ၏။ ငါသည်သူတို့အား သိုးကလေးများသဖွယ်စားကျက်တွင် မည်ကဲ့သို့ထိန်းကျောင်းနိုင်ပါအံ့နည်း။-
חֲבוּר עֲצַבִּים אֶפְרָיִם הַֽנַּֽח־לֽוֹ׃ | 17 |
၁၇ဣသရေလပြည်သားတို့သည်ရုပ်တုကို ကိုးကွယ်ခြင်း၌စွဲလန်းကြ၏။ ရှိစေ တော့။-
סָר סׇבְאָם הַזְנֵה הִזְנוּ אָהֲבוּ הֵבוּ קָלוֹן מָגִנֶּֽיהָ׃ | 18 |
၁၈သူတို့သည်စပျစ်ရည်သောက်ကြူး၍ပြည့် တန်ဆာအလုပ်ဖြင့်ပျော်ပါးကြ၏။ သူတို့ သည်ဂုဏ်ရှိစေမည့်အမှုထက်အရှက်ကွဲ စေမည့်အမှုကိုနှစ်သက်ကြ၏။-
צָרַר רוּחַ אוֹתָהּ בִּכְנָפֶיהָ וְיֵבֹשׁוּ מִזִּבְחוֹתָֽם׃ | 19 |
၁၉သူတို့သည်လေတိုက်ရာပါသွားသကဲ့သို့ လွင့်စင်သွားကြလိမ့်မည်။ နတ်ဘုရားများ ကိုပူဇော်ပသခဲ့ခြင်းကြောင့်ရှက်ကြလိမ့် မည်။