< ויקרא 16 >
וידבר יהוה אל משה אחרי מות שני בני אהרן--בקרבתם לפני יהוה וימתו | 1 |
၁အာရုန်၏သားနှစ်ယောက်တို့သည် ထာဝရ ဘုရားအားမသန့်စင်သောမီးဖြင့်ပူဇော် သောကြောင့် သေဆုံးကြပြီးနောက်ကိုယ် တော်သည်မောရှေအား၊-
ויאמר יהוה אל משה דבר אל אהרן אחיך ואל יבא בכל עת אל הקדש מבית לפרכת--אל פני הכפרת אשר על הארן ולא ימות כי בענן אראה על הכפרת | 2 |
၂``သင်၏အစ်ကိုအာရုန်သည် ကန့်လန့်ကာ အတွင်းရှိအလွန်သန့်ရှင်းရာဌာနတော် ထဲသို့ သတ်မှတ်သည့်အချိန်၌သာဝင်ရမည် ဖြစ်ကြောင်းပြောကြားလော့။ အဘယ်ကြောင့် ဆိုသော် ငါသည်အလွန်သန့်ရှင်းရာဌာန တော်ရှိ ပဋိညာဉ်သေတ္တာအဖုံးအထက်မိုး တိမ်၌ထင်ရှားတော်မူမည်ဖြစ်သည်။ သူ သည်ဤပညတ်ကိုမနာခံလျှင်သေရ လိမ့်မည်။-
בזאת יבא אהרן אל הקדש בפר בן בקר לחטאת ואיל לעלה | 3 |
၃သူသည်အပြစ်ဖြေရာယဇ်အတွက် နွား ပျိုတစ်ကောင်နှင့် မီးရှို့ရာယဇ်အတွက်သိုး ထီးတစ်ကောင်ကိုယူဆောင်လာပြီးမှ အလွန် သန့်ရှင်းရာဌာနတော်ထဲသို့ဝင်ရမည်'' ဟု မိန့်တော်မူ၏။
כתנת בד קדש ילבש ומכנסי בד יהיו על בשרו ובאבנט בד יחגר ובמצנפת בד יצנף בגדי קדש הם ורחץ במים את בשרו ולבשם | 4 |
၄ထိုနောက်ထာဝရဘုရားသည် အောက်ပါညွှန် ကြားချက်များကိုပေးတော်မူ၏။ အာရုန်သည် အလွန်သန့်ရှင်းရာဌာနတော်ထဲသို့မဝင်မီ ရေချိုး၍ယဇ်ပုရောဟိတ်ဝတ်စုံများဖြစ် သောပိတ်ချောဝတ်ရုံ၊ ဘောင်းဘီ၊ ခါးစည်း နှင့်ဗောင်းထုပ်များကိုဝတ်ဆင်ရမည်။
ומאת עדת בני ישראל יקח שני שעירי עזים לחטאת ואיל אחד לעלה | 5 |
၅ဣသရေလအမျိုးသားတို့သည် အပြစ် ဖြေရာယဇ်အတွက်ဆိတ်ထီးနှစ်ကောင်နှင့် မီးရှို့ရာယဇ်အတွက်သိုးထီးတစ်ကောင် ကိုအာရုန်ထံသို့ယူဆောင်ခဲ့ရမည်။-
והקריב אהרן את פר החטאת אשר לו וכפר בעדו ובעד ביתו | 6 |
၆သူသည်မိမိအပြစ်များနှင့် မိမိ၏ မိသားစုအပြစ်များဖြေရန် နွားထီး ကိုပူဇော်ရမည်။-
ולקח את שני השעירם והעמיד אתם לפני יהוה פתח אהל מועד | 7 |
၇ထိုနောက်သူသည်ဆိတ်နှစ်ကောင်ကို ထာဝရ ဘုရားစံတော်မူရာတဲတော်တံခါးဝသို့ ယူဆောင်လာပြီးလျှင်၊-
