< מלכים ב 1 >

וַיִּפְשַׁע מוֹאָב בְּיִשְׂרָאֵל אַחֲרֵי מוֹת אַחְאָֽב׃ 1
ဣသ​ရေ​လ​ဘု​ရင်​အာ​ဟပ်​ကွယ်​လွန်​သော​အ​ခါ မော​ဘ​ပြည်​သည်​ဣသ​ရေ​လ​ပြည်​ကို​ပုန်​ကန် လေ​သည်။
וַיִּפֹּל אֲחַזְיָה בְּעַד הַשְּׂבָכָה בַּעֲלִיָּתוֹ אֲשֶׁר בְּשֹׁמְרוֹן וַיָּחַל וַיִּשְׁלַח מַלְאָכִים וַיֹּאמֶר אֲלֵהֶם לְכוּ דִרְשׁוּ בְּבַעַל זְבוּב אֱלֹהֵי עֶקְרוֹן אִם־אֶחְיֶה מֵחֳלִי זֶֽה׃ 2
ဣ​သ​ရေ​လ​ဘု​ရင်​အာ​ခ​ဇိ​သည် ရှ​မာ​ရိ​မြို့ နန်း​တော်​အ​မိုး​ထက်​ရှိ​လ​သာ​ဆောင်​မှ​လိမ့် ကျ​သ​ဖြင့် ပြင်း​ထန်​စွာ​ဒဏ်​ရာ​ရ​ရှိ​၏။ သို့ ဖြစ်​၍​သူ​သည်​ဖိ​လိတ္တိ​ပြည်​ဧ​ကြုန်​မြို့​၏​ဘု​ရား ဗာ​လ​ဇေ​ဗုပ်​ထံ​သံ​တ​မန်​များ​စေ​လွှတ်​ကာ မိ​မိ​ပြန်​လည်​ကျန်း​မာ​လာ​မည်​မ​လာ​မည် ကို​စုံ​စမ်း​မေး​မြန်း​စေ​၏။-
וּמַלְאַךְ יְהֹוָה דִּבֶּר אֶל־אֵלִיָּה הַתִּשְׁבִּי קוּם עֲלֵה לִקְרַאת מַלְאֲכֵי מֶֽלֶךְ־שֹׁמְרוֹן וְדַבֵּר אֲלֵהֶם הֲֽמִבְּלִי אֵין־אֱלֹהִים בְּיִשְׂרָאֵל אַתֶּם הֹֽלְכִים לִדְרֹשׁ בְּבַעַל זְבוּב אֱלֹהֵי עֶקְרֽוֹן׃ 3
သို့​ရာ​တွင်​ထာ​ဝရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည် တိ​ရှ​ဘိ​မြို့​သား​ပ​ရော​ဖက်​ဧ​လိ​ယ အား``အာ​ခ​ဇိ​မင်း​၏​သံ​တ​မန်​များ​နှင့်​သွား ရောက်​တွေ့​ဆုံ​လော့။ သူ​တို့​အား​ဣ​သ​ရေ​လ ပြည်​တွင်​ဘု​ရား​မ​ရှိ​သော​ကြောင့် ဧ​ကြုန် ဘု​ရား​ဗာ​လ​ဇေ​ဗုပ်​ထံ​သွား​ရောက်​စုံ​စမ်း မေး​မြန်း​ရ​သ​လော​ဟု​မေး​လော့။-
וְלָכֵן כֹּה־אָמַר יְהֹוָה הַמִּטָּה אֲשֶׁר־עָלִיתָ שָּׁם לֹא־תֵרֵד מִמֶּנָּה כִּי מוֹת תָּמוּת וַיֵּלֶךְ אֵלִיָּֽה׃ 4
