< במדבר 35 >
וידבר יהוה אל משה בערבת מואב על ירדן ירחו לאמר | 1 |
၁မောဘ လွင်ပြင် ၊ ယော်ဒန် မြစ်နား ၊ ယေရိခေါ မြို့ တဘက် ၌ ထာဝရဘုရား သည် မောရှေ ကို ခေါ်တော်မူ ၍၊
צו את בני ישראל ונתנו ללוים מנחלת אחזתם ערים לשבת ומגרש לערים סביבתיהם תתנו ללוים | 2 |
၂သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သူတို့သည် အမွေခံ သောမြေ၌ လေဝိ သားတို့နေ စရာဘို့ မြို့ တို့ကို၎င်း၊ မြို့ပတ်လည် နယ် တို့ကို၎င်း၊ ပေး ရကြမည်။
והיו הערים להם לשבת ומגרשיהם יהיו לבהמתם ולרכשם ולכל חיתם | 3 |
၃ထိုမြို့ တို့သည် လေဝိသားနေ စရာဘို့ ဖြစ်၍၊ မြို့ ပတ်လည်နယ် တို့၌ သိုး နွား အစရှိသော တိရစ္ဆာန် များနှင့် ဥစ္စာ များကို ထား ရမည်။
ומגרשי הערים אשר תתנו ללוים--מקיר העיר וחוצה אלף אמה סביב | 4 |
၄လေဝိ သားတို့အား ပေး သော မြို့နယ် တို့ကို မြို့ ပြင် ပတ်လည် ၌ အတောင် တထောင် ကျယ်စေရမည်။
ומדתם מחוץ לעיר את פאת קדמה אלפים באמה ואת פאת נגב אלפים באמה ואת פאת ים אלפים באמה ואת פאת צפון אלפים באמה--והעיר בתוך זה יהיה להם מגרשי הערים | 5 |
၅မြို့ ပြင် ၊ အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် အရပ်လေးမျက်နှာ၌ နှစ်ထောင် စီ တိုင်းထွာ ၍၊ ထို မြေ အလယ် ချက်၌ မြို့ တည်ရမည်။ ဤရွေ့ကား၊ မြို့နယ် အတိုင်း အရှည်ဖြစ် ရသတည်း။
ואת הערים אשר תתנו ללוים--את שש ערי המקלט אשר תתנו לנס שמה הרצח ועליהם תתנו ארבעים ושתים עיר | 6 |
၆လေဝိ သားတို့အား ပေး သော မြို့ တို့တွင်၊ လူကို သတ် သောသူသည် ပြေး ၍မှီခို ရာမြို့ ခြောက် မြို့တို့ကို ရွေးထားရမည်။ ထို မြို့မှတပါး အခြားသော မြို့ လေးဆယ် နှစ် မြို့တို့ကိုပေး ရမည်။
כל הערים אשר תתנו ללוים--ארבעים ושמנה עיר אתהן ואת מגרשיהן | 7 |
၇ထိုသို့ လေဝိ သားတို့အား ပေး ရသော မြို့ ပေါင်း ကား၊ နယ် နှင့်တကွ လေးဆယ် ရှစ် မြို့ ဖြစ်သတည်း။
והערים אשר תתנו מאחזת בני ישראל--מאת הרב תרבו ומאת המעט תמעיטו איש כפי נחלתו אשר ינחלו יתן מעריו ללוים | 8 |
၈ထို မြို့ တို့ကို ဣသရေလ အမျိုးသား ပိုင် သော မြေထဲက နှုတ်ရမည်။ များ သောမြေကို ရသောသူသည် များ သောမြို့၊ နည်း သောမြေကို ရသောသူသည်နည်း သောမြို့တို့ကိုပေး ရမည်။ လူအသီးသီး တို့သည် အမွေ ခံရသည်အတိုင်း ၊ မိမိ တို့မြို့ များထဲက နှုတ်၍ လေဝိ သားတို့အား ပေး ရမည်။
၉တဖန် မောရှေ အား ထာဝရဘုရား က၊
דבר אל בני ישראל ואמרת אלהם כי אתם עברים את הירדן ארצה כנען | 10 |
၁၀သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင် တို့သည် ယော်ဒန် မြစ်ကို ကူး ၍၊ ခါနာန် ပြည် သို့ ရောက်ကြသောအခါ၊
והקריתם לכם ערים ערי מקלט תהיינה לכם ונס שמה רצח מכה נפש בשגגה | 11 |
