< יחזקאל 22 >

וַיְהִי דְבַר־יְהֹוָה אֵלַי לֵאמֹֽר׃ 1
တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
וְאַתָּה בֶן־אָדָם הֲתִשְׁפֹּט הֲתִשְׁפֹּט אֶת־עִיר הַדָּמִים וְהוֹדַעְתָּהּ אֵת כׇּל־תּוֹעֲבוֹתֶֽיהָ׃ 2
အချင်းလူသား၊ လူအသက်ကို သတ်တတ်သော မြို့ကို သင်သည် စစ်ကြောလော့။ စစ်ကြောလော့။ သူ၌ ပြုသမျှသော စက်ဆုပ်ရွံရှာဘွယ် အမှုတို့ကိုပြလော့။
וְאָמַרְתָּ כֹּה אָמַר אֲדֹנָי יֱהֹוִה עִיר שֹׁפֶכֶת דָּם בְּתוֹכָהּ לָבוֹא עִתָּהּ וְעָשְׂתָה גִלּוּלִים עָלֶיהָ לְטׇמְאָֽה׃ 3
အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆို ရမည်မှာ၊ မိမိအချိန်ရောက်စေခြင်းငှါ၊ မိမိအလယ်၌ လူအသက်ကိုသတ်၍၊ မိမိကိုညစ်ညူးစေဘို့ မိမိတဘက်၌ ရုပ်တုတို့ကိုလုပ်တတ်သောမြို့၊
בְּדָמֵךְ אֲשֶׁר־שָׁפַכְתְּ אָשַׁמְתְּ וּבְגִלּוּלַיִךְ אֲשֶׁר־עָשִׂית טָמֵאת וַתַּקְרִיבִי יָמַיִךְ וַתָּבוֹא עַד־שְׁנוֹתָיִךְ עַל־כֵּן נְתַתִּיךְ חֶרְפָּה לַגּוֹיִם וְקַלָּסָה לְכׇל־הָאֲרָצֽוֹת׃ 4
သင်သည် လူအသက်ကို သတ်သောအားဖြင့် အပြစ်ရောက်၏။ လုပ်သောရုပ်တုအားဖြင့် ညစ်ညူးခြင်း ရှိ၏။ သင်၏နေ့ရက်ကာလအချိန်ကို ကိုယ်တိုင်ရောက်စေ ပြီ။ ထိုကြောင့်၊ ငါသည် သင့်ကို အတိုင်းတိုင်းအပြည်ပြည် တို့တွင် ကဲ့ရဲ့ရာ၊ ပျက်ချော်ရာဖြစ်စေမည်။
הַקְּרֹבוֹת וְהָרְחֹקוֹת מִמֵּךְ יִתְקַלְּסוּ־בָךְ טְמֵאַת הַשֵּׁם רַבַּת הַמְּהוּמָֽה׃ 5
အိုအသရေပျက်၍ နှောင့်ရှက်ခြင်းကို ခံရသောသင်ကို၊ အဝေးအနီး၌နေသော သူတို့သည် ပျက်ချော်ကြလိမ့်မည်။
הִנֵּה נְשִׂיאֵי יִשְׂרָאֵל אִישׁ לִזְרֹעוֹ הָיוּ בָךְ לְמַעַן שְׁפׇךְ־דָּֽם׃ 6
ဣသရေလမင်းသားတို့သည် အသီးအသီးအခွင့် တန်ခိုးရှိသည်အတိုင်း၊ သင့်အလယ်၌ လူအသက်ကို သတ်တတ်ကြ၏။
אָב וָאֵם הֵקַלּוּ בָךְ לַגֵּר עָשׂוּ בַעֹשֶׁק בְּתוֹכֵךְ יָתוֹם וְאַלְמָנָה הוֹנוּ בָֽךְ׃ 7