မင်း​ကြီး​အား`မိ​မိ​၏​သ​လွန်​မှ​တစ်​ဖန်​ပြန်​၍ ထ​နိုင်​မည်​မ​ဟုတ်​ကြောင်း၊ သေ​မည်​ဖြစ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကို​သင်​တို့ လျှောက်​ထား​ကြ​လော့' ဟု​ဆင့်​ဆို​ရ​မည်'' ဟု မိန့်​တော်​မူ​သည်။ ဧ​လိ​ယ​သည်​ထာ​ဝရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့် အ​တိုင်း​ပြု​သ​ဖြင့်၊-
וַיָּשׁוּבוּ הַמַּלְאָכִים אֵלָיו וַיֹּאמֶר אֲלֵיהֶם מַה־זֶּה שַׁבְתֶּֽם׃ 5
သံ​တ​မန်​တို့​သည်​မင်း​ကြီး​ထံ​သို့​ပြန်​ကြ​၏။ မင်း​ကြီး​က``အ​ဘယ်​ကြောင့်​သင်​တို့​ပြန်​လာ ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။
וַיֹּאמְרוּ אֵלָיו אִישׁ ׀ עָלָה לִקְרָאתֵנוּ וַיֹּאמֶר אֵלֵינוּ לְכוּ שׁוּבוּ אֶל־הַמֶּלֶךְ אֲשֶׁר־שָׁלַח אֶתְכֶם וְדִבַּרְתֶּם אֵלָיו כֹּה אָמַר יְהֹוָה הֲֽמִבְּלִי אֵין־אֱלֹהִים בְּיִשְׂרָאֵל אַתָּה שֹׁלֵחַ לִדְרֹשׁ בְּבַעַל זְבוּב אֱלֹהֵי עֶקְרוֹן לָכֵן הַמִּטָּה אֲשֶׁר־עָלִיתָ שָּׁם לֹא־תֵרֵד מִמֶּנָּה כִּי־מוֹת תָּמֽוּת׃ 6
ထို​သူ​တို့​က``လူ​တစ်​ယောက်​သည် အ​ကျွန်ုပ်​တို့​နှင့် လာ​ရောက်​တွေ့​ဆုံ​ပြီး​လျှင် ထာ​ဝရ​ဘု​ရား​သည် အ​ရှင့်​အား`ဣ​သ​ရေ​လ​ပြည်​တွင်​ဘု​ရား​မ​ရှိ သော​ကြောင့် ဧ​ကြုန်​ဘု​ရား​ထံ​သံ​တ​မန်​များ စေ​လွှတ်​၍​စုံ​စမ်း​မေး​မြန်း​ရ​သ​လော။ သင်​သည် သင်​၏​သ​လွန်​မှ​တစ်​ဖန်​ပြန်​၍​ထ​နိုင်​မည် မ​ဟုတ်။ သေ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ကြောင်း အ​ရှင့်​ထံ​ပြန်​ကြား​လျှောက်​ထား​ရန် အ​ကျွန်ုပ် တို့​အား​ပြော​ကြား​သွား​ပါ​သည်'' ဟု​သံ တော်​ဦး​တင်​ကြ​၏။
וַיְדַבֵּר אֲלֵהֶם מֶה מִשְׁפַּט הָאִישׁ אֲשֶׁר עָלָה לִקְרַאתְכֶם וַיְדַבֵּר אֲלֵיכֶם אֶת־הַדְּבָרִים הָאֵֽלֶּה׃ 7
မင်း​ကြီး​က``ထို​သူ​၏​ပုံ​ပန်း​သဏ္ဌာန်​ကား အ​ဘယ်​သို့​နည်း'' ဟု​မေး​တော်​မူ​၏။
וַיֹּאמְרוּ אֵלָיו אִישׁ בַּעַל שֵׂעָר וְאֵזוֹר עוֹר אָזוּר בְּמׇתְנָיו וַיֹּאמַר אֵלִיָּה הַתִּשְׁבִּי הֽוּא׃ 8
