< דברים 33 >
וְזֹאת הַבְּרָכָה אֲשֶׁר בֵּרַךְ מֹשֶׁה אִישׁ הָאֱלֹהִים אֶת־בְּנֵי יִשְׂרָאֵל לִפְנֵי מוֹתֽוֹ׃ | 1 |
၁ဘုရားသခင်ရွေးကောက်သူမောရှေသည်အနိစ္စ မရောက်မီ ဣသရေလအမျိုးသားတို့အား အောက်ဖော်ပြပါအတိုင်းကောင်းချီးပေး လေ၏။
וַיֹּאמַר יְהֹוָה מִסִּינַי בָּא וְזָרַח מִשֵּׂעִיר לָמוֹ הוֹפִיעַ מֵהַר פָּארָן וְאָתָה מֵרִבְבֹת קֹדֶשׁ מִימִינוֹ (אשדת) [אֵשׁ דָּת] לָֽמוֹ׃ | 2 |
၂ထာဝရဘုရားသည်သိနာတောင်ပေါ်မှ ကြွလာတော်မူ၏။ ကိုယ်တော်သည်နေမင်းသဖွယ်ဧဒုံပြည်ပေါ်သို့ ထွက်ပေါ်လာပြီးလျှင်၊ ပါရန်တောင်ထိပ်ပေါ်မှမိမိလူမျိုးတော်ပေါ်သို့ ထွန်းတောက်တော်မူ၏။ ကိုယ်တော်၏လက်ယာတော်ဘက်တွင် ထောင်သောင်းမကများစွာသော ကောင်းကင်တမန်တို့သည်လိုက်ပါလျက် မီးလျှံတောက်နေ၏။
אַף חֹבֵב עַמִּים כׇּל־קְדֹשָׁיו בְּיָדֶךָ וְהֵם תֻּכּוּ לְרַגְלֶךָ יִשָּׂא מִדַּבְּרֹתֶֽיךָ׃ | 3 |
၃ထာဝရဘုရားသည်မိမိလူမျိုးတော်ကို ချစ်တော်မူ၏။ မိမိပိုင်ဆိုင်သူတို့ကိုကာကွယ် စောင့်ရှောက်တော်မူ၏။ သို့ဖြစ်၍ငါတို့သည်ကိုယ်တော်၏ခြေတော် ကို ဦးတိုက်လျက်ပညတ်တော်များကိုစောင့်ထိန်း ကြ၏။
תּוֹרָה צִוָּה־לָנוּ מֹשֶׁה מוֹרָשָׁה קְהִלַּת יַעֲקֹֽב׃ | 4 |
၄အကျွန်ုပ်တို့သည်မောရှေပေးသောပညတ် တရားတော်ကိုစောင့်ထိန်းကြ၏။ ယင်းပညတ်တရားတော်ကားငါတို့လူမျိုး၏ အမြတ်နိုးဆုံးသောအမွေဥစ္စာဖြစ်၏။
וַיְהִי בִישֻׁרוּן מֶלֶךְ בְּהִתְאַסֵּף רָאשֵׁי עָם יַחַד שִׁבְטֵי יִשְׂרָאֵֽל׃ | 5 |
၅ဣသရေလအနွယ်များနှင့်ခေါင်းဆောင်များ စုရုံးလျက်ရှိကြသောအခါ၊ ထာဝရဘုရားသည်သူတို့၏ဘုရင်ဖြစ် လာတော်မူ၏။
יְחִי רְאוּבֵן וְאַל־יָמֹת וִיהִי מְתָיו מִסְפָּֽר׃ | 6 |
၆ထို့နောက်မောရှေကရုဗင်အနွယ်ကို ရည်သန်၍ ဤသို့ဖွဲ့ဆိုလေသည်။ ``ရုဗင်အနွယ်သည်လူအင်အားနည်းသော်လည်း အမျိုးမတိမ်ကောပါစေနှင့်၊''
וְזֹאת לִיהוּדָה וַיֹּאמַר שְׁמַע יְהֹוָה קוֹל יְהוּדָה וְאֶל־עַמּוֹ תְּבִיאֶנּוּ יָדָיו רָב לוֹ וְעֵזֶר מִצָּרָיו תִּהְיֶֽה׃ | 7 |
