< במדבר 3 >

ואלה תולדת אהרן ומשה ביום דבר יהוה את משה--בהר סיני 1
ထာဝရဘုရား သည်၊ သိနာ တောင် ပေါ် မှာ မောရှ အား ဗျာဒိတ် ပေးတော်မူသောအခါ၊ အာရုန် နှင့် မောရှေ အမျိုးအနွယ်၏ အတ္ထုပ္ပတ္တိ များကို မှတ်သားသည်တွင်၊
ואלה שמות בני אהרן הבכר נדב ואביהוא אלעזר ואיתמר 2
အာရုန် ၏သား ဟူမူကား၊ သားဦး နာဒပ် ၊ ညီအဘိဟု ၊ ဧလာဇာ ၊ ဣသမာ တည်း။
אלה שמות בני אהרן הכהנים המשחים--אשר מלא ידם לכהן 3
ဤ သူတို့ကား၊ အဘသည် ယဇ်ပုရောဟိတ် အမှုကို ဆောင်စေခြင်းငှါ ဆီလောင်းခြင်းဘိသိက်ကိုပေး ၍ အရာ၌ခန့်ထားသော အာရုန် ၏ သား ဖြစ်ကြသတည်း။
וימת נדב ואביהוא לפני יהוה בהקרבם אש זרה לפני יהוה במדבר סיני ובנים לא היו להם ויכהן אלעזר ואיתמר על פני אהרן אביהם 4
နာဒပ် နှင့် အဘိဟု သည်၊ သိနာ တော တွင် ထာဝရဘုရား ရှေ့ တော်၌၊ ထူးခြား သောမီး ကို ပူဇော် သောအခါ ၊ ထာဝရဘုရား ရှေ့ တော်၌ သေ ကြ၏။ သူတို့၌ သား မ ရှိ သည်ဖြစ်၍၊ ဧလာဇာ နှင့် ဣသမာ သည်၊ အဘ အာရုန် ရှေ့ မှာ ယဇ်ပုရောဟိတ် အမှုကို ဆောင်ရွက်ကြ၏။
וידבר יהוה אל משה לאמר 5
ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
הקרב את מטה לוי והעמדת אתו לפני אהרן הכהן ושרתו אתו 6
သင်သည် လေဝိ အမျိုးသား တို့ကို ခေါ် ခဲ့၍ ယဇ်ပုရောဟိတ် အာရုန် အမှု ကို ဆောင်စေခြင်းငှါ၊ အာရုန်ထံ၌နေရာ ချလော့။
ושמרו את משמרתו ואת משמרת כל העדה לפני אהל מועד--לעבד את עבדת המשכן 7
သူတို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ မှာ၊ အာရုန်နှင့် ပရိသတ် အပေါင်း တို့ ဆောင် ရသောအမှု တည်းဟူသောတဲ တော်အမှု ကို ဆောင်ရွက် ရကြမည်။
ושמרו את כל כלי אהל מועד ואת משמרת בני ישראל--לעבד את עבדת המשכן 8
သူတို့သည် ပရိသတ်စည်းဝေး ရာ တဲ တော် တန်ဆာ ရှိသမျှ တို့ကို ကြည့်ရှု ပြုစု၍ ၊ ဣသရေလ အမျိုးသား ဆောင်ရသောတဲ တော်အမှု ကို ဆောင် ရကြမည်။
ונתתה את הלוים לאהרן ולבניו נתונם נתונם המה לו מאת בני ישראל 9
လေဝိ သားတို့ကို၊ အာရုန် နှင့် သူ ၏သား တို့၌ အပ် ရမည်။ ဣသရေလ အမျိုး ထဲက သူ တို့ကိုရွေး၍ ငါ့အား အပိုင်ပေး ရမည်။
ואת אהרן ואת בניו תפקד ושמרו את כהנתם והזר הקרב יומת 10
၁၀အာရုန် နှင့် သူ ၏သား တို့ကိုလည်း ခန့်ထား ၍၊ သူတို့သည် ယဇ်ပုရောဟိတ် အမှုကို စောင့် ရကြမည်။ သူ၏အမျိုးမှတပါး၊ အခြား သောသူသည် ချဉ်းကပ် လျှင်၊ အသေ သတ်ခြင်းကိုခံရမည်ဟု မိန့်တော်မူ၏။