သင့်အလယ်၌ မိဘတို့ကိုမထီမဲ့မြင်ပြုကြ၏။ တပါး အမျိုးသားတို့ကို အနိုင်အထက်ပြုကြ၏။ မိဘမရှိသောသူ နှင့် မုတ်ဆိုးမတို့ကို ညှဉ်းဆဲကြ၏။
קׇדָשַׁי בָּזִית וְאֶת־שַׁבְּתֹתַי חִלָּֽלְתְּ׃ 8
သင်သည် ငါ၏သန့်ရှင်းသောအရာတို့ကို မထီမဲ့ မြင်ပြုပြီ။ ငါ၏ ဥပုသ်နေ့တို့ကို ရှုတ်ချပြီ။
אַנְשֵׁי רָכִיל הָיוּ בָךְ לְמַעַן שְׁפׇךְ־דָּם וְאֶל־הֶֽהָרִים אָכְלוּ בָךְ זִמָּה עָשׂוּ בְתוֹכֵֽךְ׃ 9
သင့်အလယ်၌ လူအသက်ကို သတ်လို၍ ကုန်းတိုက်သောသူ၊ တောင်ပေါ်မှာစားသောသူ၊ အဓမ္မ အမှုကိုပြုသောသူရှိကြ၏။
עֶרְוַת־אָב גִּלָּה־בָךְ טְמֵאַת הַנִּדָּה עִנּוּ־בָֽךְ׃ 10
၁၀သင့်အလယ်၌ အဘ၏မယားကို ပြစ်မှားကြ၏။ ဥတုရောက်သော မိန်းမနှင့်မှားယွင်းကြ၏။
וְאִישׁ ׀ אֶת־אֵשֶׁת רֵעֵהוּ עָשָׂה תּוֹעֵבָה וְאִישׁ אֶת־כַּלָּתוֹ טִמֵּא בְזִמָּה וְאִישׁ אֶת־אֲחֹתוֹ בַת־אָבִיו עִנָּה־בָֽךְ׃ 11
၁၁သင့်အလယ်၌ အချို့တို့သည် အိမ်နီးချင်းမယား ကို ပြစ်မှားကြ၏။ အချို့တို့သည် မိမိချွေးမနှင့် ဆိုးညစ် သောအဓမ္မအမှုကို ပြုကြ၏။ အချို့တို့သည် မိမိနှမ၊ မိမိအဘ၏သမီးကို ရှုတ်ချကြ၏။
שֹׁחַד לָֽקְחוּ־בָךְ לְמַעַן שְׁפׇךְ־דָּם נֶשֶׁךְ וְתַרְבִּית לָקַחַתְּ וַתְּבַצְּעִי רֵעַיִךְ בַּעֹשֶׁק וְאֹתִי שָׁכַחַתְּ נְאֻם אֲדֹנָי יֱהֹוִֽה׃ 12
၁၂သင့်အလယ်၌လည်း လူအသက်သတ်ခကို ခံကြ ၏။ အတိုးစား၍ ငွေကိုချေးကြ၏။ အိမ်နီးချင်း၏ ဥစ္စာကို လုယူကြ၏။ ငါ့ကိုလည်း မေ့လျော့ကြ၏။
וְהִנֵּה הִכֵּיתִי כַפִּי אֶל־בִּצְעֵךְ אֲשֶׁר עָשִׂית וְעַל־דָּמֵךְ אֲשֶׁר הָיוּ בְּתוֹכֵֽךְ׃ 13
၁၃သို့ဖြစ်၍၊ သင်ဆည်းဖူးသောဥစ္စာ၊ သင့်အလယ် ၌သွန်းသော အသွေးကြောင့် ငါလက်ခုပ်တီး၏။
הֲיַעֲמֹד לִבֵּךְ אִם־תֶּחֱזַקְנָה יָדַיִךְ לַיָּמִים אֲשֶׁר אֲנִי עֹשֶׂה אוֹתָךְ אֲנִי יְהֹוָה דִּבַּרְתִּי וְעָשִֽׂיתִי׃ 14
