< מִשְׁלֵי 16 >
לאדם מערכי-לב ומיהוה מענה לשון | 1 |
၁စိတ် နှလုံးအကြံအစည် တို့သည် လူ နှင့်ဆိုင်ကြ၏။ လျှာ နှင့်ပြန်ပြော ချက်ကိုကား ၊ ထာဝရ ဘုရားပိုင်တော်မူ ၏။
כל-דרכי-איש זך בעיניו ותכן רוחות יהוה | 2 |
၂လူ သည် မိမိ ကျင့် သမျှ သောအကျင့် တို့ကို နှစ်သက် တတ်၏။ ထာဝရဘုရား မူကား ၊ စိတ် သဘောတို့ကို ချိန် တော်မူ၏။
גל אל-יהוה מעשיך ויכנו מחשבתיך | 3 |
၃ကိုယ် ပြုသောအမှု တို့ကို ထာဝရဘုရား ၌ အပ် လော့။ သို့ပြုလျှင် သင် ၏အကြံအစည် တို့သည် တည် ကြ လိမ့်မည်။
כל פעל יהוה למענהו וגם-רשע ליום רעה | 4 |
၄ထာဝရဘုရား သည် ခပ်သိမ်း သောအရာတို့ကို ကိုယ်တော် အဘို့ ၊ မ တရားသောသူတို့ကိုလည်း ဘေးဒဏ် ခံရသောနေ့ အဘို့ဖန်ဆင်း တော်မူ၏။
תועבת יהוה כל-גבה-לב יד ליד לא ינקה | 5 |
၅မာန ကြီးသောသူအပေါင်း တို့ကို ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။ သူတို့သည် အသင်း ဖွဲ့သော်လည်း၊ အပြစ်ဒဏ် နှင့် မ လွတ်ရကြ။
בחסד ואמת יכפר עון וביראת יהוה סור מרע | 6 |
၆ကရုဏာ တရားနှင့် သစ္စာ တရားအားဖြင့် အပြစ် ပြေ တတ်၏။ ထာဝရဘုရား ကို ကြောက်ရွံ့ သော သဘောအားဖြင့် ဒုစရိုက် ကို ရှောင် တတ်၏။
ברצות יהוה דרכי-איש גם-אויביו ישלם אתו | 7 |
၇လူ ကျင့် သောအကျင့်တို့ကို ထာဝရဘုရား သည် နှစ်သက် သောအခါ ၊ ထိုသူ ၏ရန်သူ ကိုပင် သူ နှင့် သင့်တင့် စေတော်မူ၏။
טוב-מעט בצדקה-- מרב תבואות בלא משפט | 8 |
၈ဖြောင့်မတ် ခြင်းပါရမီနှင့် ယှဉ်သောဥစ္စာအနည်းငယ် သည်၊ မ တရားသဖြင့် ရသောဥစ္စာ အများ ထက် သာ၍ကောင်း ၏။
לב אדם יחשב דרכו ויהוה יכין צעדו | 9 |
၉လူ သည် မိမိ သွားရာလမ်း ကို စိတ် ထဲမှာ ကြံစည် ၏။ သို့သော်လည်း သူ ၏ခြေရာ တို့ကို ထာဝရဘုရား စီရင် တော်မူ၏။
קסם על-שפתי-מלך במשפט לא ימעל-פיו | 10 |
၁၀ရှင်ဘုရင် ၏ နှုတ်ခမ်း တို့၌ ဗျာဒိတ် တော်ရှိသည် ဖြစ်၍၊ တရား ဆုံးဖြတ်ရာအမှု၌ နှုတ် တော်သည် မ မှား စေနှင့်။
פלס ומאזני משפט--ליהוה מעשהו כל-אבני-כיס | 11 |
၁၁မှန် သောအလေး နှင့် မှန်သောချိန်ခွင် သည် ထာဝရ ဘုရား၏ဥစ္စာဖြစ်၏။ အလေး အိတ်၌ပါသမျှ သော အလေးတို့သည် စီရင် တော်မူရာ ဖြစ်ကြ၏။
