< מִשְׁלֵי 12 >

אהב מוסר אהב דעת ושונא תוכחת בער 1
နည်းဥပဒေကို ခံချင်သောသူသည် ပညာ အတတ်ကို နှစ်သက်၏။ ဆုံးမခြင်းကိုမုန်းသော သူမူကား၊ တိရစ္ဆာန်သဘောရှိ၏။
טוב--יפיק רצון מיהוה ואיש מזמות ירשיע 2
သူတော်ကောင်းသည် ထာဝရဘုရားရှေ့တော်၌ မျက်နှာရတတ်၏။ မကောင်းသောအကြံကို ကြံစည်သော သူမူကား၊ အပြစ်စီရင်တော်မူခြင်းကို ခံရ၏။
לא-יכון אדם ברשע ושרש צדיקים בל-ימוט 3
လူသည်ဒုစရိုက်အားဖြင့် မြဲမြံခြင်းသို့ မရောက် ရာ။ ဖြောင့်မတ်သောသူ၏အမြစ်မူကား မရွေ့ရာ။
אשת-חיל עטרת בעלה וכרקב בעצמותיו מבישה 4
သီလရှိသော မိန်းမသည် မိမိလင်၌ ဦးရစ်သရဖူ ဖြစ်၏။ အရှက်ခွဲတတ်သော မိန်းမမူကား၊ လင်၏အရိုး တို့၌ ဆွေးမြေ့ခြင်းကဲ့သို့ဖြစ်၏။
מחשבות צדיקים משפט תחבלות רשעים מרמה 5
ဖြောင့်မတ်သော သူ၏အကြံသည် ဖြောင့်၏။ မတရားသော သူပေးသော အကြံမူကား မုသာဖြစ်၏။
דברי רשעים ארב-דם ופי ישרים יצילם 6
မတရားသော သူ၏စကားသည် သူ့အသက်ကို သတ်ခြင်းငှါ စောင်းမြောင်းတတ်၏။ ဖြောင့်မတ်သော သူ၏နှုတ်မူကား၊ သူတပါးတို့ကို ကယ်နှုတ်တတ်၏။
הפוך רשעים ואינם ובית צדיקים יעמד 7
မတရားသော သူ၏အိမ်သည် ပြိုလဲပျောက် ပျက်ခြင်း၊ ဖြောင့်မတ်သောသူ၏ အိမ်မူကား၊ အမြဲတည် ခြင်းရှိတတ်၏။
לפי-שכלו יהלל-איש ונעוה-לב יהיה לבוז 8
လူသည်ဥာဏ်ပညာရှိသည်အတိုင်း ချီးမွမ်းခြင်း ကိုခံရ၏။ သဘောကောက်သော သူမူကား၊ မထီမဲ့မြင် ပြုခြင်းကို ခံရ၏။
טוב נקלה ועבד לו-- ממתכבד וחסר-לחם 9
စားစရာမရှိဘဲ ဝါကြွားသောသူထက်၊ အသရေ မရှိ၊ ကိုယ်အလုပ်ကိုလုပ်ရသော သူသည်သာ၍ ကောင်း၏။
יודע צדיק נפש בהמתו ורחמי רשעים אכזרי 10
၁၀ဖြောင့်မတ်သောသူသည် မိမိတိရစ္ဆာန်အသက် ကို နှမြောတတ်၏။ မတရားသောသူမူကား၊ ကရုဏာ အရာ၌ပင် ကြမ်းကြုတ်တတ်၏။
עבד אדמתו ישבע-לחם ומרדף ריקים חסר-לב 11
၁၁မိမိလယ်ယာကို လုပ်သောသူသည် ဝစွာစားရ ၏။ အချည်းနှီးသောအမှုကို စောင့်သောသူမူကား၊ ဥာဏ်ချို့တဲ့၏။
חמד רשע מצוד רעים ושרש צדיקים יתן 12
၁၂မတရားသောသူသည် လူဆိုးသုံးတတ်သော ကျော့ကွင်းကို အလိုရှိ၏။ ဖြောင့်မတ်သော သူ၏အမြစ် မူကား၊ အသီးကိုသီးတတ်၏။
בפשע שפתים מוקש רע ויצא מצרה צדיק 13
၁၃စကားလွန်ကျူးရာတွင် ဆိုးသောကျော့ကွင်း ရှိ၏။ ဖြောင့်မတ်သောသူမူကား၊ အမှုထဲက ထမြောက် တတ်၏။
מפרי פי-איש ישבע-טוב וגמול ידי-אדם ישוב (ישיב) לו 14
၁၄လူသည်မိမိနှုတ်ခမ်းအသီးကို ဝစွာစားရ၏။ မိမိလက်လုပ်ရာ အကျိုးအပြစ်ကိုလည်း ခံရ၏။