၁၄သင့်ကိုငါစီရင်သောအခါ၊ သင်၏နှလုံးသည် ခိုင်ခံ့နိုင်သလော။ သင်၏လက်သည်လည်း အားကြီးနိုင် သလော။ ငါထာဝရဘုရားသည် အမိန့်တော်ရှိသည် အတိုင်း ပြုမည်။
וַהֲפִיצוֹתִי אוֹתָךְ בַּגּוֹיִם וְזֵרִיתִיךְ בָּאֲרָצוֹת וַהֲתִמֹּתִי טֻמְאָתֵךְ מִמֵּֽךְ׃ 15
၁၅သင့်ကိုလည်း အတိုင်းတိုင်းအပြည်ပြည်တို့တွင်၊ အရပ်ရပ်သို့ ကွဲပြားစေမည်။ သင်၏အညစ်အကြေးကို လည်း ပယ်ရှင်းမည်။
וְנִחַלְתְּ בָּךְ לְעֵינֵי גוֹיִם וְיָדַעַתְּ כִּי־אֲנִי יְהֹוָֽה׃ 16
၁၆လူအမျိုးမျိုးတို့ရှေ့မှာ၊ သင်သည် ကိုယ်တိုင် အသရေရှုတ်ချခြင်းကို ခံရ၍၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကိုသိရလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
וַיְהִי דְבַר־יְהֹוָה אֵלַי לֵאמֹֽר׃ 17
၁၇တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
בֶּן־אָדָם הָיוּ־לִי בֵֽית־יִשְׂרָאֵל (לסוג) [לְסִיג] כֻּלָּם נְחֹשֶׁת וּבְדִיל וּבַרְזֶל וְעוֹפֶרֶת בְּתוֹךְ כּוּר סִגִים כֶּסֶף הָיֽוּ׃ 18
၁၈အချင်းလူသား၊ ဣသရေလအမျိုးသည် ငါ့ရှေ့ မှာ ချော်ဖြစ်လေပြီ။ ထိုသူအပေါင်းတို့သည် မိုက်ထဲ၌ ထည့်သော ကြေးနီ၊ ကြေးဖြူ၊ သံ၊ ခဲကဲ့သို့ငွေနှင့် ကွာသော ချော်ဖြစ်ကြ၏။
לָכֵן כֹּה אָמַר אֲדֹנָי יֱהֹוִה יַעַן הֱיוֹת כֻּלְּכֶם לְסִגִים לָכֵן הִנְנִי קֹבֵץ אֶתְכֶם אֶל־תּוֹךְ יְרוּשָׁלָֽ͏ִם׃ 19
၁၉ထိုကြောင့် အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ သင်တို့အပေါင်းသည် ချော်ဖြစ်သောကြောင့်၊ ယေရုရှလင်မြို့ထဲ၌ ငါစုဝေးစေမည်။
קְבֻצַת כֶּסֶף וּנְחֹשֶׁת וּבַרְזֶל וְעוֹפֶרֶת וּבְדִיל אֶל־תּוֹךְ כּוּר לָפַֽחַת־עָלָיו אֵשׁ לְהַנְתִּיךְ כֵּן אֶקְבֹּץ בְּאַפִּי וּבַחֲמָתִי וְהִנַּחְתִּי וְהִתַּכְתִּי אֶתְכֶֽם׃ 20
၂၀ငွေ၊ ကြေးနီ၊ ကြေးဖြူ၊ သံ၊ ခဲတို့ကို မီးမှုတ်၍ အရည်ကျိုခြင်းငှါ မိုက်ထဲ၌စုထားသကဲ့သို့၊ ထိုအတူ ငါသည် ပြင်းစွာအမျက်ထွက်လျက်၊ သင်တို့ကို ထိုမြို့ထဲ၌ စုထား၍အရည်ကျိုမည်။