וידבר יהוה אל משה לאמר 11
၁၁တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
ואני הנה לקחתי את הלוים מתוך בני ישראל תחת כל בכור פטר רחם מבני ישראל והיו לי הלוים 12
၁၂ဣသရေလ အမျိုး တွင် အဦး ဘွားမြင်သော သားဦး များအတွက်၊ လေဝိ သားတို့ကို ငါ ရွေး ယူသောကြောင့်၊ လေဝိ သားတို့သည် အထူးသဖြင့်ငါ ၏လူဖြစ် ရကြမည်။
כי לי כל בכור--ביום הכתי כל בכור בארץ מצרים הקדשתי לי כל בכור בישראל מאדם עד בהמה לי יהיו אני יהוה 13
၁၃အကြောင်းမူကား ၊ အဲဂုတ္တု ပြည် ၌ သားဦး အပေါင်း တို့ကို ငါ သည် ဒဏ်ခတ် သောအခါ ၊ ဣသရေလ အမျိုးတွင် လူ ဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ၊ သားဦး အပေါင်း တို့ကို ငါ့ အဖို့ ငါသန့်ရှင်း စေသောကြောင့်၊ သားဦး အပေါင်း တို့ကို အထူးသဖြင့်ငါ ပိုင် ရ၏။ ငါ သည် ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ၏။
וידבר יהוה אל משה במדבר סיני לאמר 14
၁၄တဖန် ထာဝရဘုရား သည်၊ သိနာ တော ၌ မောရှေ အား မိန့် တော်မူသည်ကား၊
פקד את בני לוי לבית אבתם למשפחתם כל זכר מבן חדש ומעלה תפקדם 15
၁၅လေဝိ သား တို့တွင် အသက်တလ ကျော် ရှိသောယောက်ျား အပေါင်း တို့ကို အဆွေအမျိုး အလိုက် ရေတွက် လော့ဟု၊
ויפקד אתם משה על פי יהוה כאשר צוה 16
၁၆မှာထား တော်မူသည်အတိုင်း ၊ မောရှေ သည် လေဝိ သားတို့ကို ရေတွက် လေ၏။
ויהיו אלה בני לוי בשמתם--גרשון וקהת ומררי 17
၁၇လေဝိ သား တို့၏ နာမည် ဟူမူကား ၊ ဂေရရှုန် ၊ ကောဟတ် ၊ မေရာရိ တည်း။
ואלה שמות בני גרשון למשפחתם--לבני ושמעי 18
၁၈မိမိ အဆွေအမျိုး အလိုက် ဂေရရှုန် သား တို့၏ အမည် ကား၊ လိဗနိ နှင့် ရှိမိ တည်း။
ובני קהת למשפחתם--עמרם ויצהר חברון ועזיאל 19
၁၉မိမိ အဆွေအမျိုး အလိုက် ကောဟတ် သား တို့၏ နာမည်ကား၊ အာမရံ ၊ ဣဇဟာ ၊ ဟေဗြုန် ၊ ဩဇေလ တည်း။
ובני מררי למשפחתם--מחלי ומושי אלה הם משפחת הלוי לבית אבתם 20
၂၀မိမိ အဆွေအမျိုး အလိုက် မေရာရိ သား တို့၏ နာမည်ကား၊ မဟာလိ နှင့် မုရှိ တည်း။ ဤ သူ တို့သည်၊ မိမိ ဘိုးဘ အမျိုး အလိုက် ရေတွက်သော လေဝိ အမျိုးအနွယ် ဖြစ်ကြ၏။
לגרשון--משפחת הלבני ומשפחת השמעי אלה הם משפחת הגרשני 21
