< תהילים 107 >
הדו ליהוה כי-טוב כי לעולם חסדו | 1 |
၁``ထာဝရဘုရားသည်ကောင်းမြတ်တော်မူသည် ဖြစ်၍ ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်၏'' ဟု
יאמרו גאולי יהוה-- אשר גאלם מיד-צר | 2 |
၂ရန်သူတို့လက်မှကယ်ဆယ်တော်မူ၍ အရှေ့အနောက်တောင်မြောက်ရှိတိုင်းတစ်ပါးမှ ပြန်ခေါ်ဆောင်တော်မူခြင်းကို ခံရသောသူတို့သည်ချီးမွမ်းကြစေ။
ומארצות קבצם ממזרח וממערב מצפון ומים | 3 |
၃
תעו במדבר בישימון דרך עיר מושב לא מצאו | 4 |
၄လူအချို့တို့သည်လမ်းမရှိသည့်သဲကန္တာရ တွင် လှည့်လည်လျက်နေခဲ့ကြ၏။ သူတို့သည်မိမိတို့နေထိုင်စရာမြို့သို့သွားရာ လမ်းကိုရှာ၍မတွေ့ကြ။
רעבים גם-צמאים-- נפשם בהם תתעטף | 5 |
၅သူတို့သည်အစာငတ်ရေငတ်ကြလျက် စိတ်ပျက်အားလျော့ကြ၏။
ויצעקו אל-יהוה בצר להם ממצוקותיהם יצילם | 6 |
၆သူတို့သည်ဒုက္ခရောက်ကြသဖြင့် ထာဝရဘုရားထံအော်ဟစ်ကြရာ ကိုယ်တော်သည်သူတို့အားဒုက္ခမှကယ်တော် မူ၏။
וידריכם בדרך ישרה-- ללכת אל-עיר מושב | 7 |
၇ကိုယ်တော်သည်သူတို့နေထိုင်ရန်မြို့သို့လမ်း ဖြောင့်ဖြင့် ပို့ဆောင်တော်မူ၏။
יודו ליהוה חסדו ונפלאותיו לבני אדם | 8 |
၈သူတို့သည်ထာဝရဘုရား၏ခိုင်မြဲသော မေတ္တာတော်အတွက်လည်းကောင်း၊ မိမိတို့အားပြုတော်မူသောအံ့သြဖွယ်ရာများ အတွက်လည်းကောင်း ကျေးဇူးတော်ကိုချီးမွမ်းထောမနာပြုရ ကြပေမည်။
כי-השביע נפש שקקה ונפש רעבה מלא-טוב | 9 |
၉ကိုယ်တော်သည်ရေငတ်သူတို့အား ရေငတ်ပြေစေတော်မူ၏။ ဆာလောင်မွတ်သိပ်သူတို့အားကောင်းသော အရာများနှင့်ဝစေတော်မူ၏။
ישבי חשך וצלמות אסירי עני וברזל | 10 |
၁၀အချို့သောသူတို့သည်မှောင်မိုက်အတိဖုံးလွှမ်းရာ အရပ်၌နေထိုင်ရလျက်သံကြိုးဖြင့် ချည်နှောင်ခြင်းခံရလျက်ဒုက္ခခံရကြ၏။
כי-המרו אמרי-אל ועצת עליון נאצו | 11 |
၁၁အဘယ်ကြောင့်ဆိုသော်သူတို့သည်ဘုရားသခင်၏ အမိန့်တော်ကိုဖီဆန်၍ အနန္တတန်ခိုးရှင်၏ညွှန်ကြားချက်များကို ပစ်ပယ်ကြသောကြောင့်ဖြစ်၏။
ויכנע בעמל לבם כשלו ואין עזר | 12 |
၁၂သူတို့သည်ပင်ပန်းစွာအလုပ်လုပ်ရကြသဖြင့် အားအင်ကုန်ခန်းရကြ၏။ လဲကျသော်လည်းသူတို့အားထူမမည့်သူ တစ်စုံတစ်ယောက်မျှမရှိ။
