< תהילים 72 >
לשלמה אלהים--משפטיך למלך תן וצדקתך לבן-מלך | 1 |
၁အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏တရားတော်နှင့်အညီ စီရင်ဆုံးဖြတ် နိုင်ရန်မင်းကြီးအားသွန်သင်တော်မူပါ။ ကိုယ်တော်ရှင်၏လူစုတော်အားတရားမျှတစွာ အုပ်ချုပ်နိုင်စေရန်လည်းကောင်း၊ ဆင်းရဲသောသူတို့ကိုတရားတော်နှင့်အညီ အုပ်စိုးနိုင်စေရန်လည်းကောင်း ကိုယ်တော်ရှင်၏တရားမျှတမှုအတိုင်း စီရင်နိုင်ခွင့်ကိုမင်းကြီးအားပေးတော် မူပါ။
ידין עמך בצדק וענייך במשפט | 2 |
၂
ישאו הרים שלום לעם וגבעות בצדקה | 3 |
၃တိုင်းပြည်တွင်သာယာဝပြော၍တရား မျှတမှု စိုးမိုးခြင်းရှိပါစေသော။
ישפט עניי-עם--יושיע לבני אביון וידכא עושק | 4 |
၄မင်းကြီးသည်ဆင်းရဲသူတို့အားမျှတစွာ တရားစီရင်ဆုံးဖြတ်ပါစေသော။ ချို့တဲ့နွမ်းပါးသူတို့အားကူမတော်မူပါ စေသော။ ဖိစီးနှိပ်စက်သူတို့အားနှိမ်နင်းတော်မူပါ စေသော။
ייראוך עם-שמש ולפני ירח דור דורים | 5 |
၅နေသည်ထွန်းလင်းလျက်၊လသည်အလင်းရောင် ပေးလျက်နေသမျှကာလပတ်လုံး ကိုယ်တော်ရှင်၏လူစုတော်သည် ကိုယ်တော်ရှင်အားကာလအစဉ်အဆက် ကြောက်ရွံ့ရိုသေကြပါစေသော။
ירד כמטר על-גז כרביבים זרזיף ארץ | 6 |
၆မင်းကြီးသည်လယ်ယာများအပေါ်သို့ ရွာချသည့် မိုးကဲ့သို့လည်းကောင်း၊ မြေပြင်ပေါ်သို့ကျရောက်လာသည့်မိုးပေါက် များ ကဲ့သို့လည်းကောင်းဖြစ်ပါစေသော။
יפרח-בימיו צדיק ורב שלום עד-בלי ירח | 7 |
၇မင်းကြီး၏လက်ထက်၌တရားမျှတမှု စိုးမိုးပါစေသော။ လသည်အလင်းရောင်ပေးလျက်နေသမျှ ကာလပတ်လုံးသာယာဝပြောမှုရှိပါ စေသော။
וירד מים עד-ים ומנהר עד-אפסי-ארץ | 8 |
၈မင်းကြီးသည်ပင်လယ်တစ်ပြင်မှတစ်ပြင် တိုင်အောင်လည်းကောင်း၊ ဥဖရတ်မြစ်မှမြေကြီးစွန်းတိုင်အောင် လည်းကောင်း အုပ်စိုးလိမ့်မည်။
לפניו יכרעו ציים ואיביו עפר ילחכו | 9 |
၉သဲကန္တာရရှိလူမျိုးအပေါင်းတို့သည် မင်းကြီး၏ ရှေ့တော်၌ဦးညွှတ်ကြပါလိမ့်မည်။ မင်းကြီး၏ရန်သူများသည်ခြေတော်ရင်းတွင် ပျပ်ဝပ်ကြပါလိမ့်မည်။
מלכי תרשיש ואיים מנחה ישיבו מלכי שבא וסבא אשכר יקריבו | 10 |
၁၀စပိန်ပြည်နှင့်ကျွန်းများမှရှင်ဘုရင်တို့သည် အခွန်ဆက်သကြပါလိမ့်မည်။ အာရေဗျပြည်နှင့်အဲသရောပိပြည်မှ ရှင်ဘုရင်များသည်လက်ဆောင်ပဏ္ဏာများကို ယူဆောင်လာကြပါလိမ့်မည်။
וישתחוו-לו כל-מלכים כל-גוים יעבדוהו | 11 |
