< במדבר 6 >
၁ထာဝရဘုရားသည်မောရှေမှတစ်ဆင့် ဣသရေလအမျိုးသားတို့အား အောက်ပါ ညွှန်ကြားချက်များကိုပေးတော်မူ၏။-
דבר אל בני ישראל ואמרת אלהם איש או אשה כי יפלא לנדר נדר נזיר--להזיר ליהוה | 2 |
၂ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေ၊ နာဇရိဂိုဏ်း ဝင်အဖြစ်ဖြင့်အထူးအဋ္ဌိဋ္ဌာန်ပြု၍ မိမိ ကိုယ်ကိုထာဝရဘုရားအားဆက်ကပ်လျှင်၊-
מיין ושכר יזיר חמץ יין וחמץ שכר לא ישתה וכל משרת ענבים לא ישתה וענבים לחים ויבשים לא יאכל | 3 |
၃ထိုသူသည်သေရည်သေရက်ကိုရှောင်ကြဉ်ရ မည်။ သူသည်စပျစ်ရည်ကိုမသောက်ရ၊ စပျစ် သီးစိမ်းသို့မဟုတ်စပျစ်ခြောက်ကိုမစား ရ။-
כל ימי נזרו מכל אשר יעשה מגפן היין מחרצנים ועד זג--לא יאכל | 4 |
၄သူသည်နာဇရိဂိုဏ်းဝင်အဖြစ်ဖြင့်ရှိနေ သမျှကာလပတ်လုံးစပျစ်သီးစေ့၊ စပျစ် သီးခွံမှစ၍စပျစ်ပင်မှရသမျှကိုမ စားရ။
כל ימי נדר נזרו תער לא יעבר על ראשו עד מלאת הימם אשר יזיר ליהוה קדש יהיה--גדל פרע שער ראשו | 5 |
၅သူသည်နာဇရိဂိုဏ်းဝင်အဖြစ်အဋ္ဌိဋ္ဌာန် ပြုထားသည့်ကာလအတွင်း မိမိ၏ဆံပင် ကိုမဖြတ်ရ၊ မရိတ်ရ။ သူသည်ထာဝရ ဘုရားအားဆက်ကပ်ထားသည့်အဋ္ဌိဋ္ဌာန် ကာလအတွင်း မိမိ၏ဆံပင်နှင့်မုတ်ဆိတ် မွေးကိုမဖြတ်မရိတ်ရ။-
כל ימי הזירו ליהוה על נפש מת לא יבא | 6 |
၆သူ၏ဆံပင်သည်မိမိကိုယ်ကို ဘုရားသခင် အားဆက်ကပ်သောအမှတ်လက္ခဏာဖြစ်သည်။ ထိုကြောင့်သူသည်မိမိကိုယ်ကိုမညစ်ညမ်း စေရန်လူသေအလောင်းအနီးသို့မချဉ်း ကပ်ရ။ မိဘ၊ ညီအစ်ကို၊ နှမသေသော် လည်းမချဉ်းကပ်ရ။-
לאביו ולאמו לאחיו ולאחתו--לא יטמא להם במתם כי נזר אלהיו על ראשו | 7 |
၇
כל ימי נזרו קדש הוא ליהוה | 8 |
၈သူသည်နာဇရိဂိုဏ်းဝင်ဖြစ်သည့်ကာလ ပတ်လုံး ထာဝရဘုရားအားဆက်ကပ်ထား သူဖြစ်သည်။
וכי ימות מת עליו בפתע פתאם וטמא ראש נזרו--וגלח ראשו ביום טהרתו ביום השביעי יגלחנו | 9 |
၉နာဇရိဂိုဏ်းဝင်တစ်ယောက်၏အနီးတွင် တစ် စုံတစ်ယောက်ရုတ်တရက်သေဆုံးခဲ့သည်ရှိ သော် သူ၏ဆက်ကပ်ထားသောဆံပင်သည် ညစ် ညမ်းသွားလိမ့်မည်။ ယင်းသို့ဖြစ်လျှင်သူသည် ခုနစ်ရက်စောင့်ဆိုင်း၍ ဆံပင်နှင့်မုတ်ဆိတ်မွေး ကိုရိတ်ရမည်။ ထိုအခါသူသည် ဘာသာ ရေးထုံးနည်းအရသန့်စင်လာလိမ့်မည်။-
וביום השמיני יבא שתי תרים או שני בני יונה אל הכהן--אל פתח אהל מועד | 10 |