၂၁ဂေရရှုန် မှဆင်းသက်လာသောလိဗနိ အဆွေအမျိုး ၊ ရှိမိ အဆွေအမျိုး တို့သည်၊ ဂေရရှုန် အမျိုးအနွယ် ဖြစ်ကြ၏၊
פקדיהם במספר כל זכר מבן חדש ומעלה פקדיהם שבעת אלפים וחמש מאות 22
၂၂ထိုအဆွေအမျိုးတို့ကို ရေတွက် ၍ အသက် တလ ကျော် ရှိသောယောက်ျား ပေါင်း ကား၊ ခုနစ် ထောင် ငါး ရာ ရှိသတည်း။
משפחת הגרשני אחרי המשכן יחנו ימה 23
၂၃ဂေရရှုန် အဆွေအမျိုး တို့သည်၊ တဲ တော်အနောက် မျက်နှာ၌ နေရာ ချရမည်။
ונשיא בית אב לגרשני אליסף בן לאל 24
၂၄ဂေရရှုန် အဆွေအမျိုး သူကြီး ကား၊ လေလ သား ဧလျာသပ် တည်း။
ומשמרת בני גרשון באהל מועד המשכן והאהל מכסהו--ומסך פתח אהל מועד 25
၂၅ဂေရရှုန် သား တို့ အငန်းအတာ ဟူမူကား၊ ပရိသတ်စည်းဝေး ရာ တဲ တော်၊ အပေါ်တဲ ၊ အပေါ်တဲ အဖုံး ၊ ပရိသတ်စည်းဝေး ရာတဲ တော်တံခါးဝ ၌ ကာသော ကုလားကာ ၊
וקלעי החצר ואת מסך פתח החצר אשר על המשכן ועל המזבח סביב ואת מיתריו לכל עבדתו 26
၂၆တဲ တော်နှင့် ယဇ်ပလ္လင် ပတ်လည် ဝင်း ကုလားကာ ၊ ဝင်း တံခါးဝ ၌ ကာသောကုလားကာ ၊ ကြိုး များ အစရှိသည်တို့ကို ကြည့်ရှုပြုစုရကြမည်။
ולקהת משפחת העמרמי ומשפחת היצהרי ומשפחת החברני ומשפחת העזיאלי אלה הם משפחת הקהתי 27
၂၇ကောဟတ် မှဆင်းသက်သော အာမရံ အဆွေအမျိုး ၊ ဣဇဟာ အဆွေအမျိုး ၊ ဟေဗြုန် အဆွေအမျိုး ၊ ဩဇေလ အဆွေအမျိုး တို့သည်၊ ကောဟတ် အမျိုးအနွယ် ဖြစ်ကြ၏။
במספר כל זכר מבן חדש ומעלה--שמנת אלפים ושש מאות שמרי משמרת הקדש 28
၂၈တဲ တော်ကို စောင့် သောသူ၊ ထိုအဆွေအမျိုးတို့ကို ရေတွက်၍ အသက်တလ ကျော် ရှိသောယောက်ျား ပေါင်း ကား၊ ရှစ် သောင်း ခြောက် ရာ ရှိသတည်း။
משפחת בני קהת יחנו על ירך המשכן תימנה 29
၂၉ကောဟတ် အဆွေအမျိုး တို့သည်၊ တဲ တော် တောင် မျက်နှာ၌ နေရာ ချရမည်။
ונשיא בית אב למשפחת הקהתי אליצפן בן עזיאל 30
၃၀ကောဟတ် အဆွေအမျိုး သူကြီး ကား၊ ဩဇေလ သား ဧလိဇာဖန် တည်း။
ומשמרתם הארן והשלחן והמנרה והמזבחת וכלי הקדש אשר ישרתו בהם והמסך--וכל עבדתו 31
၃၁သူ တို့အငန်းအတာ ဟူမူကား၊ သေတ္တာ ၊ စားပွဲ ၊ ယဇ်ပလ္လင် များ၊ အမှု တော်ထမ်းစရာ တဲ တော်တန်ဆာ များ၊ အတွင်းကုလားကာ အစရှိသည်တို့ကို ကြည့်ရှုပြုစုရကြ မည်။
ונשיא נשיאי הלוי אלעזר בן אהרן הכהן פקדת שמרי משמרת הקדש 32
၃၂ယဇ်ပုရောဟိတ် အာရုန် သား ဧလာဇာ သည်၊ လေဝိ အဆွေအမျိုးသူကြီး တို့ကို အုပ်၍၊ တဲ တော်စောင့် သောသူတို့ ကို ကြည့်ရှု စီရင်ရမည်။