၁၁ဘုရင်အပေါင်းတို့သည်မင်းကြီး၏ရှေ့တော်တွင် ပျပ်ဝပ်ကြပါလိမ့်မည်။ လူမျိုးတကာတို့သည်လည်းမင်းကြီး၏ အစေကို ခံကြပါလိမ့်မည်။
כי-יציל אביון משוע ועני ואין-עזר לו | 12 |
၁၂မင်းကြီးသည်မိမိအားဟစ်ခေါ်ကြသည့် ဆင်းရဲသူတို့အားလည်းကောင်း၊ ချို့တဲ့နွမ်းပါး၍ခိုကိုးရာမဲ့သူတို့ အားလည်းကောင်းကယ်ဆယ်တော်မူ၏။
יחס על-דל ואביון ונפשות אביונים יושיע | 13 |
၁၃ချို့တဲ့ဆင်းရဲသူတို့ကိုသနားတော်မူ၍ သူတို့၏ အသက်ကိုကယ်တော်မူ၏။
מתוך ומחמס יגאל נפשם וייקר דמם בעיניו | 14 |
၁၄သူတို့၏အသက်သည်မင်းကြီး၏ရှေ့တော်တွင် အဖိုးထိုက်သည်အလျောက်ဖိစီးနှိပ်စက်မှုနှင့် အကြမ်းဖက်မှုများမှသူတို့ကိုကယ်ဆယ် တော်မူ၏။
ויחי-- ויתן-לו מזהב שבא ויתפלל בעדו תמיד כל-היום יברכנהו | 15 |
၁၅မင်းကြီးသည်သက်တော်ရှည်ပါစေသော။ အာရေဗျပြည်မှရွှေများကိုလက်ဆောင်ပဏ္ဏာ အဖြစ်ရရှိပါစေသော။ လူတို့သည်မင်းကြီး၏အတွက်အစဉ်ဆုတောင်း ပတ္ထနာများပြုကြပါစေသော။ ဘုရားသခင်သည်မင်းကြီးအားအစဉ်အမြဲ ကောင်းချီးပေးတော်မူပါစေသော။
יהי פסת-בר בארץ-- בראש הרים ירעש כלבנון פריו ויציצו מעיר כעשב הארץ | 16 |
၁၆တိုင်းပြည်အတွင်း၌စားနပ်ရိက္ခာပေါများပါ စေသော။ လေဗနုန်တောင်တွင်သစ်တောများဖြင့် ဖုံးအုပ်လျက်ရှိသကဲ့သို့ တောင်ကုန်းများသည်ကောက်ပဲသီးနှံများ ဖြင့် ဖုံးအုပ်လျက်ရှိပါစေသော။ မြို့ကြီးများရှိလူဦးရေသည်ကွင်းပြင်ရှိ မြက်ကဲ့သို့ထူထပ်ပေါများပါစေသော။
יהי שמו לעולם-- לפני-שמש ינין (ינון) שמו ויתברכו בו כל-גוים יאשרוהו | 17 |
၁၇မင်းကြီး၏နာမတော်သည်တည်မြဲပါ စေသော။ ဂုဏ်သတင်းတော်သည်နေကဲ့သို့အစဉ်အမြဲ တည်နေပါစေသော။ ဘုရားသခင်သည်မင်းကြီးအားကောင်းချီး ပေးတော်မူ သကဲ့သို့လူမျိုးတကာတို့သည် မိမိတို့အားလည်းကောင်း၊ကောင်းချီးပေးတော် မူရန် ဘုရားသခင်ထံတောင်းလျှောက်ကြပါစေသော။
ברוך יהוה אלהים--אלהי ישראל עשה נפלאות לבדו | 18 |
၁၈ဣသရေလအမျိုးသားတို့၏ဘုရားတည်း ဟူသော ထာဝရဘုရားကိုထောမနာပြုကြလော့။ ကိုယ်တော်သာလျှင်ဤသို့အံ့သြဖွယ်ကောင်းသည့် အမှုတို့ကိုပြုတော်မူ၏။
וברוך שם כבודו-- לעולם וימלא כבודו את-כל הארץ-- אמן ואמן | 19 |
၁၉ဘုန်းကြီးသောနာမတော်ကိုအစဉ်အမြဲ ထောမနာပြုကြလော့။ ကမ္ဘာမြေကြီးတစ်ပြင်လုံး၌ဘုန်းတော်နှင့် ပြည့်ပါစေသော။ အာမင်။ အာမင်။
כלו תפלות-- דוד בן-ישי | 20 |
၂၀ဤတွင်ယေရှဲ၏သားဒါဝိဒ်၏ဆုတောင်းပတ္ထနာ များပြီးဆုံး၏။