< תהילים 37 >

לדוד אל-תתחר במרעים אל-תקנא בעשי עולה 1
လူဆိုး တို့အကြောင်းကြောင့် စိတ် မ ပူနှင့်။ မ တရား သဖြင့် ပြု သောသူတို့ကို မ ငြူစူ နှင့်။
כי כחציר מהרה ימלו וכירק דשא יבולון 2
အကြောင်း မူကား၊ သူတို့သည် မ ကြာမမြင့်မှီမြက်ပင် ကဲ့သို့ ရိတ် ခြင်းကိုခံရ၍ ၊ စိမ်း သောပျိုး ပင် ညှိုးနွမ်း သကဲ့သို့ ဖြစ်ရလိမ့်မည်။
בטח ביהוה ועשה-טוב שכן-ארץ ורעה אמונה 3
ထာဝရဘုရား ကို ခိုလှုံ ၍ ၊ ကောင်း သောအကျင့် ကို ကျင့် လော့။ ပြည် တော်၌နေ ၍ ၊ သစ္စာ တရားကို ကျက်စား လော့။
והתענג על-יהוה ויתן-לך משאלת לבך 4
ထာဝရဘုရား ၌ မွေ့လျော် ခြင်းရှိလော့။ သို့ပြုလျှင် ၊ စိတ် နှလုံးအလို ပြည့်စုံရသောအခွင့်ကိုပေး တော်မူ မည်။
גול על-יהוה דרכך ובטח עליו והוא יעשה 5
ကိုယ် အမှု အရာကို ထာဝရဘုရား ၌ အပ် လော့။ ကိုယ်တော် ကို ကိုးစား လော့။ သို့ပြုလျှင် စီရင် တော်မူ မည်။
והוציא כאור צדקך ומשפטך כצהרים 6
သင် ၏ဖြောင့်မတ် ခြင်းအကြောင်းကို အလင်း ကဲ့ သို့၎င်း ၊ တရား သဖြင့်ပြုခြင်းအရာကို မွန်းတည့် ရောင်ခြည် ကဲ့ သို့၎င်း ဘော်ပြ တော်မူမည်။
דום ליהוה-- והתחולל-לו אל-תתחר במצליח דרכו באיש עשה מזמות 7
ထာဝရဘုရား ရှေ့ မှာ ငြိမ်ဝပ် စွာနေ၍ ၊ ကိုယ်တော် ကို ငံ့လင့် လော့။ မိမိ အမှု ၌ အောင် တတ်သောသူ၊ မ ကောင်းသောအကြံအစည်တို့ကို ပြီး စေသောသူ ၏ အကြောင်းကြောင့် စိတ် မ ပူနှင့်။
הרף מאף ועזב חמה אל-תתחר אך-להרע 8
အမျက် မ ထွက်စေနှင့်။ ဒေါသ စိတ်ကို စွန့်ပယ် လော့။ ပြစ်မှား စေခြင်းငှါ တိုက်တွန်းတတ်သောစိတ် မ ရှိစေနှင့်။
כי-מרעים יכרתון וקוי יהוה המה יירשו-ארץ 9
ပြစ်မှား သောသူတို့သည် ပယ်ရှင်း ခြင်းကိုခံရကြ လိမ့်မည်။ ထာဝရဘုရား ကို မြော်လင့် သောသူတို့မူကား ၊ ပြည် တော်ကို အမွေ ခံရကြလိမ့်မည်။
ועוד מעט ואין רשע והתבוננת על-מקומו ואיננו 10
၁၀ခဏ ကြာ ပြီးမှ ၊ မတရား သောသူသည်မ ရှိရ။ သူ ၏နေရာ ကိုစေ့စေ့ရှာ ၍ မ တွေ့ရ။
וענוים יירשו-ארץ והתענגו על-רב שלום 11
၁၁စိတ် နှိမ့်ချသောသူတို့မူကား ၊ ပြည် တော်ကို အမွေခံ ၍ ၊ များပြား သောငြိမ် သက်ခြင်း၌ မွေ့လျော် ကြ လိမ့်မည်။
זמם רשע לצדיק וחרק עליו שניו 12
၁၂မတရား သောသူသည် ဖြောင့်မတ် သော သူတဘက် ၌ ကြံစည် ၍ အံသွား ခဲကြိတ် တတ်၏။
אדני ישחק-לו כי-ראה כי-יבא יומו 13
၁၃သို့သော်လည်းသူ ၏ နေ့ရက်အချိန်ရောက် မည် ကို ဘုရား ရှင်သိမြင် ၍ ၊ သူ့ ကို ပြုံး ရယ်တော်မူ၏။
חרב פתחו רשעים-- ודרכו קשתם להפיל עני ואביון לטבוח ישרי-דרך 14
၁၄မတရား သောသူတို့သည် ဆင်းရဲ ငတ်မွတ် သောသူတို့ ကို လှဲ ချခြင်းငှါ ၎င်း၊ ဖြောင့်မတ် စွာကျင့် သောသူတို့ ကိုသတ် ခြင်းငှါ ၎င်း၊ ထား ကိုထုတ် လျက်၊ လေး ကို တင် လျက် နေတတ်ကြ၏။