למררי--משפחת המחלי ומשפחת המושי אלה הם משפחת מררי 33
၃၃မေရာရိ မှ ဆင်းသက်သော မဟာလိ အဆွေအမျိုး ၊ မုရှိ အဆွေအမျိုး တို့သည်၊ မေရာရိ အမျိုးအနွယ် ဖြစ်ကြ၏။
ופקדיהם במספר כל זכר מבן חדש ומעלה--ששת אלפים ומאתים 34
၃၄ထိုအဆွေအမျိုးတို့ကို ရေတွက် ၍ အသက်တလ ကျော် ရှိသောယောက်ျား ပေါင်း ကား၊ ခြောက် ထောင် ခုနစ် ရာရှိသတည်း။
ונשיא בית אב למשפחת מררי צוריאל בן אביחיל על ירך המשכן יחנו צפנה 35
၃၅မေရာရိ အဆွေအမျိုး သူကြီး ကား၊ အဘိဟဲလ သား ဇုရေလ တည်း။ ဤသူတို့သည် တဲ တော်မြောက် မျက်နှာ၌ နေရာ ချရမည်။
ופקדת משמרת בני מררי--קרשי המשכן ובריחיו ועמדיו ואדניו וכל כליו--וכל עבדתו 36
၃၆မေရာရိ သား တို့ အငန်းအတာ ဟူမူကား၊ တဲ တော်ပျဉ်ပြား များ၊ ကန့်လန့်ကျင် များ၊ တိုင် များ၊ ခြေစွပ် များ၊ ထိုအရာနှင့်ဆိုင်သော တန်ဆာ များ အစရှိသည်တို့ကို၎င်း၊ ဝင်း တိုင် များ၊
ועמדי החצר סביב ואדניהם ויתדתם ומיתריהם 37
၃၇ခြေစွပ် များ၊ တံသင် များ၊ ကြိုး များတို့ကို၎င်းကြည့်ရှု ပြုစုရကြမည်။
והחנים לפני המשכן קדמה לפני אהל מועד מזרחה משה ואהרן ובניו שמרים משמרת המקדש למשמרת בני ישראל והזר הקרב יומת 38
၃၈မောရှေ နှင့် အာရုန် မှစ၍၊အာရုန် ၏ သား တို့ သည်၊ ဣသရေလ အမျိုးသား တို့အဘို့ ၊ သန့်ရှင်း ရာဌာန တော်ကို စောင့် လျက်၊ ပရိသတ်စည်းဝေး ရာတဲ တော် အရှေ့ မျက်နှာ၌ နေရာ ချရမည်။ သူတို့အမျိုးမှတပါး၊ အခြား သောသူသည် ချဉ်းကပ် လျှင် အသေ သတ်ခြင်းကိုခံရမည်။
כל פקודי הלוים אשר פקד משה ואהרן על פי יהוה--למשפחתם כל זכר מבן חדש ומעלה שנים ועשרים אלף 39
၃၉ထာဝရဘုရား မှာထား တော်မူသည်အတိုင်း ၊ မောရှေ သည် လေဝိ သားတို့ကို အဆွေအမျိုး အလိုက် ရေတွက် ၍၊ အသက်တလ ကျော် ရှိသောယောက်ျား အပေါင်း ကား၊ နှစ်သောင်း နှစ်ထောင်ရှိသတည်း။
ויאמר יהוה אל משה פקד כל בכר זכר לבני ישראל מבן חדש ומעלה ושא את מספר שמתם 40
၄၀တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသား တို့တွင်၊ အသက် တလ ကျော် ရှိသောသားဦး ယောက်ျား အပေါင်း တို့ကို ရေတွက် ၍ စာရင်း ယူလော့။
ולקחת את הלוים לי אני יהוה תחת כל בכר בבני ישראל ואת בהמת הלוים תחת כל בכור בבהמת בני ישראל 41