၁၁လူအသက် ကို အမှတ်တမဲ့ သတ် မိသောသူပြေး ၍ မှီခို ရာမြို့ တို့ကို ရွေး ထားရမည်။
והיו לכם הערים למקלט מגאל ולא ימות הרצח עד עמדו לפני העדה למשפט | 12 |
၁၂ထိုမြို့ တို့ကား၊ လူအသက်ကိုသတ် သောသူသည် ပရိသတ် ရှေ့သို့ ရောက် ၍၊ တရား စီရင်ခြင်းကို မခံမှီ တိုင်အောင်၊ သေစားသေစေ သောသူ၏လက်မှ လွတ် ၍ မှီခို ရာမြို့ ဖြစ် ရသတည်း။
והערים אשר תתנו--שש ערי מקלט תהיינה לכם | 13 |
၁၃လေဝိသားတို့အားပေး သော မြို့ တို့တွင် ယော်ဒန် မြစ်အရှေ့ ဘက်၌ မှီခိုရာမြို့ သုံး မြို့၊
את שלש הערים תתנו מעבר לירדן ואת שלש הערים תתנו בארץ כנען ערי מקלט תהיינה | 14 |
၁၄ခါနာန် ပြည် ၌ မှီခို ရာမြို့ သုံး မြို့၊ ပေါင်းခြောက် မြို့ တို့ကို ရွေးထားရမည်။
לבני ישראל ולגר ולתושב בתוכם תהיינה שש הערים האלה למקלט--לנוס שמה כל מכה נפש בשגגה | 15 |
၁၅ထို မြို့ ခြောက် မြို့တို့ကား၊ လူအသက် ကို အမှတ်တမဲ့ သတ် မိသော ဣသရေလ အမျိုးသား ၊ သင်တို့တွင် တည်းခို သော တပါး သော အမျိုးသားတို့သည် ပြေး ၍ မှီခို ရာမြို့ ဖြစ် သတည်း။
ואם בכלי ברזל הכהו וימת רצח הוא מות יומת הרצח | 16 |
၁၆သို့ရာတွင် လူအသက်ကို သေ စေခြင်းငှါ ၊ သံ လက်နက် နှင့် ရိုက် လျှင် လူသတ် ဖြစ်၏။ လူသတ် သည် အသေ သတ်ခြင်းကို အမှန်ခံရမည်။
ואם באבן יד אשר ימות בה הכהו וימת--רצח הוא מות יומת הרצח | 17 |
၁၇လူအသက်ကို သေ စေခြင်းငှာ ကျောက်ခဲ နှင့် ပစ် လျှင် လူသတ် ဖြစ်၏။ အသေ သတ်ခြင်းကို အမှန်ခံရမည်။
או בכלי עץ יד אשר ימות בו הכהו וימת--רצח הוא מות יומת הרצח | 18 |
၁၈လူအသက်ကို သေ စေခြင်းငှာ သစ်သား လက်နက် နှင့် ရိုက် လျှင် လူသတ် ဖြစ်၏။ အသေ သတ်ခြင်းကို အမှန်ခံရမည်။
גאל הדם הוא ימית את הרצח בפגעו בו הוא ימתנו | 19 |
၁၉သေစားသေစေ သောသူသည် လူသတ် ကို တွေ့ သောအခါ ၊ ကိုယ်တိုင် သတ် ရမည်။
ואם בשנאה יהדפנו או השליך עליו בצדיה וימת | 20 |
၂၀သူတပါးကို အငြိုးထား ၍ တွန်းချ သော်၎င်း ၊ သေ စေခြင်းငှါ ချောင်းမြောင်း ၍ တစုံတခုနှင့် ပစ် သော်၎င်း၊
או באיבה הכהו בידו וימת--מות יומת המכה רצח הוא גאל הדם ימית את הרצח--בפגעו בו | 21 |
၂၁သေ စေခြင်းငှါ မုန်း သောစိတ်ရှိ၍ လက် နှင့် ရိုက် သော်၎င်း ၊ ထိုသို့ပြုသောသူသည် လူသတ် ဖြစ်သောကြောင့်၊ အသေ သတ်ခြင်းကို အမှန်ခံရမည်။ သေစားသေစေ သောသူသည် တွေ့ သောအခါ သတ် ရမည်။
ואם בפתע בלא איבה הדפו או השליך עליו כל כלי בלא צדיה | 22 |
၂၂သို့မဟုတ် မုန်း သောစိတ်မ ရှိဘဲ အမှတ်တမဲ့ တွန်းချ သော်၎င်း ၊ မ ချောင်းမြောင်း ဘဲ တစုံတခု နှင့် ပစ် မိ သော်၎င်း၊
או בכל אבן אשר ימות בה בלא ראות ויפל עליו וימת--והוא לא אויב לו ולא מבקש רעתו | 23 |
၂၃သူ ၏ရန်သူ မ ဟုတ်၊ မုန်း သောစိတ်မ ရှိ၊ သူ့ကို မ မြင် ဘဲလျက် သေ အောင် ကျောက်ခဲ နှင့် ပစ်မိသော်၎င်း၊
