< שמות 40 >

וַיְדַבֵּר יְהֹוָה אֶל־מֹשֶׁה לֵּאמֹֽר׃ 1
တဖန် ထာဝရဘုရား သည်၊ မောရှေ အား မိန့် တော်မူသည်ကား၊
בְּיוֹם־הַחֹדֶשׁ הָרִאשׁוֹן בְּאֶחָד לַחֹדֶשׁ תָּקִים אֶת־מִשְׁכַּן אֹהֶל מוֹעֵֽד׃ 2
သင်သည် ပဌမ လ ၊ ပဌမ နေ့ ၌ ပရိသတ်စည်းဝေး ရာ တဲ တော်ကို ဆောက် ရမည်။
וְשַׂמְתָּ שָׁם אֵת אֲרוֹן הָעֵדוּת וְסַכֹּתָ עַל־הָאָרֹן אֶת־הַפָּרֹֽכֶת׃ 3
တဲတော်အထဲ၌၊ သက်သေခံ ချက် သေတ္တာ ကို သွင်း ထား၍ ၊ အတွင်းကုလားကာ ဖြင့် ကွယ်ကာ ရမည်။
וְהֵבֵאתָ אֶת־הַשֻּׁלְחָן וְעָרַכְתָּ אֶת־עֶרְכּוֹ וְהֵבֵאתָ אֶת־הַמְּנֹרָה וְהַעֲלֵיתָ אֶת־נֵרֹתֶֽיהָ׃ 4
စားပွဲ ကိုလည်း သွင်း ၍ ၊ စားပွဲ ပေါ်မှာ ပြင်ဆင်ရသမျှတို့ကို ပြင်ဆင် ရမည်။ မီးခုံ ကိုလည်း သွင်း ၍၊ မီးခွက် တို့ကို ထွန်း ရမည်။
וְנָתַתָּה אֶת־מִזְבַּח הַזָּהָב לִקְטֹרֶת לִפְנֵי אֲרוֹן הָעֵדֻת וְשַׂמְתָּ אֶת־מָסַךְ הַפֶּתַח לַמִּשְׁכָּֽן׃ 5
နံ့သာ ပေါင်းရှို့ရာ ရွှေ ပလ္လင် ကို သက်သေခံ ချက် သေတ္တာ ရှေ့ ၌ တည် ထား၍ ၊ တဲ တော်တံခါး ဝကာသော ကုလားကာ ကို ဆွဲ ကာရမည်။
וְנָתַתָּה אֵת מִזְבַּח הָעֹלָה לִפְנֵי פֶּתַח מִשְׁכַּן אֹֽהֶל־מוֹעֵֽד׃ 6
ယဇ်ကောင်ရှို့ ရာ ပလ္လင် ကိုလည်း ၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့ ၌ တည် ထားရမည်။
וְנָֽתַתָּ אֶת־הַכִּיֹּר בֵּֽין־אֹהֶל מוֹעֵד וּבֵין הַמִּזְבֵּחַ וְנָתַתָּ שָׁם מָֽיִם׃ 7
အင်တုံ ကိုလည်း ပရိသတ် စည်းဝေး ရာ တဲ တော်နှင့် ယဇ် ပလ္လင်စပ်ကြား မှာ တည် ထား၍ ၊ အင်တုံ၌ ရေ ကို ထည့် ရမည်။
וְשַׂמְתָּ אֶת־הֶחָצֵר סָבִיב וְנָתַתָּ אֶת־מָסַךְ שַׁעַר הֶחָצֵֽר׃ 8
တဲတော်ပတ်လည် ဝင်း ကို ထူ၍၊ ဝင်း တံခါး ဝကာသော ကုလားကာ ကို ဆွဲ ကာရမည်။
וְלָקַחְתָּ אֶת־שֶׁמֶן הַמִּשְׁחָה וּמָשַׁחְתָּ אֶת־הַמִּשְׁכָּן וְאֶת־כׇּל־אֲשֶׁר־בּוֹ וְקִדַּשְׁתָּ אֹתוֹ וְאֶת־כׇּל־כֵּלָיו וְהָיָה קֹֽדֶשׁ׃ 9
