< בראשית 19 >
וַיָּבֹאוּ שְׁנֵי הַמַּלְאָכִים סְדֹמָה בָּעֶרֶב וְלוֹט יֹשֵׁב בְּשַֽׁעַר־סְדֹם וַיַּרְא־לוֹט וַיָּקׇם לִקְרָאתָם וַיִּשְׁתַּחוּ אַפַּיִם אָֽרְצָה׃ | 1 |
၁ကောင်းကင် တမန်နှစ် ပါးတို့သည် ညဦး အချိန်၌ သောဒုံ မြို့သို့ ရောက် လာ၏။ လောတ သည် မြို့ တံခါးဝ ၌ ထိုင် လျက် သူ တို့ကိုမြင် လျှင် ၊ ခရီးဦးကြိုပြု ခြင်းငှါ ထ ၍ မြေ ၌ ဦးညွှတ် ချလျက်၊
וַיֹּאמֶר הִנֶּה נָּא־אֲדֹנַי סוּרוּ נָא אֶל־בֵּית עַבְדְּכֶם וְלִינוּ וְרַחֲצוּ רַגְלֵיכֶם וְהִשְׁכַּמְתֶּם וַהֲלַכְתֶּם לְדַרְכְּכֶם וַיֹּאמְרוּ לֹּא כִּי בָרְחוֹב נָלִֽין׃ | 2 |
၂အကျွန်ုပ် သခင် တို့၊ ကိုယ်တော် တို့ ကျွန် ၏အိမ် သို့ ဝင် ၍ တညဉ့် လုံးနေကြပါ။ ခြေ ကိုဆေး ကြပါ။ နံနက်စောစော ထ၍ ကြွ သွားကြပါလော့ဟု ဆို လေ၏။ ကောင်းကင်တမန်တို့က၊ ငါတို့သည်မဝင်၊ တညဉ့် လုံးလမ်း ၌ နေတော့မည်ဟု ဆို သော်လည်း၊
וַיִּפְצַר־בָּם מְאֹד וַיָּסֻרוּ אֵלָיו וַיָּבֹאוּ אֶל־בֵּיתוֹ וַיַּעַשׂ לָהֶם מִשְׁתֶּה וּמַצּוֹת אָפָה וַיֹּאכֵֽלוּ׃ | 3 |
၃ကျပ်ကျပ် သွေးဆောင် သောကြောင့် တဖန် လောတနေရာသို့ လှည့်၍ သူ ၏အိမ် သို့ ဝင် ကြ၏။ လောတ လည်း သူ တို့အဘို့ ပွဲ လုပ်၍ တဆေးမပါသော မုန့် ကို ပေါင်း ပြီးမှသူတို့သည်စား ကြ၏။
טֶרֶם יִשְׁכָּבוּ וְאַנְשֵׁי הָעִיר אַנְשֵׁי סְדֹם נָסַבּוּ עַל־הַבַּיִת מִנַּעַר וְעַד־זָקֵן כׇּל־הָעָם מִקָּצֶֽה׃ | 4 |
၄ထိုသူတို့သည် မ အိပ် မှီ သောဒုံ မြို့ သား ယောက်ျား အကြီးအငယ်၊ အရပ်ရပ်ကလာသော သူ အပေါင်း တို့သည် အိမ် ကို ဝိုင်း ၍၊
וַיִּקְרְאוּ אֶל־לוֹט וַיֹּאמְרוּ לוֹ אַיֵּה הָאֲנָשִׁים אֲשֶׁר־בָּאוּ אֵלֶיךָ הַלָּיְלָה הוֹצִיאֵם אֵלֵינוּ וְנֵדְעָה אֹתָֽם׃ | 5 |
၅လောတ ကို ဟစ် ခေါ်လျက် ယနေ့ည မှာ သင့် အိမ်သို့ ဝင် သော လူ တို့သည် အဘယ် မှာရှိသနည်း။ ထိုသူ တို့နှင့်ငါတို့သည် ဆက်ဆံ လိုသည် ဖြစ်၍ ငါ တို့ထံသို့ ထွက် စေလော့ဟု ဆို ကြ၏။
