< מִשְׁלֵי 21 >
פלגי-מים לב-מלך ביד-יהוה על-כל-אשר יחפץ יטנו | 1 |
၁ရှင်ဘုရင် ၏ စိတ် နှလုံးသည် ရေ ချောင်း ကဲ့သို့ဖြစ်၍၊ ထာဝရဘုရား ၏ လက် တော်၌ ရှိသဖြင့်၊ အလို တော်ရှိသည်အတိုင်း လှည့် စေတော်မူ၏။
כל-דרך-איש ישר בעיניו ותכן לבות יהוה | 2 |
၂လူ တို့သည်မိမိ တို့ ကျင့် သမျှ သောအကျင့် တို့ကို နှစ်သက် တတ်၏။ ထာဝရဘုရား မူကား ၊ စိတ် နှလုံးတို့ကို ချိန် တော်မူ၏။
עשה צדקה ומשפט-- נבחר ליהוה מזבח | 3 |
၃ယဇ် ပူဇော်ခြင်းကို နှစ်သက်သည်ထက် ဖြောင့်မတ် စွာပြု ခြင်း၊ တရား သဖြင့် စီရင်ခြင်းကို ထာဝရဘုရား သည် သာ၍နှစ်သက် တော်မူ၏။
רום-עינים ורחב-לב-- נר רשעים חטאת | 4 |
၄ထောင်လွှား သောမျက်နှာ ၊ မာန ကြီးသောနှလုံး ၊ မ တရားသောသူတို့၏အလင်း သော်လည်း အပြစ် ပါ၏။
מחשבות חרוץ אך-למותר וכל-אץ אך-למחסור | 5 |
၅လုံ့လ ဝိရိယပြုသောသူ၏အကြံ အစည်သည် ကြွယ်ဝ ခြင်းနှင့် ၎င်း၊ သမ္မာ သတိမရှိသောသူ ၏အကြံအစည် သည် ဆင်းရဲ ခြင်းနှင့် ၎င်း ဆိုင် ပေ၏။
פעל אצרות בלשון שקר-- הבל נדף מבקשי-מות | 6 |
၆မုသာ စကား အားဖြင့် ဘဏ္ဍာ ကိုဆည်းဖူးခြင်း အမှု သည် သေမင်း ကျော့ကွင်း တို့တွင် ပျောက်လွင့် သော အနတ္တ ဖြစ်၏။
שד-רשעים יגורם כי מאנו לעשות משפט | 7 |
၇မ တရားသောသူတို့ သည် တရား သဖြင့်မ စီရင် လိုသောကြောင့်၊ မိမိညှဉ်းဆဲ ခြင်းအပြစ်သည် မိမိ ကို ဖျက်ဆီး လိမ့်မည်။
הפכפך דרך איש וזר וזך ישר פעלו | 8 |
၈လမ်း လွှဲသွားသောသူ သည် ကွာဝေး ရာသို့ ရောက်တတ်၏။ စင်ကြယ် သော သူပြုသောအမှု မူကား မှန် ပေ၏။
טוב לשבת על-פנת-גג-- מאשת מדינים ובית חבר | 9 |
၉ရန်တွေ့ တတ်သောမိန်းမ နှင့်အတူလူ များသော အိမ် ၌နေ သည်ထက် ၊ အိမ်မိုး ပေါ် ထောင့် ထဲမှာ နေသော် သာ၍ကောင်း ၏။
נפש רשע אותה-רע לא-יחן בעיניו רעהו | 10 |
၁၀မ တရားသောသူ သည် မနာလို သောစိတ်ရှိ၏။ အိမ်နီးချင်း ၌ ကျေးဇူး ပြုချင်သော အလို မ ရှိ။
בענש-לץ יחכם-פתי ובהשכיל לחכם יקח-דעת | 11 |
၁၁မထီမဲ့မြင် ပြုသောသူသည် အပြစ်ဒဏ် ကို ခံရသောအခါ ၊ ဉာဏ်တိမ် သောသူသည်သတိ ရတတ်၏။ သတိ ရသောသူသည်လည်း သွန်သင် ခြင်းကိုခံသောအခါ ၊ ပညာ တိုးပွါး တတ်၏။
משכיל צדיק לבית רשע מסלף רשעים לרע | 12 |
၁၂တရား သောသူသည် မ တရားသောသူ၏အိမ် ကို ပညာစိတ်နှင့် ဆင်ခြင်တတ်၏။ မ တရားသောသူတို့ မူကား၊ မိမိတို့ပြုသောဒုစရိုက် အားဖြင့်ပျက်စီး ခြင်းသို့ ရောက်တတ်ကြ၏။
אטם אזנו מזעקת-דל-- גם-הוא יקרא ולא יענה | 13 |
၁၃ဆင်းရဲ သောသူ၏အော်ဟစ် သံကို မကြားလို၍၊ နား ကိုပိတ် သောသူသည် ကိုယ်တိုင် အော်ဟစ် ၍ ၊ အဘယ် သူမျှမ ကြားရ။
מתן בסתר יכפה-אף ושחד בחק חמה עזה | 14 |
၁၄တိတ်ဆိတ် စွာ ပေးသောလက်ဆောင် သည် သူ့စိတ် ကို၎င်း ၊ ရင်ခွင် ၌ ချထားသော လက်ဆောင် ပဏ္ဏာ သည် ပြင်းစွာ သော အမျက် ကို၎င်းဖြေ တတ်၏။
שמחה לצדיק עשות משפט ומחתה לפעלי און | 15 |