חרבם תבוא בלבם וקשתותם תשברנה 15
၁၅သို့သော်လည်း၊ သူ တို့ထား သည် သူ တို့နှလုံး ထဲ သို့ ဝင် လိမ့်မည်။ သူ တို့လေး တို့သည်လည်း ကျိုး ကြလိမ့်မည်။
טוב-מעט לצדיק-- מהמון רשעים רבים 16
၁၆ဖြောင့်မတ် သောသူ၌ နည်း သောဥစ္စာသည် မတရား သောသူကြီးတို့၌ ကြွယ်ဝ သောဥစ္စာထက် သာ၍ ကျေးဇူးရှိ၏။
כי זרועות רשעים תשברנה וסומך צדיקים יהוה 17
၁၇အကြောင်း မူကား၊ မတရား သောသူ၏လက်ရုံး သည် ကျိုး ရလိမ့်မည်။ ဖြောင့်မတ် သောသူကိုကား ၊ ထာဝရဘုရား မစ တော်မူ၏။
יודע יהוה ימי תמימם ונחלתם לעולם תהיה 18
၁၈ဖြောင့်မတ် သောသူတို့၏ နေ့ရက် ကာလကို ထာဝရဘုရား သိ မှတ်တော်မူ၍ ၊ သူ တို့၏ အမွေ ဥစ္စာသည်အစဉ် အမြဲတည် လိမ့်မည်။
לא-יבשו בעת רעה ובימי רעבון ישבעו 19
၁၉သူတို့သည် ခဲယဉ်း သောကာလ ၌ မျက်နှာ မ ပျက်၊ အစာ ခေါင်းပါးသည်ကာလ ၌ ဝ စွာစားရကြ၏။
כי רשעים יאבדו ואיבי יהוה כיקר כרים כלו בעשן כלו 20
၂၀မတရား သောသူတို့မူကား ၊ ပျက်စီး ခြင်းသို့ ရောက်ရကြမည်။ ထာဝရ ဘုရား၏ ရန်သူ တို့သည် ကျက်စား ရာအရပ်၏အသရေ ကဲ့ သို့ဆုံး ၍ ၊ မီးခိုး ဖြစ်လျက် ကွယ်ပျောက် ကြလိမ့်မည်။
לוה רשע ולא ישלם וצדיק חונן ונותן 21
၂၁မတရား သောသူသည် ချေးငှါး ၍ မ ဆပ် ဘဲ နေတတ်၏။ ဖြောင့်မတ် သောသူမူကား ၊ သနား သောစိတ် ရှိ၍ ပေး တတ်၏။
כי מברכיו יירשו ארץ ומקלליו יכרתו 22
၂၂ကောင်းကြီး ပေးတော်မူခြင်းကို ခံရသောသူသည် ပြည် တော်ကို အမွေ ခံရလိမ့်မည်။ ကျိန် တော်မူခြင်း ကို ခံရသောသူမူကား ၊ ပယ်ရှင်း ခြင်းသို့ ရောက်ရ လိမ့်မည်။
מיהוה מצעדי-גבר כוננו ודרכו יחפץ 23
၂၃ကောင်းသောသူ၏ခြေရာ တို့ကို ထာဝရဘုရား သည် ပဲ့ပြင် ၍ ၊ သူ သွားရာလမ်း ကို နှစ်သက် တော်မူ၏။
כי-יפל לא-יוטל כי-יהוה סומך ידו 24
၂၄ထိုသူသည် လဲ သော်လည်း ဆုံး ရာသို့မ ရောက်ရ။ အကြောင်း မူကား၊ ထာဝရဘုရား သည် သူ ၏လက် ကို ကိုင် မတော်မူ၏။
נער הייתי-- גם-זקנתי ולא-ראיתי צדיק נעזב וזרעו מבקש-לחם 25
၂၅ဖြောင့်မတ် သောသူသည် စွန့်ပစ် ခြင်းကိုခံရသည် အကြောင်း၊ သူ ၏သား မြေးတို့သည် တောင်း ၍ စား ရသည်အကြောင်းကို ငါ သည် အသက် ပျိုသည် ကာလမှစ၍ အို သည်တိုင်အောင် မ မြင် စဖူး။
כל-היום חונן ומלוה וזרעו לברכה 26
၂၆သူသည်အစဉ် သနား သောစိတ် ရှိသည်နှင့် ၊ သူတပါးတို့အား ချေးငှါး တတ်သည်ဖြစ်၍ ၊ သူ ၏သား မြေး တို့သည် ကောင်းကြီး မင်္ဂလာကိုခံရကြ၏။
סור מרע ועשה-טוב ושכן לעולם 27
၂၇ဒုစရိုက် ကိုလွှဲရှောင် ၍ သုစရိုက် ကို ပြု လော့။ သို့ပြုလျှင် အစဉ် အမြဲနေ ရလိမ့်မည်။
כי יהוה אהב משפט ולא-יעזב את-חסידיו לעולם נשמרו וזרע רשעים נכרת 28