וַיֵּצֵא אֲלֵהֶם לוֹט הַפֶּתְחָה וְהַדֶּלֶת סָגַר אַחֲרָֽיו׃ | 6 |
၆လောတ သည်လည်း၊ တံခါး ပြင် မှာ သူ တို့ထံသို့ ထွက် ၍ ၊ မိမိ နောက် ၌ တံခါးကို ပိတ် ပြီးလျှင်၊
וַיֹּאמַר אַל־נָא אַחַי תָּרֵֽעוּ׃ | 7 |
၇ညီအစ်ကို တို့၊ အဓမ္မ အမှုကို ဤ မျှလောက်မ ပြုကြပါနှင့်။
הִנֵּה־נָא לִי שְׁתֵּי בָנוֹת אֲשֶׁר לֹֽא־יָדְעוּ אִישׁ אוֹצִֽיאָה־נָּא אֶתְהֶן אֲלֵיכֶם וַעֲשׂוּ לָהֶן כַּטּוֹב בְּעֵינֵיכֶם רַק לָֽאֲנָשִׁים הָאֵל אַל־תַּעֲשׂוּ דָבָר כִּֽי־עַל־כֵּן בָּאוּ בְּצֵל קֹרָתִֽי׃ | 8 |
၈အကျွန်ုပ် ၌ ယောက်ျား နှင့် မ ဆက်ဆံ သော သမီး နှစ် ယောက်ရှိပါ၏။ သူ တို့ကို သင် တို့ထံသို့ ထုတ် ရသောအခွင့်ကိုပေးကြပါလော့။ သူ တို့၌ ပြု ချင် သမျှပြုကြပါလော့။ ဤလူ တို့ ၌ အလျှင်မ ပြု ကြပါနှင့်။ အကြောင်းမူကား၊ သူ တို့သည် အကျွန်ုပ် အိမ် မိုးအရိပ် ကို ခို နေပါ၏ဟု တောင်းပန်သော်လည်း၊
וַיֹּאמְרוּ ׀ גֶּשׁ־הָלְאָה וַיֹּֽאמְרוּ הָאֶחָד בָּֽא־לָגוּר וַיִּשְׁפֹּט שָׁפוֹט עַתָּה נָרַע לְךָ מֵהֶם וַיִּפְצְרוּ בָאִישׁ בְּלוֹט מְאֹד וַֽיִּגְּשׁוּ לִשְׁבֹּר הַדָּֽלֶת׃ | 9 |
၉သူတို့က ဆုတ် လော့ဟုဆို ကြ၏။ တဖန် ကား၊ သင်သည် တည်းခို ခြင်းငှာ သာရောက် လာသည်နှင့် တရားသူကြီး လုပ်ရမည်လော။ ယခု မှာ ထို သူတို့၌ ပြု သည်ထက် ၊ သင် ၌ သာ၍ဆိုးသောအမှုကိုပြုမည်ဟုဆိုလျက်၊ လောတ ကို ကျပ်ကျပ် ဖိ ၍ တံခါး ကိုလည်း ပေါက် ခွဲချိုးဖဲ့ ခြင်းငှါ ချဉ်း လာကြ၏။
וַיִּשְׁלְחוּ הָֽאֲנָשִׁים אֶת־יָדָם וַיָּבִיאוּ אֶת־לוֹט אֲלֵיהֶם הַבָּיְתָה וְאֶת־הַדֶּלֶת סָגָֽרוּ׃ | 10 |
၁၀ထိုအခါ ကောင်းကင်တမန်တို့သည် လက် ကိုဆန့် ၍ လောတ ကို မိမိ တို့နေရာအိမ် အတွင်း သို့ ဆွဲ သွင်း ပြီးလျှင် တံခါး ကို ပိတ် ကြ၏။
