< מִשְׁלֵי 7 >
בני שמר אמרי ומצותי תצפן אתך | 1 |
၁ငါ့ သား ၊ ငါ့ စကား ကို စေ့စေ့ နားထောင်၍ ၊ ငါ့ ပညတ် တို့ကို သင် ၌ သိုထား လော့။
שמר מצותי וחיה ותורתי כאישון עיניך | 2 |
၂ငါ့ ပညတ် တို့ကို စောင့်ရှောက် ၍ အသက်ရှင် လော့။ ငါ ပေးသောတရား ကို ကိုယ် မျက် ဆန် ကဲ့သို့ စောင့်လော့။
קשרם על-אצבעתיך כתבם על-לוח לבך | 3 |
၃သင် ၏လက် ချောင်းတို့၌ ချည် ထား၍၊ သင် ၏ နှလုံး အင်း စာရင်း၌ ရေးမှတ် လော့။
אמר לחכמה אחתי את ומדע לבינה תקרא | 4 |
၄ပညာ ကို ကိုယ် နှမ ဟူ၍၎င်း၊ ဉာဏ် ကို ကိုယ် ပေါက်ဘော် ဟူ၍၎င်း ခေါ် လော့။
לשמרך מאשה זרה מנכריה אמריה החליקה | 5 |
၅သို့ပြုလျှင်သူတို့သည် အမျိုး ပျက်သောမိန်းမ ၊ နှုတ် နှင့် ချော့မော့ တတ်သော ပြည်တန်ဆာ မိန်းမလက်မှ သင့် ကို ကယ်တင် ကြလိမ့်မည်။
כי בחלון ביתי-- בעד אשנבי נשקפתי | 6 |
၆ငါ့ အိမ် ပြတင်း ရွက်ကြားမှ ငါ ကြည့် ၍မြင်ရသောအမှု ဟူမူကား၊
וארא בפתאים אבינה בבנים-- נער חסר-לב | 7 |
၇ဉာဏ် တိမ်သော အမျိုးသားချင်း စုကို ငါကြည့်ရှု စဉ်တွင်၊ ဉာဏ် မ ရှိသော လူ ပျို တယောက်သည်၊
עבר בשוק אצל פנה ודרך ביתה יצעד | 8 |
၈ထိုသို့သော မိန်းမ နေရာလမ်း ထောင့် အနား သို့ ရှောက်သွား သဖြင့် ၊
בנשף-בערב יום באישון לילה ואפלה | 9 |
၉မိုဃ်းချုပ် ၍ ညဦး အချိန် ၊ ညဉ့် နက် သော အချိန် ရောက်သောအခါ ၊ ထိုမိန်းမ နေရာ လမ်း သို့ လိုက် လေ၏။
והנה אשה לקראתו שית זונה ונצרת לב | 10 |
၁၀ပြည်တန်ဆာ အဝတ်ကိုဝတ်၍ ၊ ဆန်းပြားသော မိန်းမ သည် ထိုသူ ကို ကြိုဆို ၏။
המיה היא וסררת בביתה לא-ישכנו רגליה | 11 |
၁၁ထို မိန်းမသည် ကျယ် သောအသံနှင့် ခိုင်မာ သောစိတ် သဘောရှိ၏။ ကိုယ် အိမ် ၌ မ နေ ၊ လည် တတ်၏။
פעם בחוץ--פעם ברחבות ואצל כל-פנה תארב | 12 |
၁၂ခဏ အိမ် ပြင်၊ ခဏ လမ်း ထဲမှာနေလျက် ၊ လမ်း ထောင့် အရပ်ရပ် ၌ ချောင်းမြောင်း ၍ကြည့်တတ်၏။
והחזיקה בו ונשקה לו העזה פניה ותאמר לו | 13 |
၁၃ထို လူပျိုကို တွေ့သောအခါ၊ ရဲ သောမျက်နှာ နှင့် ဘမ်း ဘက်နမ်းရှုပ် လျက်၊
זבחי שלמים עלי היום שלמתי נדרי | 14 |
၁၄ငါ ၌ မိဿဟာယ ပူဇော် သက္ကာရှိ၏။ ယနေ့ ငါ့ ဂတိ ဝတ်ကို ငါဖြေ ပြီ။
על-כן יצאתי לקראתך לשחר פניך ואמצאך | 15 |
