< תהילים 57 >
למנצח אל-תשחת לדוד מכתם-- בברחו מפני-שאול במערה ב חנני אלהים חנני-- כי בך חסיה נפשי ובצל-כנפיך אחסה-- עד יעבר הוות | 1 |
၁ကျွန်တော်မျိုးသည်ခိုလှုံရန်အထံတော်သို့ ချဉ်းကပ်ပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးအားသနားတော်မူပါ။ အို ဘုရားသခင်၊ သနားတော်မူပါ။ မိုးသက်မုန်တိုင်းလွန်သွားသည်အထိ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ အတောင်တော်အရိပ်တွင်ခိုလှုံပါ၏။
אקרא לאלהים עליון לאל גמר עלי | 2 |
၂ငါလိုသမျှသောအရာတို့ကိုပေးတော် မူသော၊ အမြင့်မြတ်ဆုံးဖြစ်တော်မူသောဘုရားသခင် အား ငါသည်တောင်းလျှောက်ပါ၏။
ישלח משמים ויושיעני-- חרף שאפי סלה ישלח אלהים חסדו ואמתו | 3 |
၃ကိုယ်တော်သည်ကောင်းကင်ဘုံမှထူးတော်မူ၍ ငါ့ကိုကယ်တော်မူလိမ့်မည်။ ငါ့ကိုညှဉ်းဆဲနှိပ်စက်သူတို့အားနှိမ်နင်း တော်မူလိမ့်မည်။ ဘုရားသခင်သည်မိမိ၏ခိုင်မြဲသောမေတ္တာ တော်နှင့် သစ္စာတော်ကိုငါ့အားပြတော်မူလိမ့်မည်။
נפשי בתוך לבאם-- אשכבה להטים בני-אדם--שניהם חנית וחצים ולשונם חרב חדה | 4 |
၄ရန်သူများသည်လူသားကိုစားသည့်ခြင်္သေ့များ သဖွယ် ငါ့ကိုဝိုင်းရံထား၏။ သူတို့၏သွားများသည်လှံများ၊မြားများ နှင့်တူ၏။ သူတို့၏လျှာများသည်သန်လျက်ကဲ့သို့ ထက်၏။
רומה על-השמים אלהים על כל-הארץ כבודך | 5 |
၅အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏ကြီးမြတ်တော်မူပုံကို မိုးကောင်းကင်တွင်လည်းကောင်း၊ ကိုယ်တော်ရှင်၏ဘုန်းအသရေတော်ကို ကမ္ဘာတစ်ဝန်းလုံးတွင်လည်းကောင်းပေါ်လွင်ထင်ရှား စေတော်မူပါ။
רשת הכינו לפעמי-- כפף נפשי כרו לפני שיחה נפלו בתוכה סלה | 6 |
၆ရန်သူတို့သည်ငါ့ကိုဖမ်းရန်ကျော့ကွင်းထောင်ကြ၏။ ငါသည်ပြင်းစွာစိတ်ဒုက္ခရောက်လျက်ရှိပါ၏။ သူတို့သည်ငါသွားရာလမ်းတွင်တွင်းကို တူးထားကြပါ၏။ သို့ရာတွင်ထိုတွင်းထဲသို့သူတို့ပင်လျှင် ကျကြ၏။
נכון לבי אלהים נכון לבי אשירה ואזמרה | 7 |
၇အို ဘုရားသခင်၊ ကျွန်တော်မျိုးသည်လုံးဝယုံကြည်စိတ်ချပါပြီ။ သို့ဖြစ်၍ကျွန်တော်မျိုးသည်သီချင်းဆို၍ ကိုယ်တော်ရှင်အားထောမနာပြုပါမည်။
עורה כבודי--עורה הנבל וכנור אעירה שחר | 8 |
၈အို ငါ့ဝိညာဉ်၊နိုးထလော့။ ငါ၏စောင်းကြီးစောင်းငယ်တို့၊နိုးထကြလော့။ ငါသည်လည်းနေကိုနိုးထစေမည်။
אודך בעמים אדני אזמרך בלאמים | 9 |
၉အို ဘုရားရှင်၊ ကျွန်တော်မျိုးသည်လူမျိုးတကာတို့၏အလယ်တွင် ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်းပါမည်။ လူမျိုးအပေါင်းတို့၏အလယ်တွင်ကိုယ်တော်ရှင်အား ထောမနာပြုပါမည်။
כי-גדל עד-שמים חסדך ועד-שחקים אמתך | 10 |
၁၀ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် မိုးကောင်းကင်သို့တိုင်အောင်လည်းကောင်း၊ ကိုယ်တော်ရှင်၏သစ္စာတော်သည်အာကာသသို့ တိုင်အောင်လည်းကောင်းရောက်ပါ၏။
רומה על-שמים אלהים על כל-הארץ כבודך | 11 |
၁၁အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏ကြီးမြတ်တော်မူပုံကို မိုးကောင်းကင်တွင်လည်းကောင်း၊ ကိုယ်တော်ရှင်၏ဘုန်းအသရေတော်ကို ကမ္ဘာတစ်ဝန်းလုံးတွင်လည်းကောင်း ပေါ်လွင် ထင်ရှားစေတော်မူပါ။