၇ယုဒအနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆိုလေ သည်။ ``အို ထာဝရဘုရားယုဒအနွယ်ဝင်တို့အကူ အညီ တောင်းလျှောက်သံကိုနားညောင်းတော်မူပါ။ အခြားအနွယ်ဝင်များနှင့်ပြန်လည် ပေါင်းစည်းမိစေတော်မူပါ။ အို ထာဝရဘုရား၊သူတို့အတွက်တိုက်ခိုက် တော်မူပါ။ သူတို့ဘက်မှရန်သူများကိုတိုက်ခိုက်တော် မူပါ။''
וּלְלֵוִי אָמַר תֻּמֶּיךָ וְאוּרֶיךָ לְאִישׁ חֲסִידֶךָ אֲשֶׁר נִסִּיתוֹ בְּמַסָּה תְּרִיבֵהוּ עַל־מֵי מְרִיבָֽה׃ | 8 |
၈လေဝိအနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆိုလေသည်။ ``အို ထာဝရဘုရားကိုယ်တော်၏အလိုတော်ကို ကိုယ်တော်အားသစ္စာစောင့်သောအစေခံ လေဝိအနွယ်ဝင်တို့မှတစ်ဆင့် သုမိမ်နှင့်ဥရိမ် အားဖြင့်ဖော်ပြတော်မူပါ၏။ ကိုယ်တော်သည်မဿာအရပ်တွင်သူတို့၌ သစ္စာရှိသည်မရှိသည်ကိုစစ်ဆေး၍ မေရိဘစမ်း၌သူတို့သစ္စာရှိသည်ကို သိမြင်တော်မူပါသည်။
הָאֹמֵר לְאָבִיו וּלְאִמּוֹ לֹא רְאִיתִיו וְאֶת־אֶחָיו לֹא הִכִּיר וְאֶת־בָּנָו לֹא יָדָע כִּי שָֽׁמְרוּ אִמְרָתֶךָ וּבְרִיתְךָ יִנְצֹֽרוּ׃ | 9 |
၉သူတို့သည်မိမိတို့၏မိဘညီအစ်ကို၊ သားသမီးတို့ကို ချစ်ခင်မြတ်နိုးသည်ထက်၊ကိုယ်တော်ကို ပို၍ချစ်ခင်မြတ်နိုးကြပါ၏။ သူတို့သည်ကိုယ်တော်၏ပညတ်တော်များကို လိုက်နာ၍ကိုယ်တော်၏ပဋိညာဉ်ကို စောင့်ထိန်းကြပါ၏။
יוֹרוּ מִשְׁפָּטֶיךָ לְיַֽעֲקֹב וְתוֹרָתְךָ לְיִשְׂרָאֵל יָשִׂימוּ קְטוֹרָה בְּאַפֶּךָ וְכָלִיל עַֽל־מִזְבְּחֶֽךָ׃ | 10 |
၁၀သူတို့သည်ကိုယ်တော်၏လူမျိုးတော်အား ပညတ်တရားတော်ကိုလိုက်နာရန် သွန်သင်ကြပါမည်။ ပလ္လင်ပေါ်တွင်ယဇ်ပူဇော်ကြပါမည်။
בָּרֵךְ יְהֹוָה חֵילוֹ וּפֹעַל יָדָיו תִּרְצֶה מְחַץ מׇתְנַיִם קָמָיו וּמְשַׂנְאָיו מִן־יְקוּמֽוּן׃ | 11 |
၁၁အို ထာဝရဘုရားသူတို့၏အနွယ်ကို ကြီးပွားစေတော်မူပါ။ သူတို့ဆောင်ရွက်သမျှကိုလက်ခံတော် မူပါ။ သူတို့၏ရန်သူရှိသမျှကိုနာလန်မထူ နိုင်အောင် ချေမှုန်းတော်မူပါ။''
לְבִנְיָמִן אָמַר יְדִיד יְהֹוָה יִשְׁכֹּן לָבֶטַח עָלָיו חֹפֵף עָלָיו כׇּל־הַיּוֹם וּבֵין כְּתֵפָיו שָׁכֵֽן׃ | 12 |