דרך אויל ישר בעיניו ושמע לעצה חכם 15
၁၅မိုက်သောသူသည် မိမိပြုသောအမှုကို မှန်သည် ဟု ထင်တတ်၏။ အကြံပေးသောစကားကို နားထောင် သော သူမူကားပညာရှိ၏။
אויל--ביום יודע כעסו וכסה קלון ערום 16
၁၆မိုက်သောသူ၏ အမျက်ဒေါသသည် ချက်ခြင်း ထင်ရှားတတ်၏။ ပညာသတိရှိသောသူမူကား၊ ရှက်စရာ အမှုကို ဖုံးတတ်၏။
יפיח אמונה יגיד צדק ועד שקרים מרמה 17
၁၇မှန်သောစကားကို ပြောသောသူသည် ဖြောင့် မတ်ခြင်းတရား၊ မမှန်သောသက်သေကို ခံသောသူမူကား၊ မုသာတရားကို ပြသတတ်၏။
יש בוטה כמדקרות חרב ולשון חכמים מרפא 18
၁၈သန်လျက်နှင့်ထိုးသကဲ့သို့ စကားပြောတတ် သော လူတချို့ရှိ၏။ ပညာရှိတို့၏ လျှာမူကား အနာကို ပင် ပျောက်စေတတ်၏။
שפת-אמת תכון לעד ועד-ארגיעה לשון שקר 19
၁၉သစ္စာနှုတ်ခမ်းသည် အစဉ်အမြဲတည်၏။ မုသာ လျှာမူကား ခဏသာတည်၏။
מרמה בלב-חרשי רע וליעצי שלום שמחה 20
၂၀မကောင်းသောအကြံကို ကြံသောသူတို့၏ စိတ် ထဲမှာ လှည့်စားတတ်သောသဘောရှိ၏။ ရန်ပြေစေခြင်း ငှါ အကြံပေးသော သူတို့၌ကား၊ ဝမ်းမြောက်စရာ အကြောင်းရှိ၏။
לא-יאנה לצדיק כל-און ורשעים מלאו רע 21
၂၁တရားသောသူ၌ အမင်္ဂလာမရောက်ရာ။ မတရားသော သူမူကား၊ အမင်္ဂလာနှင့်ပြည်ဝရလိမ့်မည်။
תועבת יהוה שפתי-שקר ועשי אמונה רצונו 22
၂၂မုသာသုံးသောနှုတ်ခမ်းသည် ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူဘွယ်ဖြစ်၏။ သစ္စာတရားကို စောင့် ရှောက်သောသူတို့မူကား၊ နှစ်သက်တော်မူဘွယ် ဖြစ်ကြ ၏။
אדם ערום כסה דעת ולב כסילים יקרא אולת 23
၂၃ပညာသတိရှိသောသူသည် မိမိသိသောအရာ ကိုပင် ထိမ်ဝှက်တတ်၏။ မိုက်သောသူမူကား၊ မိမိစိတ် အလိုအလျောက်မိုက်သောသဘောကို ထင်ရှားပြတတ် ၏။
יד-חרוצים תמשול ורמיה תהיה למס 24
၂၄လုံ့လဝိရိယ ပြုသောသူသည် အစိုးရတတ်၏။ ပျင်းရိသောသူမူကား၊ အခွန်ပေးရ၏။
דאגה בלב-איש ישחנה ודבר טוב ישמחנה 25
၂၅ဝမ်းနည်းခြင်းအကြောင်းသည် ညှိုးငယ်စေ တတ်၏။ ကောင်းသောစကားမူကား၊ ရွှင်လန်းစေတတ် ၏။
יתר מרעהו צדיק ודרך רשעים תתעם 26
၂၆ဖြောင့်မတ်သောသူသည် အိမ်နီးချင်းကို လမ်း ပြတတ်၏။ မတရားသောသူလိုက်သော လမ်းမူကား၊ သူ့ကိုပင် လှည့်စားတတ်၏။
לא-יחרך רמיה צידו והון-אדם יקר חרוץ 27
၂၇ပျင်းရိသောသူသည် မုဆိုးလုပ်သော်လည်း၊ ဘမ်း ရသောအကောင်ကို ကင်၍မစားရ။ လုံ့လဝိရိယပြုသော သူ၏ ဥစ္စာမူကား၊ အဘိုးထိုက်ပေ၏။
בארח-צדקה חיים ודרך נתיבה אל-מות 28
၂၈ဖြောင့်မတ်ခြင်းတရားလမ်း၌ သေဘေးမရှိ၊ အသက်ချမ်းသာလမ်း ဖြစ်၏။

< מִשְׁלֵי 12 >