ထို​သူ​တို့​က``သူ​သည်​တိ​ရစ္ဆာန်​သား​ရေ​ဖြင့် ချုပ်​လုပ်​ထား​သည့်​ဝတ်​လုံ​ကို​ဝတ်​၍ သား​ရေ ခါး​ပတ်​ကို​စည်း​ထား​ပါ​သည်'' ဟု​လျှောက် ကြ​၏။ မင်း​ကြီး​က``ထို​သူ​သည်​ဧ​လိ​ယ​ဖြစ် ပါ​သည်​တကား'' ဟု​မြွက်​ဆို​တော်​မူ​၏။
וַיִּשְׁלַח אֵלָיו שַׂר־חֲמִשִּׁים וַחֲמִשָּׁיו וַיַּעַל אֵלָיו וְהִנֵּה יֹשֵׁב עַל־רֹאשׁ הָהָר וַיְדַבֵּר אֵלָיו אִישׁ הָאֱלֹהִים הַמֶּלֶךְ דִּבֶּר רֵֽדָה׃ 9
ထို​နောက်​မင်း​ကြီး​သည်​တပ်​မှူး​တစ်​ယောက်​ကို လူ​ငါး​ဆယ်​တပ်​နှင့်​အ​တူ​ဧ​လိ​ယ​ထံ​သို့ စေ​လွှတ်​တော်​မူ​၏။ တပ်​မှူး​သည်​တောင်​ကုန်း တစ်​ခု​ပေါ်​တွင်​ဧ​လိ​ယ​ထိုင်​နေ​သည်​ကို​တွေ့ မြင်​သ​ဖြင့် သူ့​အား``ဘု​ရား​သ​ခင်​၏​အ​စေ​ခံ၊ ဆင်း​ခဲ့​လော့။ ဘု​ရင်​အမိန့်​တော်​ရှိ​သည်'' ဟု ဆို​၏။
וַיַּֽעֲנֶה אֵלִיָּהוּ וַיְדַבֵּר אֶל־שַׂר הַחֲמִשִּׁים וְאִם־אִישׁ אֱלֹהִים אָנִי תֵּרֶד אֵשׁ מִן־הַשָּׁמַיִם וְתֹאכַל אֹתְךָ וְאֶת־חֲמִשֶּׁיךָ וַתֵּרֶד אֵשׁ מִן־הַשָּׁמַיִם וַתֹּאכַל אֹתוֹ וְאֶת־חֲמִשָּֽׁיו׃ 10
၁၀ဧ​လိ​ယ​က``ငါ​သည်​ဘု​ရား​သ​ခင်​၏​အ​စေ ခံ​မှန်​လျှင် ကောင်း​ကင်​မှ​မီး​ကျ​၍​သင်​နှင့်​သင် ၏​တပ်​သား​တို့​ကို​ကျွမ်း​လောင်​ပါ​စေ​သော'' ဟု ဆို​သော်​ချက်​ချင်း​ပင်​မီး​ကျလာ​သ​ဖြင့် တပ်​မှူး နှင့်​သူ​၏​တပ်​သား​တို့​သည်​ကျွမ်း​လောင်​လေ ၏။
וַיָּשׇׁב וַיִּשְׁלַח אֵלָיו שַׂר־חֲמִשִּׁים אַחֵר וַחֲמִשָּׁיו וַיַּעַן וַיְדַבֵּר אֵלָיו אִישׁ הָאֱלֹהִים כֹּה־אָמַר הַמֶּלֶךְ מְהֵרָה רֵֽדָה׃ 11
၁၁မင်း​ကြီး​သည်​အ​ခြား​တပ်​မှူး​တစ်​ယောက်​နှင့် လူ​ငါး​ဆယ်​တပ်​ကို​စေ​လွှတ်​ပြန်​၏။ သူ​တို့ သည်​ဧ​လိ​ယ​ထံ​သို့​သွား​၍``ဘု​ရား​သ​ခင် ၏​အ​စေ​ခံ၊ အ​မြန်​ဆင်း​ခဲ့​လော့။ ဘု​ရင် အ​မိန့်​တော်​ရှိ​သည်'' ဟု​ဆို​၏။