၁၂ဗင်္ယာမိန်အနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆိုလေ သည်။ ``ဗင်္ယာမိန်အနွယ်ကိုထာဝရဘုရားချစ်၍ ကွယ်ကာစောင့်ရှောက်တော်မူ၏။ ကိုယ်တော်သည်သူတို့အားတစ်နေကုန် စောင့်ရှောက်တော်မူ၏။ သူတို့သည်ကိုယ်တော်၏အကာအကွယ် အောက်တွင်လုံခြုံစွာနေကြရ၏။''
וּלְיוֹסֵף אָמַר מְבֹרֶכֶת יְהֹוָה אַרְצוֹ מִמֶּגֶד שָׁמַיִם מִטָּל וּמִתְּהוֹם רֹבֶצֶת תָּֽחַת׃ | 13 |
၁၃ယောသပ်အနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ ဆိုလေသည်။ ``ထာဝရဘုရားသည်သူတို့၏နယ်မြေပေါ်တွင် မိုးရွာစေရန်လည်းကောင်း၊ မြေအောက်မှရေထွက်စေရန်လည်းကောင်း ကူမတော်မူပါစေသော။
וּמִמֶּגֶד תְּבוּאֹת שָׁמֶשׁ וּמִמֶּגֶד גֶּרֶשׁ יְרָחִֽים׃ | 14 |
၁၄သူတို့၏နယ်မြေသည်နေပူရှိန်ဖြင့်မှည့်သော သစ်သီး၊ ရာသီအလိုက်ပေါ်သောအဖိုးတန်သစ်သီး တို့နှင့် ကြွယ်ဝပါစေသော။
וּמֵרֹאשׁ הַרְרֵי־קֶדֶם וּמִמֶּגֶד גִּבְעוֹת עוֹלָֽם׃ | 15 |
၁၅သူတို့၏ရှေးတောင်ကုန်းများသည်အဖိုးတန် သစ်သီးများနှင့်လှိုင်ပါစေသော။
וּמִמֶּגֶד אֶרֶץ וּמְלֹאָהּ וּרְצוֹן שֹׁכְנִי סְנֶה תָּבוֹאתָה לְרֹאשׁ יוֹסֵף וּלְקׇדְקֹד נְזִיר אֶחָֽיו׃ | 16 |
၁၆မီးလျှံတောက်လောင်သောချုံထဲမှ မိန့်ကြားတော်မူသောထာဝရဘုရား ကောင်းချီးပေးတော်မူသောအားဖြင့်၊ သူတို့၏နယ်မြေမှအဖိုးတန်သီးနှံ များ ထွက်ပါစေသော။ ယောသပ်သည်သူ၏ညီအစ်ကိုတို့တွင် ခေါင်းဆောင် ဖြစ်သောကြောင့်သူ၏အနွယ်သည် ထိုကောင်းချီးမင်္ဂလာတို့ကိုခံစားရပါ စေသော။
בְּכוֹר שׁוֹרוֹ הָדָר לוֹ וְקַרְנֵי רְאֵם קַרְנָיו בָּהֶם עַמִּים יְנַגַּח יַחְדָּו אַפְסֵי־אָרֶץ וְהֵם רִבְבוֹת אֶפְרַיִם וְהֵם אַלְפֵי מְנַשֶּֽׁה׃ | 17 |
၁၇ယောသပ်သည်နွားလားဥသဖကဲ့သို့လည်း ကောင်း၊ နွားရိုင်းဦးချိုကဲ့သို့လည်းကောင်းခွန်အား ကြီး၏။ သူ၏ဦးချိုများသည်ကားမနာရှေအနွယ်ဝင်နှင့် ဧဖရိမ်အနွယ်ဝင်ထောင်သောင်းများစွာတို့ ဖြစ်သတည်း။ သူသည်ထိုဦးချိုများဖြင့်လူအမျိုးမျိုးတို့ကို မြေကြီးအစွန်းသို့တိုင်အောင်ခတ်ထုတ်လိမ့်မည်။''
וְלִזְבוּלֻן אָמַר שְׂמַח זְבוּלֻן בְּצֵאתֶךָ וְיִשָּׂשכָר בְּאֹהָלֶֽיךָ׃ | 18 |
၁၈ဇာဗုလုန်နှင့်ဣသခါအနွယ်ကိုရည်သန်၍ ဤသို့ဖွဲ့ဆိုလေသည်။ ``ဇာဗုလုန်အနွယ်သည်ပင်လယ်ခရီးဖြင့် ရောင်းဝယ်ဖောက်ကား၍စီးပွားတိုးတက်ပါစေ။ ဣသခါအနွယ်သည်မိမိတို့နယ်မြေအတွင်း၌ ဥစ္စာပစ္စည်းကြွယ်ဝပါစေ။