ויזעקו אל-יהוה בצר להם ממצקותיהם יושיעם | 13 |
၁၃သူတို့သည်ဒုက္ခရောက်ကြသဖြင့်ထာဝရ ဘုရားထံ အော်ဟစ်ကြရာ ကိုယ်တော်သည်သူတို့အားဒုက္ခမှကယ်တော်မူ၏။
יוציאם מחשך וצלמות ומוסרותיהם ינתק | 14 |
၁၄ကိုယ်တော်သည်သူတို့အားမှောင်မိုက်အတိ ဖုံးလွှမ်းရာ အရပ်မှထုတ်ဆောင်တော်မူ၍ သူတို့အားချည်နှောင်ထားသည့်သံကြိုး များကို အပိုင်းပိုင်းဖြတ်တော်မူ၏။
יודו ליהוה חסדו ונפלאותיו לבני אדם | 15 |
၁၅သူတို့သည်ထာဝရဘုရား၏ခိုင်မြဲသော မေတ္တာတော်အတွက်လည်းကောင်း၊မိမိတို့အား ပြုတော်မူသောအံ့သြဖွယ်ရာများအတွက် လည်းကောင်း ကျေးဇူးတော်ကိုချီးမွမ်းရပေမည်။
כי-שבר דלתות נחשת ובריחי ברזל גדע | 16 |
၁၆ကိုယ်တော်သည်ကြေးတံခါးများကိုချိုး၍ သံကန့်လန့်များကိုအပိုင်းပိုင်းဖြတ်တော်မူ၏။
אולים מדרך פשעם ומעונתיהם יתענו | 17 |
၁၇အချို့သောသူတို့သည်မိမိတို့၏အပြစ်များ ကြောင့် ဖျားနာရကြ၏။ မိမိတို့၏ဒုစရိုက်များကြောင့်ဆင်းရဲဒုက္ခ ရောက်ရကြ၏။
כל-אכל תתעב נפשם ויגיעו עד-שערי מות | 18 |
၁၈သူတို့သည်အစားအစာကိုပင်ကြည့်ချင်စိတ် မရှိတော့ဘဲ သေမင်း၏တံခါးဝအနီးသို့ရောက်ရကြ၏။
ויזעקו אל-יהוה בצר להם ממצקותיהם יושיעם | 19 |
၁၉ထိုအခါသူတို့သည်ဒုက္ခရောက်ကြသဖြင့် ထာဝရဘုရားထံအော်ဟစ်ကြရာ ကိုယ်တော်သည်သူတို့အားဒုက္ခမှကယ်တော်မူ၏။
ישלח דברו וירפאם וימלט משחיתותם | 20 |
၂၀ကိုယ်တော်သည်အမိန့်တော်ပေး၍သူတို့အား ရောဂါပျောက်ကင်းစေတော်မူပြီးလျှင် သင်္ချိုင်းတွင်းမှကယ်တော်မူ၏။
יודו ליהוה חסדו ונפלאותיו לבני אדם | 21 |
၂၁သူတို့သည်ထာဝရဘုရား၏ခိုင်မြဲသော မေတ္တာတော်အတွက်လည်းကောင်း၊ မိမိတို့အားပြုတော်မူသောအံ့သြဖွယ် ရာများ အတွက်လည်းကောင်း ကျေးဇူးတော်ကိုချီးမွမ်းကြရပေမည်။
ויזבחו זבחי תודה ויספרו מעשיו ברנה | 22 |
၂၂သူတို့သည်ယဇ်ပူဇော်သကာဖြင့်ကိုယ်တော်၏ ကျေးဇူးတော်ကိုချီးမွမ်းကြရပေမည်။ ဝမ်းမြောက်စွာသီချင်းဆိုလျက် ကိုယ်တော်ပြုတော်မူသောအမှုတော်တို့ကို ဖော်ပြရကြပေမည်။
] יורדי הים באניות עשי מלאכה במים רבים | 23 |