လိမ်း ရန် ဆီ ကို ယူ ၍ ၊ တဲ တော်နှင့် တဲတော်၌ ရှိသမျှ တို့ကို လိမ်း သဖြင့် တဲတော်နှင့် တဲတော်တန်ဆာရှိသမျှ တို့ကို သန့်ရှင်း စေရမည်။ ထိုသို့ တဲတော်သည် သန့်ရှင်း ရ လိမ့်မည်။
וּמָשַׁחְתָּ אֶת־מִזְבַּח הָעֹלָה וְאֶת־כׇּל־כֵּלָיו וְקִדַּשְׁתָּ אֶת־הַמִּזְבֵּחַ וְהָיָה הַמִּזְבֵּחַ קֹדֶשׁ קׇֽדָשִֽׁים׃ 10
၁၀ယဇ်ကောင်ရှို့ ရာပလ္လင် နှင့် တန်ဆာ ရှိသမျှ တို့ကို လိမ်း ၍ သန့်ရှင်း စေသဖြင့်၊ ထိုပလ္လင် သည် အလွန် သန့်ရှင်း သော ပလ္လင် ဖြစ် ရမည်။
וּמָשַׁחְתָּ אֶת־הַכִּיֹּר וְאֶת־כַּנּוֹ וְקִדַּשְׁתָּ אֹתֽוֹ׃ 11
၁၁အင်တုံ နှင့် ခြေထောက် ကိုလည်း လိမ်း ၍ သန့်ရှင်း စေရမည်။
וְהִקְרַבְתָּ אֶֽת־אַהֲרֹן וְאֶת־בָּנָיו אֶל־פֶּתַח אֹהֶל מוֹעֵד וְרָחַצְתָּ אֹתָם בַּמָּֽיִם׃ 12
၁၂အာရုန် နှင့် သူ ၏သား တို့ကို၊ ပရိသတ်စည်းဝေး ရာ တံခါး နားသို့ ခေါ် ခဲ့၍ ရေချိုး ရမည်။
וְהִלְבַּשְׁתָּ אֶֽת־אַהֲרֹן אֵת בִּגְדֵי הַקֹּדֶשׁ וּמָשַׁחְתָּ אֹתוֹ וְקִדַּשְׁתָּ אֹתוֹ וְכִהֵן לִֽי׃ 13
၁၃အာရုန် သည် ငါ့ ရှေ့၌၊ ယဇ်ပုရောဟိတ် အမှုကို ဆောင်ရွက်မည်အကြောင်း ၊ သန့်ရှင်း သောအဝတ် နှင့် ဝတ် စေ၍ ဆီလိမ်း သဖြင့် သန့်ရှင်း စေရမည်။
וְאֶת־בָּנָיו תַּקְרִיב וְהִלְבַּשְׁתָּ אֹתָם כֻּתֳּנֹֽת׃ 14
၁၄သူ ၏သား တို့သည်လည်း ငါ့ ရှေ့၌ ယဇ်ပုရောဟိတ် အမှုကို ဆောင်ရွက်မည်အကြောင်း ၊ သူ တို့ကို ခေါ် ခဲ့၍ အင်္ကျီ ဝတ် စေလျက် ၊ သူတို့အဘ ကို ဆီလိမ်း သကဲ့သို့ ၊ သူ တို့ကို ဆီ လိမ်းရမည်။
וּמָשַׁחְתָּ אֹתָם כַּאֲשֶׁר מָשַׁחְתָּ אֶת־אֲבִיהֶם וְכִהֲנוּ לִי וְהָיְתָה לִהְיֹת לָהֶם מׇשְׁחָתָם לִכְהֻנַּת עוֹלָם לְדֹרֹתָֽם׃ 15
၁၅အကယ်စင်စစ်သူ တို့ ဆီလိမ်းခြင်း ဘိသိက် သည် သား စဉ်မြေးဆက်ပတ်လုံး၊ ထာဝရ ယဇ် ပုရောဟိတ်အရာဖြစ်သတည်းဟု၊
וַיַּעַשׂ מֹשֶׁה כְּכֹל אֲשֶׁר צִוָּה יְהֹוָה אֹתוֹ כֵּן עָשָֽׂה׃ 16
၁၆ထာဝရဘုရား မိန့် တော်မူသမျှ အတိုင်း မောရှေ ပြု လေ၏။
