< תהילים 110 >
לדוד מזמור נאם יהוה לאדני--שב לימיני עד-אשית איביך הדם לרגליך | 1 |
၁ထာဝရဘုရားက ``ငါသည်သင်၏ရန်သူများကိုသင်၏ ခြေတင်ခုံဖြစ်စေမည်။ ယင်းသို့မဖြစ်မီကာလငါ၏လက်ယာဘက် တွင် ထိုင်နေလော့'' ဟု ငါ၏အရှင်မင်းမြတ်အားမိန့်တော်မူ၏။
מטה-עזך--ישלח יהוה מציון רדה בקרב איביך | 2 |
၂ထာဝရဘုရားသည်အရှင်၏ရာဇအာဏာ ကို ဇိအုန်မြို့မှနေရာအနှံ့အပြားသို့တိုင်အောင် တည်စေတော်မူလိမ့်မည်။ ကိုယ်တော်ကအရှင့်အား``သင်၏ရန်သူတို့ကို အုပ်စိုးလော့'' ဟုမိန့်တော်မူ၏။
עמך נדבת ביום חילך בהדרי-קדש מרחם משחר לך טל ילדתיך | 3 |
၃ရန်သူတို့အားအရှင်မင်းကြီးတိုက်ခိုက် တော်မူသောနေ့၌ အရှင်၏ပြည်သားတို့သည်အလိုအလျောက် ကိုယ်တော်နှင့်လိုက်ပါချီတက်ကြပါလိမ့်မည်။ နံနက်ချိန်၌ကျသည့်ဆီးနှင်းကဲ့သို့သန်စွမ်း သော လူငယ်လူရွယ်အမြောက်အမြားသည် အရှင်မင်းကြီးရှိရာသန့်ရှင်းမြင့်မြတ်သည့် တောင်ပေါ်သို့ရောက်ရှိကြပါလိမ့်မည်။
נשבע יהוה ולא ינחם-- אתה-כהן לעולם על-דברתי מלכי-צדק | 4 |
၄``သင်သည်ယဇ်ပုရောဟိတ်မင်းမေလခိ ဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်လိမ့်မည်'' ဟု ထာဝရဘုရားသခင်သည်ကျိန်ဆို ကတိပေးတော်မူသည်ဖြစ်ရာ ထိုကတိတော်ကိုပြန်လည်ရုပ်သိမ်းတော်မူ လိမ့်မည် မဟုတ်ပါ။
אדני על-ימינך מחץ ביום-אפו מלכים | 5 |
၅ဘုရားရှင်သည်အရှင်မင်းကြီး၏လက်ယာ ဘက်တွင် ရှိတော်မူပါ၏။ အမျက်ထွက်တော်မူရာနေ့ရက်၌ကိုယ်တော် သည် ဘုရင်အပေါင်းတို့ကိုနှိမ်နင်းတော်မူလိမ့်မည်။
ידין בגוים מלא גויות מחץ ראש על-ארץ רבה | 6 |
၆လူမျိုးတကာတို့ကိုတရားစီရင်တော်မူ ရာတွင် စစ်တလင်းကိုလူသေကောင်များနှင့် ပြည့်နှက်စေတော်မူလိမ့်မည်။ ကမ္ဘာတစ်ဝှမ်းလုံးရှိဘုရင်တို့ကို နှိမ်နင်းတော်မူလိမ့်မည်။
מנחל בדרך ישתה על-כן ירים ראש | 7 |
၇မင်းကြီးသည်လမ်းအနီးရှိစမ်းချောင်းမှ ရေကိုသောက်လျက်အားအင်ပြည့်တင်းလာကာ အောင်ပွဲကိုခံတော်မူလိမ့်မည်။