וְכִנַּסְתִּי אֶתְכֶם וְנָפַחְתִּי עֲלֵיכֶם בְּאֵשׁ עֶבְרָתִי וְנִתַּכְתֶּם בְּתוֹכָֽהּ׃ 21
၂၁အကယ်စင်စစ် စုထားပြီးမှ ငါ့အမျက်မီးကို မှုတ်၍၊ သင်တို့သည် မြို့ထဲမှာ အရည်ကျိုခြင်းကို ခံရကြ လိမ့်မည်။
כְּהִתּוּךְ כֶּסֶף בְּתוֹךְ כּוּר כֵּן תֻּתְּכוּ בְתוֹכָהּ וִֽידַעְתֶּם כִּֽי־אֲנִי יְהֹוָה שָׁפַכְתִּי חֲמָתִי עֲלֵיכֶֽם׃ 22
၂၂ငွေကိုမိုက်ထဲ၌ အရည်ကျိုသကဲ့သို့၊ သင်တို့သည် မြို့ထဲမှာ အရည်ကျိုခြင်းကိုခံရသဖြင့်၊ ငါထာဝရဘုရား သည် သင်တို့အပေါ်သို့၊ ငါ၏ဒေါသအရှိန်ကို သွန်း လောင်းသည်ကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
וַיְהִי דְבַר־יְהֹוָה אֵלַי לֵאמֹֽר׃ 23
၂၃တဖန် အရှင်ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ငါ့ဆီသို့ ရောက်လာ၍၊
בֶּן־אָדָם אֱמׇר־לָהּ אַתְּ אֶרֶץ לֹא מְטֹהָרָה הִיא לֹא גֻשְׁמָהּ בְּיוֹם זָֽעַם׃ 24
၂၄အချင်းလူသား၊ သင်ဆင့်ဆိုရမည်မှာ၊ အမျက် ထွက်သောနေ့၌ မိုဃ်းမရွာ၊ သင်သည် မိုဃ်းရေကို မခံရ သောပြည်ဖြစ်၏။
קֶשֶׁר נְבִיאֶיהָ בְּתוֹכָהּ כַּאֲרִי שׁוֹאֵג טֹרֵֽף טָרֶף נֶפֶשׁ אָכָלוּ חֹסֶן וִיקָר יִקָּחוּ אַלְמְנוֹתֶיהָ הִרְבּוּ בְתוֹכָֽהּ׃ 25
၂၅ထိုပြည်အလယ်၌ ပရောဖက်တို့သည် သင်ဖွဲ့ ခြင်းကို ပြုကြပြီ။ ဟောက်၍အကောင်ကို ကိုက်ဖြတ် သော ခြင်္သေ့ကဲ့သို့ လူတို့ကို ကိုက်စားကြ၏။ ဘဏ္ဍများနှင့် အဘိုးထိုက်လော ဥစ္စာများကို လုယူကြ၏။ ပြည်အလယ် ၌ မုတ်ဆိုးမတို့ကို များပြားစေကြ၏။
כֹּהֲנֶיהָ חָמְסוּ תוֹרָתִי וַיְחַלְּלוּ קׇדָשַׁי בֵּֽין־קֹדֶשׁ לְחֹל לֹא הִבְדִּילוּ וּבֵין־הַטָּמֵא לְטָהוֹר לֹא הוֹדִיעוּ וּמִשַּׁבְּתוֹתַי הֶעְלִימוּ עֵינֵיהֶם וָאֵחַל בְּתוֹכָֽם׃ 26
၂၆ယဇ်ပုရောဟိတ်တို့သည်လည်း ငါ၏တရားကို ဖျက်၍၊ ငါ၏သန့်ရှင်းရာဌာနကိုလည်း ညစ်ညူးစေကြ ၏။ သန့်ရှင်းသောအရာ၊ မသန့်ရှင်းသောအရာတို့ကို မပိုင်းခြား၊ စင်ကြယ်သောအရာ၊ မစင်ကြယ်သောအရာ တို့ကို ရောနှောကြ၏။ ငါ၏ဥပုသ်နေ့တို့မှလည်း မျက်နှာ လွှဲကြ၏။ သူတို့ အလယ်၌ ငါသည်ရှုတ်ချခြင်းကို ခံရ၏။
