< ויקרא 9 >
ויהי ביום השמיני קרא משה לאהרן ולבניו--ולזקני ישראל | 1 |
၁သိက္ခာတင်မင်္ဂလာပြီးဆုံးသောနေ့၌ မောရှေ သည်အာရုန်၊ သူ၏သားများနှင့်ဣသရေလ အမျိုးသားခေါင်းဆောင်တို့အားဆင့်ခေါ် လေသည်။-
ויאמר אל אהרן קח לך עגל בן בקר לחטאת ואיל לעלה--תמימם והקרב לפני יהוה | 2 |
၂ထို့နောက်သူသည်အာရုန်အား``သင်သည်အပြစ် အနာကင်းသောနွားပျိုတစ်ကောင်နှင့်သိုးထီး တစ်ကောင်ကို ထာဝရဘုရားအားပူဇော်လော့။ နွားပျိုကိုအပြစ်ဖြေရာယဇ်အတွက်လည်း ကောင်း၊ သိုးထီးကိုမီးရှို့ရာယဇ်အဖြစ်လည်း ကောင်းပူဇော်လော့။-
ואל בני ישראל תדבר לאמר קחו שעיר עזים לחטאת ועגל וכבש בני שנה תמימם לעלה | 3 |
၃ဆိတ်ထီးတစ်ကောင်ကိုအပြစ်ဖြေရာယဇ် အဖြစ်၊ အပြစ်အနာကင်းသောတစ်နှစ်သား အရွယ်နွားကလေးတစ်ကောင်နှင့် သိုးငယ် တစ်ကောင်ကိုမီးရှို့ရာယဇ်အဖြစ်၊ နွားထီး တစ်ကောင်နှင့်သိုးထီးတစ်ကောင်ကို မိတ်သဟာ ယယဇ်အဖြစ်ပူဇော်ရမည်ဟု ဣသရေလ အမျိုးသားတို့အားဆင့်ဆိုလော့။ သူတို့ သည်ထိုယဇ်ကောင်များကိုဆီနှင့်ရောသော ဘောဇဉ်ပူဇော်သကာနှင့်အတူ ထာဝရ ဘုရားအားပူဇော်ရမည်။ ယနေ့တွင်ထာ ဝရဘုရားသည်သူတို့ထံသို့ကြွလာ တော်မူမည်'' ဟုဆို၏။
ושור ואיל לשלמים לזבח לפני יהוה ומנחה בלולה בשמן כי היום יהוה נראה אליכם | 4 |
၄
ויקחו את אשר צוה משה אל פני אהל מועד ויקרבו כל העדה ויעמדו לפני יהוה | 5 |
၅ထို့ကြောင့်သူတို့သည်မောရှေမှာကြားသော အရာရှိသမျှကို တဲတော်အရှေ့သို့ယူ ဆောင်ခဲ့ကြ၏။ ဣသရေလအမျိုးသား အပေါင်းတို့သည်လည်း ထာဝရဘုရား အားဝတ်ပြုရန်စုဝေးရောက်ရှိလာကြ၏။-
ויאמר משה זה הדבר אשר צוה יהוה תעשו--וירא אליכם כבוד יהוה | 6 |
၆ထိုအခါမောရှေက``သင်တို့သည်ထာဝရ ဘုရား၏ဘုန်းအသရေတော်ကိုဖူးမြင်ရ စေခြင်းငှာ ကိုယ်တော်သည်သင်တို့အားဤ အမှုခပ်သိမ်းကိုဆောင်ရွက်ရန်မိန့်တော်မူ ပြီ'' ဟုဆိုလေသည်။-
ויאמר משה אל אהרן קרב אל המזבח ועשה את חטאתך ואת עלתך וכפר בעדך ובעד העם ועשה את קרבן העם וכפר בעדם כאשר צוה יהוה | 7 |
၇ထို့နောက်သူသည်အာရုန်အား``သင်၏အပြစ် နှင့်ဣသရေလအမျိုးသားတို့၏အပြစ် ပြေရန်အတွက် ယဇ်ပလ္လင်သို့သွား၍အပြစ် ဖြေရာယဇ်ကိုလည်းကောင်း၊ မီးရှို့ရာယဇ်ကို လည်းကောင်းပူဇော်လော့။ ထာဝရဘုရား မိန့်တော်မူသည့်အတိုင်း ဣသရေလအမျိုး သားတို့အတွက်အပြစ်ဖြေရာယဇ်ကို ပူဇော်လော့'' ဟုဆိုလေ၏။
