< תהילים 59 >
למנצח אל-תשחת לדוד מכתם בשלח שאול וישמרו את-הבית להמיתו ב הצילני מאיבי אלהי ממתקוממי תשגבני | 1 |
၁အို အကျွန်ုပ်၏ဘုရား၊ ရန်သူတို့လက်မှ အကျွန်ုပ် ကို ကယ်နှုတ်တော်မူပါ။ အကျွန်ုပ်ကို ရန်ဘက်ပြုသောသူ တို့၏ အပေါ်မှာ အကျွန်ုပ်ကို ချီးမြှောက်တော်မူပါ။
הצילני מפעלי און ומאנשי דמים הושיעני | 2 |
၂ဒုစရိုက်ကို ပြုသောသူတို့အထဲက အကျွန်ုပ်ကို နှုတ်ယူ၍၊ အသက်ကိုသတ်လိုသော သူတို့လက်မှ ကယ် တင်တော်မူပါ။
כי הנה ארבו לנפשי-- יגורו עלי עזים לא-פשעי ולא-חטאתי יהוה | 3 |
၃သူတို့သည် အကျွန်ုပ်အသက်ကို သတ်လို ၍ ချောင်းကြည့်လျက် နေကြပါ၏။ အားကြီးသောသူတို့ သည်အကျွန်ုပ်တဘက်၌ စည်းဝေးကြပါ၏။ အို ထာဝရ ဘုရား၊ အကျွန်ုပ်မှားယွင်း သောကြောင့်မဟုတ်ပါ။ အကျွန်ုပ် အပြစ်ကြောင့်မဟုတ်ပါ။
בלי-עון ירצון ויכוננו עורה לקראתי וראה | 4 |
၄အကျွန်ုပ်၌ အပြစ်မရှိဘဲ သူတို့သည် ပြေးလာ၍ ပြင်ဆင်ကြပါ၏။ အကျွန်ုပ်ကို ကူမခြင်းငှါ နိုးတော်မူပါ။ ကြည့်ရှုတော်မူပါ။
ואתה יהוה-אלהים צבאות אלהי ישראל-- הקיצה לפקד כל-הגוים אל-תחן כל-בגדי און סלה | 5 |
၅ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၊ သာသနာပ လူအပေါင်းတို့ကို ဆုံးမခြင်းငှါ နိုးတော်မူပါ။ ဒုစရိုက်၌ ကျင်လည်သောသူ တစုံတယောက်ကိုမျှ သနား တော်မမူပါနှင့်။
ישובו לערב יהמו ככלב ויסובבו עיר | 6 |
၆သူတို့သည် ညဦးယံ၌ ပြန်လာ၍၊ ခွေးဘာသာ အတိုင်း မြည်လျက် မြို့ကိုလှည့်ပတ်ကြပါစေသော။
הנה יביעון בפיהם--חרבות בשפתותיהם כי-מי שמע | 7 |
၇ထိုသူတို့သည် စော်ကားသော စကားကိုပြော၍၊ သူတို့နှုတ်ခမ်း တွင်ထားပါလျက်အဘယ်သူကြားလိမ့် မည်နည်းဟု ဆိုတတ်ကြပါ၏။
ואתה יהוה תשחק-למו תלעג לכל-גוים | 8 |
၈သို့ရာတွင်၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် သူတို့ကို ပြုံးရယ်၍ သာသနာပလူအပေါင်းတို့ကို ကဲ့ရဲ့တော်မူမည်။
עזו אליך אשמרה כי-אלהים משגבי | 9 |
၉အို အကျွန်ုပ်အစွမ်းသတ္တိ၊ ကိုယ်တော်ကို မြော်လင့်ပါမည်။ ဘုရားသခင်သည် အကျွန်ုပ် ခိုလှုံရာဖြစ်တော်မူ၏။
אלהי חסדו (חסדי) יקדמני אלהים יראני בשררי | 10 |
၁၀ကရုဏာအရှင် ဘုရားသခင်သည် အကျွန်ုပ်ကို ကူမခြင်းငှါ ကြွလာတော်မူမည်။ ရန်သူတို့ကို အကျွန်ုပ်ကြည့်ရှု၍ အားရသောအခွင့် ရှိစေတော်မူမည်။
אל-תהרגם פן ישכחו עמי--הניעמו בחילך והורידמו מגננו אדני | 11 |
၁၁အကျွန်ုပ်တို့ကို ကွယ်ကာတော်မူသော ဘုရားရှင်၊ သူတို့ကို သတ်တော်မမူပါနှင့်။ သတ်လျှင် အကျွန်ုပ်၏ လူတို့သည် သတိလစ်ကြပါလိမ့်မည်။ တန်ခိုးတော်အားဖြင့် အရပ်ရပ် ကွဲပြားစေ၍ နှိမ့်ချတော်မူပါ။
חטאת-פימו דבר-שפתימו וילכדו בגאונם ומאלה ומכחש יספרו | 12 |
၁၂သူတို့ပြောမိသော စကားတည်းဟူသော သူတို့ နှုတ်၏အပြစ်ကြောင့် မိမိတို့မာနတွင် ကျော့မိပါစေ သော။ သူတို့ ကျိန်ဆဲသော စကားနှင့် မုသာစကားကြောင့်၊
כלה בחמה כלה ואינמו וידעו--כי-אלהים משל ביעקב לאפסי הארץ סלה | 13 |
၁၃အမျက်တော်အားဖြင့် ပျောက်ပျက်စေတော်မူပါ။ အကုန်အစင်ပျောက်ပျက်စေတော်မူပါ။ ဘုရားသခင်သည် ယာကုပ်အမျိုးမှစ၍ မြေကြီးစွန်းတိုင်အောင် အုပ်စိုးတော်မူကြောင်းကို သူတို့သည် သိကြ ပါစေသော။
וישבו לערב יהמו ככלב ויסובבו עיר | 14 |
၁၄ညဦးယံ၌ ပြန်လာ၍၊ ခွေးဘာသာအတိုင်း မြည်လျက် မြို့ကို လှည့်ပတ်ကြပါစေသော။
המה ינועון (יניעון) לאכל-- אם-לא ישבעו וילינו | 15 |
၁၅အစာကို ရှာလျက် အရပ်ရပ်သို့ လည်၍မဝဘဲ တညဉ့်လုံး နေကြပါစေသော။
ואני אשיר עזך-- וארנן לבקר חסדך כי-היית משגב לי ומנוס ביום צר-לי | 16 |
၁၆အကျွန်ုပ်မူကား၊ တန်ခိုးတော်ကို သီချင်းဆိုပါမည်။ နံနက်ယံ၌ ကရုဏာတော်ကို ရွှင်လန်းစွာ သီချင်းဆိုပါမည်။ အကြောင်းမူကား၊ ဘေးရောက်သောကာလ၌ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ၊ ဘေးလွတ်ရာ ဖြစ်တော်မူ၏။
עזי אליך אזמרה כי-אלהים משגבי אלהי חסדי | 17 |
၁၇အိုအကျွန်ုပ်အစွမ်းသတ္တိ၊ ကိုယ်တော်ကို သီချင်းဆိုပါမည်။ ဘုရားသခင်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူ၏။ အကျွန်ုပ်၌ ကရုဏာအရှင် ဘုရားသခင်ဖြစ်တော်မူ၏။ ရှောလုစေလွှတ်သော သူတို့သည် ဒါဝိဒ်အသက်ကိုသတ်ခြင်းငှါ၊ အိမ်ကိုစောင့်ကြသောအခါ ဒါဝိဒ်စပ်ဆိုသော