ונתן אהרן על שני השעירם גרלות--גורל אחד ליהוה וגורל אחד לעזאזל | 8 |
၈ကျောက်တုံးနှစ်တုံးကိုယူလျက်၊ ကျောက်တုံး တစ်တုံးကို``ထာဝရဘုရားအတွက်'' ဟူ၍ လည်းကောင်း၊ အခြားကျောက်တုံးကို``အဇာ ဇယ်အတွက်'' ဟူ၍လည်းကောင်းမှတ်သားပြီးနောက် ဆိတ် နှစ်ကောင်ကိုစာရေးတံချရမည်။-
והקריב אהרן את השעיר אשר עלה עליו הגורל ליהוה ועשהו חטאת | 9 |
၉အာရုန်သည်ထာဝရဘုရားအတွက် စား ရေးတံကျသောဆိတ်ကိုအပြစ်ပြေရာ ပူဇော်သကာအဖြစ်ပူဇော်ရမည်။-
והשעיר אשר עלה עליו הגורל לעזאזל יעמד חי לפני יהוה לכפר עליו--לשלח אתו לעזאזל המדברה | 10 |
၁၀အဇာဇယ်အတွက်စာရေးတံကျသောဆိတ် အရှင်ကိုထာဝရဘုရားအားဆက်ကပ်၍ လူတို့၏အပြစ်များကိုယူဆောင်သွားစေ ရန် ထိုဆိတ်ကိုတောကန္တာရသို့စေလွှတ်လိုက် ရမည်။
והקריב אהרן את פר החטאת אשר לו וכפר בעדו ובעד ביתו ושחט את פר החטאת אשר לו | 11 |
၁၁အာရုန်သည်မိမိ၏မိသားစုအတွက် အပြစ် ဖြေရာပူဇော်သကာအဖြစ်နွားထီးကို ပူဇော်သောအခါ၊-
ולקח מלא המחתה גחלי אש מעל המזבח מלפני יהוה ומלא חפניו קטרת סמים דקה והביא מבית לפרכת | 12 |
၁၂ယဇ်ပလ္လင်မှမီးခဲများကိုမီးကျီးခံလင်ပန်း ၌ အပြည့်ထည့်၍နံ့သာမှုန့်လက်နှစ်ဆုပ်ကို ယူပြီးလျှင် အလွန်သန့်ရှင်းရာဌာနတော် ထဲသို့ဝင်ရမည်။-
ונתן את הקטרת על האש לפני יהוה וכסה ענן הקטרת את הכפרת אשר על העדות--ולא ימות | 13 |
၁၃ထိုနောက်ထာဝရဘုရား၏ရှေ့တော်တွင် နံ့သာကိုမီးခဲပေါ်၌ဖြူးရမည်။ နံ့သာ မှထွက်သောမီးခိုးသည်ပဋိညာဉ်သေတ္တာ ဖုံးကိုကွယ်ထားသဖြင့် သူသည်အဖုံးကို မမြင်နိုင်သောကြောင့်အသက်ချမ်းသာ ရာရလိမ့်မည်။-
ולקח מדם הפר והזה באצבעו על פני הכפרת קדמה ולפני הכפרת יזה שבע פעמים מן הדם--באצבעו | 14 |
၁၄သူသည်နွား၏သွေးအနည်းငယ်ကိုယူ၍ လက် ညှိုးဖြင့်ပဋိညာဉ်သေတ္တာဖုံးအရှေ့ပိုင်းကို ဖျန်းရမည်။ ပဋိညာဉ်သေတ္တာအရှေ့၌လည်း ခုနစ်ကြိမ်ဖျန်းရမည်။
ושחט את שעיר החטאת אשר לעם והביא את דמו אל מבית לפרכת ועשה את דמו כאשר עשה לדם הפר והזה אתו על הכפרת ולפני הכפרת | 15 |