ויקרב אהרן אל המזבח וישחט את עגל החטאת אשר לו | 8 |
၈ထိုအခါအာရုန်သည်ယဇ်ပလ္လင်သို့သွား၍ မိမိ၏အပြစ်ဖြေရာယဇ်ဖြစ်သောနွား ပျိုကိုသတ်လေသည်။-
ויקרבו בני אהרן את הדם אליו ויטבל אצבעו בדם ויתן על קרנות המזבח ואת הדם יצק אל יסוד המזבח | 9 |
၉သူ၏သားတို့သည်သူထံသို့သွေးအနည်း ငယ်ကိုယူလာသဖြင့် သူသည်သွေးထဲသို့ လက်ချောင်းကိုနှစ်၍ ယဇ်ပလ္လင်ထောင့်အတက် များကိုသွေးဖြင့်သုတ်လေသည်။ သူသည် ကျန်သောသွေးကိုယဇ်ပလ္လင်အောက်ခြေ တွင်သွန်းလောင်းလေသည်။-
ואת החלב ואת הכלית ואת היתרת מן הכבד מן החטאת--הקטיר המזבחה כאשר צוה יהוה את משה | 10 |
၁၀ထိုနောက်သူသည်ထာဝရဘုရားက မောရှေ အားမိန့်မှာတော်မူသည့်အတိုင်း နွား၏အဆီ ကျောက်ကပ်များနှင့်အသည်းမှအကောင်းဆုံး အပိုင်းကို ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်လေ သည်။-
ואת הבשר ואת העור שרף באש מחוץ למחנה | 11 |
၁၁သို့ရာတွင်အသားနှင့်သားရေကိုစခန်း အပြင်တွင်မီးရှို့သည်။
וישחט את העלה וימצאו בני אהרן אליו את הדם ויזרקהו על המזבח סביב | 12 |
၁၂ထိုနောက်သူသည်မိမိအတွက် မီးရှို့ရာယဇ် ကောင်ကိုသတ်လေသည်။ သူ၏သားတို့ကသူ ထံသို့သွေးအနည်းငယ်ကိုယူလာသဖြင့် သူသည်ယဇ်ပလ္လင်လေးဘက်အပေါ်သို့ သွေးကိုပက်ဖျန်းလေသည်။-
ואת העלה המציאו אליו לנתחיה--ואת הראש ויקטר על המזבח | 13 |
၁၃တစ်ဖန်သူတို့သည်နွား၏ဦးခေါင်းနှင့်အခြား သောအသားတစ် အပိုင်းများကိုသူ့အားပေး အပ်သဖြင့် သူသည်ယင်းတို့ကိုယဇ်ပလ္လင် ပေါ်တွင်မီးရှို့ပူဇော်လေသည်။-
וירחץ את הקרב ואת הכרעים ויקטר על העלה המזבחה | 14 |
၁၄ထိုနောက်သူသည်နွား၏ဝမ်းတွင်းသားနှင့် နောက်ခြေထောက်တို့ကိုဆေးကြောပြီးလျှင် မီးရှို့ရာယဇ်အပေါ်သို့တင်လျက်မီးရှို့ ပူဇော်လေသည်။
ויקרב את קרבן העם ויקח את שעיר החטאת אשר לעם וישחטהו ויחטאהו כראשון | 15 |
၁၅ထို့နောက်သူသည်လူများအတွက် ပူဇော် သကာကိုဆက်သလေသည်။ သူသည်လူများ အတွက်အပြစ်ဖြေရာယဇ်ဖြစ်သောဆိတ်ကို ယူ၍သတ်ပြီးလျှင် မိမိအတွက်အပြစ်ဖြေ ရာယဇ်ကိုပူဇော်သည့်နည်းအတိုင်းဆိတ်ကို ပူဇော်လေသည်။-
ויקרב את העלה ויעשה כמשפט | 16 |
၁၆မီးရှို့ရာယဇ်ကိုလည်းယူခဲ့ပြီးလျှင် ပြဋ္ဌာန်း ထားသောနည်းအတိုင်းမီးရှို့ပူဇော်လေသည်။-
ויקרב את המנחה וימלא כפו ממנה ויקטר על המזבח--מלבד עלת הבקר | 17 |
