< במדבר 25 >
וישב ישראל בשטים ויחל העם לזנות אל בנות מואב | 1 |
၁ဣသရေလအမျိုးသားတို့သည်အကားရှား ချိုင့်ဝှမ်းတွင်စခန်းချလျက်ရှိနေကြစဉ် အမျိုး သားအချို့တို့သည်ထိုအရပ်သူမောဘ အမျိုးသမီးတို့နှင့်မှားယွင်းကြ၏။-
ותקראן לעם לזבחי אלהיהן ויאכל העם וישתחוו לאלהיהן | 2 |
၂ထိုအမျိုးသမီးတို့က မောဘဘုရားယဇ်ပူဇော် ပွဲများသို့သူတို့ကိုခေါ်သွားကြ၏။ ဣသရေလ အမျိုးသားတို့သည်ပေဂုရဒေသခံဗာလ ဘုရားအား ပူဇော်သောအစားအစာကိုစား ၍ထိုဘုရားကိုဦးချရှိခိုးကြ၏။-
ויצמד ישראל לבעל פעור ויחר אף יהוה בישראל | 3 |
၃ထိုအခါထာဝရဘုရားသည်အမျက်တော် ထွက်၍၊-
ויאמר יהוה אל משה קח את כל ראשי העם והוקע אותם ליהוה נגד השמש וישב חרון אף יהוה מישראל | 4 |
၄မောရှေအား``ငါ၏အမျက်ပြေစေခြင်းငှာ ဣသရေလအမျိုးသားခေါင်းဆောင်အပေါင်း တို့ကိုထုတ်ဆောင်၍ လူပရိသတ်ရှေ့တွင်ကွပ် မျက်လော့'' ဟုမိန့်တော်မူ၏။-
ויאמר משה אל שפטי ישראל הרגו איש אנשיו הנצמדים לבעל פעור | 5 |
၅မောရှေသည်ဣသရေလအနွယ်အလိုက်အုပ် ချုပ်ရသူတို့အား``သင်တို့တစ်ဦးစီသည်သင် တို့အနွယ်ထဲမှ ပေဂုရဒေသခံဗာလဘုရား အားဦးချရှိခိုးသူအားလုံးကိုကွပ်မျက်ရ မည်'' ဟုအမိန့်ပေးလေသည်။
והנה איש מבני ישראל בא ויקרב אל אחיו את המדינית לעיני משה ולעיני כל עדת בני ישראל והמה בכים פתח אהל מועד | 6 |
၆မောရှေနှင့်ဣသရေလအမျိုးသားအပေါင်း တို့သည် တဲတော်တံခါးဝတွင်ငိုကြွေးမြည် တမ်းလျက်ရှိနေစဉ် ဣသရေလအမျိုးသား တစ်ဦးသည်သူတို့ရှေ့မှောက်၌ မိဒျန်အမျိုး သမီးတစ်ယောက်ကိုမိမိ၏တဲအတွင်းသို့ ခေါ်သွင်းသွားသည်ကိုမြင်ကြ၏။-
וירא פינחס בן אלעזר בן אהרן הכהן ויקם מתוך העדה ויקח רמח בידו | 7 |
၇ယဇ်ပုရောဟိတ်အာရုန်၏မြေး၊ ဧလာဇာ၏ သားဖိနဟတ်သည်ထိုအခြင်းအရာကို မြင်ရလျှင် ပရိသတ်ထဲမှထွက်သွား၍ လှံတစ်စင်းကိုင်စွဲလျက်၊-
ויבא אחר איש ישראל אל הקבה וידקר את שניהם--את איש ישראל ואת האשה אל קבתה ותעצר המגפה מעל בני ישראל | 8 |
၈ထိုအမျိုးသားနှင့်အမျိုးသမီးတို့ရှိရာ တဲထဲသို့လိုက်သွားပြီးလျှင် သူတို့နှစ်ယောက် စလုံးအားလှံဖြင့်ထိုးသတ်လေ၏။ ဤနည်း အားဖြင့်ဣသရေလအမျိုးသားတို့ကို သေကြေပျက်စီးစေသည့်ကပ်ရောဂါ ဖြစ်ပွားမှုကိုရပ်စေသည်။-