וְֽאֶת־הָאֲנָשִׁים אֲשֶׁר־פֶּתַח הַבַּיִת הִכּוּ בַּסַּנְוֵרִים מִקָּטֹן וְעַד־גָּדוֹל וַיִּלְאוּ לִמְצֹא הַפָּֽתַח׃ | 11 |
၁၁အိမ် တံခါး နားမှာ ရှိသောသူ အကြီး အငယ် တို့ကို မျက်စိ ကန်းစေခြင်းငှါ ဒဏ်ခတ် သဖြင့် သူတို့သည် တံခါး ကိုရှာ ၍ ပင်ပန်း ခြင်းသို့ ရောက်ကြ၏။
וַיֹּאמְרוּ הָאֲנָשִׁים אֶל־לוֹט עֹד מִֽי־לְךָ פֹה חָתָן וּבָנֶיךָ וּבְנֹתֶיךָ וְכֹל אֲשֶׁר־לְךָ בָּעִיר הוֹצֵא מִן־הַמָּקֽוֹם׃ | 12 |
၁၂ကောင်းကင်တမန်တို့ကလည်း၊ ဤ အရပ်၌ သင် နှင့် ဆိုင်သောသူ ရှိ သေးသလော။ သားသမီး ၊ သမက် ၊ မြို့ ထဲမှာ သင် ၌ ရှိသမျှ ကို ဤအရပ် က ထုတ် ဆောင် လော့။
כִּֽי־מַשְׁחִתִים אֲנַחְנוּ אֶת־הַמָּקוֹם הַזֶּה כִּֽי־גָדְלָה צַעֲקָתָם אֶת־פְּנֵי יְהֹוָה וַיְשַׁלְּחֵנוּ יְהֹוָה לְשַׁחֲתָֽהּ׃ | 13 |
၁၃ဤ အရပ် ကို ငါ တို့သည် ဖျက်ဆီး ရမည်။ အကြောင်းမူကား ၊ အရပ်သားတို့သည် ထာဝရဘုရား ရှေ့ တော်မှာ အလွန် ကြွေးကြော် ခြင်းရှိသည်ဖြစ်၍ ၊ ဖျက်ဆီး စေခြင်းငှါ ထာဝရဘုရား သည် ငါ တို့ကို စေလွှတ် တော်မူပြီဟု လောတ အား ပြော ဆိုကြ၏။
וַיֵּצֵא לוֹט וַיְדַבֵּר ׀ אֶל־חֲתָנָיו ׀ לֹקְחֵי בְנֹתָיו וַיֹּאמֶר קוּמוּ צְּאוּ מִן־הַמָּקוֹם הַזֶּה כִּֽי־מַשְׁחִית יְהֹוָה אֶת־הָעִיר וַיְהִי כִמְצַחֵק בְּעֵינֵי חֲתָנָֽיו׃ | 14 |
၁၄လောတ ထွက် ၍ သမီး နှင့်စုံဘက် သောသူ၊ မိမိ သမက် တို့အား ထကြ ၊ ဤ အရပ် မှ ထွက်သွား ကြ၊ ဤ မြို့ကို ထာဝရဘုရား ဖျက်ဆီး တော်မူမည်ဟုဆို သော်လည်း ၊ ကျီစား ဟန် သည်ဟု သမက် တို့ ထင် ကြ၏။
וּכְמוֹ הַשַּׁחַר עָלָה וַיָּאִיצוּ הַמַּלְאָכִים בְּלוֹט לֵאמֹר קוּם קַח אֶֽת־אִשְׁתְּךָ וְאֶת־שְׁתֵּי בְנֹתֶיךָ הַנִּמְצָאֹת פֶּן־תִּסָּפֶה בַּעֲוֺן הָעִֽיר׃ | 15 |
၁၅မိုဃ်းသောက် သောအခါ ၊ ကောင်းကင် တမန် တို့သည် လောတ ကို ဆော် လျက် ၊ သင် သည်ထ ၍ ဤအရပ်၌ရှိသောမယား နှင့် သမီး နှစ် ယောက်တို့ကို ယူ သွားလော့။ သို့မဟုတ် ၊ မြို့ ၏အပြစ် ၌ ဆုံး ခြင်းသို့ ရောက် လိမ့်မည်ဟု ဆိုသော်လည်း၊