၁၀အဋ္ဌမနေ့တွင်သူသည်ချိုးနှစ်ကောင်သို့ မဟုတ်ခိုနှစ်ကောင်ကို ထာဝရဘုရားစံတော် မူရာတဲတော်တံခါးဝရှိယဇ်ပုရောဟိတ် ထံသို့ယူဆောင်ခဲ့ရမည်။-
ועשה הכהן אחד לחטאת ואחד לעלה וכפר עליו מאשר חטא על הנפש וקדש את ראשו ביום ההוא | 11 |
၁၁သူသည်လူသေကောင်နှင့်တွေ့ထိ၍ညစ်ညမ်း သွားသဖြင့် ယဇ်ပုရောဟိတ်သည်သူ့အတွက် သန့်စင်ခြင်းဝတ်ပြုရန် ငှက်တစ်ကောင်ကို အပြစ်ဖြေရာယဇ်အတွက်လည်းကောင်း၊ ကျန်ငှက်တစ်ကောင်ကိုမီးရှို့ရာယဇ်အတွက် လည်းကောင်းပူဇော်ရမည်။ ထိုနေ့တွင်သူ၏ ဆံပင်ကို ထာဝရဘုရားအားပြန်လည် ဆက်ကပ်ရမည်။-
והזיר ליהוה את ימי נזרו והביא כבש בן שנתו לאשם והימים הראשנים יפלו כי טמא נזרו | 12 |
၁၂နာဇရိဂိုဏ်းဝင်အဖြစ် မိမိကိုယ်ကိုအသစ် တစ်ဖန်ဆက်ကပ်ရမည်။ ထာဝရဘုရားအား ဆက်ကပ်ထားသောဆံပင်သည်ညစ်ညမ်းသွား သောကြောင့် ယခင်အဋ္ဌိဋ္ဌာန်ကာလသည်ပျက် ပြယ်ပြီဖြစ်၏။ သူသည်ပြစ်ဒဏ်ပြေရာယဇ် ပူဇော်ရန် တစ်နှစ်သားသိုးကလေးကိုယူ ခဲ့ရမည်။
וזאת תורת הנזיר ביום מלאת ימי נזרו יביא אתו אל פתח אהל מועד | 13 |
၁၃နာဇရိဂိုဏ်းဝင်သည်အဋ္ဌိဋ္ဌာန်ကာလကုန် ဆုံးသောအခါ ပြုရမည့်ဝတ်ကားဤသို့ တည်း။ သူသည်မီးရှို့ရာယဇ်အတွက် အပြစ် အနာကင်းသောတစ်နှစ်သားသိုးထီးက လေးတစ်ကောင်၊ အပြစ်ဖြေရာယဇ်အတွက် အပြစ်အနာကင်းသောသိုးအမတစ်ကောင်နှင့် မိတ်သဟာယယဇ်အတွက်အပြစ်အနာ ကင်းသောသိုးထီးတစ်ကောင်ကို ထာဝရ ဘုရားအားဆက်သရန် တဲတော်တံခါးဝ သို့ယူဆောင်ခဲ့ရမည်။-
והקריב את קרבנו ליהוה כבש בן שנתו תמים אחד לעלה וכבשה אחת בת שנתה תמימה לחטאת ואיל אחד תמים לשלמים | 14 |
၁၄
וסל מצות סלת חלת בלולת בשמן ורקיקי מצות משחים בשמן ומנחתם ונסכיהם | 15 |
၁၅သံလွင်ဆီနှင့်မုန့်ညက်ရော၍ပြုလုပ်သော တဆေးမဲ့မုန့်လုံးများနှင့် သံလွင်ဆီသုတ် သောတဆေးမဲ့မုန့်ပြားများပါရှိသည့် မုန့်တောင်းကိုလည်းဆက်သရမည်။ ထို့ အပြင်ဘောဇဉ်သကာနှင့် စပျစ်ရည် သကာတို့ကိုလည်းဆက်သရမည်။
והקריב הכהן לפני יהוה ועשה את חטאתו ואת עלתו | 16 |
၁၆ယဇ်ပုရောဟိတ်သည် ထိုပူဇော်သကာအားလုံး ကိုထာဝရဘုရားထံဆက်သ၍ အပြစ်ဖြေ ရာယဇ်နှင့်မီးရှို့ရာယဇ်တို့ကိုပူဇော်ရမည်။-
ואת האיל יעשה זבח שלמים ליהוה על סל המצות ועשה הכהן את מנחתו ואת נסכו | 17 |
၁၇သူသည်မိတ်သဟာယယဇ်အဖြစ်သိုးထီး ကိုပူဇော်သောအခါ မုန့်တောင်းကိုလည်း ဆက်သရမည်။ တစ်ချိန်တည်းတွင်ဘောဇဉ် သကာနှင့် စပျစ်ရည်သကာတို့ကိုလည်း ဆက်သရမည်။-