וַיַּעַן אֵלִיָּה וַיְדַבֵּר אֲלֵיהֶם אִם־אִישׁ הָאֱלֹהִים אָנִי תֵּרֶד אֵשׁ מִן־הַשָּׁמַיִם וְתֹאכַל אֹתְךָ וְאֶת־חֲמִשֶּׁיךָ וַתֵּרֶד אֵשׁ־אֱלֹהִים מִן־הַשָּׁמַיִם וַתֹּאכַל אֹתוֹ וְאֶת־חֲמִשָּֽׁיו׃ 12
၁၂ဧ​လိ​ယ​က``ငါ​သည်​ဘု​ရား​သ​ခင်​၏​အ​စေ ခံ​မှန်​လျှင် ကောင်း​ကင်​မှ​မီး​ကျ​၍​သင်​နှင့်​သင် ၏​တပ်​သား​တို့​ကို​ကျွမ်း​လောင်​ပါ​စေ​သော'' ဟု ဆို​သော်​ချက်​ချင်း​ပင်​ကောင်း​ကင်​မှ​မီး​ကျ သ​ဖြင့် တပ်​မှူး​နှင့်​တပ်​သား​တို့​သည်​ကျွမ်း လောင်​လေ​၏။
וַיָּשׇׁב וַיִּשְׁלַח שַׂר־חֲמִשִּׁים שְׁלִשִׁים וַחֲמִשָּׁיו וַיַּעַל וַיָּבֹא שַׂר־הַחֲמִשִּׁים הַשְּׁלִישִׁי וַיִּכְרַע עַל־בִּרְכָּיו ׀ לְנֶגֶד אֵלִיָּהוּ וַיִּתְחַנֵּן אֵלָיו וַיְדַבֵּר אֵלָיו אִישׁ הָאֱלֹהִים תִּיקַר־נָא נַפְשִׁי וְנֶפֶשׁ עֲבָדֶיךָֽ אֵלֶּה חֲמִשִּׁים בְּעֵינֶֽיךָ׃ 13
၁၃မင်း​ကြီး​သည်​တပ်​မှူး​တစ်​ယောက်​နှင့်​လူ​ငါး ဆယ်​တပ်​ကို​နောက်​တစ်​ကြိမ်​စေ​လွှတ်​ပြန်​၏။ ထို​တပ်​မှူး​သည်​တောင်​ကုန်း​ပေါ်​သို့​တက်​၍ ဧ​လိ​ယ​ရှေ့​တွင်​ဒူး​ထောက်​လျက်``ဘု​ရား​သ​ခင်​၏​အ​စေ​ခံ၊ အ​ကျွန်ုပ်​နှင့်​အ​ကျွန်ုပ်​၏ တပ်​သား​တို့​ကို​သ​နား​တော်​မူ​ပါ။ အ​ကျွန်ုပ် တို့​၏​အ​သက်​ကို​ချမ်း​သာ​ပေး​တော်​မူ​ပါ။-
הִנֵּה יָרְדָה אֵשׁ מִן־הַשָּׁמַיִם וַתֹּאכַל אֶת־שְׁנֵי שָׂרֵי הַחֲמִשִּׁים הָרִאשֹׁנִים וְאֶת־חֲמִשֵּׁיהֶם וְעַתָּה תִּיקַר נַפְשִׁי בְּעֵינֶֽיךָ׃ 14
၁၄အ​ခြား​တပ်​မှူး​နှစ်​ယောက်​နှင့်​သူ​တို့​၏​တပ် သား​များ​သည် ကောင်း​ကင်​မှ​မီး​ကျ​၍​သေ ရ​ကြ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​ကို​သ​နား တော်​မူ​ပါ'' ဟု​တောင်း​ပန်​၏။
וַיְדַבֵּר מַלְאַךְ יְהֹוָה אֶל־אֵלִיָּהוּ רֵד אוֹתוֹ אַל־תִּירָא מִפָּנָיו וַיָּקׇם וַיֵּרֶד אוֹתוֹ אֶל־הַמֶּֽלֶךְ׃ 15