၂၃လူအချို့တို့သည်သမုဒ္ဒရာတွင်သင်္ဘောလွှင့်၍ ကူးသန်းသွားလာလျက်အသက်မွေးဝမ်းကျောင်း ရှာကြ၏။
] המה ראו מעשי יהוה ונפלאותיו במצולה | 24 |
၂၄သူတို့သည်ထာဝရဘုရားပြုတော်မူသော အမှုတော်များ၊ပင်လယ်တွင်ပြတော်မူသော အံ့သြဖွယ်ရာများကိုမြင်တွေ့ရကြ၏။
] ויאמר--ויעמד רוח סערה ותרומם גליו | 25 |
၂၅ကိုယ်တော်အမိန့်ပေးတော်မူသောအခါ လေပြင်းမုန်တိုင်းကျရောက်လာ၍ လှိုင်းတံပိုးများထလေ၏။
] יעלו שמים ירדו תהומות נפשם ברעה תתמוגג | 26 |
၂၆သင်္ဘောများသည်လေထဲသို့မြောက်၍သွားကြ ပြီးနောက် ရေထဲသို့ထိုးဆင်းသွားကြ၏။ ယင်းသို့သေဘေးနှင့်တွေ့ကြုံရကြသဖြင့် လူတို့သည်ထိတ်လန့်တုန်လှုပ်ကြကုန်၏။
] יחוגו וינועו כשכור וכל-חכמתם תתבלע | 27 |
၂၇သူတို့သည်အရက်မူးသူများကဲ့သို့ယိမ်းယိုင် လဲကျကြကုန်၏။ သူတို့၏ကျွမ်းကျင်မှုသည်အချည်းနှီးပင်ဖြစ်၏။
] ויצעקו אל-יהוה בצר להם וממצוקתיהם יוציאם | 28 |
၂၈ထိုအခါသူတို့သည်ဒုက္ခရောက်ကြသဖြင့် ထာဝရဘုရားထံအော်ဟစ်ကြရာ ကိုယ်တော်သည်သူတို့အားဒုက္ခမှကယ်တော် မူ၏။
יקם סערה לדממה ויחשו גליהם | 29 |
၂၉ကိုယ်တော်သည်လေမုန်တိုင်းကိုရပ်စဲစေတော် မူသဖြင့် လှိုင်းတံပိုးတို့သည်ငြိမ်သက်လေ၏။
וישמחו כי-ישתקו וינחם אל-מחוז חפצם | 30 |
၃၀ယင်းသို့လေငြိမ်သဖြင့်သူတို့သည် ဝမ်းမြောက်ကြကုန်၏။ ကိုယ်တော်သည်သူတို့သွားလိုရာသင်္ဘောဆိပ်မြို့သို့ ဘေးမဲ့လုံခြုံစွာပို့ဆောင်တော်မူ၏။
יודו ליהוה חסדו ונפלאותיו לבני אדם | 31 |
၃၁သူတို့သည်ထာဝရဘုရား၏ခိုင်မြဲသော မေတ္တာတော်အတွက်လည်းကောင်း၊ မိမိတို့အတွက်ပြုတော်မူသော အံ့သြဖွယ်ရာများအတွက်လည်းကောင်း ကျေးဇူးတော်ကိုချီးမွမ်းကြရပေမည်။
וירוממוהו בקהל-עם ובמושב זקנים יהללוהו | 32 |
၃၂သူတို့သည်ကိုယ်တော်ကြီးမြတ်တော်မူပုံကို လူတို့ စုဝေးရာအရပ်၌ထုတ်ဖော်ကြေညာကြရပေမည်။ ခေါင်းဆောင်များအစည်းအဝေး၌ကိုယ်တော်ကို ထောမနာပြုကြရပေမည်။
ישם נהרות למדבר ומצאי מים לצמאון | 33 |
၃၃ထာဝရဘုရားသည်မြစ်များကိုလုံးဝ ခန်းခြောက်စေတော်မူ၏။ စမ်းချောင်းများကိုလည်းဆို့ပိတ်၍ထားတော်မူ၏။
