< במדבר 30 >
וידבר משה אל ראשי המטות לבני ישראל לאמר זה הדבר אשר צוה יהוה | 1 |
၁မောရှေသည်သစ္စာပြုခြင်းနှင့်ဆိုင်သောပညတ် များကို ဣသရေလအနွယ်များခေါင်းဆောင် တို့အားအောက်ပါအတိုင်းညွှန်ကြားလေ သည်။-
איש כי ידר נדר ליהוה או השבע שבעה לאסר אסר על נפשו--לא יחל דברו ככל היצא מפיו יעשה | 2 |
၂တစ်စုံတစ်ယောက်သောသူသည်ထာဝရ ဘုရားအား တစ်စုံတစ်ခုကိုဆက်သရန် ကတိပြုလျှင်သော်လည်းကောင်း၊ တစ်စုံ တစ်ရာကိုရှောင်ကြဉ်ရန်သစ္စာဆိုလျှင်သော် လည်းကောင်း ထိုသစ္စာကတိကိုမချိုးဖောက် ရ။ ကတိသစ္စာပြုထားသည့်အတိုင်းတစ် သဝေမတိမ်းဆောင်ရွက်ရမည်။
ואשה כי תדר נדר ליהוה ואסרה אסר בבית אביה בנעריה | 3 |
၃အဖ၏အုပ်ထိန်းမှုအောက်တွင်ရှိနေသေး သောမိန်းမပျိုတစ်ဦးသည် ထာဝရဘုရား အားတစ်စုံတစ်ခုကိုဆက်သရန်ကတိပြု လျှင်သော်လည်းကောင်း၊ တစ်စုံတစ်ရာကို ရှောင်ကြဉ်ရန်သစ္စာဆိုလျှင်သော်လည်း ကောင်း၊-
ושמע אביה את נדרה ואסרה אשר אסרה על נפשה והחריש לה אביה--וקמו כל נדריה וכל אסר אשר אסרה על נפשה יקום | 4 |
၄သူ၏ဖခင်ကြား၍မတားမြစ်လျှင် သူသည် ကတိသစ္စာပြုထားသည်အတိုင်းတစ်သဝေ မတိမ်းဆောင်ရွက်ရမည်။-
ואם הניא אביה אתה ביום שמעו--כל נדריה ואסריה אשר אסרה על נפשה לא יקום ויהוה יסלח לה כי הניא אביה אתה | 5 |
၅သို့ရာတွင်သူ၏ဖခင်ကြား၍တားမြစ်ပါမူ သူသည်ကတိသစ္စာအတိုင်းဆောင်ရွက်ရန်မ လို။ ဖခင်၏တားမြစ်မှုကြောင့်ကတိသစ္စာပျက် ခြင်းကိုထာဝရဘုရားခွင့်လွှတ်တော်မူမည်။
ואם היו תהיה לאיש ונדריה עליה או מבטא שפתיה אשר אסרה על נפשה | 6 |
၆အိမ်ထောင်မကျသေးသောအမျိုးသမီးတစ် ဦးသည် သိလျက်နှင့်သော်လည်းကောင်း၊ အမှတ် တမဲ့သော်လည်းကောင်းတစ်စုံတစ်ရာကိုရှောင် ကြဉ်ရန် ကတိသစ္စာပြုပြီးနောက်အိမ်ထောင် ကျလျှင် သူ၏ခင်ပွန်းသည်ကြား၍မတား မြစ်သော်၊-
ושמע אישה ביום שמעו והחריש לה וקמו נדריה ואסרה אשר אסרה על נפשה--יקמו | 7 |
၇သူသည်ကတိသစ္စာပြုထားသည်အတိုင်း တစ်သဝေမတိမ်းဆောင်ရွက်ရမည်။-
ואם ביום שמע אישה יניא אותה והפר את נדרה אשר עליה ואת מבטא שפתיה אשר אסרה על נפשה--ויהוה יסלח לה | 8 |
၈သူ၏ခင်ပွန်းကြား၍တားမြစ်လျှင်မူကား သူသည်ကတိသစ္စာအတိုင်းဆောင်ရွက်ရန် မလို။ ထာဝရဘုရားသည်သူ့ကိုခွင့်လွှတ် တော်မူမည်။
ונדר אלמנה וגרושה--כל אשר אסרה על נפשה יקום עליה | 9 |
၉မုဆိုးမဖြစ်စေ၊ လင်ကွာမိန်းမဖြစ်စေ မိမိ ပြုခဲ့သမျှသောကတိသစ္စာကိုတည်စေ ရမည်။
ואם בית אישה נדרה או אסרה אסר על נפשה בשבעה | 10 |
၁၀လင်ရှိမိန်းမသည်တစ်စုံတစ်ရာကိုရှောင် ကြဉ်ရန် ကတိသစ္စာပြုခဲ့သော်သူ၏ခင်ပွန်း ကြား၍မတားမြစ်လျှင်၊-
ושמע אישה והחרש לה לא הניא אתה--וקמו כל נדריה וכל אסר אשר אסרה על נפשה יקום | 11 |
၁၁သူသည်မိမိ၏ကတိသစ္စာကိုတည်စေရမည်။-
ואם הפר יפר אתם אישה ביום שמעו--כל מוצא שפתיה לנדריה ולאסר נפשה לא יקום אישה הפרם ויהוה יסלח לה | 12 |
၁၂သို့ရာတွင်သူ၏ခင်ပွန်းကြား၍တားမြစ်ပါ မူ သူသည်ကတိသစ္စာအတိုင်းဆောင်ရွက်ရန် မလို။ ခင်ပွန်း၏တားမြစ်မှုကြောင့်ကတိပျက် ခြင်းကို ထာဝရဘုရားခွင့်လွှတ်တော်မူမည်။-
כל נדר וכל שבעת אסר לענת נפש--אישה יקימנו ואישה יפרנו | 13 |
၁၃သူ၏ခင်ပွန်းသည်သူပြုခဲ့သောကတိ သစ္စာကို တည်စေနိုင်ခွင့်နှင့်ပယ်ဖျက်ပိုင်ခွင့် ရှိ၏။-
ואם החרש יחריש לה אישה מיום אל יום והקים את כל נדריה או את כל אסריה אשר עליה--הקים אתם כי החרש לה ביום שמעו | 14 |
၁၄သို့ရာတွင်ခင်ပွန်းသည်ဇနီး၏ကတိသစ္စာ အကြောင်းကိုကြားရသောနေ့၌မတားမြစ် လျှင် ဇနီးသည်မိမိ၏ကတိသစ္စာကိုတည် စေရမည်။ ခင်ပွန်းသည်ကြားရသောနေ့၌ မတားမြစ်သဖြင့်သဘောတူရာရောက် သည်။-
ואם הפר יפר אתם אחרי שמעו--ונשא את עונה | 15 |
၁၅သူသည်တစ်ရက်လွန်ပြီးမှဇနီး၏ကတိ သစ္စာကိုပယ်ဖျက်လျှင် ကတိသစ္စာပျက်ခြင်း အပြစ်ဒဏ်ကိုခံစေရမည်။
אלה החקים אשר צוה יהוה את משה בין איש לאשתו--בין אב לבתו בנעריה בית אביה | 16 |
၁၆ဤပညတ်များသည်ကားဖခင်၏အုပ်ထိန်း မှုအောက်တွင် ရှိနေသေးသောမိန်းမပျိုနှင့် အိမ်ထောင်ကျပြီးသောအမျိုးသမီးတို့ ကတိသစ္စာပြုခြင်းနှင့်ဆိုင်သည့်ပညတ် များဖြစ်သတည်း။