< תהילים 36 >
למנצח לעבד-יהוה לדוד ב נאם-פשע לרשע בקרב לבי אין-פחד אלהים לנגד עיניו | 1 |
၁ဘုရား သခင်ကို ကြောက်ရွံ့ ရသောအကြောင်းသည် မ တရားသောသူ၏ မျက်စိ ၌ မ ထင်ဟု၊ ထိုသူ ပြု တတ်သော ဒုစရိုက် ကို ငါ ထောက် ၍ သဘော ကျ၏။
כי-החליק אליו בעיניו למצא עונו לשנא | 2 |
၂သူ ၏အပြစ် ကို တွေ့ တော်မမူ၊ ရွံရှာ တော်မမူဟု ကိုယ် မျက်စိ ရှေ့၌ ကိုယ် ကောင်းသော အယောင် ကို ဆောင်တတ်၏။
דברי-פיו און ומרמה חדל להשכיל להיטיב | 3 |
၃သူ ပြော သောစကား သည် အဓမ္မ စကား၊ လှည့်စား သောစကားဖြစ်၏။ ကောင်း သောအကျင့်ကို ကျင့်စေ တတ်သောပညာ ကို စွန့် လေပြီ။
און יחשב--על-משכבו יתיצב על-דרך לא-טוב רע לא ימאס | 4 |
၄အိပ်ရာ ပေါ် မှာ မကောင်း သောအမှုကို ကြံစည် တတ်၏။ မ ကောင်း သော လမ်း သို့ အမြဲလိုက် ၍၊ ဆိုးယုတ် သောအကျင့်ကို ရွံရှာ ခြင်းမ ရှိ။
יהוה בהשמים חסדך אמונתך עד-שחקים | 5 |
၅အိုထာဝရဘုရား ၊ ကရုဏာ တော်သည် ကောင်းကင် သို့ ၎င်း၊ သစ္စာ တော်သည် မိုဃ်း တိမ်သို့ ၎င်း မှီပါ၏။
צדקתך כהררי-אל--משפטיך תהום רבה אדם ובהמה תושיע יהוה | 6 |
၆ဖြောင့်မတ် တော်မူခြင်းတရားသည် ကြီးမား စွာ သောတောင်ရိုး နှင့် တူ ပါ၏။ တရား စီရင်တော်မူချက် တို့သည် အလွန် နက်နဲ ရာ ဖြစ်ကြပါ၏။ အိုထာဝရဘုရား ၊ ကိုယ်တော်သည် လူ မျိုးနှင့် တိရစ္ဆာန် မျိုးကို စောင့်မ တော်မူ ၏။
מה-יקר חסדך אלהים ובני אדם--בצל כנפיך יחסיון | 7 |
၇အိုဘုရား သခင်၊ ကရုဏာ တော်သည် အလွန် မြတ်နိုး ဘွယ်ဖြစ်ပါ၏။ ထိုကြောင့် လူ သား တို့သည် အတောင် တော်အရိပ် ကို ခိုလှုံ လျက်နေရကြပါ၏။
ירוין מדשן ביתך ונחל עדניך תשקם | 8 |
၈အိမ် တော်၏ကြွယ်ဝ ခြင်းနှင့် ရောင့်ရဲ လျက် နေ၍ ၊ ကိုယ်တော် ၏ချမ်းသာ မြစ် ရေကို သောက် စေခြင်းငှါအခွင့်ပေးတော်မူ၏။
כי-עמך מקור חיים באורך נראה-אור | 9 |
၉အကြောင်း မူကား၊ ကိုယ်တော် ထံ မှာအသက် စမ်းရေ တွင်းရှိပါ၏။ အလင်း တော်ထဲ မှာ အကျွန်ုပ်တို့ သည် အလင်း ကို ရ ကြပါ၏။
משך חסדך לידעיך וצדקתך לישרי-לב | 10 |
၁၀ကိုယ်တော် ကို သိ သောသူတို့အား ၊ ကရုဏာ တော်ကို၎င်း၊ သဘော ဖြောင့် သောသူတို့အား ဖြောင့်မတ် တော်မူခြင်း တရားကို၎င်း တည် မြဲတည်စေတော်မူပါ။
אל-תבואני רגל גאוה ויד-רשעים אל-תנדני | 11 |
၁၁မာန ၏ခြေ သည် အကျွန်ုပ် ကို မ နင်း ပါစေနှင့်။ မတရား သောသူတို့သည် အကျွန်ုပ် ကို နေရာ မ ရွေ့ကြ ပါစေနှင့်။
שם נפלו פעלי און דחו ולא-יכלו קום | 12 |
၁၂ဒုစရိုက် ကို ပြု သောသူတို့သည် ထို အရပ်၌ပင် လဲ လျက်နေရကြပါ၏။ လှဲ ခြင်းကို ခံရသောကြောင့်၊ တဖန် ထ ခြင်းငှါမ တတ် နိုင်ကြပါ။