ארץ פרי למלחה מרעת יושבי בה | 34 |
၃၄ပြည်သူတို့၏ယုတ်မာမှုကြောင့်ကိုယ်တော်သည် မြေကောင်းမြေသန့်ကို အသုံးမဝင်သည့်ဆားမြေအဖြစ်သို့ ပြောင်းလဲစေတော်မူ၏။
ישם מדבר לאגם-מים וארץ ציה למצאי מים | 35 |
၃၅ကိုယ်တော်သည်သဲကန္တာရများကိုရေအိုင်များ အဖြစ်သို့လည်းကောင်း၊ ခြောက်သွေ့သည့်ဒေသများကိုစမ်းရေပေါက် အဖြစ်သို့လည်းကောင်းပြောင်းလဲစေတော်မူ၏။
ויושב שם רעבים ויכוננו עיר מושב | 36 |
၃၆ထိုဒေသတွင်အစာငတ်မွတ်သူတို့အား နေထိုင်ခွင့်ပေးတော်မူ၏။ သူတို့သည်လည်းမိမိတို့နေထိုင်ရန်မြို့ကို တည်ကြ၏။
ויזרעו שדות ויטעו כרמים ויעשו פרי תבואה | 37 |
၃၇သူတို့သည်လယ်ယာလုပ်ကိုင်ကာစပျစ်ပင် များကို စိုက်ပျိုးကြ၏။ ယင်းတို့သည်များစွာသောအသီးအနှံ တို့ကိုဆောင်ကုန်၏။
ויברכם וירבו מאד ובהמתם לא ימעיט | 38 |
၃၈ကိုယ်တော်သည်မိမိလူစုတော်ကို ကောင်းချီးပေးတော်မူသဖြင့်သူတို့သည် သားသမီးများစွာရရှိကြ၏။ ကိုယ်တော်သည်သူတို့၏နွားအုပ်များကိုလည်း မယုတ်မလျော့စေရန်စောင့်ရှောက်တော်မူ၏။
וימעטו וישחו-- מעצר רעה ויגון | 39 |
၃၉ဘုရားသခင်၏လူစုတော်သည်ရက်စက်စွာ ဖိစီးနှိပ်စက်မှုနှင့်ဆင်းရဲဒုက္ခများကြောင့် အရေးရှုံးနိမ့်ကာအရှက်တကွဲဖြစ်ရကြ သောအခါ
] שפך בוז על-נדיבים ויתעם בתהו לא-דרך | 40 |
၄၀ကိုယ်တော်သည်ယင်းသို့ဖိစီးနှိပ်စက်သူများအား စက်ဆုပ်ရွံရှာ၍ လမ်းမရှိသည့်သဲကန္တာရတွင်လှည့်လည် သွားလာစေတော်မူ၏။
וישגב אביון מעוני וישם כצאן משפחות | 41 |
၄၁သို့ရာတွင်ကိုယ်တော်သည်ချို့တဲ့နွမ်းပါးသူ တို့ကို ဆင်းရဲဒုက္ခမှကယ်ဆယ်တော်မူ၍ သူတို့၏အိမ်ထောင်စုများကိုသိုးအုပ်များ သဖွယ် တိုးပွားစေတော်မူ၏။
יראו ישרים וישמחו וכל-עולה קפצה פיה | 42 |
၄၂သူတော်ကောင်းတို့သည်ဤအခြင်းအရာကို မြင်၍ဝမ်းမြောက်ကုန်၏။ သူယုတ်မာအပေါင်းတို့သည်ကားနှုတ်ပိတ်၍ နေရကြ၏။
מי-חכם וישמר-אלה ויתבוננו חסדי יהוה | 43 |
၄၃အသိပညာရှိသူတို့သည်ဤအမှုအရာ တို့ကို နှလုံးသွင်း၍ ထာဝရဘုရား၏ခိုင်မြဲသောမေတ္တာတော် အကြောင်းကိုစဉ်းစားဆင်ခြင်ကြစေ။