< תהילים 20 >
למנצח מזמור לדוד ב יענך יהוה ביום צרה ישגבך שם אלהי יעקב | 1 |
၁ဘေးအန္တရာယ်ရောက်သောကာလ၌၊ ထာဝရ ဘုရားသည် ကိုယ်တော်စကားကို နားထောင်၍၊ ယာကုပ် ၏ ဘုရားသခင်နာမတော်သည် ချီးမြှောက်တော်မူပါစေ သော။
ישלח-עזרך מקדש ומציון יסעדך | 2 |
၂သန့်ရှင်းရာဌာနတော်ထဲက ကူညီ၍၊ ဇိအုန် တောင်ပေါ်က ထောက်ပင့်တော်မူပါစေသော။
יזכר כל-מנחתך ועולתך ידשנה סלה | 3 |
၃ကိုယ်တော်၏ ပူဇော်သက္ကာအလုံးစုံတို့ကို အောက်မေ့၍၊ မီးရှို့သောယဇ်ကို လက်ခံတော်မူပါစေ သော။
יתן-לך כלבבך וכל-עצתך ימלא | 4 |
၄ကိုယ်တော်၏ စိတ်အလိုရှိသည်အတိုင်း ပေး သနား၍၊ အကြံအစည်တော်ရှိသမျှတို့ကို ပြည့်စုံစေခြင်းငှါ ပြုတော်မူပါစေသော။
נרננה בישועתך-- ובשם-אלהינו נדגל ימלא יהוה כל-משאלותיך | 5 |
၅ကိုယ်တော်၏ ကယ်တင်ခြင်းကြောင့် အကျွန်ုပ် တို့သည် ဝမ်းမြောက်၍၊ အကျွန်ုပ်တို့ ဘုရားသခင်၏ အခွင့်နှင့် အလံကို ထူကြလိမ့်မည်။ ထာဝရဘုရားသည် ကိုယ်တော်ဆုတောင်းသမျှအတိုင်း ကျေးဇူးပြု တော်မူပါ စေသော။
עתה ידעתי-- כי הושיע יהוה משיחו יענהו משמי קדשו-- בגברות ישע ימינו | 6 |
၆ထာဝရဘုရားပေးတော်မူ၍ ဘိသိက်ခံသောသူ အား၊ ကယ်တင်တော်မူကြောင်းကို၎င်း၊ လက်ျာလက်တော် ကယ်တင်ခြင်း အစွန်းနှင့် ထိုသူ၏ စကားကိုသန့်ရှင်း သော ကောင်းကင်ပေါ်မှာ နားထောင်တော်မူကြောင်းကို၎င်း ယခုငါသိ၏။
אלה ברכב ואלה בסוסים ואנחנו בשם-יהוה אלהינו נזכיר | 7 |
၇အချို့သောသူတို့သည် ရထားကို၎င်း၊ အချို့တို့ သည် မြင်းကို၎င်း၊ ချီးမွမ်းတတ်ကြ၏။ ငါတို့မူကား၊ ငါတို့ဘုရားသခင်တည်းဟူသော ထာဝရဘုရား၏ နာမ တော်ကို ချီးမွမ်းကြလိမ့်မည်။
המה כרעו ונפלו ואנחנו קמנו ונתעודד | 8 |
၈သူတို့သည်နှိမ့်ချ၍ လဲလျက်ရှိကြ၏။ ငါတို့မူကား၊ ထ၍ မတ်တတ်နေကြ၏။ အိုထာဝရ ဘုရား၊ မင်းကြီးကို ကယ်တင်တော်မူပါ။
יהוה הושיעה המלך יעננו ביום-קראנו | 9 |
၉အကျွန်ုပ်တို့ခေါ်သောအခါ နားထောင်တော် မူပါ။