וַיְהִי בַּחֹדֶשׁ הָרִאשׁוֹן בַּשָּׁנָה הַשֵּׁנִית בְּאֶחָד לַחֹדֶשׁ הוּקַם הַמִּשְׁכָּֽן׃ 17
၁၇သက္ကရာဇ် နှစ်ခု ၊ ပဌမ လ ၊ ပဌမ နေ့၌ မောရှေသည် တဲ တော်ကို ဆောက် လေ၏။
וַיָּקֶם מֹשֶׁה אֶת־הַמִּשְׁכָּן וַיִּתֵּן אֶת־אֲדָנָיו וַיָּשֶׂם אֶת־קְרָשָׁיו וַיִּתֵּן אֶת־בְּרִיחָיו וַיָּקֶם אֶת־עַמּוּדָֽיו׃ 18
၁၈ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ခြေစွပ် များကို နေရာချ ၍၊ ပျဉ်ပြား များကို ထောင် ပြီးလျှင် ၊ ကန့်လန့်ကျင် များကို လျှို ၍ ၊ တိုင် တို့ကို ထူ လေ၏။
וַיִּפְרֹשׂ אֶת־הָאֹהֶל עַל־הַמִּשְׁכָּן וַיָּשֶׂם אֶת־מִכְסֵה הָאֹהֶל עָלָיו מִלְמָעְלָה כַּאֲשֶׁר צִוָּה יְהֹוָה אֶת־מֹשֶֽׁה׃ 19
၁၉တဲ တော်အပေါ် မှာ တဲ ကို ဖြန့် မိုး၍ ထိုတဲအပေါ် မှာ လည်း အထပ်ထပ်မိုး ပြန်လေ၏။
וַיִּקַּח וַיִּתֵּן אֶת־הָעֵדֻת אֶל־הָאָרֹן וַיָּשֶׂם אֶת־הַבַּדִּים עַל־הָאָרֹן וַיִּתֵּן אֶת־הַכַּפֹּרֶת עַל־הָאָרֹן מִלְמָֽעְלָה׃ 20
၂၀ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သက်သေခံချက်ကို သေတ္တာထဲမှာ သွင်းထား၍၊ သေတ္တာ ကွင်းတို့၌ ထမ်းဘိုးကို လျှို၍၊ သေတ္တာပေါ်မဖုံးကိုတင်ပြီးမှ၊
וַיָּבֵא אֶת־הָאָרֹן אֶל־הַמִּשְׁכָּן וַיָּשֶׂם אֵת פָּרֹכֶת הַמָּסָךְ וַיָּסֶךְ עַל אֲרוֹן הָעֵדוּת כַּאֲשֶׁר צִוָּה יְהֹוָה אֶת־מֹשֶֽׁה׃ 21
၂၁သေတ္တာကို တဲတော်၌ သွင်း၍ ကွယ်ကာရာ အတွင်းကုလားကာကို ကာထားသဖြင့်၊ သက်သေခံချက် သေတ္တာကို ကွယ်ကာလေ၏။
וַיִּתֵּן אֶת־הַשֻּׁלְחָן בְּאֹהֶל מוֹעֵד עַל יֶרֶךְ הַמִּשְׁכָּן צָפֹנָה מִחוּץ לַפָּרֹֽכֶת׃ 22
၂၂ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ စားပွဲကိုလည်း ပရိသတ်စည်းဝေးရာ တဲတော်အတွင်း မြောက်ဘက်နား ကုလားကာပြင်မှာထား ၍၊
וַיַּעֲרֹךְ עָלָיו עֵרֶךְ לֶחֶם לִפְנֵי יְהֹוָה כַּאֲשֶׁר צִוָּה יְהֹוָה אֶת־מֹשֶֽׁה׃ 23
၂၃စားပွဲပေါ်မှာ ထာဝရဘုရားရှေ့တော်၌ မုန့်ကို ပြင်ဆင်လေ၏။
