< ויקרא 9 >
ויהי ביום השמיני קרא משה לאהרן ולבניו--ולזקני ישראל | 1 |
၁အဋ္ဌမနေ့၌ မောရှေသည် အာရုန်နှင့်သူ၏သားများ၊ ဣသရေလ အမျိုးအသက်ကြီးသူများတို့ကို ခေါ်၍၊
ויאמר אל אהרן קח לך עגל בן בקר לחטאת ואיל לעלה--תמימם והקרב לפני יהוה | 2 |
၂အာရုန်အား၊ သင်သည် အပြစ်ဖြေရာယဇ်ဘို့ အပြစ်မပါသော နွားသငယ်တကောင်၊ မီးရှို့ရာ ယဇ်ဘို့ အပြစ်မပါသော သိုးထီးတကောင်ကိုယူ၍ ထာဝရဘုရားရှေ့တော်၌ ပူဇော်လော့။
ואל בני ישראל תדבר לאמר קחו שעיר עזים לחטאת ועגל וכבש בני שנה תמימם לעלה | 3 |
၃ဣသရေလ အမျိုးသားတို့အားလည်း သင်တို့သည် အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊ မီးရှို့ရာယဇ်ဘို့ အပြစ်မပါ အခါမလည်သော နွားသငယ်တကောင်၊ သိုးသငယ်တကောင်၊ -
ושור ואיל לשלמים לזבח לפני יהוה ומנחה בלולה בשמן כי היום יהוה נראה אליכם | 4 |
၄ထာဝရဘုရားရှေ့တော်၌ ပူဇော်သော မိဿဟာယယဇ်ဘို့ နွားထီးတကောင်၊ သိုးထီးတကောင်၊ ဆီနှင့်ရောသော ဘောဇဉ်ပူဇော်သက္ကာကို ယူကြလော့။ ယနေ့ထာဝရဘုရားသည် သင်တို့အား ထင်ရှားတော်မူမည်ကို ပြောလော့ဟု ဆိုလေ၏။
ויקחו את אשר צוה משה אל פני אהל מועד ויקרבו כל העדה ויעמדו לפני יהוה | 5 |
၅မောရှေမှာထားသောအရာတို့ကို ပရိသတ်စည်းဝေးရာ တဲတော်ရှေ့သို့ ဆောင်ခဲ့ပြီးမှ၊ ပရိသတ် အပေါင်းတို့သည် ချဉ်းကပ်၍ ထာဝရဘုရားရှေ့တော်၌ ရပ်နေကြ၏။
ויאמר משה זה הדבר אשר צוה יהוה תעשו--וירא אליכם כבוד יהוה | 6 |
၆မောရှေကလည်း၊ သင်တို့သည် ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ဤသို့ပြုကြ၍၊ ထာဝရဘုရား၏ ဘုန်းတော်သည် သင်တို့အား ထင်ရှားမည်ဟူ၍၎င်း၊
ויאמר משה אל אהרן קרב אל המזבח ועשה את חטאתך ואת עלתך וכפר בעדך ובעד העם ועשה את קרבן העם וכפר בעדם כאשר צוה יהוה | 7 |
၇အာရုန်အားလည်း၊ သင်သည် ယဇ်ပလ္လင်သို့သွား၍ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သင်၏ အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်ကို ပူဇော်သဖြင့်၊ သင်နှင့်လူများအတွက် အပြစ်ဖြေခြင်းကို ပြုလော့။ လူများ ဆောင်ယူခဲ့သော ပူဇော်သက္ကာကိုလည်း ပူဇော်၍၊ သူတို့အတွက် အပြစ်ဖြေခြင်းကို ပြုလော့ဟူ၍ ၎င်းဆိုလေ၏။
ויקרב אהרן אל המזבח וישחט את עגל החטאת אשר לו | 8 |
၈အာရုန်သည်လည်း၊ ယဇ်ပလ္လင်သို့သွား၍ မိမိနှင့် ဆိုင်သော အပြစ်ဖြေရာယဇ် နွားသငယ်ကို သတ်လေ၏။
ויקרבו בני אהרן את הדם אליו ויטבל אצבעו בדם ויתן על קרנות המזבח ואת הדם יצק אל יסוד המזבח | 9 |
၉သူ၏ သားတို့လည်း အသွေးကို ယူဆောင်ခဲ့သဖြင့်၊ အာရုန်သည် မိမိလက်ညှိုးကို အသွေး၌နှစ်၍ ယဇ်ပလ္လင်ဦးချိုတို့၌ ထည့်ပြီးမှ၊ ကြွင်းသောအသွေးကို ယဇ်ပလ္လင်ခြေရင်းနား၌ သွန်လေ၏။
ואת החלב ואת הכלית ואת היתרת מן הכבד מן החטאת--הקטיר המזבחה כאשר צוה יהוה את משה | 10 |
၁၀အပြစ်ဖြေရာ ယဇ်ကောင်ဆီဥ၊ ကျောက်ကပ်၊ အသည်းပေါ်၌ရှိသော အမြှေးကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့လေ၏။ ထိုသို့ ထာဝရဘုရားသည် မောရှေအားမှာ ထားတော်မူ၏။
ואת הבשר ואת העור שרף באש מחוץ למחנה | 11 |