וַֽיִּתְמַהְמָהּ ׀ וַיַּחֲזִיקוּ הָאֲנָשִׁים בְּיָדוֹ וּבְיַד־אִשְׁתּוֹ וּבְיַד שְׁתֵּי בְנֹתָיו בְּחֶמְלַת יְהֹוָה עָלָיו וַיֹּצִאֻהוּ וַיַּנִּחֻהוּ מִחוּץ לָעִֽיר׃ | 16 |
၁၆သူသည်ဖင့်နွှဲ သောအခါ ထာဝရဘုရား သနား တော်မူသောကြောင့် ကောင်းကင်တမန်တို့သည် သူ နှင့် သူ ၏ မယား ၊ သူ ၏သမီး နှစ် ယောက်တို့ကို လက် ဆွဲ ၍ မြို့ ပြင် သို့ ထုတ် ဆောင်ကြ၏။
וַיְהִי כְהוֹצִיאָם אֹתָם הַחוּצָה וַיֹּאמֶר הִמָּלֵט עַל־נַפְשֶׁךָ אַל־תַּבִּיט אַחֲרֶיךָ וְאַֽל־תַּעֲמֹד בְּכׇל־הַכִּכָּר הָהָרָה הִמָּלֵט פֶּן־תִּסָּפֶֽה׃ | 17 |
၁၇ပြင် သို့ ရောက် သောအခါ၊ သင် သည် အသက် ချမ်းသာ ရခြင်းငှါ ပြေးလော့။ နောက် သို့လှည့်၍ မ ကြည့် နှင့် မြေညီသောအရပ် ၌ အလျှင်း မ နေ နှင့်။ တောင် ပေါ်သို့ ပြေး လော့။ သို့မဟုတ် ဆုံး လိမ့်မည်ဟု ဆိုလေ၏။
וַיֹּאמֶר לוֹט אֲלֵהֶם אַל־נָא אֲדֹנָֽי׃ | 18 |
၁၈လောတ ကလည်း ၊ အကျွန်ုပ် သခင် ထိုသို့မ ဆိုပါနှင့်။
הִנֵּה־נָא מָצָא עַבְדְּךָ חֵן בְּעֵינֶיךָ וַתַּגְדֵּל חַסְדְּךָ אֲשֶׁר עָשִׂיתָ עִמָּדִי לְהַחֲיוֹת אֶת־נַפְשִׁי וְאָנֹכִי לֹא אוּכַל לְהִמָּלֵט הָהָרָה פֶּן־תִּדְבָּקַנִי הָרָעָה וָמַֽתִּי׃ | 19 |
၁၉ယခု မှာ ကိုယ်တော် ကျွန် သည် ရှေ့ တော်၌ မျက်နှာ ရပါပြီ။ အကျွန်ုပ် အသက် ချမ်းသာစေ သဖြင့်၊ အကျွန်ုပ်၌ ပြု တော်မူသောကရုဏာ ကျေးဇူးများပြား လှပါ၏။ ဘေးလွတ်၍ တောင် ပေါ် သို့ မ ပြေး နိုင်ပါ။ ဘေး တစုံတခု တွေ့ ၍ သေ မည်ကို စိုးရိမ် ပါ၏။
הִנֵּה־נָא הָעִיר הַזֹּאת קְרֹבָה לָנוּס שָׁמָּה וְהִוא מִצְעָר אִמָּלְטָה נָּא שָׁמָּה הֲלֹא מִצְעָר הִוא וּתְחִי נַפְשִֽׁי׃ | 20 |
၂၀ကြည့် ပါ။ ထို မြို့ နီး ပါ၏၊ပြေး သာပါ၏။ ငယ် သောမြို့လည်း ဖြစ်ပါ၏။ ဘေးလွတ်၍ ထို အရပ်သို့ ပြေး ပါရစေ။ ထို မြို့သည် ငယ် သောမြို့မ ဟုတ်လော။ သို့ပြေးလျှင် အသက် ချမ်းသာရပါမည်ဟု လျှောက်ဆို၏။