၁၅ထာ​ဝရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​က​ဧ​လိ​ယ အား``မ​ကြောက်​နှင့်။ ထို​သူ​နှင့်​အ​တူ​လိုက်​သွား လော့'' ဟု​ဆို​သ​ဖြင့် ဧ​လိ​ယ​သည်​မင်း​ကြီး​ထံ သို့​တပ်​မှူး​နှင့်​အ​တူ​လိုက်​သွား​ပြီး​လျှင်၊-
וַיְדַבֵּר אֵלָיו כֹּה־אָמַר יְהֹוָה יַעַן אֲשֶׁר־שָׁלַחְתָּ מַלְאָכִים לִדְרֹשׁ בְּבַעַל זְבוּב אֱלֹהֵי עֶקְרוֹן הֲֽמִבְּלִי אֵין־אֱלֹהִים בְּיִשְׂרָאֵל לִדְרֹשׁ בִּדְבָרוֹ לָכֵן הַמִּטָּה אֲשֶׁר־עָלִיתָ שָּׁם לֹא־תֵרֵד מִמֶּנָּה כִּי־מוֹת תָּמֽוּת׃ 16
၁၆``ထာ​ဝ​ရ​ဘု​ရား​က`ဣ​သ​ရေ​လ​ပြည်​တွင် ဗျာ​ဒိတ်​တော်​ကို​မေး​လျှောက်​ရန် ဘု​ရား​မ​ရှိ သော​ကြောင့်​ဧ​ကြုန်​မြို့​၏​ဘု​ရား​ဗာ​လ​ဇေ​ဗုပ် အား​စုံ​စမ်း​မေး​မြန်း​ရန်​သံ​တမန်​တို့​ကို​စေ လွှတ်​ရ​သ​လော။ သို့​ဖြစ်​၍​သင်​သည်​ပြန်​လည် ကျန်း​မာ​လာ​လိမ့်​မည်​မ​ဟုတ်။ သေ​လိမ့်​မည်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို​လေ​၏။
וַיָּמׇת כִּדְבַר יְהֹוָה ׀ אֲשֶׁר־דִּבֶּר אֵלִיָּהוּ וַיִּמְלֹךְ יְהוֹרָם תַּחְתָּיו בִּשְׁנַת שְׁתַּיִם לִיהוֹרָם בֶּן־יְהוֹשָׁפָט מֶלֶךְ יְהוּדָה כִּי לֹא־הָיָה לוֹ בֵּֽן׃ 17
၁၇ဧ​လိ​ယ​ဆင့်​ဆို​သော​ထာ​ဝရ​ဘု​ရား​၏​ဗျာ ဒိတ်​တော်​အ​တိုင်း အာ​ခ​ဇိ​သည်​ကွယ်​လွန်​လေ​၏။ အာ​ခ​ဇိ​တွင်​သား​တော်​မ​ရှိ​သ​ဖြင့်​ညီ​တော် ယော​ရံ​သည် ယော​ရှ​ဖတ်​၏​သား​ယု​ဒ​ဘု​ရင် ယ​ဟော​ရံ​၏​နန်း​စံ​ဒုတိ​ယ​နှစ်​၌​နန်း​တက် လေ​သည်။
וְיֶתֶר דִּבְרֵי אֲחַזְיָהוּ אֲשֶׁר עָשָׂה הֲלוֹא־הֵמָּה כְתוּבִים עַל־סֵפֶר דִּבְרֵי הַיָּמִים לְמַלְכֵי יִשְׂרָאֵֽל׃ 18
၁၈အာ​ခ​ဇိ​မင်း​၏​အ​ခြား​လုပ်​ဆောင်​ချက်​ရှိ သ​မျှ​တို့​ကို ဣ​သ​ရေ​လ​ရာ​ဇဝင်​တွင်​ရေး ထား​သ​တည်း။

< מלכים ב 1 >