၁၅ထိုနောက်သူသည် လူတို့အပြစ်ဖြေရာပူဇော် သကာဖြစ်သောဆိတ်ကိုသတ်၍ သွေးကိုအလွန် သန့်ရှင်းရာဌာနတော်ထဲသို့ယူခဲ့ရမည်။ နွား ၏သွေးကိုဖျန်းသည့်နည်းတူဆိတ်၏သွေးကို ပဋိညာဉ်သေတ္တာဖုံးပေါ်တွင်လည်းကောင်း၊ သေတ္တာအရှေ့တွင်လည်းကောင်းဖျန်းရ မည်။-
וכפר על הקדש מטמאת בני ישראל ומפשעיהם לכל חטאתם וכן יעשה לאהל מועד השכן אתם בתוך טמאתם | 16 |
၁၆ဤနည်းအားဖြင့်အာရုန်သည် ဣသရေလ အမျိုးသားတို့၏မသန့်စင်ခြင်းနှင့်အပြစ် အမျိုးမျိုးတို့ကြောင့် အလွန်သန့်ရှင်းရာဌာန တော်အတွက် သန့်စင်ခြင်းဝတ်ကိုဆောင်ရွက်ရ မည်။ တဲတော်သည်မသန့်စင်သောစခန်းအလယ် တွင်တည်ရှိသဖြင့် တဲတော်အတွက်သန့်စင် ခြင်းဝတ်ကိုဆောင်ရွက်ရမည်။-
וכל אדם לא יהיה באהל מועד בבאו לכפר בקדש--עד צאתו וכפר בעדו ובעד ביתו ובעד כל קהל ישראל | 17 |
၁၇အာရုန်သည်အလွန်သန့်ရှင်းရာဌာနတော် ထဲသို့ဝင်၍ သန့်စင်ခြင်းဝတ်ကိုဆောင်ရွက် သည့်အချိန်မှစ၍ ပြန်ထွက်လာသည့်အချိန် အထိတဲတော်အတွင်း၌မည်သူမျှမရှိ စေရ။ သူသည်မိမိနှင့်မိမိ၏မိသားစု အတွက်လည်းကောင်း၊ ဣသရေလတစ်မျိုး သားလုံးအတွက်လည်းကောင်း အပြစ်ပြေ ခြင်းဝတ်ကိုဆောင်ရွက်ပြီးသောအခါ၊-
ויצא אל המזבח אשר לפני יהוה--וכפר עליו ולקח מדם הפר ומדם השעיר ונתן על קרנות המזבח סביב | 18 |
၁၈မီးရှို့ရာယဇ်ပလ္လင်သို့ထွက်လာ၍ ထိုပလ္လင် အတွက်သန့်စင်ခြင်းဝတ်ကိုပြုရမည်။ သူ သည်နွား၏သွေးနှင့်ဆိတ်၏သွေးအနည်း ငယ်စီကိုယူ၍ ယဇ်ပလ္လင်ထောင့်အတက် များတွင်သုတ်လိမ်းရမည်။-
והזה עליו מן הדם באצבעו שבע פעמים וטהרו וקדשו מטמאת בני ישראל | 19 |
၁၉ယဇ်ပလ္လင်အပေါ်သို့လည်းသွေးကိုလက်ညှိုး ဖြင့်ခုနစ်ကြိမ်ဖြန်းရမည်။ ဤနည်းအား ဖြင့်သူသည် ဣသရေလအမျိုးသားတို့ ၏အပြစ်များအတွက် ယဇ်ပလ္လင်ကိုသန့်စင် စေပြီးသန့်စင်ခြင်းဝတ်ကိုပြုလေသည်။
וכלה מכפר את הקדש ואת אהל מועד ואת המזבח והקריב את השעיר החי | 20 |
၂၀အာရုန်သည်အလွန်သန့်ရှင်းရာဌာနတော်၊ ထာဝရဘုရားစံတော်မူရာတဲတော်နှင့် ယဇ်ပလ္လင်အတွက် သန့်စင်ခြင်းဝတ်ကိုဆောင် ရွက်ပြီးသောအခါ အဇာဇယ်အတွက်ရွေး ချယ်ထားသောဆိတ်အရှင်ကို ထာဝရ ဘုရားထံဆက်ကပ်ရမည်။-