עַמִּים הַר־יִקְרָאוּ שָׁם יִזְבְּחוּ זִבְחֵי־צֶדֶק כִּי שֶׁפַע יַמִּים יִינָקוּ וּשְׂפֻנֵי טְמוּנֵי חֽוֹל׃ | 19 |
၁၉သူတို့သည်လူမျိုးခြားတို့ကိုတောင်ပေါ်သို့ ဖိတ်ခေါ်လျက် ပူဇော်ထိုက်သောယဇ်များကိုပူဇော်ကြ၏။ သူတို့သည်ပင်လယ်မှလည်းကောင်း ကမ်းခြေတစ်လျှောက်ရှိသဲမှလည်းကောင်း ဥစ္စာဘဏ္ဍာများရရှိကြသည်။''
וּלְגָד אָמַר בָּרוּךְ מַרְחִיב גָּד כְּלָבִיא שָׁכֵן וְטָרַף זְרוֹעַ אַף־קׇדְקֹֽד׃ | 20 |
၂၀ဂဒ်အနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆိုလေ သည်။ ``ဂဒ်အနွယ်၏နယ်မြေကိုကျယ်ဝန်းစေသော ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းကြလော့။ ဂဒ်အနွယ်သည်ခြင်္သေ့သဖွယ်လက်မောင်း သို့မဟုတ် ဦးခေါင်းခွံကိုကိုက်ဖြတ်ရန်ချောင်းနေ၏။
וַיַּרְא רֵאשִׁית לוֹ כִּי־שָׁם חֶלְקַת מְחֹקֵק סָפוּן וַיֵּתֵא רָאשֵׁי עָם צִדְקַת יְהֹוָה עָשָׂה וּמִשְׁפָּטָיו עִם־יִשְׂרָאֵֽל׃ | 21 |
၂၁သူတို့သည်အကောင်းဆုံးနယ်မြေကိုရွေးယူ ကြ၏။ ခေါင်းဆောင်အနေဖြင့်ရထိုက်သောနယ်မြေကို သူတို့အားခွဲဝေပေးကြ၏။ ဣသရေလအမျိုးသားခေါင်းဆောင်တို့စုရုံး လာကြသောအခါ၊ သူတို့သည်ထာဝရဘုရား၏အမိန့်တော်နှင့် ပညတ်တော်များကိုလိုက်နာကြ၏။''
וּלְדָן אָמַר דָּן גּוּר אַרְיֵה יְזַנֵּק מִן־הַבָּשָֽׁן׃ | 22 |
၂၂ဒန်အနွယ်ကိုရည်သန်၍ဤသို့ဖွဲဆိုလေသည်။ ``ဒန်အနွယ်သည်ခြင်္သေ့ပျိုဖြစ်၍ဗာရှန်ပြည်မှ ခုန်ပေါက်၍ထွက်လာ၏။''
וּלְנַפְתָּלִי אָמַר נַפְתָּלִי שְׂבַע רָצוֹן וּמָלֵא בִּרְכַּת יְהֹוָה יָם וְדָרוֹם יְרָֽשָׁה׃ | 23 |
၂၃နဿလိအနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ ဆိုလေသည်။ ``နဿလိအနွယ်သည်ထာဝရဘုရား၏ ကျေးဇူးတော်ကြောင့်ကောင်းချီးမင်္ဂလာ ကြွယ်ဝစွာ ခံစားရ၏။ သူတို့၏နယ်မြေသည်ဂါလိလဲအိုင်မှ တောင်ဘက်အထိကျယ်ဝန်း၏။''
וּלְאָשֵׁר אָמַר בָּרוּךְ מִבָּנִים אָשֵׁר יְהִי רְצוּי אֶחָיו וְטֹבֵל בַּשֶּׁמֶן רַגְלֽוֹ׃ | 24 |