၂၈ထာဝရဘုရား သည် တရား ကိုနှစ်သက် တော်မူ ၏။ မိမိ သန့်ရှင်း သူတို့ကိုလည်း စွန့် တော်မ မူ။ သူတို့သည် စောင့် မတော်မူခြင်းကို အစဉ် အမြဲခံရကြလိမ့်မည်။ မတရား သောသူ၏ သား မြေးတို့မူကား ၊ ပယ်ရှင်း ခြင်းကိုခံရကြလိမ့်မည်။
צדיקים יירשו-ארץ וישכנו לעד עליה 29
၂၉ဖြောင့်မတ် သောသူတို့သည် ပြည် တော်ကို အမွေ ခံ၍ အစဉ် အမြဲနေ ရကြလိမ့်မည်။
פי-צדיק יהגה חכמה ולשונו תדבר משפט 30
၃၀ဖြောင့်မတ် သောသူ၏နှုတ် သည် ပညာ ကို မြွက်ဆို တတ်၏။ သူ ၏လျှာ သည်လည်း တရား သော စကားကို ပြော ဆိုတတ်၏။
תורת אלהיו בלבו לא תמעד אשריו 31
၃၁ထာဝရဘုရား ၏ တရား တော်သည် သူ ၏ စိတ် နှလုံးထဲ မှာ တည်သည်ဖြစ်၍၊ သူ သွား သောအခါ မ ချော် မလဲရ။
צופה רשע לצדיק ומבקש להמיתו 32
၃၂မတရား သောသူသည် ဖြောင့်မတ် သောသူကို ချောင်းမြောင်း ၍ သတ် ခြင်းငှါ ရှာကြံ တတ်၏။
יהוה לא-יעזבנו בידו ולא ירשיענו בהשפטו 33
၃၃သို့သော်လည်း၊ ထာဝရဘုရား သည် ထိုသူ ၏ လက် ၌ ဖြောင့်မတ် သောသူကို စွန့်ပစ် တော်မူမည်မဟုတ်။ အစစ် ခံရသောအခါ အပြစ် စီရင်တော်မူမည်မဟုတ်။
קוה אל-יהוה ושמר דרכו וירוממך לרשת ארץ בהכרת רשעים תראה 34
၃၄ထာဝရဘုရား ကို မြော်လင့် ၍ ၊ လမ်း တော်ကို ရှောက်သွား လော့။ ပြည် တော်ကို အမွေ ခံရသောအခွင့်နှင့် ချီးမြှောက် တော်မူမည်။ မတရား သောသူတို့ ဆုံးရှုံး ခြင်းကို သင်သည် ကြည့်မြင် ရလိမ့်မည်။
ראיתי רשע עריץ ומתערה כאזרח רענן 35
၃၅မတရား သောသူသည် အစိုး တရပြု၍ ၊ ပေါက် ရင်း အရပ်မှာကြီးပွားသော သစ်ပင် လန်းလန်းရှိသကဲ့သို့ ၊ ကိုယ်ကိုကိုယ်ပြန့်ပွါး စေသည်ကို ငါမြင် ရသော်လည်း၊
ויעבר והנה איננו ואבקשהו ולא נמצא 36
၃၆နောက် တဖန်သူသည် ရွေ့သွား ၍ ကွယ်ပျောက်၏။ သူ့ ကိုလည်း ငါရှာ ၍ မ တွေ့ ရ။
שמר-תם וראה ישר כי-אחרית לאיש שלום 37
၃၇စုံလင် ခြင်းတရားကိုစောင့်ရှောက် လော့။ ဖြောင့်မတ် ခြင်းတရားကို ကြည့်ရှု ဆင်ခြင်လော့။ ထိုသို့ပြုသောသူ သည် အဆုံး ၌ ငြိမ်သက် ခြင်းကို ခံစားရလိမ့်မည်။
ופשעים נשמדו יחדו אחרית רשעים נכרתה 38
၃၈ပြစ်မှား သောသူအပေါင်း တို့သည် ပျက်စီး ခြင်းသို့ ရောက်၍ ၊ မတရား သောသူတို့သည်အဆုံး ၌ပယ်ရှင်း ခြင်းကိုခံရကြလိမ့်မည်။
ותשועת צדיקים מיהוה מעוזם בעת צרה 39
၃၉ဖြောင့်မတ် သောသူတို့၏ ကယ်တင် ခြင်းအမှုကို ထာဝရဘုရား စီရင်တော်မူ၏။ ဘေး ရောက်သည်ကာလ ၌ သူ တို့ခိုလှုံ ရာဖြစ်တော်မူ၏။
ויעזרם יהוה ויפלטם יפלטם מרשעים ויושיעם--כי-חסו בו 40
၄၀ထာဝရဘုရား သည် သူ တို့ကို မစ ကယ် တင်တော်မူ မည်။ ယုံကြည်ခိုလှုံ သောကြောင့် ၊ မတရား သောသူတို့ လက်မှ နှုတ် ယူကယ် တင်တော်မူမည်။

< תהילים 37 >