וגלח הנזיר פתח אהל מועד--את ראש נזרו ולקח את שער ראש נזרו ונתן על האש אשר תחת זבח השלמים | 18 |
၁၈နာဇရိဂိုဏ်းဝင်သည်တဲတော်တံခါးဝ တွင် မိမိ၏ဆံပင်ကိုရိတ်၍ မိတ်သဟာယ ယဇ်မီးရှို့ရာမီးထဲတွင်ထည့်ရမည်။
ולקח הכהן את הזרע בשלה מן האיל וחלת מצה אחת מן הסל ורקיק מצה אחד ונתן על כפי הנזיר אחר התגלחו את נזרו | 19 |
၁၉ထိုနောက်ယဇ်ပုရောဟိတ်သည်ပြုတ်ပြီး သောသိုးပခုံးသားနှင့်တကွ မုန့်တောင်းထဲ မှမုန့်တစ်လုံး၊ မုန့်ပြားတစ်ပြားကို နာဇရိ ဂိုဏ်းဝင်၏လက်ထဲသို့ထည့်ရမည်။-
והניף אותם הכהן תנופה לפני יהוה--קדש הוא לכהן על חזה התנופה ועל שוק התרומה ואחר ישתה הנזיר יין | 20 |
၂၀ယဇ်ပုရောဟိတ်သည် ထိုပူဇော်သကာများ ကိုထာဝရဘုရားအား အထူးလှူဖွယ် အဖြစ်ဆက်သရမည်။ ထိုပူဇော်သကာများ အပြင်ပညတ်တော်အရ ယဇ်ပုရောဟိတ် ပိုင်သောသိုး၏ရင်ပုံသားနှင့်ပေါင်တို့သည် ယဇ်ပုရောဟိတ်အတွက်လှူဖွယ်ပစ္စည်းများ ဖြစ်သည်။ သို့ပြီးမှနာဇရိဂိုဏ်းဝင်သည် စပျစ်ရည်ကိုသောက်နိုင်သည်။
זאת תורת הנזיר אשר ידר קרבנו ליהוה על נזרו מלבד אשר תשיג ידו כפי נדרו אשר ידר--כן יעשה על תורת נזרו | 21 |
၂၁ဤပညတ်များသည်နာဇရိဂိုဏ်းဝင်တို့ အတွက် ပြဋ္ဌာန်းထားသည့်ပညတ်များဖြစ် သည်။ သို့ရာတွင်လူတစ်ဦးသည်နာဇရိ ဂိုဏ်းဝင်ဖြစ်ရန်အတွက် အဋ္ဌိဋ္ဌာန်ပြုရန်လို အပ်သည်ထက်ပို၍ပြုခဲ့သော် ထိုအဋ္ဌိဋ္ဌာန် အတိုင်းဆောင်ရွက်စေရမည်။
וידבר יהוה אל משה לאמר | 22 |
၂၂အာရုန်နှင့်သူ၏သားတို့ဣသရေလအမျိုး သားတို့အားအောက်ပါအတိုင်း ကောင်းချီးမင်္ဂ လာပေးစေရန်ထာဝရဘုရားသည်မောရှေ မှတစ်ဆင့်မိန့်မှာတော်မူ၏။
דבר אל אהרן ואל בניו לאמר כה תברכו את בני ישראל אמור להם | 23 |
၂၃
၂၄ထာဝရဘုရားသည်သင်တို့အားကောင်းချီး ပေး၍၊ စောင့်ထိန်းတော်မူပါစေသော။
יאר יהוה פניו אליך ויחנך | 25 |
၂၅ထာဝရဘုရားသည်သင်တို့အားကရုဏာ ထား၍၊ ကျေးဇူးပြုတော်မူပါစေသော။
ישא יהוה פניו אליך וישם לך שלום | 26 |
၂၆ထာဝရဘုရားသည်သင်တို့အားကြင်နာ စွာမျှော်ကြည့်၍ ချမ်းမြေ့သာယာမှုပေးတော်မူပါစေသော။
ושמו את שמי על בני ישראל ואני אברכם | 27 |
၂၇ထာဝရဘုရားက``ယဇ်ပုရောဟိတ်တို့သည် ဣသရေလအမျိုးသားတို့အားကောင်းချီး ပေးရန် ငါ၏နာမတော်ကိုမြွက်ဆိုလျှင် ငါ သည်သူတို့အားကောင်းချီးပေးတော်မူ မည်'' ဟုမိန့်တော်မူ၏။