< תהילים 145 >

תהלה לדוד ארוממך אלוהי המלך ואברכה שמך לעולם ועד 1
အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်ချီးမြှောက်ပါမည်။ ကမ္ဘာအဆက်ဆက် နာမတော်ကို ကောင်းကြီးပေးပါမည်။
בכל-יום אברכך ואהללה שמך לעולם ועד 2
ကိုယ်တော်ကို နေ့တိုင်းအစဉ်ကောင်းကြီး ပေးပါမည်။ နာမတော်ကို ကမ္ဘာအဆက်ဆက် ချီးမွမ်း ပါမည်။
גדול יהוה ומהלל מאד ולגדלתו אין חקר 3
ထာဝရဘုရားသည် ကြီးမြတ်၍ အလွန်ချီးမွမ်း ဘွယ်ဖြစ်တော်မူ၏။ ကြီးမြတ်တော်မူခြင်းကို စစ်၍ မကုန်နိုင်။
דור לדור ישבח מעשיך וגבורתיך יגידו 4
အမှုတော်တို့ကို လူမျိုးအဆက်ဆက်တို့သည် ချီးမွမ်း၍၊ တန်ခိုးတော်များကိုဟောပြောကြပါလိမ့်မည်။
הדר כבוד הודך-- ודברי נפלאתיך אשיחה 5
အကျွန်ုပ်သည်လည်း ဘုန်းတန်ခိုးအာနုဘော် တော်ကို၎င်း၊ အံ့ဘွယ်သော အမှုတော်တို့ကို၎င်း မြွက်ဆို ပါမည်။
ועזוז נוראתיך יאמרו וגדלותיך (וגדלתך) אספרנה 6
သူတို့သည် ကြောက်မတ်ဘွယ်သော အမှုတော် တို့၌ပါသော တန်ခိုးကို မြွက်ဆို၍၊ အကျွန်ုပ်သည်လည်း၊ ကြီးမြတ်တော်မူခြင်းအကြောင်းကို ကြားပြောပါမည်။
זכר רב-טובך יביעו וצדקתך ירננו 7
သူတို့သည် အလွန်ကောင်းမြတ်တော်မူခြင်းကို အောက်မေ့ဘို့ရာ မြွက်ဆို၍၊ ဖြောင့်မတ်တော်မူခြင်း အရာကို ရွှင်လန်းစွာ သီချင်းဆိုကြပါလိမ့်မည်။
חנון ורחום יהוה ארך אפים וגדל-חסד 8
ထာဝရဘုရားသည် ကျေးဇူးပြုတတ်သော သဘော၊ သနားစုံမက် တတ်သောသဘောနှင့်ပြည့်စုံ၍၊ ခန္တီတော်နှင့်ကရုဏာတော်သည် အလွန်ကြွယ်ဝပါ၏။
טוב-יהוה לכל ורחמיו על-כל-מעשיו 9
ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုချင်သော သဘောရှိ၍၊ ဖန်ဆင်းတော်မူသမျှ တို့ကို သနားစုံမက်တော်မူ၏။
יודוך יהוה כל-מעשיך וחסידיך יברכוכה 10
၁၀အိုထာဝရဘုရား၊ ဖန်ဆင်းတော်မူသမျှတို့သည် ဂုဏ်တော်တို့ကို ပြ၍၊ ကိုယ်တော်၏ သန့်ရှင်း သူတို့သည် ကောင်းကြီးပေးကြ ပါ၏။
כבוד מלכותך יאמרו וגבורתך ידברו 11
၁၁နိုင်ငံတော်၏ဘုန်းကို၎င်း၊ တန်ခိုးတော်ကို၎င်း ဟောပြောမြွက်ဆိုသဖြင့်၊
להודיע לבני האדם--גבורתיו וכבוד הדר מלכותו 12
၁၂တန်ခိုးပါသောအမှုတော်များနှင့် နိုင်ငံတော်၏ ဘုန်းအသရေများကို လူသားတို့အား ဘော်ပြကြပါ၏။
מלכותך מלכות כל-עלמים וממשלתך בכל-דור ודר 13
၁၃ကိုယ်တော်၏နိုင်ငံသည် နိစ္စထာဝရနိုင်ငံဖြစ်၍၊ အာဏာတော် သည်ကာလအစဉ်အဆက် တည်ရပါ၏။ ထာဝရဘုရားသည် လဲသောသူရှိသမျှတို့ကို ထောက်မ တော်မူ၏။
סומך יהוה לכל-הנפלים וזוקף לכל-הכפופים 14
၁၄နှိမ့်ချသောသူအပေါင်းတို့ကို ကြွပင့်တော်မူ၏။
עיני-כל אליך ישברו ואתה נותן-להם את-אכלם בעתו 15
၁၅ခပ်သိမ်းသော သတ္တဝါတို့သည် ကိုယ်တော်ကို မျှော်ကြည့်ကြ၍၊ အချိန်တန်မှသူတို့ကို ကျွေးမွေးတော် မူ၏။
פותח את-ידך ומשביע לכל-חי רצון 16
၁၆လက်တော်ကိုဖွင့်၍၊ အသက်ရှင်သောသတ္တဝါ အပေါင်းတို့ကို ရောင့်ရဲစေတော်မူ၏။
צדיק יהוה בכל-דרכיו וחסיד בכל-מעשיו 17
၁၇ထာဝရဘုရား၏ လမ်းခရီးတော်ရှိသမျှတို့သည် ဖြောင့်မတ်၍၊ ခပ်သိမ်းသော အမှုတော်တို့သည် သန့်ရှင်း ကြပါ၏။
קרוב יהוה לכל-קראיו-- לכל אשר יקראהו באמת 18
၁၈ထာဝရဘုရားသည် ပဌနာပြုသောသူအပေါင်း၊ သစ္စာနှင့်တကွ ပဌနာပြုသော သူအပေါင်း တို့၏ အနီးအပါးရှိတော်မူ၏။
רצון-יראיו יעשה ואת-שועתם ישמע ויושיעם 19
၁၉ကြောက်ရွံ့သောသူတို့၏ အလိုကို ပြည့်စုံစေ တော်မူ၏။ ထိုသူတို့၏အော်ဟစ်ခြင်းကို ကြား၍ ကယ်တင်တော်မူ၏။
שומר יהוה את-כל-אהביו ואת כל-הרשעים ישמיד 20
၂၀ထာဝရဘုရားသည် ကြည်ညိုသည် သူအပေါင်း တို့ကို စောင့်မတော်မူ၏။ မတရားသော သူအပေါင်းတို့ကို ကား၊ ဖျက်ဆီးတော်မူမည်။
תהלת יהוה ידבר-פי ויברך כל-בשר שם קדשו--לעולם ועד 21
၂၁ထာဝရဘုရားကို ချီးမွမ်းလျက်ငါမြွက်ဆိုမည်။ ခပ်သိမ်းသော လူတို့သည် သန့်ရှင်းသော နာမတော်ကို ကမ္ဘာအဆက်ဆက်ကောင်းကြီးပေးကြစေ။

< תהילים 145 >