תועבת מלכים עשות רשע כי בצדקה יכון כסא | 12 |
၁၂ရှင်ဘုရင် ပြု သောဒုစရိုက် သည် စက်ဆုပ် ရွံရှာဘွယ်ဖြစ်၏။ အကြောင်း မူကား၊ ရာဇပလ္လင် သည် ဖြောင့်မတ် ခြင်းအားဖြင့် သာ တည် တတ်၏။
רצון מלכים שפתי-צדק ודבר ישרים יאהב | 13 |
၁၃ဖြောင့်မတ် သော နှုတ်ခမ်း တို့သည် ရှင်ဘုရင် နှစ်သက် ရာဖြစ်၏။ မှန်ကန် စွာပြော သောသူကို ရှင်ဘုရင်ချစ် တတ်၏။
חמת-מלך מלאכי-מות ואיש חכם יכפרנה | 14 |
၁၄ရှင်ဘုရင် ၏ အမျက် သည် သေ မင်းတမန် ကဲ့သို့ဖြစ်၏။ သို့သော်လည်း ၊ ပညာရှိ သောသူ သည် အမျက် တော်ကို ဖြေတတ်၏။
באור-פני-מלך חיים ורצונו כעב מלקוש | 15 |
၁၅ရှင်ဘုရင် မျက်နှာ ပွင့်လန်း သောအားဖြင့် အသက် ချမ်းသာရ၏။ ကျေးဇူး တော်သည် နောက် ရွာ သော မိုဃ်းတိမ်ကဲ့သို့ ဖြစ်၏။
קנה-חכמה--מה-טוב מחרוץ וקנות בינה נבחר מכסף | 16 |
၁၆ရွှေ ကိုရတတ်ခြင်းထက် ပညာ ကို ရ တတ်ခြင်း သည် အလွန် ကောင်း ၏။ ငွေ ကိုအမြတ် မထား၊ ဉာဏ် နှင့် ပြည့်စုံခြင်းကို အမြတ် ထားစရာအလွန်ကောင်း၏။
מסלת ישרים סור מרע שמר נפשו נצר דרכו | 17 |
၁၇ဖြောင့်မတ် သော သူလိုက်သောလမ်း မူကား၊ ဒုစရိုက် ကို ရှောင် ခြင်းတည်း။ ထိုလမ်း မှ မလွှဲဘဲ အမြဲ လိုက် သောသူသည် မိမိ အသက် ဝိညာဉ်ကို စောင့် တတ်၏။
לפני-שבר גאון ולפני כשלון גבה רוח | 18 |
၁၈မာန သည်ပျက်စီး ခြင်းအရင် ၊ ထောင်လွှား သော သဘော သည် ရှုတ်ချ ခြင်း အရင် ၌ နေရာကျတတ်၏။
טוב שפל-רוח את-עניים (ענוים) מחלק שלל את-גאים | 19 |
၁၉စိတ် နှိမ့်ချသောသူတို့နှင့် ပေါင်းဘော်၍ စိတ် နှိမ့်ချ ခြင်းသည်၊ မာန ကြီးသောသူတို့ နှင့် ဆက်ဆံ၍ လုယူ သောဥစ္စာ ကို ဝေမျှ ခြင်းထက် သာ၍ကောင်း ၏။
משכיל על-דבר ימצא-טוב ובוטח ביהוה אשריו | 20 |
၂၀ပညာ နှင့်အမှုစောင့်သောသူသည် အကျိုး ကို ရ လိမ့်မည်။ ထာဝရဘုရား ကို ခိုလှုံ သောသူသည်လည်း မင်္ဂလာ ရှိ၏။
לחכם-לב יקרא נבון ומתק שפתים יסיף לקח | 21 |
၂၁လိမ္မာ သောစိတ် သဘောရှိသောသူသည် ပညာ သတိရှိသည်ဟု ကျော်စော ရာသို့ရောက်တတ်၏။ ချို သောစကားကို ပြောတတ်သော နှုတ် သတ္တိသည်လည်း ပညာ အတတ်ကိုတိုးပွါး စေတတ်၏။
מקור חיים שכל בעליו ומוסר אולים אולת | 22 |