וַיָּשֶׂם אֶת־הַמְּנֹרָה בְּאֹהֶל מוֹעֵד נֹכַח הַשֻּׁלְחָן עַל יֶרֶךְ הַמִּשְׁכָּן נֶֽגְבָּה׃ 24
၂၄ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မီးခုံ ကိုလည်း ပရိသတ် စည်းဝေး ရာ တဲ တော်အတွင်း ၊ တောင်ဘက်နား စားပွဲ ဆိုင်ရာတွင် ထား ၍ ၊
וַיַּעַל הַנֵּרֹת לִפְנֵי יְהֹוָה כַּאֲשֶׁר צִוָּה יְהֹוָה אֶת־מֹשֶֽׁה׃ 25
၂၅ထာဝရဘုရား ရှေ့ တော်၌ မီးခွက် များကို ထွန်း လေ၏။
וַיָּשֶׂם אֶת־מִזְבַּח הַזָּהָב בְּאֹהֶל מוֹעֵד לִפְנֵי הַפָּרֹֽכֶת׃ 26
၂၆ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ရွှေ ပလ္လင် ကိုလည်း ပရိသတ်စည်းဝေး ရာ တဲ တော်အတွင်း ၊ ကုလားကာ ပြင် မှာ ထား ၍ ၊
וַיַּקְטֵר עָלָיו קְטֹרֶת סַמִּים כַּאֲשֶׁר צִוָּה יְהֹוָה אֶת־מֹשֶֽׁה׃ 27
၂၇ထိုပလ္လင် ပေါ် ၌ မွှေး သော နံ့သာ ပေါင်းကို မီးရှို့ လေ၏။
וַיָּשֶׂם אֶת־מָסַךְ הַפֶּתַח לַמִּשְׁכָּֽן׃ 28
၂၈တဲ တော်တံခါး ဝ၌လည်း၊ ကုလားကာ ကို ဆွဲကာ လေ၏။
וְאֵת מִזְבַּח הָעֹלָה שָׂם פֶּתַח מִשְׁכַּן אֹֽהֶל־מוֹעֵד וַיַּעַל עָלָיו אֶת־הָעֹלָה וְאֶת־הַמִּנְחָה כַּאֲשֶׁר צִוָּה יְהֹוָה אֶת־מֹשֶֽׁה׃ 29
၂၉ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ မီးရှို့ရာ ယဇ်ပလ္လင်ကိုလည်း၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့မှာထား ၍ ၊ ထိုပလ္လင်ပေါ်၌ မီးရှို့ ရာ ယဇ်ကို၎င်း ၊ ဘောဇဉ်ပူဇော်သက္ကာ ကို၎င်း ပူဇော် လေ၏။
וַיָּשֶׂם אֶת־הַכִּיֹּר בֵּֽין־אֹהֶל מוֹעֵד וּבֵין הַמִּזְבֵּחַ וַיִּתֵּן שָׁמָּה מַיִם לְרׇחְצָֽה׃ 30
၃၀အင်တုံ ကိုလည်း ပရိသတ်စည်းဝေး ရာတဲ နှင့် ယဇ် ပလ္လင်စပ်ကြား မှာထား ၍ ၊ ဆေး စရာ ရေ ကို အင်တုံ၌ ထည့် လေ၏။
וְרָחֲצוּ מִמֶּנּוּ מֹשֶׁה וְאַהֲרֹן וּבָנָיו אֶת־יְדֵיהֶם וְאֶת־רַגְלֵיהֶֽם׃ 31
၃၁ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ မောရှေ နှင့် အာရုန် မှစ၍ သူ ၏သား တို့သည် ပရိသတ် စည်းဝေး ရာ တဲ တော်အထဲသို့ ဝင် သော် ၎င်း ၊