וסמך אהרן את שתי ידו על ראש השעיר החי והתודה עליו את כל עונת בני ישראל ואת כל פשעיהם לכל חטאתם ונתן אתם על ראש השעיר ושלח ביד איש עתי המדברה | 21 |
၂၁သူသည်ဆိတ်၏ဦးခေါင်းပေါ်တွင်လက် နှစ်ဘက်ကိုတင်လျက် ဣသရေလအမျိုး သားတို့၏ဒုစရိုက်အပြစ်နှင့်ပုန်ကန်မှု ရှိသမျှကိုဝန်ချသောအားဖြင့် ထိုဒုစရိုက် အပြစ်များကိုဆိတ်၏ဦးခေါင်းပေါ်သို့ ကျရောက်စေသည်။ ထိုနောက်တာဝန်ကျ သောသူသည် ဆိတ်ကိုတောကန္တာရထဲ သို့မောင်းနှင်ရမည်။-
ונשא השעיר עליו את כל עונתם אל ארץ גזרה ושלח את השעיר במדבר | 22 |
၂၂ဤနည်းအားဖြင့်ဆိတ်သည်လူသူကင်းမဲ့သော အရပ်သို့ လူ၏ဒုစရိုက်အပြစ်ရှိသမျှတို့ ကိုသယ်ဆောင်သွားလိမ့်မည်။
ובא אהרן אל אהל מועד ופשט את בגדי הבד אשר לבש בבאו אל הקדש והניחם שם | 23 |
၂၃ထိုနောက်အာရုန်သည်တဲတော်ထဲသို့ဝင်၍ အလွန်သန့်ရှင်းရာဌာနတော်သို့မဝင်မီက ဝတ်ဆင်ခဲ့သောယဇ်ပုရောဟိတ်ဝတ်စုံကို ချွတ်ထားခဲ့ရမည်။-
ורחץ את בשרו במים במקום קדוש ולבש את בגדיו ויצא ועשה את עלתו ואת עלת העם וכפר בעדו ובעד העם | 24 |
၂၄သူသည်သီးသန့်နေရာတွင်ရေချိုးပြီးနောက် မိမိ၏အဝတ်အင်္ကျီများကိုဝတ်ဆင်ရမည်။ ထို့နောက်သူသည်ယဇ်ပလ္လင်သို့ထွက်သွား၍ မိမိ၏အပြစ်နှင့်ဣသရေလအမျိုးသား တို့၏အပြစ်များအတွက် မီးရှို့ရာယဇ်ကို ပူဇော်ရမည်။-
ואת חלב החטאת יקטיר המזבחה | 25 |
၂၅သူသည်ယဇ်ပလ္လင်ပေါ်တွင်အပြစ်ဖြေရာ ယဇ်ကောင်၏အဆီကိုမီးရှို့ပူဇော်ရမည်။-
והמשלח את השעיר לעזאזל--יכבס בגדיו ורחץ את בשרו במים ואחרי כן יבוא אל המחנה | 26 |
၂၆တောကန္တာရထဲသို့အဇာဇယ်ကိုမောင်းနှင် သွားရသူသည် မိမိ၏အဝတ်များကိုဖွပ် လျှော်၍ရေချိုးပြီးမှ စခန်းအတွင်းသို့ ပြန်ဝင်ရမည်။-
ואת פר החטאת ואת שעיר החטאת אשר הובא את דמם לכפר בקדש--יוציא אל מחוץ למחנה ושרפו באש את ערתם ואת בשרם ואת פרשם | 27 |
၂၇အပြစ်ဖြေရာယဇ်ကောင်များဖြစ်သည့်နွား နှင့်ဆိတ်သွေးကို အလွန်သန့်ရှင်းရာဌာန တော်ထဲသို့ယူဆောင်ပြီးနောက် ယဇ်ကောင် များ၏အသား၊ သားရေ၊ ဝမ်းတွင်းသားရှိ သမျှကိုစခန်းအပြင်သို့ထုတ်ဆောင်၍ မီးရှို့ပစ်ရမည်။-