၁၁အသားနှင့်အရေကို တပ်ပြင်မှာ မီးရှို့လေ၏။
וישחט את העלה וימצאו בני אהרן אליו את הדם ויזרקהו על המזבח סביב | 12 |
၁၂မီးရှို့ရာယဇ်ကောင်ကိုလည်း သတ်၍၊ သူ၏သားတို့သည် အသွေးကို ဆက်ပြီးလျှင်၊ သူသည် ယဇ်ပလ္လင် အပေါ် ပတ်လည်၌ ဖြန်းလေ၏။
ואת העלה המציאו אליו לנתחיה--ואת הראש ויקטר על המזבח | 13 |
၁၃သူတို့သည် မီးရှို့ရာယဇ်ကောင်သားတစ်များနှင့် ခေါင်းကိုဆက်၍၊ သူသည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ လေ၏။
וירחץ את הקרב ואת הכרעים ויקטר על העלה המזבחה | 14 |
၁၄ဝမ်းထဲ၌ ရှိသောအရာများနှင့် ခြေတို့ကို ဆေးကြော၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်နှင့် အတူ ရှို့လေ၏။
ויקרב את קרבן העם ויקח את שעיר החטאת אשר לעם וישחטהו ויחטאהו כראשון | 15 |
၁၅လူများ ပူဇော်သက္ကာကိုလည်း ဆောင်ခဲ့၍၊ လူများအပြစ်ဖြေရာယဇ်ဖြစ်သော ဆိတ်ကိုယူ သတ်ပြီးလျှင်၊ ရှေ့နည်းအတူ အပြစ်အတွက် ပူဇော်လေ၏။
ויקרב את העלה ויעשה כמשפט | 16 |
၁၆မီးရှို့ရာ ယဇ်ကောင်ကိုလည်း ဆောင်ခဲ့၍၊ ထိုနည်းတူ ပူဇော်လေ၏
ויקרב את המנחה וימלא כפו ממנה ויקטר על המזבח--מלבד עלת הבקר | 17 |
၁၇ဘောဇဉ်ပူဇော်သက္ကာကိုလည်း ဆောင်းခဲ့ပြီးလျှင်၊ တလက်ဆွန်းကိုယူ၍ ယဇ်ပလ္လင်၌ နံနက်မီးရှို့ ရာယဇ်နားမှာ မီးရှို့လေ၏။
וישחט את השור ואת האיל זבח השלמים אשר לעם וימצאו בני אהרן את הדם אליו ויזרקהו על המזבח סביב | 18 |
၁၈လူများအတွက် မိဿဟာယယဇ် နွားထီး၊ သိုးထီးကိုလည်း သတ်၍၊ သူ၏ သားတို့သည် အသွေးကို ဆက်ပြီးလျှင်၊ သူသည် ယဇ်ပလ္လင်အပေါ် ပတ်လည်၌ ဖြန်းလေ၏။
ואת החלבים מן השור ומן האיל--האליה והמכסה והכלית ויתרת הכבד | 19 |
၁၉အမြီးနှင့်တကွ အအူကိုဖုံးသော ဆီဥ၊ ကျောက်ကပ်၊ အသည်းအမြှေးတည်းဟူသော သိုးနွားဆီဥကို၊-
וישימו את החלבים על החזות ויקטר החלבים המזבחה | 20 |
၂၀ရင်ပတ်ပေါ်မှာ တင်၍ ယဇ်ပလ္လင်၌ မီးရှို့လေ၏။
ואת החזות ואת שוק הימין הניף אהרן תנופה לפני יהוה--כאשר צוה משה | 21 |
၂၁ရင်ပတ်နှင့်လက်ျာပခုံးကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲ၍၊ ချီလွှဲသော ပူဇော်သက္ကာကို ပြုလေ၏။ ထိုသို့ပြုရမည်ဟု မောရှေမှာထားသတည်း။
וישא אהרן את ידו אל העם ויברכם וירד מעשת החטאת והעלה--והשלמים | 22 |
၂၂အာရုန်သည် မိမိလက်ကို လူများရှေ့သို့ ချီလျက်၊ ကောင်းကြီးပေး၍၊ အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်ကို ပူဇော်ရာမှ ဆင်းလေ၏။
ויבא משה ואהרן אל אהל מועד ויצאו ויברכו את העם וירא כבוד יהוה אל כל העם | 23 |
၂၃တဖန် မောရှေနှင့် အာရုန်တို့သည် ပရိသတ်စည်းဝေးရာ တဲတော်ထဲသို့ ဝင်၍ ထွက်ပြီးမှ၊ လူများကို ကောင်းကြီးပေးသဖြင့်၊ ထာဝရဘုရား၏ ဘုန်းတော်သည် လူများတို့အား ထင်ရှားလေ၏။
ותצא אש מלפני יהוה ותאכל על המזבח את העלה ואת החלבים וירא כל העם וירנו ויפלו על פניהם | 24 |
၂၄ထာဝရဘုရားတော်ထံမှ မီးထွက်၍ ယဇ်ပလ္လင်ပေါ်မှာရှိသော မီးရှို့ရာယဇ်နှင့်ဆီဥကို လောင်လေ၏။ ထိုအကြောင်းအရာကို လူများတို့သည် မြင်သောအခါ ကြွေးကြော်၍ ပြပ်ဝပ်ကြ၏။