၂၂ဉာဏ် ပညာကိုရ သောသူသည် အသက် စမ်းရေ တွင်း ကိုရ၏။ မိုက် သောသူတို့၏ သွန်သင် ခြင်းမူကား ၊ မိုက် ခြင်းဖြစ်၏။
לב חכם ישכיל פיהו ועל-שפתיו יסיף לקח | 23 |
၂၃ပညာ ရှိသောသူ ၏နှလုံး သည် သူ ၏နှုတ် ကို သွန်သင် ၍ ၊ သူ ၏နှုတ်ခမ်း တို့၌ ပညာ အတတ်ကို ထပ်လောင်း တတ်၏။
צוף-דבש אמרי-נעם מתוק לנפש ומרפא לעצם | 24 |
၂၄သာယာ သောစကား တို့သည် ပျားလပို့ ကဲ့သို့ဖြစ်၍၊ စိတ် ဝိညာဉ်၌ ချိုမြိန် လျက် ၊ ကိုယ်အရိုး ကို ကျန်းမာ စေလျက်ရှိကြ၏။
יש דרך ישר לפני-איש ואחריתה דרכי-מות | 25 |
၂၅လူ ထင် သည်အတိုင်း မှန် သောလက္ခဏာ ရှိ သော်လည်း ၊ အဆုံး ၌ သေ ခြင်းသို့ ပို့သောလမ်း တမျိုးရှိ၏။
נפש עמל עמלה לו כי-אכף עליו פיהו | 26 |
၂၆အလုပ် လုပ်သောသူသည်၊ မိမိ ပစပ် တောင်း သောကြောင့် ၊ မိမိ အဘို့ လုပ် တတ်၏။
איש בליעל כרה רעה ועל-שפתיו (שפתו) כאש צרבת | 27 |
၂၇အဓမ္မ လူ သည် မ ကောင်းသော အမှုကိုကြိုးစား ၍ ကြံစည်တတ်၏။ သူ ၏နှုတ်ခမ်း ၌ လောင် သောမီး ကဲ့သို့ ရှိ၏။
איש תהפכות ישלח מדון ונרגן מפריד אלוף | 28 |
၂၈သဘော ကောက်သောသူ သည် ရန် မျိုးစေ့ကို ကြဲ တတ်၏။ ကုန်း တိုက်သောသူသည် လည်း ၊ မိတ်ဆွေ တို့ကို ကွဲပြား စေတတ်၏။
איש חמס יפתה רעהו והוליכו בדרך לא-טוב | 29 |
၂၉ကြမ်းကြုတ် သောသူ သည် အိမ်နီးချင်း ကို ချော့မော့ ၍ ၊ မ ကောင်း သောလမ်း ထဲသို့ သွေးဆောင် တတ်၏။
עצה עיניו לחשב תהפכות קרץ שפתיו כלה רעה | 30 |
၃၀ကောက် သောအကြံကို ကြံစည် ခြင်းငှါ မျက်စိ မှိတ် ၍၊ နှုတ်ခမ်း တို့ကို လှုပ် သဖြင့်၊ ဆိုးယုတ် သောအမှုကို ပြီးစီး တတ်၏။
עטרת תפארת שיבה בדרך צדקה תמצא | 31 |
၃၁ဖြူ သောဆံပင်သည် ဖြောင့်မတ် ခြင်း တရား လမ်း ၌ တည် လျှင်၊ ဘုန်းကြီး သောသရဖူ ဖြစ်၏။
טוב ארך אפים מגבור ומשל ברוחו מלכד עיר | 32 |
၃၂စိတ်ရှည် သောသူသည် ခွန်အား ကြီးသောသူ ထက် ၎င်း၊ မိမိ စိတ် ကို ချုပ်တည်း သောသူသည် မြို့ ကို တိုက် ယူသောသူထက် ၎င်း သာ၍ကောင်း ၏။
בחיק יוטל את-הגורל ומיהוה כל-משפטו | 33 |
၃၃စာရေးတံ တို့ကို အိတ် ထဲ၌လောင်း လျက်ရှိရာ တွင် ၊ ခွဲဝေ စီရင်ခြင်းအမှုကို ထာဝရဘုရား ပိုင်တော်မူ၏။