၁၇ထို့နောက်သူသည်ဘောဇဉ်သကာထဲမှမုန့် ညက်လက်တစ်ဆုပ်စာကိုယူ၍ ယဇ်ပလ္လင်ပေါ် တွင်မီးရှို့ပူဇော်သည်။ (နေ့စဉ်မီးရှို့ပူဇော် သောယဇ်အပြင်ထပ်ဆင့်ပူဇော်ခြင်းဖြစ် သည်။-)
וישחט את השור ואת האיל זבח השלמים אשר לעם וימצאו בני אהרן את הדם אליו ויזרקהו על המזבח סביב | 18 |
၁၈သူသည်လူများအတွက်မိတ်သဟာယယဇ် ဖြစ်သော နွားထီးနှင့်သိုးထီးကိုလည်းသတ် လေသည်။ သူ၏သားတို့သည်သူ့ထံသို့သွေး အနည်းငယ်ကိုယူလာသဖြင့် သူသည်ယဇ် ပလ္လင်လေးဘက်ပေါ်သို့သွေးကိုပက်ဖျန်း သည်။-
ואת החלבים מן השור ומן האיל--האליה והמכסה והכלית ויתרת הכבד | 19 |
၁၉သို့ရာတွင်နွားနှင့်သိုး၏ဆူဖြိုးသောအမြီး၊ ဝမ်းတွင်းသားမှအဆီ၊ အဆီပိုင်းများ၊ ကျောက် ကပ်များနှင့်အသည်းမှအကောင်းဆုံးအပိုင်း တို့ကို၊-
וישימו את החלבים על החזות ויקטר החלבים המזבחה | 20 |
၂၀အာရုန်သည်နွားနှင့်သိုးတို့၏ရင်ဒူးများ အပေါ်တွင် အဆီပိုင်းများကိုယဇ်ပလ္လင်ပေါ် တွင်မီးရှို့ပူဇော်၏။-
ואת החזות ואת שוק הימין הניף אהרן תנופה לפני יהוה--כאשר צוה משה | 21 |
၂၁သူသည်မောရှေမှာထားသည့်အတိုင်းရင်ဒူး များနှင့် နောက်ပေါင်များကိုယဇ်ပုရောဟိတ် အတွက်ထာဝရဘုရားအားအထူးလှူဖွယ် အဖြစ်ဝှေ့ရမ်းလျက်ဆက်ကပ်လေသည်။
וישא אהרן את ידו אל העם ויברכם וירד מעשת החטאת והעלה--והשלמים | 22 |
၂၂အာရုန်သည်အပြစ်ဖြေရာယဇ်၊ မီးရှို့ရာ ယဇ်၊ မိတ်သဟာယယဇ်တို့ကိုပူဇော်သည့် အမှုကိစ္စအားလုံးကိုဆောင်ရွက်ပြီးစီး သောအခါ မိမိ၏လက်များကိုမြှောက် လျက်လူတို့အားကောင်းချီးပေးပြီးလျှင် ယဇ်ပလ္လင်ပေါ်မှဆင်းလာလေသည်။-
ויבא משה ואהרן אל אהל מועד ויצאו ויברכו את העם וירא כבוד יהוה אל כל העם | 23 |
၂၃မောရှေနှင့်အာရုန်တို့သည်ထာဝရဘုရား စံတော်မူရာတဲတော်ထဲသို့ဝင်ကြ၏။ ပြန်၍ ထွက်လာကြသောအခါ သူတို့သည်လူတို့ ကိုကောင်းချီးပေးလေသည်။ ထိုအခါလူ အပေါင်းတို့သည် ထာဝရဘုရား၏တောက်ပ သောဘုန်းအသရေတော်ကိုဖူးမြင်ရကြ၏။-
ותצא אש מלפני יהוה ותאכל על המזבח את העלה ואת החלבים וירא כל העם וירנו ויפלו על פניהם | 24 |
၂၄ထို့နောက်ထာဝရဘုရားသည်မီးလျှံကို ရုတ်တရက်ကျရောက်စေပြီးလျှင် ယဇ်ပလ္လင် ပေါ်ရှိမီးရှို့ရာယဇ်ကောင်နှင့်အဆီများကို လောင်ကျွမ်းစေသည်။ လူအပေါင်းတို့သည် ထို အခြင်းအရာကိုမြင်ကြသောအခါကြွေး ကြော်၍ပျပ်ဝပ်ကြ၏။