၄၁ဣသရေလ အမျိုး သားဦး အပေါင်း တို့အတွက် လေဝိ သားတို့ကို၎င်း ၊ ဣသရေလ အမျိုးသား တို့၌ တိရစ္ဆာန် သားဦး အပေါင်း တို့အတွက် လေဝိ သား တို့၌ ရှိသောတိရစ္ဆာန် များကို၎င်း၊ ငါ့ အဘို့ ယူ လော့။ ငါ သည် ထာဝရဘုရား ဖြစ်သည်ဟု၊
ויפקד משה כאשר צוה יהוה אתו את כל בכור בבני ישראל 42
၄၂မှာထား တော်မူသည်အတိုင်း ၊ မောရှေ သည် ဣသရေလ အမျိုး သားဦး အပေါင်း တို့ကို ရေတွက် ၍ ၊
ויהי כל בכור זכר במספר שמת מבן חדש ומעלה--לפקדיהם שנים ועשרים אלף שלשה ושבעים ומאתים 43
၄၃အသက်တလ ကျော် ရှိသောသားဦး ယောက်ျား နာမည် ပေါင်း ကား၊ နှစ်သောင်း နှစ်ထောင်နှစ်ရာ ခုနစ်ဆယ် သုံး ယောက် ရှိ သတည်း။
וידבר יהוה אל משה לאמר 44
၄၄တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
קח את הלוים תחת כל בכור בבני ישראל ואת בהמת הלוים תחת בהמתם והיו לי הלוים אני יהוה 45
၄၅ဣသရေလ အမျိုး သားဦး အပေါင်း တို့အတွက် လေဝိ သားတို့ကို၎င်း ၊ ဣသရေလ အမျိုးသားတို့၌ တိရစ္ဆာန် များအတွက် လေဝိ သားတို့၌ရှိသောတိရစ္ဆာန် များကို၎င်းယူ လော့။ လေဝိ သားတို့သည် ငါ ၏ လူဖြစ် ရကြမည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
ואת פדויי השלשה והשבעים והמאתים--העדפים על הלוים מבכור בני ישראל 46
၄၆လေဝိ သားတို့ထက် ပို သော ဣသရေလ အမျိုး သားဦး နှစ်ရာ ခုနစ်ဆယ် သုံး ယောက်တို့ကို ရွေး ရမည်အမှု မှာ၊
ולקחת חמשת חמשת שקלים--לגלגלת בשקל הקדש תקח עשרים גרה השקל 47
၄၇အကျပ် တော်အလိုက် လူတကိုယ်လျှင် ငါး ကျပ် စီ ခံယူ ရမည်။ အကျပ် ကား၊ ဂေရ နှစ်ဆယ် ဖြစ်သတည်း။
ונתתה הכסף לאהרן ולבניו--פדויי העדפים בהם 48
၄၈ပို သောသူတို့ပေးရသောအရွေး ငွေကို၊ အာရုန် နှင့် သူ ၏သား တို့အား ပေး ရမည်ဟု မိန့် တော်မူသည် အတိုင်း ၊
ויקח משה את כסף הפדיום--מאת העדפים על פדויי הלוים 49
၄၉လေဝိ သားတို့နှင့် ဣသရေလ အမျိုး သားဦး တို့ကိုရွေး ၍၊ ပို သေးသော သားဦးတို့၏ အရွေး ငွေ ကို၊
מאת בכור בני ישראל--לקח את הכסף חמשה וששים ושלש מאות ואלף--בשקל הקדש 50
၅၀မောရှေ သည် အကျပ် တော်နှင့်ချိန်လျက်၊ အခွက် တဆယ်သုံး ပိဿာခြောက်ဆယ်ငါးကျပ်ကိုယူ ပြီးလျှင် ၊
ויתן משה את כסף הפדים לאהרן ולבניו--על פי יהוה כאשר צוה יהוה את משה 51
၅၁ထာဝရဘုရား မှာထား တော်မူသောစကား တော်အတိုင်း ၊ ထိုအရွေး ငွေ ကို အာရုန် နှင့် သူ ၏သား တို့အား ပေး လေ၏။

< במדבר 3 >