၁၅ဖြောင့်မတ် သောသူသည် တရား သဖြင့်စီရင် ၍ ဝမ်းမြောက် တတ်၏။ အဓမ္မ အမှုကိုပြု သောသူမူကား ၊ ပျက်စီး ခြင်းသို့ ရောက်လိမ့်မည်။
אדם--תועה מדרך השכל בקהל רפאים ינוח | 16 |
၁၆ဉာဏ် ပညာလမ်း မှ လွှဲသွား သောသူ သည် သင်္ချိုင်း သား အစုအဝေး ၌ နေရာ ကျလိမ့်မည်။
איש מחסור אהב שמחה אהב יין-ושמן לא יעשיר | 17 |
၁၇ကာမ ဂုဏ်၌ မွေ့လျော်သောသူသည် ဆင်းရဲ ခြင်းသို့ ရောက်လိမ့်မည်။ စပျစ်ရည် နှင့် ဆီ ကို ကြိုက် သောသူသည် လည်း ငွေ ကိုမ ရတတ်ရ။
כפר לצדיק רשע ותחת ישרים בוגד | 18 |
၁၈မ တရားသောသူသည် တရား သောသူအဘို့ ၊ လွန်ကျူး သောသူသည် ဖြောင့်မတ် သောသူအဘို့ ရွေး ရန် ဖြစ်၏။
טוב שבת בארץ-מדבר-- מאשת מדונים (מדינים) וכעס | 19 |
၁၉စိတ်တို ၍ ရန်တွေ့ တတ်သောမိန်းမ နှင့် နေ သည်ထက် ၊ တော လွင်ပြင် ၌ နေသော်သာ၍ကောင်း ၏။
אוצר נחמד ושמן--בנוה חכם וכסיל אדם יבלענו | 20 |
၂၀ပညာရှိ သောသူ၏အိမ် ၌ နှစ်သက်ဘွယ် သော ဘဏ္ဍာ နှင့် ဆီ ရှိတတ်၏။ မိုက် သောသူ မူကား ၊ ကုန် စေ တတ်၏။
רדף צדקה וחסד-- ימצא חיים צדקה וכבוד | 21 |
၂၁ဖြောင့်မတ် ခြင်းတရားနှင့် ကရုဏာ တရားကို ရှာ သောသူသည် အသက်ရှင် ခြင်း၊ ဖြောင့်မတ် ခြင်း၊ ဂုဏ် အသရေထင်ရှားခြင်းကို တွေ့ တတ်၏။
עיר גברים עלה חכם וירד עז מבטחה | 22 |
၂၂ပညာ ရှိသောသူသည် ခိုင်ခံ့ သောမြို့ရိုး ကို တက် ၍ ၊ မြို့ သားကိုးစား စရာခွန်အား ကို ရှုတ်ချ တတ်၏။
שמר פיו ולשונו-- שמר מצרות נפשו | 23 |
၂၃မိမိ နှုတ် နှင့် လျှာ ကိုစောင့် သောသူသည် မိမိ စိတ် ဝိညာဉ်ကို ဒုက္ခ နှင့် လွတ်စေခြင်းငှါ စောင့် ရာရောက် ၏။
זד יהיר לץ שמו-- עושה בעברת זדון | 24 |
၂၄ပြင်းစွာ သော ဒေါသ အမျက်၌ ကျင်လည် သောသူကို၊ ထောင်လွှား စော်ကားသောသူ၊ မထီမဲ့မြင် ပြုသောသူဟူ၍ သမုတ်အပ်၏။
תאות עצל תמיתנו כי-מאנו ידיו לעשות | 25 |
၂၅ပျင်းရိ သောသူသည် အလုပ် မလုပ်ချင်သောကြောင့် ၊ မိမိ တပ်မက် သောအားဖြင့် သေ တတ်၏။
כל-היום התאוה תאוה וצדיק יתן ולא יחשך | 26 |
၂၆တနေ့လုံး တပ်မက် အားကြီးတတ်၏။ ဖြောင့်မတ် သော သူမူကား မ နှမြော ဘဲစွန့်ကြဲ တတ်၏။
זבח רשעים תועבה אף כי-בזמה יביאנו | 27 |
၂၇မ တရားသော သူပူဇော်သော ယဇ် သည် စက်ဆုပ် ရွံ့ရှာဘွယ်ဖြစ်၏။ ထိုမျှမက ၊ မ တရားသောစိတ် နှင့် ပူဇော် လျှင် သာ၍ဖြစ်၏။
עד-כזבים יאבד ואיש שומע לנצח ידבר | 28 |
၂၈မ မှန်သော သက်သေ သည် ပျက် တတ်၏။ ကိုယ်တိုင်ကြား သောသူ မူကား ၊ တည်ကြည် စွာ ပြော တတ်၏။
העז איש רשע בפניו וישר הוא יכין דרכיו (יבין דרכו) | 29 |
၂၉မ တရားသောသူ သည် မိမိ မျက်နှာ ကို ခိုင်မာ စေတတ်၏။ ဖြောင့်မတ် သောသူမူကား ၊ မိမိ သွားရာလမ်း ကို ပြင်ဆင် တတ်၏။
אין חכמה ואין תבונה-- ואין עצה לנגד יהוה | 30 |
၃၀ထာဝရဘုရား တဘက် ၌ ဉာဏ် မ တည်၊ ပညာ မ တည်၊ အကြံ တစုံတခုမျှ မ တည်နိုင်။
סוס--מוכן ליום מלחמה וליהוה התשועה | 31 |
၃၁စစ်တိုက် ရာကာလ အဘို့ မြင်း များကို ပြင်ဆင် သော်လည်း ၊ ထာဝရဘုရား ၏ကျေးဇူးတော်ကြောင့် ချမ်းသာ ရပါ၏။