בְּבֹאָם אֶל־אֹהֶל מוֹעֵד וּבְקׇרְבָתָם אֶל־הַמִּזְבֵּחַ יִרְחָצוּ כַּאֲשֶׁר צִוָּה יְהֹוָה אֶת־מֹשֶֽׁה׃ 32
၃၂ယဇ် ပလ္လင်အနီးသို့ ချဉ်းကပ် သော် ၎င်း၊ လက် ခြေ တို့ကို ဆေး ရကြ၏။
וַיָּקֶם אֶת־הֶחָצֵר סָבִיב לַמִּשְׁכָּן וְלַמִּזְבֵּחַ וַיִּתֵּן אֶת־מָסַךְ שַׁעַר הֶחָצֵר וַיְכַל מֹשֶׁה אֶת־הַמְּלָאכָֽה׃ 33
၃၃တဲ တော်နှင့် ယဇ် ပလ္လင်ပတ်လည် ဝင်း ကိုထူ ၍ ၊ ဝင်း တံခါးဝ ၌ ကာသော ကုလားကာ ကို ဆွဲ လေ၏။ ထိုသို့ မောရှေ သည် အလုပ် ကို ပြီးစီး စေသတည်း။
וַיְכַס הֶעָנָן אֶת־אֹהֶל מוֹעֵד וּכְבוֹד יְהֹוָה מָלֵא אֶת־הַמִּשְׁכָּֽן׃ 34
၃၄ထိုအခါ မိုဃ်းတိမ် သည် ပရိသတ်စည်းဝေး ရာ တဲ တော်ကို လွှမ်းမိုး ၍ ၊ ထာဝရဘုရား ၏ ဘုန်း တော်သည် တဲ တော်ကို ဖြည့် လေ၏။
וְלֹא־יָכֹל מֹשֶׁה לָבוֹא אֶל־אֹהֶל מוֹעֵד כִּֽי־שָׁכַן עָלָיו הֶעָנָן וּכְבוֹד יְהֹוָה מָלֵא אֶת־הַמִּשְׁכָּֽן׃ 35
၃၅ထိုသို့ မိုဃ်းတိမ်သည် ပရိသတ်စည်းဝေးရာ တဲ တော်အပေါ် ၌ နေ သောကြောင့် ၊ မောရှေ သည် အထဲသို့ မ ဝင် ရ။ ထာဝရဘုရား ၏ ဘုန်း တော်သည် တဲ တော်ကို ဖြည့် လျက်နေ၏။
וּבְהֵעָלוֹת הֶֽעָנָן מֵעַל הַמִּשְׁכָּן יִסְעוּ בְּנֵי יִשְׂרָאֵל בְּכֹל מַסְעֵיהֶֽם׃ 36
၃၆ဣသရေလ အမျိုးသား တို့သည် ခရီး သွားလေရာရာ တွင် ၊ မိုဃ်းတိမ် သည် တဲ တော်အပေါ် မှ ကွာ မြောက်သောအခါ ခရီးသွား ကြ၏။
וְאִם־לֹא יֵעָלֶה הֶעָנָן וְלֹא יִסְעוּ עַד־יוֹם הֵעָלֹתֽוֹ׃ 37
၃၇မိုဃ်းတိမ် မ ကွာ မမြောက်လျှင် ၊ မကွာ မ မြောက်မှီနေ့ တိုင်အောင်၊ ခရီးမ သွား ဘဲ နေကြ၏။
כִּי עֲנַן יְהֹוָה עַֽל־הַמִּשְׁכָּן יוֹמָם וְאֵשׁ תִּהְיֶה לַיְלָה בּוֹ לְעֵינֵי כׇל־בֵּֽית־יִשְׂרָאֵל בְּכׇל־מַסְעֵיהֶֽם׃ 38
၃၈ခရီး သွားလေရာရာ တွင် ဣသရေလ အမျိုးသား အပေါင်း တို့ရှေ့မှောက် ၌ ထာဝရဘုရား ၏ မိုဃ်းတိမ် သည် နေ့အခါ တဲ တော်အပေါ် မှာ တည်နေ၏။ ညဉ့် အခါ မီးလျှံ ဖြစ် လျက် တည်နေလေသတည်း။

< שמות 40 >