וַיֹּאמֶר אֵלָיו הִנֵּה נָשָׂאתִי פָנֶיךָ גַּם לַדָּבָר הַזֶּה לְבִלְתִּי הׇפְכִּי אֶת־הָעִיר אֲשֶׁר דִּבַּֽרְתָּ׃ | 21 |
၂၁ထိုသူ ကလည်း ၊ ကြည့် ပါ။ ဤ အမူအရာ၌လည်း သင်၏ စကား ကို ငါနား ထောင်စေခြင်းငှါ ထိုမြို့ အတွက် တောင်းပန် သောကြောင့် ငါမ ဖျက်ဆီး။
מַהֵר הִמָּלֵט שָׁמָּה כִּי לֹא אוּכַל לַעֲשׂוֹת דָּבָר עַד־בֹּאֲךָ שָׁמָּה עַל־כֵּן קָרָא שֵׁם־הָעִיר צֽוֹעַר׃ | 22 |
၂၂ဘေးလွတ်ခြင်းငှါထို မြို့သို့ အလျင်အမြန် ပြေး လော့။ ထို မြို့သို့ မ ရောက် မှီ ငါသည် အဘယ်အမှု ကိုမျှ မ ပြု နိုင်ဟုဆို လေ၏။ ထိုကြောင့် ထိုမြို့ ကို ဇောရ မြို့ဟု သမုတ် ကြ၏။
הַשֶּׁמֶשׁ יָצָא עַל־הָאָרֶץ וְלוֹט בָּא צֹֽעֲרָה׃ | 23 |
၂၃လောတ သည် ဇောရ မြို့သို့ ဝင် သောအခါ ၊ မြေကြီး ပေါ် မှာ နေ ထွက် ချိန်ဖြစ်သတည်း။
וַֽיהֹוָה הִמְטִיר עַל־סְדֹם וְעַל־עֲמֹרָה גׇּפְרִית וָאֵשׁ מֵאֵת יְהֹוָה מִן־הַשָּׁמָֽיִם׃ | 24 |
၂၄ထိုအခါ ထာဝရဘုရား သည် ကောင်းကင် ထက် ၊ အထံတော်မှ သောဒုံ မြို့နှင့် ဂေါမောရ မြို့အပေါ် သို့ ကန့် နှင့် မီး မိုဃ်း ကို ရွာစေတော်မူ၏။
וַֽיַּהֲפֹךְ אֶת־הֶעָרִים הָאֵל וְאֵת כׇּל־הַכִּכָּר וְאֵת כׇּל־יֹשְׁבֵי הֶעָרִים וְצֶמַח הָאֲדָמָֽה׃ | 25 |
၂၅ထို မြို့ တို့ကို၎င်း ၊ ချိုင့်အရပ် တရှောက်လုံး ကို၎င်း၊ မြို့ သား အပေါင်း တို့ကို၎င်းမြေ ၌ ပေါက် သမျှကို၎င်း၊ မှောက် လဲတော်မူ၏။
וַתַּבֵּט אִשְׁתּוֹ מֵאַחֲרָיו וַתְּהִי נְצִיב מֶֽלַח׃ | 26 |
၂၆လောတ ၏ မယား မူကား နောက် သို့ လှည့်ကြည့် ၍ ဆား တိုင် ဖြစ် လေ၏။
וַיַּשְׁכֵּם אַבְרָהָם בַּבֹּקֶר אֶל־הַמָּקוֹם אֲשֶׁר־עָמַד שָׁם אֶת־פְּנֵי יְהֹוָֽה׃ | 27 |
၂၇နံနက် စောစောအာဗြဟံ သည် ထ ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ ရပ် နေသောအရပ် သို့ သွားပြီးလျှင်၊