ושפטו העדה בין המכה ובין גאל הדם--על המשפטים האלה | 24 |
၂၄ယခုစီရင် ထုံးဖွဲ့သည်အတိုင်း ၊ ပရိသတ် တို့သည် သတ် သောသူနှင့် သေစားသေစေ သောသူ စပ်ကြား ၌ တရား စီရင်၍၊
והצילו העדה את הרצח מיד גאל הדם והשיבו אתו העדה אל עיר מקלטו אשר נס שמה וישב בה עד מות הכהן הגדל אשר משח אתו בשמן הקדש | 25 |
၂၅သတ် သောသူကို သေစားသေစေ သောသူ၏ လက် မှ နှုတ် သဖြင့် ၊ အထက်ကပြေး ၍ မှီခို သောမြို့ သို့ ပြန် ပို့ရမည်။ ဓမ္မ ဆီ လောင်း ခြင်းကို ခံရသောယဇ်ပုရောဟိတ် မင်း မ သေ မှီတိုင်အောင်ထိုမြို့ ၌ နေ ရမည်။
ואם יצא יצא הרצח את גבול עיר מקלטו אשר ינוס שמה | 26 |
၂၆လူအသက်ကိုသတ် မိသောသူသည် ပြေး ၍ မှီခို သောမြို့ နယ် ပြင်သို့ ထွက် သော် ၊
ומצא אתו גאל הדם מחוץ לגבול עיר מקלטו ורצח גאל הדם את הרצח--אין לו דם | 27 |
၂၇သေစားသေစေ သောသူသည် မြို့ နယ် ပြင် မှာ ထိုသူ ကို တွေ့ ၍ သတ် လျှင်၊ လူအသက်ကိုသတ် သောအပြစ် မ ရှိ။
כי בעיר מקלטו ישב עד מות הכהן הגדל ואחרי מות הכהן הגדל--ישוב הרצח אל ארץ אחזתו | 28 |
၂၈အကြောင်းမူကား ၊ ထိုသူသည် ယဇ်ပုရောဟိတ် မင်း မ သေ မှီတိုင်အောင်၊ မိမိ မှီခို သော မြို့ ထဲမှာ နေ ရ မည်။ ယဇ်ပုရောဟိတ် မင်း သေ သောနောက်မှ ၊ ထိုသူသည် မိမိ ပိုင် သောမြေ သို့ ပြန် ရသောအခွင့်ရှိ၏။
והיו אלה לכם לחקת משפט לדרתיכם בכל מושבתיכם | 29 |
၂၉ဤရွေ့ကား ၊ သင် တို့သည် နေ လေရာရာ ၌ သားမြေး အစဉ်အဆက်စောင့်ရသောစီရင် ထုံးဖွဲ့ချက် ဖြစ် သတည်း။
כל מכה נפש--לפי עדים ירצח את הרצח ועד אחד לא יענה בנפש למות | 30 |
၃၀လူအသက် ကိုသတ် ၍ လူသတ် ဖြစ်သောသူ မည်သည်ကား၊ သက်သေခံ ချက် ရှိသည်အတိုင်း အသေ သတ်ခြင်းကို အမှန်ခံရမည်။ သို့ရာတွင် သက်သေ တယောက်တည်း သာရှိလျှင် မ သတ် ရ။
ולא תקחו כפר לנפש רצח אשר הוא רשע למות כי מות יומת | 31 |
၃၁အသေခံထိုက်သော လူသတ် ၏ အသက် ဘိုးငွေ ကို မ ခံ မယူရ။ သူသည် အသေ သတ်ခြင်းကို အမှန် ခံရမည်။
ולא תקחו כפר לנוס אל עיר מקלטו לשוב לשבת בארץ עד מות הכהן | 32 |
၃၂မှီခို ရာမြို့ သို့ ပြေး သောသူသည်၊ ယဇ်ပုရောဟိတ် မင်း မ သေ မှီ၊ မိမိနေရင်းအရပ် သို့ ပြန် ၍ နေ မည် အကြောင်း၊ အရွေး ငွေကို မ ခံ မယူရ။
ולא תחניפו את הארץ אשר אתם בה כי הדם הוא יחניף את הארץ ולארץ לא יכפר לדם אשר שפך בה כי אם בדם שפכו | 33 |
၃၃ထိုသို့ သင် တို့နေသောပြည် ကို မ ညစ်ညူး စေရ။ လူအသွေး သည်ပြည် ကိုညစ်ညူး စေတတ်၏။ လူအသွေးကို သွန်း သောသူ၏အသွေး အားဖြင့် သာ ထိုညစ်ညူးခြင်းကို စင်ကြယ် စေနိုင်၏။
ולא תטמא את הארץ אשר אתם ישבים בה--אשר אני שכן בתוכה כי אני יהוה--שכן בתוך בני ישראל | 34 |
၃၄ငါ ကျိန်းဝပ် ၍ သင် တို့နေ သောပြည် ကို မ ညစ်ညူး စေရ။ ငါ ထာဝရဘုရား သည် ဣသရေလ အမျိုးသား တို့တွင် ကျိန်းဝပ် သည်ဟု မိန့်တော်မူ၏။