၁၅ထိုကြောင့် သင့် ကို ကြိုဆို အံ့သောငှါ ငါထွက် လာပြီ။ သင့် မျက်နှာ ကို ကြိုးစားရှာ ၍ တွေ့ ပြီ။
מרבדים רבדתי ערשי חטבות אטון מצרים | 16 |
၁၆ငါ့ ခုတင် ကိုချယ် လှယ်သော အိပ်ရာခင်း နှင့်၎င်း၊ အဲဂုတ္တု ပိတ်ချော နှင့်၎င်း ပြင်ဆင် ပြီ။
נפתי משכבי-- מר אהלים וקנמון | 17 |
၁၇ငါ့ မွေ့ရာ ကို မုရန် ၊ အကျော် ၊ သစ်ကြံပိုး နှင့် ထုံ ပြီ။
לכה נרוה דדים עד-הבקר נתעלסה באהבים | 18 |
၁၈လာ ပါ၊ မိုဃ်းလင်း သည်တိုင်အောင် ကာမ ရာဂ စိတ်ကို ဖြေ ကြကုန်အံ့။ မေထုန် ပြု၍ မွေ့လျော်ကြကုန်အံ့။
כי אין האיש בביתו הלך בדרך מרחוק | 19 |
၁၉ငါ့အရှင် သည် အိမ် မှာ မ ရှိ။ ငွေ အိတ် ကို ဆောင် လျက်ဝေး သော အရပ် သို့ သွား ပြီ။
צרור-הכסף לקח בידו ליום הכסא יבא ביתו | 20 |
၂၀ပွဲ နေ့ ရောက်မှသာ ပြန် လာလိမ့်မည်ဟု၊
הטתו ברב לקחה בחלק שפתיה תדיחנו | 21 |
၂၁ချစ် ဘွယ်သော စကားနှင့် ထိုသူ ကို သွေးဆောင် ၍ ချော့မော့ တတ်သောနှုတ်ခမ်းနှင့် နိုင် သဖြင့်၊
הולך אחריה פתאם כשור אל-טבח יבא וכעכס אל-מוסר אויל | 22 |
၂၂နွား သည်အသေခံ ရာသို့ လိုက် သကဲ့သို့ ၎င်း ၊ သမင်ဒရယ်သည် မိမိ အသည်း ၌ မြှား မ ထိုး မှီတိုင်အောင်၊ ဘမ်းမိရာထဲသို့ ဝင်သကဲ့သို့ ၎င်း၊
עד יפלח חץ כבדו-- כמהר צפור אל-פח ולא-ידע כי-בנפשו הוא | 23 |
၂၃ငှက် သည် မိမိ အသက် ဆုံးစေခြင်းငှါ ထောင် မှန်းကိုမ ရိပ်မိ ဘဲ၊ ကျော့ကွင်း ထဲသို့ အလျင် အမြန်ဝင်သကဲ့သို့ ၎င်း၊ လူပျိုသည် ထိုမိန်းမ နောက် သို့ ချက်ခြင်း လိုက်သွား တတ်၏။
ועתה בנים שמעו-לי והקשיבו לאמרי-פי | 24 |
၂၄သို့ဖြစ်၍ ငါ့သား တို့၊ ငါ့ စကားကို နားထောင် ၍ ငါ ဟောပြော ချက်တို့ကို မှတ် ကျုံးကြလော့။
אל-ישט אל-דרכיה לבך אל-תתע בנתיבותיה | 25 |
၂၅ထိုသို့သော မိန်းမ နေရာလမ်း ကို စိတ် မ ငဲ့ကွက် နှင့်။ သူ ကျင်လည်သော လမ်း ခရီးသို့ လွှဲ ၍မ လိုက်နှင့်။
כי-רבים חללים הפילה ועצמים כל-הרגיה | 26 |
၂၆အကြောင်း မူကား၊ သူသည်စစ်သူရဲ အများ တို့ကို လှဲ လေပြီ။ ခွန်အား ကြီးသော သူအများ တို့ကိုသတ် လေပြီ။
דרכי שאול ביתה ירדות אל-חדרי-מות (Sheol ) | 27 |
၂၇သူ ၏အိမ် သည် သေ မင်း၏ဘုံ ဗိမာန်သို့ ဆင်း ၍၊ မရဏာ နိုင်ငံသို့ ရောက်သောလမ်း ဖြစ်၏။ (Sheol )