၂၄အာရှာအနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆို လေသည်။ ``အာရှာအနွယ်သည်အခြားအနွယ်တို့ထက် ပို၍ကောင်းချီးမင်္ဂလာခံစားရ၏။ သူသည်ညီအစ်ကိုချင်းတို့တွင်မျက်နှာ ပွင့်လန်းဆုံးဖြစ်ပါစေ။ သူ၏နယ်မြေတွင်ဆီထွက်သောသံလွင်ပင် မြောက်မြားစွာဖြစ်ထွန်းပါစေ။
בַּרְזֶל וּנְחֹשֶׁת מִנְעָלֶךָ וּכְיָמֶיךָ דׇּבְאֶֽךָ׃ | 25 |
၂၅သူသည်မြို့တို့ကိုသံတံခါးများဖြင့်ကာကွယ် ပါစေ။ သူသည်ထာဝစဉ်လုံခြုံစွာနေထိုင်ရပါစေ။''
אֵין כָּאֵל יְשֻׁרוּן רֹכֵב שָׁמַיִם בְּעֶזְרֶךָ וּבְגַאֲוָתוֹ שְׁחָקִֽים׃ | 26 |
၂၆ဣသရေလအမျိုးသားတို့၊ သင်တို့၏ဘုရား သခင်နှင့် နှိုင်းယှဉ်အပ်သောအခြားဘုရားမရှိ။ ကိုယ်တော်သည်ဘုန်းကျက်သရေကိုဆောင်လျက် မိုးတိမ်ကိုစီး၍၊ကောင်းကင်ကိုဖြတ်ကျော်ပြီးလျှင် သင်တို့ကိုကူမရန်ကြွလာတော်မူ၏။
מְעֹנָהֿ אֱלֹהֵי קֶדֶם וּמִתַּחַת זְרֹעֹת עוֹלָם וַיְגָרֶשׁ מִפָּנֶיךָ אוֹיֵב וַיֹּאמֶר הַשְׁמֵֽד׃ | 27 |
၂၇ဘုရားသခင်သည်သင်တို့ကိုအစဉ်အမြဲ ကွယ်ကာတော်မူ၏။ ထာဝရလက်ရုံးတော်သည်သင်တို့ကို ထောက်ပင့်တော်မူ၏။ ကိုယ်တော်သည်သင်တို့ချီတက်ရာလမ်းမှ ရန်သူများကိုနှင်ထုတ်တော်မူ၏။ ထိုရန်သူအပေါင်းတို့ကိုသုတ်သင်ဖျက်ဆီးရန် သင်တို့အားအမိန့်ပေးတော်မူ၏။
וַיִּשְׁכֹּן יִשְׂרָאֵל בֶּטַח בָּדָד עֵין יַֽעֲקֹב אֶל־אֶרֶץ דָּגָן וְתִירוֹשׁ אַף־שָׁמָיו יַעַרְפוּ טָֽל׃ | 28 |
၂၈သို့ဖြစ်၍ယာကုပ်၏အဆက်အနွယ်တို့သည် မိုးကောင်းကင်မှနှင်းကျသော၊ စပါးနှင့်စပျစ်ရည်ပေါကြွယ်ဝသော ပြည်တွင် အေးချမ်းလုံခြုံစွာနေထိုင်ရကြ၏။
אַשְׁרֶיךָ יִשְׂרָאֵל מִי כָמוֹךָ עַם נוֹשַׁע בַּֽיהֹוָה מָגֵן עֶזְרֶךָ וַאֲשֶׁר־חֶרֶב גַּאֲוָתֶךָ וְיִכָּחֲשׁוּ אֹיְבֶיךָ לָךְ וְאַתָּה עַל־בָּמוֹתֵימוֹ תִדְרֹֽךְ׃ | 29 |
၂၉ဣသရေလအမျိုးသားတို့၊ သင်တို့သည် မင်္ဂလာရှိကြ၏။ ထာဝရဘုရားသင်တို့ကိုကယ်တင်သောကြောင့် သင်တို့သည်ထူးခြားသည့်လူမျိုးဖြစ်သည်။ သင်တို့ကိုကာကွယ်ရန်နှင့်ရန်သူကိုအောင် မြင်ရန် ထာဝရဘုရားကိုယ်တော်တိုင် သင်တို့၏ဒိုင်းလွှားသင်တို့၏ဋ္ဌားဖြစ်တော် မူ၏။ သင်တို့၏ရန်သူတို့သည်အသနားခံရန် သင်တို့ထံသို့လာကြလိမ့်မည်။ ထိုအခါသင်တို့သည်သူတို့ကိုနင်းချေ ကြလိမ့်မည်။