והשרף אתם--יכבס בגדיו ורחץ את בשרו במים ואחרי כן יבוא אל המחנה | 28 |
၂၈ထိုယဇ်ကောင်များကိုမီးရှို့ရသူသည် မိမိ ၏အဝတ်များကိုဖွပ်လျှော်၍ရေချိုးပြီး မှ စခန်းအတွင်းသို့ပြန်ဝင်ရမည်။
והיתה לכם לחקת עולם בחדש השביעי בעשור לחדש תענו את נפשתיכם וכל מלאכה לא תעשו--האזרח והגר הגר בתוככם | 29 |
၂၉သင်တို့သည်အောက်တွင်ဖော်ပြပါပညတ်ကို ထာဝစဉ်လိုက်နာစောင့်ထိန်းရမည်။ သတ္တမလ၊ ဆယ်ရက်နေ့တွင်ဣသရေလအမျိုးသား တို့နှင့် သူတို့ထံ၌နေထိုင်သောလူမျိုးခြား တို့သည် အစာရှောင်၍မည်သည့်အလုပ်ကို မျှမလုပ်ရ။-
כי ביום הזה יכפר עליכם לטהר אתכם מכל חטאתיכם לפני יהוה תטהרו | 30 |
၃၀ထိုနေ့တွင်သူတို့သည်ဘာသာရေးထုံးနည်း အရ သန့်စင်စေခြင်းငှာအပြစ်ဖြေခြင်း ဝတ်ကိုပြုရမည်။-
שבת שבתון היא לכם ועניתם את נפשתיכם--חקת עולם | 31 |
၃၁ထိုနေ့သည်အလွန်သန့်ရှင်းသောနေ့ဖြစ်သည်။ ထိုနေ့၌မည်သည့်အလုပ်ကိုမျှမလုပ်ရ။ ဤ ပညတ်ကိုသားစဉ်မြေးဆက်စောင့်ထိန်းရမည်။-
וכפר הכהן אשר ימשח אתו ואשר ימלא את ידו לכהן תחת אביו ולבש את בגדי הבד בגדי הקדש | 32 |
၃၂ဖခင်၏အရိုက်အရာကိုဆက်ခံရန် သိက္ခာ တင်ဆက်ကပ်ပြီးသောယဇ်ပုရောဟိတ်မင်းက သန့်စင်ခြင်းဝတ်ကိုပြုရမည်။ ထိုယဇ်ပုရော ဟိတ်မင်းသည်ယဇ်ပုရောဟိတ်ဝတ်စုံကို ဝတ်ဆင်၍၊-
וכפר את מקדש הקדש ואת אהל מועד ואת המזבח יכפר ועל הכהנים ועל כל עם הקהל יכפר | 33 |
၃၃အလွန်သန့်ရှင်းရာဌာနတော်အပါအဝင် ထာဝရဘုရားစံတော်မူရာတဲတော်၊ ယဇ် ပလ္လင်၊ ယဇ်ပုရောဟိတ်များနှင့်ဣသရေလ အမျိုးသားအပေါင်းတို့အတွက် သန့်စင် ခြင်းဝတ်ကိုဆောင်ရွက်ရမည်။-
והיתה זאת לכם לחקת עולם לכפר על בני ישראל מכל חטאתם--אחת בשנה ויעש כאשר צוה יהוה את משה | 34 |
၃၄သင်တို့သည်ဤပညတ်ချက်များကိုထာဝ စဉ်စောင့်ထိန်းရကြမည်။ ဣသရေလအမျိုး သားတို့ပြုမိသမျှသောအပြစ်မှပြေစေ အံ့သောငှာ ဤဝတ်ကိုတစ်နှစ်လျှင်တစ်ကြိမ် ပြုရမည်။ သို့ဖြစ်ပါ၍မောရှေ သည်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဆောင်ရွက်လေ၏။