שָׂרֶיהָ בְקִרְבָּהּ כִּזְאֵבִים טֹרְפֵי טָרֶף לִשְׁפׇּךְ־דָּם לְאַבֵּד נְפָשׁוֹת לְמַעַן בְּצֹעַ בָּֽצַע׃ 27
၂၇မင်းတို့သည်လည်း အကောင်ကို ကိုက်ဖြတ် သော တောခွေးကဲ့သို့ ပြည်အလယ်၌ဖြစ်၍၊ မတရားသော စီးပွားကို ရှာလိုသောငှါ လူအသက်ကို သတ်၍၊ သူတပါး တို့ကို သုတ်သင်ပယ်ရှင်းတတ်ကြ၏။
וּנְבִיאֶיהָ טָחוּ לָהֶם תָּפֵל חֹזִים שָׁוְא וְקֹסְמִים לָהֶם כָּזָב אֹמְרִים כֹּה אָמַר אֲדֹנָי יֱהֹוִה וַיהֹוָה לֹא דִבֵּֽר׃ 28
၂၈ပရောဖက်တို့ကလည်း၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ဟု ထာဝရဘုရားမိန့်တော်မမူဘဲ၊ အချည်းနှီးသောအရာကို မြင်၍၊ မုသားစကားကို ဟောပြောလျက်၊ သူတို့ကို အင်္ဂတေနှင့် မွမ်းမံကြ၏။
עַם הָאָרֶץ עָשְׁקוּ עֹשֶׁק וְגָזְלוּ גָּזֵל וְעָנִי וְאֶבְיוֹן הוֹנוּ וְאֶת־הַגֵּר עָשְׁקוּ בְּלֹא מִשְׁפָּֽט׃ 29
၂၉ပြည်သူပြည်သားတို့သည်လည်း ညှဉ်းဆဲခြင်း၊ ထားပြတိုက်ခြင်း၊ ဆင်းရဲငတ်မွတ်သောသူတို့ကို နှိပ်စက် ခြင်း၊ တပါးအမျိုးသားတို့အား မတရားသဖြင့် ညှဉ်းဆဲ ခြင်းကို ပြုကြ၏။
וָאֲבַקֵּשׁ מֵהֶם אִישׁ גֹּֽדֵר־גָּדֵר וְעֹמֵד בַּפֶּרֶץ לְפָנַי בְּעַד הָאָרֶץ לְבִלְתִּי שַׁחֲתָהּ וְלֹא מָצָֽאתִי׃ 30
၃၀ထိုပြည်ကို ငါမဖျက်ဆီးစေခြင်းငှါ ကွယ်ကာ သောသူ၊ မြို့ရိုးပျက် ပေါ်မှာရပ်၍ ဆီးတားသောသူ တယောက်ကိုမျှ ငါရှာ၍မတွေ့။
וָאֶשְׁפֹּךְ עֲלֵיהֶם זַעְמִי בְּאֵשׁ עֶבְרָתִי כִּלִּיתִים דַּרְכָּם בְּרֹאשָׁם נָתַתִּי נְאֻם אֲדֹנָי יֱהֹוִֽה׃ 31
၃၁ထိုကြောင့်၊ ငါအမျက်ကို ငါသွန်းလောင်းလျက်၊ ငါ့ဒေါသမီးဖြင့် သူတို့ကိုရှို့၍၊ သူတို့အပြစ်ကို သူတို့ ခေါင်းပေါ်သို့ ရောက်စေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

< יחזקאל 22 >