ויהיו המתים במגפה--ארבעה ועשרים אלף | 9 |
၉သို့ရာတွင်ထိုကပ်ရောဂါကြောင့်လူပေါင်း နှစ်သောင်းလေးထောင်သေဆုံးပြီးဖြစ်သည်။
וידבר יהוה אל משה לאמר | 10 |
၁၀ထာဝရဘုရားကမောရှေအား၊-
פינחס בן אלעזר בן אהרן הכהן השיב את חמתי מעל בני ישראל בקנאו את קנאתי בתוכם ולא כליתי את בני ישראל בקנאתי | 11 |
၁၁``ဖိနဟတ်ပြုသောအမှုကြောင့်ငါ၏အမျက် ပြေပြီ။ သူသည်ငါမှတစ်ပါးအခြားသော ဘုရားအား ကိုးကွယ်မှုကိုသည်းမခံနိုင်။ သို့ ဖြစ်၍ငါသည်အမျက်ထွက်သဖြင့် ဣသရေလ အမျိုးသားအပေါင်းကိုမသုတ်သင်မဖျက် ဆီးခဲ့ချေ။-
לכן אמר הנני נתן לו את בריתי שלום | 12 |
၁၂ထို့ကြောင့်ငါသည်ထာဝစဉ်တည်မည့်ပဋိ ညာဉ်ကို သူနှင့်ပြုလုပ်မည်ဖြစ်ကြောင်းသူ့ အားပြောလော့။-
והיתה לו ולזרעו אחריו ברית כהנת עולם--תחת אשר קנא לאלהיו ויכפר על בני ישראל | 13 |
၁၃သူသည်ငါမှတစ်ပါးအခြားသောဘုရားကို လက်မခံသဖြင့် ဣသရေလအမျိုးသားတို့ ၏အပြစ်ပြေရာပြေကြောင်းကိုဆောင်ရွက်ခဲ့ သောကြောင့် သူမှစ၍သူ၏အဆက်အနွယ် တို့သည်ယဇ်ပုရောဟိတ်အရာကိုအမြဲ ဆက်ခံစေရမည်'' ဟုမိန့်တော်မူ၏။
ושם איש ישראל המכה אשר הכה את המדינית--זמרי בן סלוא נשיא בית אב לשמעני | 14 |
၁၄မိဒျန်အမျိုးသမီးနှင့်အတူအသတ်ခံရ သော ဣသရေလအမျိုးသားနာမည်သည်ကား ရှိမောင်အနွယ်ဝင်မိသားစု၏အကြီး အကဲဖြစ်သူသာလု၏သားဇိမရိဖြစ် သတည်း။-
ושם האשה המכה המדינית כזבי בת צור ראש אמות בית אב במדין הוא | 15 |
၁၅အမျိုးသမီး၏နာမည်မှာကောဇဘိဖြစ်၏။ သူ၏ဖခင်ဇုရသည်မိဒျန်သားချင်းစု တစ်စုတွင်အကြီးအကဲဖြစ်သည်။
וידבר יהוה אל משה לאמר | 16 |
၁၆ထာဝရဘုရားသည်မောရှေအား``မိဒျန် အမျိုးသားတို့ကိုတိုက်ခိုက်သုတ်သင်ဖျက် ဆီးလော့။
צרור את המדינים והכיתם אותם | 17 |
၁၇
כי צררים הם לכם בנכליהם אשר נכלו לכם על דבר פעור ועל דבר כזבי בת נשיא מדין אחתם המכה ביום המגפה על דבר פעור | 18 |
၁၈အဘယ်ကြောင့်ဆိုသော်သူတို့သည်ပေဂုရ အရပ်တွင် သင်တို့ကိုလှည့်ဖြား၍ပြစ်မှားစေ သောကြောင့်လည်းကောင်း၊ ထိုအရပ်တွင်ရောဂါ ကပ်ကျရောက်စဉ်သေဆုံးသွားသောကောဇဘိ ကိစ္စကြောင့်လည်းကောင်း မိဒျန်အမျိုးသား တို့ကိုတိုက်ခိုက်သုတ်သင်ဖျက်ဆီးလော့'' ဟုမိန့်တော်မူ၏။