וַיַּשְׁקֵף עַל־פְּנֵי סְדֹם וַעֲמֹרָה וְעַֽל־כׇּל־פְּנֵי אֶרֶץ הַכִּכָּר וַיַּרְא וְהִנֵּה עָלָה קִיטֹר הָאָרֶץ כְּקִיטֹר הַכִּבְשָֽׁן׃ | 28 |
၂၈သောဒုံ မြို့နှင့် ဂေါမောရ မြို့မှစသော ချိုင့် အရပ် တရှောက်လုံး ကို ကြည့်ရှု ၍ ၊ မီးဖို ၌ အခိုး ကဲ့သို့ ၊ တပြည် လုံးအခိုး တက် သည်ကို မြင် လေ၏။
וַיְהִי בְּשַׁחֵת אֱלֹהִים אֶת־עָרֵי הַכִּכָּר וַיִּזְכֹּר אֱלֹהִים אֶת־אַבְרָהָם וַיְשַׁלַּח אֶת־לוֹט מִתּוֹךְ הַהֲפֵכָה בַּהֲפֹךְ אֶת־הֶעָרִים אֲשֶׁר־יָשַׁב בָּהֵן לֽוֹט׃ | 29 |
၂၉ထိုသို့ ဘုရား သခင်သည် ချိုင့်ထဲမှာ ရှိ သောမြို့ တို့ကို ဖျက်ဆီး သောအခါ အာဗြံဟံ ကို အောက်မေ့ တော်မူ ၏။ လောတ နေ သောမြို့ တို့ကို မှောက် လှဲသောအခါ မှောက် လှဲရာထဲက လောတ ကို လွှတ် လိုက်တော်မူ၏။
וַיַּעַל לוֹט מִצּוֹעַר וַיֵּשֶׁב בָּהָר וּשְׁתֵּי בְנֹתָיו עִמּוֹ כִּי יָרֵא לָשֶׁבֶת בְּצוֹעַר וַיֵּשֶׁב בַּמְּעָרָה הוּא וּשְׁתֵּי בְנֹתָֽיו׃ | 30 |
၃၀လောတ သည် ဇောရ မြို့မှ ထွက် ၍ ၊ သမီး နှစ် ယောက်နှင့်တကွ တောင် ပေါ် မှာနေ ၏။ ဇောရ မြို့၌ မ နေ ဝံ့၍ ၊ သမီး နှစ် ယောက်နှင့်တကွ ဥမှင် ၌ နေ ၏။
וַתֹּאמֶר הַבְּכִירָה אֶל־הַצְּעִירָה אָבִינוּ זָקֵן וְאִישׁ אֵין בָּאָרֶץ לָבוֹא עָלֵינוּ כְּדֶרֶךְ כׇּל־הָאָֽרֶץ׃ | 31 |
၃၁သမီးအကြီး က၊ ငါ တို့အဘ အို ပြီး မြေကြီး သား အပေါင်း တို့၏ ဘာသာအတိုင်း ငါ တို့ထံသို့ဝင်ရသောယောက်ျား တယောက် မျှ မြေပေါ်မှာ မရှိ။
לְכָה נַשְׁקֶה אֶת־אָבִינוּ יַיִן וְנִשְׁכְּבָה עִמּוֹ וּנְחַיֶּה מֵאָבִינוּ זָֽרַע׃ | 32 |
၃၂လာကြ။ ငါ တို့အဘ ကိုစပျစ်ရည် တိုက် ကြစို့။ ငါ တို့အဘ ၏ အမျိုးအနွယ် ကို စောင့် မ၍ သူ နှင့် အိပ် ကြ စို့ဟု ညီမ ကို ပြောဆို ၏။
וַתַּשְׁקֶיןָ אֶת־אֲבִיהֶן יַיִן בַּלַּיְלָה הוּא וַתָּבֹא הַבְּכִירָה וַתִּשְׁכַּב אֶת־אָבִיהָ וְלֹֽא־יָדַע בְּשִׁכְבָהּ וּבְקוּמָֽהּ׃ | 33 |
၃၃ထို နေ့ညမှာ သူ တို့သည် အဘ ကို စပျစ်ရည် တိုက် ပြီးလျှင် ၊ သမီးအကြီး သည် ဝင် ၍ အဘ နှင့် အိပ် လေ ၏။ သူ အိပ် ကြောင်းကို၎င်း ၊ ထ ကြောင်းကို၎င်း အဘ မ သိ။
וַֽיְהִי מִֽמׇּחֳרָת וַתֹּאמֶר הַבְּכִירָה אֶל־הַצְּעִירָה הֵן־שָׁכַבְתִּי אֶמֶשׁ אֶת־אָבִי נַשְׁקֶנּוּ יַיִן גַּם־הַלַּיְלָה וּבֹאִי שִׁכְבִי עִמּוֹ וּנְחַיֶּה מֵאָבִינוּ זָֽרַע׃ | 34 |
၃၄နက်ဖြန် နေ့တွင် အကြီး ကလည်း မနေ့ ညမှာ ငါသည် အဘ နှင့် အိပ် လေပြီ။ ယနေ့ည တဖန် သူ့ ကို စပျစ်ရည် တိုက် ကြစို့။ သင်သည်ဝင် ၍ အဘ ၏အမျိုးအနွယ် ကို စောင့် မခြင်းငှါ ၊ သူ နှင့် အိပ် လော့ဟု ညီမ ကို ပြော ဆို၏။
וַתַּשְׁקֶיןָ גַּם בַּלַּיְלָה הַהוּא אֶת־אֲבִיהֶן יָיִן וַתָּקׇם הַצְּעִירָה וַתִּשְׁכַּב עִמּוֹ וְלֹֽא־יָדַע בְּשִׁכְבָהּ וּבְקֻמָֽהּ׃ | 35 |
၃၅ထို နေ့ည၌လည်း သူ တို့သည် အဘ ကို စပျစ်ရည် တိုက် ပြီးလျှင်၊ အငယ် သည်ဝင် ၍ အဘ နှင့် အိပ် လေ၏။ အိပ် ကြောင်းကို၎င်း ၊ ထ ကြောင်းကို၎င်း အဘမ သိ။
וַֽתַּהֲרֶיןָ שְׁתֵּי בְנֽוֹת־לוֹט מֵאֲבִיהֶֽן׃ | 36 |
၃၆ထိုသို့ လောတ ၏ သမီး နှစ် ယောက်တို့သည်၊ မိမိ အဘ အားဖြင့် ပဋိသန္ဓေ စွဲနေ၏။
וַתֵּלֶד הַבְּכִירָה בֵּן וַתִּקְרָא שְׁמוֹ מוֹאָב הוּא אֲבִֽי־מוֹאָב עַד־הַיּֽוֹם׃ | 37 |
၃၇သမီးအကြီး သည် သား ကို ဘွား ၍ မောဘ အမည် ဖြင့် မှည့် လေ၏။ ထိုသူ သည် ယနေ့ တိုင်အောင်ရှိသောမောဘ အမျိုးသားတို့၏ အဘ ဖြစ်သတည်း။
וְהַצְּעִירָה גַם־הִוא יָלְדָה בֵּן וַתִּקְרָא שְׁמוֹ בֶּן־עַמִּי הוּא אֲבִי בְנֵֽי־עַמּוֹן עַד־הַיּֽוֹם׃ | 38 |
၃၈သမီးအငယ် သည်လည်း သား ကိုဘွား ၍ ဗေနမ္မိ အမည် ဖြင့် မှည့် လေ၏။ ထိုသူ သည် ယနေ့ တိုင်အောင်ရှိသောအမ္မုန် အမျိုးသား တို့၏ အဘ ဖြစ်သတည်း။